Wednesday, November 20, 2019

အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင် စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော် ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။ မိဘနဲ့သားသမီး ဆရာနဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ “ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မဆက်ဆံချင်ဖြစ်ပြီ သားတို့ သမီးတို့ . . . ” လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။ လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။လူ အုပ်ချုပ်တဲ့ နတ်မင်း များကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။ လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်”က ရပ်ကွက် အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။ ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။ ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။ သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။ သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။ သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။ အဲ့ . . . သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။ သားတို့ သမီးတို့ . . . အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးကွဲ့။ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင် စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်း လာထားတာတဲ့။ အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမဘောလျှာ့ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။ တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ေ ကောက်ရစေတတ်တယ်။ နတ်မတယ် ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။ အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများ တတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကား ပြောရတတ်သတဲ့။ အိပ်ခန်းထဲက စုတ်ထိုး လျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။ အိမ်မြှောင်ဆိုတာ စျာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင် ဆိုတောသူ့(နတ်)လာတာ မြင်ရ သိရသတဲ့။ ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတ သဖွယ်လည်း ရှိပါတယ်။ လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။ မဟာဗောဓိမြိုင် ဆရာတော် အိမျရှိလြှငျ အိမျမွှောငျဆိုတာ ရှိတတျစမွဲ။ သူ့ စုတျထိုးသံ ကွားရတတျစမွဲ။ အိမျမွှောငျ စုတျထိုးသံကိုလညျး လူတှေ အတိတျကောကျကွလေ့ ရှိတတျကွရဲ့။ ဘာကွောငျ့ အိမျမွှောငျစုတျထိုးပါသလဲ။ အိမျမွှောငျ စုတျထိုးခွငျးဟာ နတျတှနေဲ့ ပတျသကျနတေတျကွောငျး ဆရာတောျ ဘုရားကွီးက ဒီလိုရှငျးပွထားပါတယျ။ မိဘနဲ့သားသမီး ဆရာနဲ့ တပညျ့ လငျနဲ့မယား ဆကျဆံရေးမှာ လိုကျလြောမှု မရှိခဲ့လြှငျ တကကြျကကြျဖွဈပွီး ကကြျသရမေငျ်ဂလာလညျး ပကြျတတျတယျ ဆိုပါတယျ။ “ကိုယျစောငျ့နတျ အိမျစောငျ့နတျတှေ နားမခံသာ။ ကံထိနျးနတျ ဥစ်စာစောငျ့နတျတှလေညျး နားမခံသာ။ နတျတို့ နားမခံသာလို့ရှောငျသှားမညျ။ သို့မဟုတျ လကျပိုကျကွညျ့နမေညျ ဆိုပါက အဲဒီအိမျ စီးပှားမတတျ နသေမြှ လူစိတျမအေးရ လာသမြှ ဧညျ့မဆကျဆံခငြျဖွဈပွီ သားတို့ သမီးတို့ . . . ” လူတှအေပေါျ လူအုပျခြုပျရေး ရှိသလို နတျတှအေပေါျ နတျအုပျခြုပျရေးလညျး ရှိသေး။ လူလူခငြျး အုပျခြုပျတဲ့ လူမငျးကိုတော့ လောကနတျ ခေါျရတယျ။လူ အုပျခြုပျတဲ့ နတျမငျး မြားကိုတော့ သမ်မုတိနတျ ခေါျရတယျ။ လောကသုံးပါး ရှေ့ဆောငျ လမျးပွတောျမူတဲ့ ဘုရားရှငျကိုတော့ “ဝိသုဒ်ဓိနတျ” ခေါျရတယျ။ အဲဒီ သမ်မုတိနတျမြိုးထဲမှာ “ကိုယျစောငျ့နတျ”က ရပျကှကျ အုပျခြုပျရေးမငျးနဲ့ တူတယျ။ “အိမျစောငျ့နတျ” က အိမျထောငျဦးစီး မိဘမြားနဲ့ တူတယျ။ ကံထိနျး (မိမိ ဘဝရဲ့ ကောငျးကံ ဆိုးကံ မိမိစတေနာ ဖနျးတီးထားတိုငျးကို တှကျခကြျကာ ဆုပေး ဒဏျပေးတဲ့) နတျက အလုပျရှငျနဲ့ တူတယျ။ ဥစ်စာစောငျ့ (မိမိရဲ့ လကျရှိပစ်စညျး အတိတျက မွှုပျနှံပစ်စညျးမြားကို စောငျ့ရှောကျပွီး ပေးသငျ့ခြိနျ သိမျးသငျ့ခြိနျ တှကျခကြျကာ ဆုပေး ဒဏျပေးတဲ့) နတျက ထိုအလုပျရှငျရဲ့ ဇနီးနဲ့ တူတယျ။ သားတို့ သမီးတို့က လုပျသားတှနေဲ့ တူတယျ။ သူတို့ကူမှ စီးပှားတကျတာ သူတို့ကူလြှငျ စီးပှားကစြေဦးတော့ ခှေးကြ မကတြတျ။ သူတို့ကို ယုံလညျး ယုံမယျ ရိုသလေညျး ရိုသမေယျ ဆိုလြှငျ သူတို့ပြောျလရေဲ့။ သူတို့ ပြောျလို့ သားတို့အပေါျစတေနာ သကျရောကျလာလြှငျ စီးပှားရေး အဆငျပွေ အိမျထောငျရေးအခွလှေ လူမှုရေးတှမှော မကြျနှာပနျးလှရော။ အဲ့ . . . သူတို့နှောကျယှကျလြှငျတော့ အရှကျတကှဲ အကြိုးနညျးပဲ။ သားတို့ သမီးတို့ . . . အိမျတဈအိမျမှာ ညနေ နဝေငျခါနီးကှဲ့။ မီးဖိုခြောငျ စီးပှားသိုလှောငျရာ အရပျတို့က အိမျမွှောငျ စုတျထိုးသံကွားလြှငျ အဲ့ဒါ သူတို့က သားတို့အတှကျ စားသုံးဖို့ ပစ်စညျး လာထားတာတဲ့။ အခြို့အိမျ ဆနျအိုး ဆနျမလြှော့ ဆီအိုး ဆီမဘောလြှာ့ ဖွဈတတျတယျ။ နမောျနမဲ့မို့ မသိကွတာ။ တဈခါတဈရံသူ ထားသလို ကိုယျထားသလိုလိုနဲ့ ငှမြေားလညျး ရတတျတယျ။ အမှတျမထငျ ရှှစေ ကြောကျမကြျစလေးမြားလညျး ေ ကောကျရစတေတျတယျ။ နတျမတယျ ဆိုတာ နားကငျးကွီးနဲ့ ရော့ အငျ့ မြိုး မဟုတျဘူး။ အိမျရှေ့ခနျးက စုတျထိုးလြှငျ မငျးမှုစိုးမှုမြားနဲ့ စကားမြား တတျသတဲ့။ အိမျလယျခနျးက စုတျထိုးလြှငျ သားကိစ်စ သမီးကိစ်စ စကား ပွောရတတျသတဲ့။ အိပျခနျးထဲက စုတျထိုး လြှငျတော့ လငျမယားခငြျးရနျဖွဈကွကရော။ အိမျမွှောငျဆိုတာ စြာနျကှကျ (ကသိုဏျးကှကျ) ဝငျနတေဲ့ မကြျလုံးရှငျ ဆိုတောသူ့(နတျ)လာတာ မွငျရ သိရသတဲ့။ ဒါကွောငျ့အိမျမွှောငျစုတျထိုးသံ ဆိုတာ လူနှငျ့ နတျတို့ရဲ့ဆကျသှယျရေး အခကြျပွ သငျ်ကတေ သဖှယျလညျး ရှိပါတယျ။ လူခမြျးသာ နတျခမြျးသာ ဆိုတာလညျး အပွနျအလှနျ ဆကျသှယျနတောမို့ လူတို့ဘကျက ကောငျးအောငျနပွေဖို့ အရေးကွီးတယျလို့ ဆိုသငျ့လှပါတယျ။ မဟာဗောဓိမွိုငျ ဆရာတောျ


via အလင်းရောင် ဓမ္မ https://ift.tt/37oqGT9