Wednesday, November 20, 2019

❝ လယ်ကောင်း နှင့် လူကောင်း ❞ ■■■■■■■■■■■■■ လယ်ကောင်းယာကောင်းဆိုတာ စားကောင်း အားဖြစ်တဲ့ သီးနှံတွေ သီးပေးရတယ်။ အဲဒီလယ်ထဲယာထဲမှာ မစားကောင်းတဲ့ ပေါင်းမြက်တွေ ပေါက်လာရင် လယ်ဆိုးယာဆိုး ဖြစ်သွားတော့တာပဲ။ ဒီလိုပဲ ..။ စိတ်ကောင်း စေတနာကောင်း ကုသိုလ်ကံ ကောင်းကြောင့် လူဖြစ်လာရာမှာ… အဲဒီလူရဲ့စိတ်ထဲ ရာဂစိတ်၊ လောဘစိတ်၊ မောဟစိတ်၊ လိုချင်စိတ်တွေ ခိုအောင်းပါ၀င်လာတဲ့အခါ လူကောင်းက လူဆိုးဖြစ်သွားတော့တာပဲ။ ( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ) 🏮အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🏮 #Credit:Original & photo (1year ago)


via အလင်းရောင် ဓမ္မ https://ift.tt/2OxQ4gF