Wednesday, November 20, 2019

“ကိုယ်ကျင့်သီလ အရေးကြီးပုံ” “သမထဘဲဖြစ်ဖြစ်၊ ဝိပသနာ ဘဲဖြစ်ဖြစ်” ကမ္မဋ္ဌာန်းအားထုတ်တော့မယ်ဆိုရင် ပထမဆုံး“ကိုယ်ကျင့်တရား” ဖြူစင်အောင် သီလဆောက်တည်သင့်တယ်။ ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်မှာ စိတ်ကို ကမ္မဋ္ဌာန်းအာရုံထဲထားဖို့ကြိုးစားတာနဲ့ တစ်ပြိုင်နက်၊အတိတ်ကအာရုံပုံရိပ်တွေစိတ်ထဲတိုးဝင်လာတတ်တယ်။ အဲဒီအာရုံပုံရိပ်အနှောင့်အယှက်တွေမဝင်လာရအောင်ကိုယ်ကျင့်သီလကိုဆောက်တည်ပြီး၊ကိုယ်ကျင့်သီလကို ဆင်ခြင်ပြီး ဝမ်းမြောက်မှု ၊ စိတ်ကြည်နူးမှုကိုဖြစ်စေရမယ်။ “သီလံ အဓိပ္ပဋိသာရာယ”တဲ့။ ●သီလဆိုတာ စိတ်နှလုံးရွှင်ကြည်မှုကိုဖြစ်စေရန်အတွက် ဖြစ်တယ်။ ●စိတ်နှလုံးရွှင်ကြည်မှ ပါမောဇ္ဇ ဆိုတဲ့ ဝမ်းမြောက်မှုဖြစ်တယ်။ ●ဝမ်းမြောက်မှုဖြစ်မှ နှစ်သက်ကြည်နူးပီတိဖြစ်နိုင်တယ်။ ●ပီတိဖြစ်မှ ကိုယ်စိတ်ငြိမ်းချမ်းမှု ပဿဒ္ဓိဖြစ်နိုင်တယ်။ ●ပဿဒ္ဓိဖြစ်မှ ကိုယ်ချမ်းသာမှု၊စိတ်ချမ်းသာမှုသုခဖြစ်နိုင်တယ်။ ●သုခဖြစ်မှ စိတ်တည်ငြိမ်မှု သမာဓိ ဖြစ်နိုင်မယ်။ ●သမာဓိဖြစ်မှ ယထာဘူတဉာဏခေါ် အမှန်အတိုင်းသိတဲ့ဉာဏ် ဖြစ်နိုင်တယ်။ဒါကြောင့် ကိုယ်ကျင့်သီလကို ရှေးဦးစွာစင်ကြယ်အောင် ဆောက်တည်ရခြင်း ဖြစ်တယ်။ လူဝတ်ကြောင်ဖြစ်လျှင်“ငါးပါးသီလ”ကိုထပ်မံဆောက်တည်ရမယ်။ပြီးရင်ကိုယ့်သီလကိုဆင်ခြင်လိုက်။ ●အခုအချိန်ကစပြီး ဘယ်သတ္တဝါကိုမှ ငါမသတ်ဘူး။သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်တယ်။ ဒီသီလနဲ့ပြည့်စုံနေတယ်လို့ စဉ်းစားလိုက်။ စိတ်ကြည်နူးမှုရလာနိုင်တယ်။ ●သူတစ်ပါးဥစ္စာကိုငါမခိုးဘူး။ငါ့မှာ ဒီသီလလည်းစင်ကြယ်တယ်။ ●သူတစ်ပါး သားမယားအပေါ် မပြစ်မှားဘူး။ ●လိမ်လည်လှည့်ဖျားမုသားစကားကိုလည်းငါမပြောဘူး။မှန်တာကိုသာပြောတယ်။ ●သေရည်သေရက် ၊ ဘီယာကအစ ငါမသောက်ဘူး။ရှောင်တယ်။ ဒီလိုကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး၊ကိုယ့်သီလကိုယ်တွေးလိုက်ရင်စိတ်ထဲကြည်နူးမှုတွေ ဖြစ်လာနိုင်တယ်။အဲဒီကြည်နူးတဲ့စိတ်ကလေးကိုသမာဓိတင်ပေးလိုက်ရင် သမာဓိမြန်မြန်ရလာနိုင်တယ်။ဒီလိုမှ မဟုတ်ဘဲ 。。。ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ ၊ကမ္မဋ္ဌာန်းအားထုတ်ဖို့ ကြိုးစားရင်၊ကိုယ်ကျင့်သီလပျက်ပြားမှုကို အခြေခံပြီးဖြစ်ပေါ်လာတဲ့အတိတ်ကပုံရိပ်ကြီးတွေ တိုးဝင်လာလို့ စိတ်တွေဟာ ဂဏှာမငြိမ်ဖြစ်တတ်တယ်။စိတ်ဂဏှာမငြိမ်သက်ခြင်းဆိုတဲ့ဥဒ္ဓစ္စတရားလွှမ်းမိုးထားလို့ရှိရင်၊သမာဓိတရားဘယ်လိုမှမရနိုင်ဘူး။ဒါကြောင့် မြတ်စွာဘုရားက“သီလံ အဝိပ္ပ ဋိသာရာယ” ကိုယ်ကျင့်သီလဟာစိတ်နှလုံးသာယာဖို့အတွက် လုပ်ရတယ်တဲ့။ စိတ်နှလုံးကြည်သာဖို့ဆိုတာ သိပ်အရေးကြီးတယ်ပေါ့။ မြတ်စွာဘုရားက သမထကျင့်စဉ်ဖြစ်ဖြစ် ၊ဝိပဿနာကျင့်စဉ်ဖြစ်ဖြစ် ကျင့်တော့မယ်ဆိုရင်ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့။ 【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】 မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး အရှင်အာနန္ဒာကို မိန့်မှာတဲ့အထဲမှာ …… " အာနန္ဒာ ငါဘုရားရှင်အား ပန်း ရေချမ်း ဆီမီးတွေနဲ့ ကပ်လှူပူဇော်တာထက် တရားဓမ္မကျင့်သုံးခြင်းဖြင့်သာ ပူဇော်တာသာ အကောင်းဆုံး ဖြစ်ပါတယ် " လို့ မှာကြားခဲ့တယ်။ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လျော်ညီတဲ့ တရားဓမ္မတွေနဲ့ အညီကျင့်ကြံ နေထိုင် ခြင်းဟာ…မြတ်စွာဘုရားရှင်အားအမြင့်မြတ်ဆုံးပူဇော်ခြင်း ဖြစ်ပါတယ်။ ပန်း ရေချမ်းတွေ မကပ်လှူ ရဘူး ဒီလိုပြောတာမဟုတ်ဘူးနော်။ အကောင်းဆုံး ပူဇော်ခြင်း ဖြစ်တယ်လို့ ပြောတာ။ ( ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး) “ကိုယ္က်င့္သီလ အေရးႀကီးပုံ” “သမထဘဲျဖစ္ျဖစ္၊ ဝိပသနာ ဘဲျဖစ္ျဖစ္” ကမၼ႒ာန္းအားထုတ္ေတာ့မယ္ဆိုရင္ ပထမဆုံး“ကိုယ္က်င့္တရား” ျဖဴစင္ေအာင္ သီလေဆာက္တည္သင့္တယ္။ ကိုယ္က်င့္သီလမရွိတဲ့ ပုဂၢိုလ္မွာ စိတ္ကို ကမၼ႒ာန္းအာ႐ုံထဲထားဖို႔ႀကိဳးစားတာနဲ႕ တစ္ၿပိဳင္နက္၊အတိတ္ကအာ႐ုံပုံရိပ္ေတြစိတ္ထဲတိုးဝင္လာတတ္တယ္။ အဲဒီအာ႐ုံပုံရိပ္အႏွောင့္အယွက္ေတြမဝင္လာရေအာင္ကိုယ္က်င့္သီလကိုေဆာက္တည္ၿပီး၊ကိုယ္က်င့္သီလကို ဆင္ျခင္ၿပီး ဝမ္းေျမာက္မႈ ၊ စိတ္ၾကည္ႏူးမႈကိုျဖစ္ေစရမယ္။ “သီလံ အဓိပၸဋိသာရာယ”တဲ့။ ●သီလဆိုတာ စိတ္ႏွလုံး႐ႊင္ၾကည္မႈကိုျဖစ္ေစရန္အတြက္ ျဖစ္တယ္။ ●စိတ္ႏွလုံး႐ႊင္ၾကည္မွ ပါေမာဇၨ ဆိုတဲ့ ဝမ္းေျမာက္မႈျဖစ္တယ္။ ●ဝမ္းေျမာက္မႈျဖစ္မွ ႏွစ္သက္ၾကည္ႏူးပီတိျဖစ္နိုင္တယ္။ ●ပီတိျဖစ္မွ ကိုယ္စိတ္ၿငိမ္းခ်မ္းမႈ ပႆဒၶိျဖစ္နိုင္တယ္။ ●ပႆဒၶိျဖစ္မွ ကိုယ္ခ်မ္းသာမႈ၊စိတ္ခ်မ္းသာမႈသုချဖစ္နိုင္တယ္။ ●သုချဖစ္မွ စိတ္တည္ၿငိမ္မႈ သမာဓိ ျဖစ္နိုင္မယ္။ ●သမာဓိျဖစ္မွ ယထာဘူတဉာဏေခၚ အမွန္အတိုင္းသိတဲ့ဉာဏ္ ျဖစ္နိုင္တယ္။ဒါေၾကာင့္ ကိုယ္က်င့္သီလကို ေရွးဦးစြာစင္ၾကယ္ေအာင္ ေဆာက္တည္ရျခင္း ျဖစ္တယ္။ လူဝတ္ေၾကာင္ျဖစ္လွ်င္“ငါးပါးသီလ”ကိုထပ္မံေဆာက္တည္ရမယ္။ၿပီးရင္ကိုယ့္သီလကိုဆင္ျခင္လိုက္။ ●အခုအခ်ိန္ကစၿပီး ဘယ္သတၱဝါကိုမွ ငါမသတ္ဘူး။သူတစ္ပါးအသက္ကို သတ္ျဖတ္ျခင္းမွေရွာင္ၾကဥ္တယ္။ ဒီသီလနဲ႕ျပည့္စုံေနတယ္လို႔ စဥ္းစားလိုက္။ စိတ္ၾကည္ႏူးမႈရလာနိုင္တယ္။ ●သူတစ္ပါးဥစၥာကိုငါမခိုးဘူး။ငါ့မွာ ဒီသီလလည္းစင္ၾကယ္တယ္။ ●သူတစ္ပါး သားမယားအေပၚ မျပစ္မွားဘူး။ ●လိမ္လည္လွည့္ဖ်ားမုသားစကားကိုလည္းငါမေျပာဘူး။မွန္တာကိုသာေျပာတယ္။ ●ေသရည္ေသရက္ ၊ ဘီယာကအစ ငါမေသာက္ဘူး။ေရွာင္တယ္။ ဒီလိုကိုယ္က်င့္တရားနဲ႕ပတ္သက္ၿပီး၊ကိုယ့္သီလကိုယ္ေတြးလိုက္ရင္စိတ္ထဲၾကည္ႏူးမႈေတြ ျဖစ္လာနိုင္တယ္။အဲဒီၾကည္ႏူးတဲ့စိတ္ကေလးကိုသမာဓိတင္ေပးလိုက္ရင္ သမာဓိျမန္ျမန္ရလာနိုင္တယ္။ဒီလိုမွ မဟုတ္ဘဲ 。。。ကိုယ္က်င့္သီလ မစင္ၾကယ္ဘဲ ၊ကမၼ႒ာန္းအားထုတ္ဖို႔ ႀကိဳးစားရင္၊ကိုယ္က်င့္သီလပ်က္ျပားမႈကို အေျခခံၿပီးျဖစ္ေပၚလာတဲ့အတိတ္ကပုံရိပ္ႀကီးေတြ တိုးဝင္လာလို႔ စိတ္ေတြဟာ ဂဏွာမၿငိမ္ျဖစ္တတ္တယ္။စိတ္ဂဏွာမၿငိမ္သက္ျခင္းဆိုတဲ့ဥဒၶစၥတရားလႊမ္းမိုးထားလို႔ရွိရင္၊သမာဓိတရားဘယ္လိုမွမရနိုင္ဘူး။ဒါေၾကာင့္ ျမတ္စြာဘုရားက“သီလံ အဝိပၸ ဋိသာရာယ” ကိုယ္က်င့္သီလဟာစိတ္ႏွလုံးသာယာဖို႔အတြက္ လုပ္ရတယ္တဲ့။ စိတ္ႏွလုံးၾကည္သာဖို႔ဆိုတာ သိပ္အေရးႀကီးတယ္ေပါ့။ ျမတ္စြာဘုရားက သမထက်င့္စဥ္ျဖစ္ျဖစ္ ၊ဝိပႆနာက်င့္စဥ္ျဖစ္ျဖစ္ က်င့္ေတာ့မယ္ဆိုရင္ကိုယ္က်င့္တရားေပၚမွာ ရပ္တည္နိုင္ေအာင္ ႀကိဳးစားပါတဲ့။ 【ပါေမာကၡခ်ဳပ္ ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ】 ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံခါနီး အရွင္အာနႏၵာကို မိန့္မွာတဲ့အထဲမွာ …… " အာနႏၵာ ငါဘုရားရွင္အား ပန္း ေရခ်မ္း ဆီမီးေတြနဲ႕ ကပ္လႉပူေဇာ္တာထက္ တရားဓမၼက်င့္သုံးျခင္းျဖင့္သာ ပူေဇာ္တာသာ အေကာင္းဆုံး ျဖစ္ပါတယ္ " လို႔ မွာၾကားခဲ့တယ္။ဒါေၾကာင့္ မဂ္ဖိုလ္နိဗၺာန္နဲ႕ ေလ်ာ္ညီတဲ့ တရားဓမၼေတြနဲ႕ အညီက်င့္ႀကံ ေနထိုင္ ျခင္းဟာ…ျမတ္စြာဘုရားရွင္အားအျမင့္ျမတ္ဆုံးပူေဇာ္ျခင္း ျဖစ္ပါတယ္။ ပန္း ေရခ်မ္းေတြ မကပ္လႉ ရဘူး ဒီလိုေျပာတာမဟုတ္ဘူးေနာ္။ အေကာင္းဆုံး ပူေဇာ္ျခင္း ျဖစ္တယ္လို႔ ေျပာတာ။ ( ေဒါက္တာအရွင္နႏၵမာလာဘိဝံသဆရာေတာ္ဘုရားႀကီး)


via အလင္းေရာင္ ဓမၼ https://ift.tt/2r6q43K