Tuesday, November 19, 2019

တရားစာတွေ ဘာ့ကြောင့် ခဏခဏ တင်နေရတာလဲ??? တရားပွဲတွေ ဘာကြောင့် ခဏခဏ ကျင်းပနေရတာလဲ မေးသူများ ... သေချာ မှတ်သား နာယူ နိုင်ကြပါစေ #တရားဘာလို့_ဟောရတယ် ________________________ ဘုရားလက်ထက်တုံးက .. ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်။ သူတပါး နားထောင်ချင်မှန်း မသိ နားမထောင်ချင်မှန်း မသိပါဘဲ အဘယ်ကြောင့် အတင်း တရားတွေ ဟောပြောနေရသနည်း ? ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ .. ကုမာရ_သင့်မှာသားသမီးရှိသလား ? (တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရား) ဟု ဖြေ၏။ ထိုအခါ ဘုရားက မေးပြန်သည်မှာ.. ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲ ငုံထားတာ မြင်ရင် မင်းရဲ့သားလေးကို ဒီအတိုင်းကြည့်နေမလား? အတင်းပါးစပ်ဟပြီး ပုလင်းကွဲတွေ ထုတ်ပစ်မလား? ပုလင်းကွဲများမျိူချလျှင် အူများပြတ်ကာ သေပွဲ ဝင်ရတော့မှာမို့သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာ ထုတ်ပစ်ရ ပါမည် ဘုရား ဟု ဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားက .. သွေးတွေထွက်မှာပေါ့ .. ဟုဆိုရာ ဖခင်ဖြစ်သူ ကုမာရမင်းသားသည် .. မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှ သွေးထွက်၍ မသေပါ။ ပုလင်းကွဲများ မျိုချလိုက်ခဲ့လျှင် သေရတော့မည် ဖြစ်သဖြင့် မမျိုချခင်၊ ဗိုက်ထဲ မရောက်ခင်ရသလို အတင်းထုတ်ရပါမည်ဘုရား.. ဟု ပြောခဲ့သောအခါ .. မြတ်စွာဘုရား အရှင်၏ ပြန်လည်ဆုံးမ ပြောကြားသည်မှာ ... အေး_ငါဘုရားလည်း သတ္တဝါတွေကို အရမ်း သနားတော်မူသောကြောင့် အပယ်လေးပုံကို ရောက်ကြရမှာ စိုးရိမ်လွန်းလို့၊ သတ္တဝါတွေဟာ အကုသိုလ် လောဘ၊ ဒေါသ၊ မောဟတွေကို ပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ အတင်းအန်ထုတ်ခိုင်း နေရတာပါ။ ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ဖြေခဲ့တယ်။ ကုမာရမင်းသားလေးသည် ဘုရားရှင်၏ တရားကို နားကြားကာ မြတ်စွာဘုရား၏ မေတ္တာ, ဂရုဏာကို နားလည်သဘောပေါက်ခဲ့ရလေသည်။ ____________________ အဲသလိုပဲ ဘုန်းဘုန်းတို့ကလည်း အပါယ် ရောက်စေတတ်တဲ့ အကုသိုလ်များကို ပါးစပ်ထဲ ငုံထားနေသော၊ ဗိုက်ထဲကို မျိုချထားပြီးသော ဒီဒကာဒကာမများကို #ဘုရားကိုယ်စား မေတ္တာထား ကာ ရေမြေခြားသော်လည်း အရောက်လာပြီး တရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာ မဂ္ဂင်ဆေးတွေတိုက်ကျွေးနေရတာပါဘဲ။ ဘာဖြစ်လို့လဲ ? သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာ စိုးရိမ်လို့။ ဒကာ၊ ဒကာမတွေရဲ့ သန္တာန်ထဲမှာ အကုသိုလ်တွေ ပြည့်နှက်နေတာကိုဘာနဲ့့ဖျက်ဆီးပစ်ရမလဲ ? ကုသိုလ်တွေနဲ့ဖျက်ဆီးရမယ်။ ကုသိုလ်၄ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊ ကုသိုလ်၄ မျိုးရှိ သော်လည်း ဒါနကုသိုလ်နှင့်လည်း မပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်း မကာကွယ်နိုင်၊ သမထကုသိုလ် ဖြင့်လည်း လမ်းမဆုံးနိုင်ပါဘူး၊ ဝိပဿနာဘာဝနာကုသိုလ်တခုတည်း ဖြင့်သာဖျက်ဆီးပစ်နိုင်တာပါ။ #Credit မေတ္တာ ဖြင့် ပြန်လည်ကူးယူမျှဝေပါသည် အရှင်ကေသရ မုံရွေး 🌈🌈🌈🌈🌈🌈 Crediy # soe Cho Cho Soe တရားစာေတြ ဘာ့ေၾကာင့္ ခဏခဏ တင္ေနရတာလဲ??? တရားပြဲေတြ ဘာေၾကာင့္ ခဏခဏ က်င္းပေနရတာလဲ ေမးသူမ်ား ... ေသခ်ာ မွတ္သား နာယူ နိုင္ၾကပါေစ #တရားဘာလို႔_ေဟာရတယ္ ________________________ ဘုရားလက္ထက္တုံးက .. ကုမာရမင္းသားေလးက ဘုရားကိုေမးတယ္။ သူတပါး နားေထာင္ခ်င္မွန္း မသိ နားမေထာင္ခ်င္မွန္း မသိပါဘဲ အဘယ္ေၾကာင့္ အတင္း တရားေတြ ေဟာေျပာေနရသနည္း ? ဟု ေမးလတ္ေသာ္ ျမတ္စြာဘုရားေျဖၾကားသည္မွာ .. ကုမာရ_သင့္မွာသားသမီးရွိသလား ? (တြားသြားအ႐ြယ္-သားငယ္ေလးရွိပါသည္ဘုရား) ဟု ေျဖ၏။ ထိုအခါ ဘုရားက ေမးျပန္သည္မွာ.. ထိုသားေလး ပုလင္းကြဲေတြကို ပါးစပ္ထဲ ငုံထားတာ ျမင္ရင္ မင္းရဲ႕သားေလးကို ဒီအတိုင္းၾကည့္ေနမလား? အတင္းပါးစပ္ဟၿပီး ပုလင္းကြဲေတြ ထုတ္ပစ္မလား? ပုလင္းကြဲမ်ားမ်ိဴခ်လွ်င္ အူမ်ားျပတ္ကာ ေသပြဲ ဝင္ရေတာ့မွာမို႔သားေတာ္ ပါးစပ္ထဲ ငုံထားေသာ ပုလင္းကြဲမ်ားကို အတင္းပါးစပ္ဟကာ ထုတ္ပစ္ရ ပါမည္ ဘုရား ဟု ဆိုေလသည္။ ထိုအခါ ျမတ္စြာဘုရားက .. ေသြးေတြထြက္မွာေပါ့ .. ဟုဆိုရာ ဖခင္ျဖစ္သူ ကုမာရမင္းသားသည္ .. ျမတ္စြာဘုရား၊ တပည့္ေတာ္ ၏သားသည္ ပါးစပ္မွ ေသြးထြက္၍ မေသပါ။ ပုလင္းကြဲမ်ား မ်ိဳခ်လိဳက္ခဲ့လွ်င္ ေသရေတာ့မည္ ျဖစ္သျဖင့္ မမ်ိဳခ်ခင္၊ ဗိုက္ထဲ မေရာက္ခင္ရသလို အတင္းထုတ္ရပါမည္ဘုရား.. ဟု ေျပာခဲ့ေသာအခါ .. ျမတ္စြာဘုရား အရွင္၏ ျပန္လည္ဆုံးမ ေျပာၾကားသည္မွာ ... ေအး_ငါဘုရားလည္း သတၱဝါေတြကို အရမ္း သနားေတာ္မူေသာေၾကာင့္ အပယ္ေလးပုံကို ေရာက္ၾကရမွာ စိုးရိမ္လြန္းလို႔၊ သတၱဝါေတြဟာ အကုသိုလ္ ေလာဘ၊ ေဒါသ၊ ေမာဟေတြကို ပါးစပ္ထဲမွာ ငုံထားၿပီးၿပီ။ ဒါ့ေၾကာင့္ ငါဘုရား မဂၢင္ေဆးတိုက္ေႂကြးကာ အတင္းအန္ထုတ္ခိုင္း ေနရတာပါ။ ငါဘုရားသည္ မဂၢင္ဆိုတဲ့ အန္ေဆးႀကီးေကြၽးေနတာပါလို႔ေျဖခဲ့တယ္။ ကုမာရမင္းသားေလးသည္ ဘုရားရွင္၏ တရားကို နားၾကားကာ ျမတ္စြာဘုရား၏ ေမတၱာ, ဂ႐ုဏာကို နားလည္သေဘာေပါက္ခဲ့ရေလသည္။ ____________________ အဲသလိုပဲ ဘုန္းဘုန္းတို႔ကလည္း အပါယ္ ေရာက္ေစတတ္တဲ့ အကုသိုလ္မ်ားကို ပါးစပ္ထဲ ငုံထားေနေသာ၊ ဗိုက္ထဲကို မ်ိဳခ်ထားၿပီးေသာ ဒီဒကာဒကာမမ်ားကို #ဘုရားကိုယ္စား ေမတၱာထား ကာ ေရေျမျခားေသာ္လည္း အေရာက္လာၿပီး တရားေတြ ျပေပး၊ ေဟာေျပာေပး၊ဘာဝနာ မဂၢင္ေဆးေတြတိုက္ေကြၽးေနရတာပါဘဲ။ ဘာျဖစ္လို႔လဲ ? ေသရင္ မေကာင္းတဲ့ဘဝေတြ ေရာက္သြားမွာ စိုးရိမ္လို႔။ ဒကာ၊ ဒကာမေတြရဲ႕ သႏၱာန္ထဲမွာ အကုသိုလ္ေတြ ျပည့္ႏွက္ေနတာကိုဘာနဲ႕့ဖ်က္ဆီးပစ္ရမလဲ ? ကုသိုလ္ေတြနဲ႕ဖ်က္ဆီးရမယ္။ ကုသိုလ္၄ မ်ိဳးရွိတယ္၊ ဒါန၊ သီလ၊ သမထ၊ ဝိပႆနာ ၊ ကုသိုလ္၄ မ်ိဳးရွိ ေသာ္လည္း ဒါနကုသိုလ္ႏွင့္လည္း မပယ္နိုင္၊သီလကုသိုလ္ျဖင့္ လည္း မကာကြယ္နိုင္၊ သမထကုသိုလ္ ျဖင့္လည္း လမ္းမဆုံးနိုင္ပါဘူး၊ ဝိပႆနာဘာဝနာကုသိုလ္တခုတည္း ျဖင့္သာဖ်က္ဆီးပစ္နိုင္တာပါ။ #Credit ေမတၱာ ျဖင့္ ျပန္လည္ကူးယူမွ်ေဝပါသည္ အရွင္ေကသရ မုံေ႐ြး 🌈🌈🌈🌈🌈🌈 Crediy # soe Cho Cho Soe


via အလင္းေရာင္ ဓမၼ https://ift.tt/2CYNE54