Saturday, November 23, 2019

ဝေဒနာနဲ့ ဒုက္ခ ဒုက္ခ နဲ့ ဒုက္ခ သစ္စာ 🌻🌺🌻🌺🌻🌺🌻🌺 ဝေဒနာ(၃)မျိူ းရှိပါတယ် ၁။သုခဝေဒနာ ၂။ဒုက္ခဝေဒနာ ၃။ဥပက္ခာဝေဒနာ လို့သုံးမျိူ းရှိပါတယ်။ သုခဝေဒနာလည်း ဖြစ်ပျက် ဒုက္ခဝေဒနာလည်း ဖြစ်ပျက် ဥပက္ခာဝေဒနာလည်း ဖြစ်ပျက် @ဖြစ်ပျက်က ဒုက္ခသစ္စာ ပါ ထို့ကြောင့် ဝေဒနာသုံးမျိူ းရှိတဲ့အနက် ဘယ်ဝေဒနာရဲ့ ဖြစ်ပျက်ကိုမြင်မြင် ဖြစ်ပျက်မြင်ရင် သစ္စာဆိုက်တယ်လို့မှတ်ပါ။ များသောအားဖြင့်ဝေဒနာရှု့သူများသည် နာကျင်ကိုက်ခဲတာ မခံမရပ်နိုင်အောင်နာလာမှ ဝေဒနာလို့ထင်မှတ်တတ်ပါတယ်။ @ဝေဒနာကိုရှု့လိုသော ပုဂ္ဂို လ်သည် သုခဝေဒနာနောက်က သာယာတဲ့ လောဘတဏှာ မလိုက်စေရပါ။ ဒုက္ခဝေဒနာနောက်က ဒေါသ မလိုက်ပါစေနဲ့ ဥပက္ခာဝေဒနာ နောက်က မောဟ မလိုက်စေရပါ။ ဒုက္ခဝေဒနာတစ်ခု ပြင်းပြင်းထန်ထန် ပေါ်လာရင် မခံနိူင်တဲ့ဒေါသ ပျောက်ခြင် ပြင်ခြင်ပြောင်းခြင်တဲ့လောဘ လွန်ဆွဲတတ်ပါတယ်။ အဲ့ဒီအခါမှာ စိတ်ကိုလျှော့ချ ၊ ခန္ဓာကိုယ်ကိုဖြေလျှော့ထား အသက်ကိုမှန်မှန်ရှုပြီး မိမိရဲ့စိတ်မှာ ဒေါသလောဘ အစွန်းနှစ်ခုကနေ သီးခံပြီး အလယ်လမ်းကိုရောက်အောင် ရှု့ပါ အစွန်းနှစ်ခုလွတ်တဲ့ သတိဦးစီးတဲ့ ဥပက္ခာလမ်းပေါ်ရောက်ရင် ငြိမ်ပါလိမ့်မယ် ငြိမ်းပါလိမ့်မယ်။ ဝေဒနာဟာ အနိစ္စပါ ဝေဒနာကိုတဏှာနဲ့တွဲရင်ကိလေသာဖြစ်ပြီး ဝေဒနာကို သတိပညာနဲ့တွဲရင် မဂ္ဂင်ဖြစ်ပါတယ်။ သေကာနီးဒုက္ခဝေဒနာကြီးကြီး တွေ ခံနိုင်ဖို့ တရားထိုင်စဉ်ပေါ်လာတဲ့ ဒုက္ခဝေဒနာသေးသေး တွေကို သည်းခံပြီးရှု့ပါ။ ဝေဒနာက တစ်ခုနဲ့တစ်ခု တစ်နေရာနဲ့တစ်နေရာ တစ်ချိန်နဲ့တစ်ချိန်မတူပါဘူး ဒါကြောင့် ဝေဒနာကိုပျောက်အောင်ရှု့ရတာ မဟုတ်ပါဘူး ၊ဝေဒနာရဲ့ ဖြစ်ပြီးပျက်တတ်တဲ့သဘော မခိုင်မမြဲတဲ့ အနိစ္စ။ ဖြစ်ခြင်းဆင်းရဲ ပျက်ခြင်းဆင်းရဲတို့နဲ့ အမြဲနှိပ်စက်နေတဲ့ဒုက္ခ။ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ပြစရာ တစ်နေရာမှ မရှိတဲ့ မပိုင်မဆိုင်တဲ့ အနတ္တသဘော တွေမြင်အောင်ကြည့်ဖို့ပါ။ credit :


via အလင်းရောင် ဓမ္မ https://ift.tt/34hJfq0