Thursday, November 21, 2019

အသိဥာဏ်သေးသိမ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒုက္ခသိပ်ပေးတယ်။ ကြံလိုက်ရင် သူတစ်ပါးကို ဒုက္ခပေးမယ့် အကြံချည်းပဲ။ ပြောလိုက်ရင်လည်း သူတစ်ပါးကို ဒုက္ခပေးမယ့် အပြောချည်းပဲ။ လုပ်လိုက်ရင်လည်း သူတစ်ပါးကို ဒုက္ခပေးမယ့် အလုပ်ချည်းပဲ။ အဲဒီ အင်္ဂါသုံးချက်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို "ဗာလ" လို့ခေါ်တယ်။ မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတစ်ပါး စိတ်သောက မဖြစ်အောင် နေတတ်ဖို့ ပိုအရေးကြီးတယ်။ အဲဒါ မြင့်မြတ်သော လူစွမ်းကောင်းတို့ရဲ့ စိတ်ထားပဲ။ (သီတဂူဆရာတော်ဘုရားကြီး) Credit •• Paral Lel


via အလင်းရောင် ဓမ္မ https://ift.tt/35pH4kv