အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 18, 2019
❝ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ ❞ ■■■■■■■■■■■■■■■■■■■■■ သတိပဋ္ဌာန် တရားလေးပါးမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန် မဟောဘူးလား။ ကာယာနုပဿနာ၊ဝေဒနာသတိပဋ္ဌာန်၊ ဓမ္မာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန် တရားလေးပါး။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု မဟောဘူးလား။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှု။ ရာဂအားကောင်းတဲ့ပုဂ္ဂိုလ် ကာယာနုပဿနာ ရှု။ တဏှာအားကောင်းတဲ့ပုဂ္ဂိုလ် ဝေဒနာနုပဿနာ ရှု။ ပညာအားကောင်းတဲ့ပုဂ္ဂိုလ် ဓမ္မာနုပဿနာ ရှု။ မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်၊ ဒါတော့ ဒိဋ္ဌိဘယ်လိုဝင်တာလဲ။ ငါ မြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတာပေါ့။ ဒါတော့ ငါမြင်တာလား၊ မြင်သိစိတ်။ မြင်သိစိတ်ဆိုတော့ ငါပါရဲ့လား။ ဟော ငါမပါ ဘူးကွဲ့။ မြင်သိစိတ်က သက္ကာယ၊ သက္ကာယဘဲ ဟုတ်တယ် ။ငါမပါဘူး ဒိဋ္ဌိမပြုတ်ဘူးလား။ ငါမြင်တယ် ၊ ငါကဒိဋ္ဌိ ။+မြင်သိစိတ်က သက္ကာယ =သက္ကာယဒိဋ္ဌိဖြစ်ပြီ- မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိမပြုတ်ဘူးလား။ မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ် ထိသိစိတ်၊ ကြံသိစိတ်ဆိုတော့ ငါမပါဘူး။ ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတယ်ဆိုရင် သက္ကာယဒိဋ္ဌိဖြစ်ပြီ။ ကဲ မြင်တာ ငါမြင်တာလား မြင်သိစိတ်။ တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ဝေဒနာ၊ သညာ၊ စေတနာ မပါလား။ အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာ။ နတ်လား၊ ဝေဒနာ။ ဗြဟ္မာလား၊ ဝေဒနာ။ အဆင်းလို့ မှတ်တာ လူ၊နတ်၊ဗြဟ္မာလား သညာ၊ ခံစားနိုင်အောင် စေ့ဆော်တာ မှတ်နိုင်အောင် စေ့ဆော်တာ သူလား၊ငါလား စေတနာ။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ကဲ လူ၊နတ်၊ဗြဟ္မာ လား နာမက္ခန္ဓာလေးပါး။ ထင်တာက လူ၊နတ်၊ဗြဟ္မာ တွေ့တာက နာမက္ခန္ဓာလေးပါး။ တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့မလိုလား။ ဥာတပရိညာဗျား- စဉ်စား။ ဒါဥာတပရိညာ၊ မျက်စိအကြည်ကား ငါဟုတ်ကဲ့လား။ ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည်တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။ မျက်စိမှာပေါ်တာ၊ ဒါ သက္ကာယလို့ မဟောဘူးလား။ ကဲ ဒိဋ္ဌိ မပြုတ်လား။ အဲဒါ လိုတာဗျို့ ကြားလား။ ကဲ မြင်သိစိတ် စဉ်စားဖို့ ကောင်းတယ်နော်- လေ့လာဖို့မကောင်းဘူးလား။ မြင်ဆဲ၊ လူ၊နတ်၊ဗြဟ္မာ လား၊ ခန္ဓာငါးပါး။ ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာငါးပါး။ ခန္ဓာငါးပါးလို့သိရင် အဲဒီခန္ဓာငါးပါးတရားအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါလို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်ဘူးလား။ အမှန်သိတော့အမှားပျောက်တယ်နော်။ ဒီလိုဆိုရင် သက္ကာယဒိဋ္ဌိပြုတ်တာပေါ့။ မပြုတ်ဘူးလား။ မြင်ပြီးတော့မပျက်လား။ အပျက်ကိုသိတော့ ခိုင်တယ်မြဲတယ်လို့ ယူဦးမလား။ သဿတဒိဋ္ဌိမပြုတ်လား။ နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။ ဥစ္ဆေဒအယူမပြုတ်လား။ ခန္ဓာငါးပါး ခန္ဓာငါးပါး လို့သိတော့ သက္ကာယဒိဋ္ဌိပြုတ်ပြီ။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့။ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ။ ကျေးဇူးတော်ရှင်မုံလယ်တောရဆရာတော်ဘုရားကြီး မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။ ၁၅.၅.၂ဝဝ၅ 🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺
via အလင်းရောင် ဓမ္မ https://ift.tt/2XnAbgy
Newer Post
Older Post
Home