အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 21, 2019
ပြည့်စုံတဲ့ဘဝတစ်ခုသို့ 🌻🌞🌻🌞🌻🌞🌻 " ဘုန်းကြီးတို့အသက်(၈၀)ကျမှ တော်တော်များများ ပြည့်စုံတာဗျာ။ ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။ ဘုရားအလောင်းနည်းလမ်း(၅)မျိုးနဲ့ လုပ်တယ်။ နံပါတ်(၁) စိရကာလ ဘာဝနာ … လုပ်ငန်းတစ်ခုကို ကြီးကြီးကျယ်ကျယ်တွေးကြံ အောင်မြင်ဖို့ဆိုတာဟာ အကြာကြီးလုပ်ရတာ။ ခနတစ်ဖြုတ်လေး လုပ် တော်ကြာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။ နံပါတ်(၂)နောက်တစ်ခု နိရန္တရ ဘာဝနာ …… မရပ်မနားကို လုပ်ရတာ။ ဘုရားအလောင်းသိဒ္ဓတၳ ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက အနားယူ အပန်းဖြေတယ်ဆိုတာ စာထဲတွေ့ဖူးလား။ ဥပုသ်နေ့လည်းနားဦးမယ် ရှိလား။ အခုတော့ ဥပုသ်နေ့ဆိုတာနဲ့ စာတွေနားပြီးနေကြတယ်။ ဘုရားအလောင်း ဥပုသ်နေ့နားတယ်ဆိုတာ မရှိပါဘူး။ ဒို့ မနားဘူး။အနားမရှိဘူး အခုထိလုပ်တယ်။ နံပါတ်(၃)က နိရဝသေသ ဘာဝနာ …… ကောင်းတယ် ဆိုတဲ့အလုပ် ကောင်းမှု ဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ ဘုရားပန်းကပ်မယ် / ပန်းတော်ကပ်မယ်/ ရေမလဲဘဲ အလုပ်မသွားနဲ့။ ပန်းတော့ ကပ်တယ် ဘုရားခန်း တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ဆွမ်းတော့ ကပ်တယ်။ ဆွမ်းနဲ့ ထန်းလျှက်ခဲလေးတင် မကပ်နဲ့။ ဟင်းလေးလည်းထည့်။ ကောင်းမှု မှန်သမျှ ဘာမှမကျန်စေနဲ့။ ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။ အများကြီးပဲ။ဆေးရုံတွေရော ရေတွေရော ငတ်ပြတ်နေတယ်ဆိုရင်လည်း သွားကျွေးတာပဲ။ ရေနစ်ဆိုလည်း သွားကူတာပဲ။ မီးလောင်လည်း သွားပေးတာပဲ။ ကောင်းမှု မှန်သမျှ အကုန်လုပ်။ အဲ့ဒါ ဘာခေါ်သလဲ- နိရဝသေသ ဘာဝနာ။ ဒို့ကတော့ ဒါလေးပဲ ဆိုရင် အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ ထူးချွန်သွားလိမ့်မယ်။ ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။ နံပါတ်(၄) နောက်တစ်ခုက သက္ကစ္စ ဘာဝနာ …… ရိုရိုသေသေ လေးလေးစားစား လုပ်ကြ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ မင်္ဂလာသုတ်ဖတ်လိုက်ရင် ဘဂဝါ သာဝတၳိယံ ဝိဟာရတိ ဇေတဝနေ အနာထပိဏ္႑ိကဿအာရာမေ။ ဘယ်သုတ္တံ ဖတ်ဖတ် အနာထပိဏ္႑ိကဿအာရာမေတွေ များဘူးလား။ ပုညလက္ခဏဒေဝီအာရာမေ -- ဆိုတာ တစ်သုတ်မှ မရှိဘူး။ ပုညလက္ခဏဒေဝီက အနာထပိဏ်ရဲ့ ဇနီးလေ။ကောင်းမှု နှစ်ယောက်လုပ်တာ တစ်ယောက်ထဲ နာမည်ထွက်တယ်။ တစ်ယောက်က နာမည်ပျောက်နေတယ်။ ဘာဖြစ်လိုလဲ မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မကျော်ကြားဘူး။ သက္ကစ္စဒါန- လုပ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်လဲ ကျော်ကြားတယ်။ဒါ့ကြောင့် သက္ကစ္စဘာဝနာ ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်ကြပါ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ နံပါတ်(၅)က အဘိရတိ ဘာဝနာ …… ပျော်ပျော်ပါးပါးလုပ်။ဆရာလေးတွေ သိတာပေါ့ သီတဂူဆိုတာ ရေပေးတာ။ ဆေးရုံဆောက်တာ ဘာလုပ်တာ တရားဟော ဘယ်လောက်ပျော်သလဲ မေးရင် အခုထိ ပျော်တုန်းပဲ။ ပျင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။ ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။ မကောင်းမှုကတော့ ခပ်မြန်မြန် ငြီးငွေ့မှ အဆင်ပြေမယ်။ အဲ့ဒီတော့ တစ်စုံတစ်ခုသော အလုပ်ကို လုပ်မယ်ဆိုရင် ထိပ်တန်းတစ်နေရာ ရောက်ချင်ရင် နည်းငါးပါးနဲ့ ဘုရားအလောင်း လုပ်သလို လုပ်ကြ။ {ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး} ဣမိနာ ပုည ကမေ္မန ဗောဓိဉာဏဿပစ္စယော ဟောတု။ ဣဒံမေ ပုညံ ပရေသံ ဟိတမိစေၦယျံ၊ ဟိတံ မေ ဣစၧတံ ပရော။ Credit အရှင်ပညာဒီပ ျပည့္စံုတဲ့ဘဝတစ္ခုသို႔ 🌻🌞🌻🌞🌻🌞🌻 " ဘုန္းၾကီးတို႔အသက္(၈၀)က်မွ ေတာ္ေတာ္မ်ားမ်ား ျပည့္စံုတာဗ်ာ။ ဒီလိုျပည့္စံုေအာင္ ဘယ္လိုလုပ္ခဲ့ရလဲဆိုေတာ့ အၾကာၾကီး လုပ္ရတာ။ ဘုရားအေလာင္းနည္းလမ္း(၅)မ်ဳိးနဲ႔ လုပ္တယ္။ နံပါတ္(၁) စိရကာလ ဘာဝနာ … လုပ္ငန္းတစ္ခုကို ၾကီးၾကီးက်ယ္က်ယ္ေတြးၾကံ ေအာင္ျမင္ဖို႔ဆိုတာဟာ အၾကာၾကီးလုပ္ရတာ။ ခနတစ္ျဖဳတ္ေလး လုပ္ ေတာ္ၾကာ ေနာက္တစ္ခုေျပာင္း ဒီလိုလုပ္ေနရင္ ဘယ္ေတာ့မွ ၾကီးက်ယ္တဲ့ အရာေတြကို မလုပ္နိဳင္ဘူး။ ဒါ့ေၾကာင့္ အလုပ္တစ္ခု လုပ္ရင္ အၾကာၾကီးလုပ္။ နံပါတ္(၂)ေနာက္တစ္ခု နိရႏၲရ ဘာဝနာ …… မရပ္မနားကို လုပ္ရတာ။ ဘုရားအေလာင္းသိဒၶတၳ ဥရုေဝလမွာ ၆ ႏွစ္က်င့္တုန္းက အနားယူ အပန္းေျဖတယ္ဆိုတာ စာထဲေတြ႕ဖူးလား။ ဥပုသ္ေန႔လည္းနားဦးမယ္ ရိွလား။ အခုေတာ့ ဥပုသ္ေန႔ဆိုတာနဲ႔ စာေတြနားျပီးေနၾကတယ္။ ဘုရားအေလာင္း ဥပုသ္ေန႔နားတယ္ဆိုတာ မရိွပါဘူး။ ဒို႔ မနားဘူး။အနားမရိွဘူး အခုထိလုပ္တယ္။ နံပါတ္(၃)က နိရဝေသသ ဘာဝနာ …… ေကာင္းတယ္ ဆိုတဲ့အလုပ္ ေကာင္းမႈ ဆိုတဲ့အလုပ္ ဘာမွ ခ်န္မထားနဲ႔။ ဘုရားပန္းကပ္မယ္ / ပန္းေတာ္ကပ္မယ္/ ေရမလဲဘဲ အလုပ္မသြားနဲ႔။ ပန္းေတာ့ ကပ္တယ္ ဘုရားခန္း တံမ်က္စည္း မလွည္းဘဲ ထြက္မသြားနဲ႔။ဆြမ္းေတာ့ ကပ္တယ္။ ဆြမ္းနဲ႔ ထန္းလွ်က္ခဲေလးတင္ မကပ္နဲ႔။ ဟင္းေလးလည္းထည့္။ ေကာင္းမႈ မွန္သမွ် ဘာမွမက်န္ေစနဲ႔။ ဘုန္းၾကီးတို႔ ၾကိဳးစားျပီးေတာ့ လုပ္တာ။ အမ်ားၾကီးပဲ။ေဆးရံုေတြေရာ ေရေတြေရာ ငတ္ျပတ္ေနတယ္ဆိုရင္လည္း သြားေကြ်းတာပဲ။ ေရနစ္ဆိုလည္း သြားကူတာပဲ။ မီးေလာင္လည္း သြားေပးတာပဲ။ ေကာင္းမႈ မွန္သမွ် အကုန္လုပ္။ အဲ့ဒါ ဘာေခၚသလဲ- နိရဝေသသ ဘာဝနာ။ ဒို႔ကေတာ့ ဒါေလးပဲ ဆိုရင္ အဲ့ဒီဘက္မွာပဲ အဲ့ဒီလူ ထူးခြ်န္သြားလိမ့္မယ္။ ဒီျပင္ဟာေတြ က်န္ေနခဲ့တတ္တယ္။ နံပါတ္(၄) ေနာက္တစ္ခုက သကၠစၥ ဘာဝနာ …… ရိုရိုေသေသ ေလးေလးစားစား လုပ္ၾက။ ေပါ့ေပါ့ဆဆ မလုပ္နဲ႔။ မဂၤလာသုတ္ဖတ္လိုက္ရင္ ဘဂဝါ သာဝတၳိယံ ဝိဟာရတိ ေဇတဝေန အနာထပိ႑ိကႆအာရာေမ။ ဘယ္သုတၱံ ဖတ္ဖတ္ အနာထပိ႑ိကႆအာရာေမေတြ မ်ားဘူးလား။ ပုညလကၡဏေဒဝီအာရာေမ -- ဆိုတာ တစ္သုတ္မွ မရိွဘူး။ ပုညလကၡဏေဒဝီက အနာထပိဏ္ရဲ႕ ဇနီးေလ။ေကာင္းမႈ ႏွစ္ေယာက္လုပ္တာ တစ္ေယာက္ထဲ နာမည္ထြက္တယ္။ တစ္ေယာက္က နာမည္ေပ်ာက္ေနတယ္။ ဘာျဖစ္လိုလဲ မရိုမေသ အသကၠစၥ ဒါန လုပ္တဲ့ ပုဂၢိဳလ္ဟာ မေက်ာ္ၾကားဘူး။ သကၠစၥဒါန- လုပ္တဲ့ ပုဂၢိဳလ္က ဘာျဖစ္လဲ ေက်ာ္ၾကားတယ္။ဒါ့ေၾကာင့္ သကၠစၥဘာဝနာ ရိုရိုေသေသ ေလးေလးစားစား အလုပ္လုပ္ၾကပါ။ ေပါ့ေပါ့ဆဆ မလုပ္နဲ႔။ နံပါတ္(၅)က အဘိရတိ ဘာဝနာ …… ေပ်ာ္ေပ်ာ္ပါးပါးလုပ္။ဆရာေလးေတြ သိတာေပါ့ သီတဂူဆိုတာ ေရေပးတာ။ ေဆးရံုေဆာက္တာ ဘာလုပ္တာ တရားေဟာ ဘယ္ေလာက္ေပ်ာ္သလဲ ေမးရင္ အခုထိ ေပ်ာ္တုန္းပဲ။ ပ်င္းသြားျပီ ျငီးေငြ႕သြားျပီ မရိွပါဘူး။ ေကာင္းမႈဆိုတာ ျငီးေငြ႕စရာလား။ မေကာင္းမႈကေတာ့ ခပ္ျမန္ျမန္ ျငီးေငြ႕မွ အဆင္ေျပမယ္။ အဲ့ဒီေတာ့ တစ္စံုတစ္ခုေသာ အလုပ္ကို လုပ္မယ္ဆိုရင္ ထိပ္တန္းတစ္ေနရာ ေရာက္ခ်င္ရင္ နည္းငါးပါးနဲ႔ ဘုရားအေလာင္း လုပ္သလို လုပ္ၾက။ {ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ဘုရားၾကီး} ဣမိနာ ပုည ကေမၼန ေဗာဓိဉာဏႆပစၥေယာ ေဟာတု။ ဣဒံေမ ပုညံ ပေရသံ ဟိတမိေစၦယ်ံ၊ ဟိတံ ေမ ဣစၧတံ ပေရာ။ Credit အ႐ွင္ပညာဒီပ
via အလင္းေရာင္ ဓမၼ https://ift.tt/339WlEm
Newer Post
Older Post
Home