အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, November 20, 2019
တနေ့နေ့တော့ သိ၍လာလိမ့်မည် 🌷🌷🌷🌷🌷🌷🌷🌷🌷 ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး ဘားနပ်ရှောက သေခါနီး အချိန်မှာ ညည်းတွား သွားခဲ့တာက နောက်ဘဝရှိမရှိ သိချင်လိုက်တာ တဲ့ အိုး - - - - - ဘယ်လောက်တောင် တရားကျဖို့ ကောင်းလိုက်ပါသလဲ ကမ္ဘာကျော်ခဲ့တယ် ဒါပေမဲ့ သေခါနီးမှာ ညည်းတွားခဲ့တယ် ဒါဆိုရင် မောဟနဲ့သေဘယ်ဘုံရောက်မလဲ ဘုရားဟောမှာ ပါပြီးသား တဘဝဆိုတာ သံသရာထဲက အစက်အပျောက် လေးတခုမျှသာပါပဲ စိတ်ကောင်းရှိပြီး သူတပါးကို ကူညီတတ်တဲ့ ကမ္ဘာကျော်ကြီးတွေ သူဌေးကြီးတွေ အများကြီး ရှိပါတယ် ဒါပေမဲ့ လူတယောက်ဟာ ဘဝတစ်ခုတည်းနဲ့ ပြီးသွားတာမဟုတ်ဘူး ဆိုတာကို မှန်မှန်ကန်ကန် မမြင်နိ ုင်တဲ့အခါ ကျတော့ စိတ်ကောင်းရှိပေမဲ့ တော်ပေမဲ့ နစ်နာခဲ့ကြရတယ် လူတယောက်သေပြီးတဲ့အခါ ဘာဖြစ်သွားမှာလဲ ? ဘုရားသခင်ကို ယုံလို့ကောင်းကင်ဘုံရောက်မှာလား မိမိရဲ့ စွဲလန်းစရာအာရုံက ပို့ဆောင်မဲ့ (၃၁) ဘုံ ရဲ့ အခြားဘုံတခုခုကို ရောက်မှာလား ဆိုတာဟာ အရေးကြီးပြီ 🔴ကိုယ်ယူတဲ့ဘာသာ ကိုယ်မှန်တယ်ထင်ကြပေမဲ့ တကယ်တမ်းကတော့ ဖြစ်စဉ်တခုတည်းပဲ ရှိပါတယ် 🌜ဘာလဲ ? ဆိုတာတော့ သေပြီးရင် သိကြမှာပါ🌛 ဘယ်ဘာသာတွေက ကံကောင်းပြီး ဘယ်ဘာသာတွေက ကံမကောင်းလဲ ဆိုတာတော့ -------- --------------------- စောင့်ကြည့်ကြတာပေါ့နော် Credit - #ဦးမြင့်ခိုင် © April Thin
via အလင်းရောင် ဓမ္မ https://ift.tt/2s1Dmiv
Newer Post
Older Post
Home