အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 21, 2019
အအိပ်ဆိုးသော မယားကြောင့် သောတာပန် တည်သော ယောက်ျား 🌷🌷🌷🌷🌷🌷🌷🌷🌷 သာ၀တၳိပြည်`၌ နေသော အမျိုးသားတစ်ဦးသည် ရဟန်းတော်များ၏ ဆွမ်းထမင်းဟင်းအကျန်ကို သုံးဆောင် ရ၍ ဤ သို ့ လျှင် အကြံဖြစ်၏။ ငါသည်နေ ့ည ပတ်လုံးပင်ပန်းဆင်းရဲစွာ အလုပ်ကိုကြိုးစားသော်လည်း ဤ အရှင်ကောင်းတို့၏ ဆွမ်းကဲ့သို့ ကောင်းသော ထမင်းဟင်းကိုမစားရ။ ငါ၏လူအဖြစ်သည် အကျိုးမရှိ။ ရဟန်းပြုအံ ့ဟု ကြံလေ၏ ရဟန်းတော်များကလည်း ရဟန်းပြုပေးကြ၏။ ထို အမျိုးသားသည် ရဟန်းပြုပြီးသော် ရဟန်းတော်များကို ၀တ်ကြီး ၀တ်ငယ်ပြုစုဖော်ရလေ၏။ နှစ်ရက် သုံးရက်မျှ နေသော် ခန္ဓာကိုယ် ဆူဖြိုးလာ၏။ ထိုအခါဆွမ်းအတွက် အရပ် တကာလှည့်၍ အသက်မွေးရခြင်းသည် အကျိုးမရှိဟု ကြံစည်ကာ လူထွက်လေ၏။. ထိုယောကျ်ားသည် နှစ်ရက် သုံးရက်မျှ အိမ်မှ ူ ကိစ္စပင်ပန်းလာသောအခါ ဆူဖြိုးသောကိုယ်သည် ပိန်ချူံ း လာပြန်လေသည်။ထိုရောအခါ ငါ ့အားဤ သို့ဆင်းရဲခြင်းသည် အကျိုးမရှိဟု ကြံစည်ကာ ရဟန်းတော်များ ထံ ချဉ်းကပ်၍ ရဟန်းပြုပြန်၏။ နှစ်ရက် သုံးရက် မျှကြာသော် ငြီးငွေ ့၍ လူထွက်ပြန်၏။ ဤနည်းဖြင့်ခြောက်ကြိမ် ခြောက်ခါ ရဟန်းပြုပြီး လူထွက်ခဲ့၏။ ၎င်းအမျိုးသားသည် ခုနှစ်ကြိမ်မြောက် ရဟန်းပြုရန် အကြံဖြင့် တောမှအိမ်သို့ပြန်လာပြီး သင်္ဃန်းများ ယူဆောင်ရန် အိပ်ခန်းတွင်းသို့၀င်လျှင် လျောင်းလျှက် အိပ်ပျော်နေသောမယားကိုမြင်၏။ ထိုမယားသည် ၀တ်ထားသောအ၀တ်များ ကျွတ်၍ ခံတွင်းမှ အရိအရွဲယိုစီးနေ၏။ နှာခေါင်းမှ ဃုရ-ဃုရ ဟု အသံမြည်၏။ ခံတွင်းပွင့်လျှက်နေ၏.။အမျိုးသားသည် ထိုမိန်းမ အား ဖူးဖူးရောင်သော အကောင်ပုပ်၏ ကိုယ်ကဲ့ သို ့ရွံရှာ စက်ဆုပ်ဖွယ်ဟု ထင်လေ၏။ဤခန္ဓာကိုယ်သည် အမြဲမရှိ ဆင်းရဲခြင်းသဘောရှိ၏ ဟု အမှတ်သညာကို ရ၍ ငါသည် ဤမျှလောက်သော ကာလပတ်လုံး ရဟန်းပြုပြီးလျှင် ဤမိန်းမ ကို အမှီပြု ၍ ရဟန်းအဖြစ်ကို စွန့်ခဲ့၏။ ဟု တွေးကြံကာ သင်္ဃန်းကို ရင်၀ယ်ပိုက်လျှက် အိမ်မှထွက်ခွာလာ၏။ ထိုအမျိုးသားသည် အနိစ္စ ဒုက္ခဟု ရွတ်ဆိုကာသွားစဉ်ပင် သောတာပန် တည်လေ၏။ကျောင်းသို ့ရောက်၍ ရဟန်းတော်များအား ရှိခိုးပြီးလျှင်ရဟန်းအဖြစ်ကိုပေးသနားတော်မူရန် လျှောက်ထားရာ သင်၏ ဦးခေါင်း သည် ဓါးသွေးကျောက်နှင့်သာတူ၏ သင့်ကိုရဟန်း ၀တ်မပေးနိုင်ဟု ဆိုကြကုန်သည် ရှိသော် ယခုတကြိမ် သာ တပည့်တော်ကို ရဟန်း၀တ်ပေးပါဘုရားဟု တောင်းပန်လျှောက်ထားရ၏။ ထိုအမျိုးသားသည် ရဟန်း ၀တ်ပြီး နှစ်ရက် သုံးရက်မျှ ဖြင့်ပင် ပဋိသမ်ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ အဖြစ်သို ့ရောက်လေ၏။ ထိုအမျိုးသား ရဟန်းသည် စိတ္တဟဋ္ဌ မထေရ်မည်၏။အခြားသောရဟန်းတော်များသည် မထေရ်၏ ရဟန်းပြု ခြင်းကာလ ကြာမြင့်သည်ကိုမေးကြသည်ရှိသော် အရှင်ဘုရားတို ့ ပေါင်းသင်းဆက်ဆံ လိုသောစိတ် ရှိ သောအခါသွားခဲ့ရပါပြီ။ ထိုပေါင်းသင်းဆက်ဆံခြင်းသည် တပည့်တော်အား ပြတ်ခဲ့ပြီ ။ ယခု အခါ မသွား သော သဘောရှိသော သူ ဖြစ်ရပါပြီ ဟု လျှောက်ထားလေ၏။ ရဟန်းတော်များသည် မြတ်စွာဘုရားထံသို့ ဤရဟန်းသည် တပည့်တော်တို့ကိုအရဟတ္တဖိုလ်သို ့ရကြောင်း မဟုတ်မမှန်သောစကားကို ပြောဆိုပါသည်ဘုရား ဟု လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ချစ်သား ရဟန်းတို့ ထိုရဟန်းဆိုတိုင်းမှန်၏။ ဤ ငါ ့သားသည် မိမိ ၏ တည်တံသောစိတ် မရှိသောအခါ`၌ ၎င်း။ သူတော်ကောင်းတရားကို မသိသေးသောအခါ`၌ ၎င်း။ အိမ်နှင့်ကျောင်းသို ့ လူးလာ တုံ ့နှင်း သွားလာခြင်းကိုပြု ၏။ ယခု အခါ ထိုငါ့သားသည် ကောင်းမှ ူမကောင်း မှ ူကို ပယ်အပ်ပြီ။ ဟု မိန် ့တော်မူ၏။ ချစ်သားရဟန်းတို ့ ကိလေသာတို့မည်သည်ကား ဤသို့သာလျှင် ၀န်လေးကြကုန်၏။ ထိုကိလေသာတို့သည် အကယ်၍ ရုပ်အစိုင်အခဲ ဖြစ်၍ တစ်စုံတစ်ခုသော နေရာ`၌စုပုံထားပါက စကြ၀ဠာ သည် အလွန်ကျဉ်းသေး ၏။ဗြဟ္မာ့ပြည်သည် အလွန် နိမ့်သေး၏။ထိုကြောင့် ကိလေသာ သည်ဤမျှလောက် ၀န်လေးကုန်၏။ ပညာနှင့်ပြည့်စုံ၍ ယောကျ်ား အာဇာနည်ဖြစ်သော ငါကဲ့သို့သော သူကိုပင် ချောက်ချားစေကုန်၏။ ကြွင်းသောသူတို့`၌ ဆိုဖွယ်ရာမရှိ။ ဟု မိန် ့တော်မူပြီးလျှင် ငါကိုယ်တိုင်ပင်တစ်ကွမ်းစား၀က်(တစ်စလယ် ၀က်)မျှသော ပြောင်းမျို းနှင့် အသွားတုံးသော ပေါက်တူးကို အမှီပြု၍ ခြောက်ကြိမ်တိုင်အောင် ရသေ ့ရဟန်း ပြုပြီး လူထွက်ဖူးလေပြီ ဟု မိန် ့တော်မူ၏။ ကိလေသာ ရှိသူတိုင်း ရဟန်းဖြစ်စေ လူထွက်၍ ပျော်ချင်ကြပေဦးမည်။ သို ့ပါသောကြောင့် လူ၀တ်ကြောင် နှင့်လူများ ပျော်ကြ မှားကြ သည်မှာ အပြစ်မဆိုသာအောင်ရှိတော့သည်။ မမေ ့မလျော့သောသတိဖြင့် သစ္စာ တရားများနာကြားမှတ်သားပြီး အားထုတ်နိုင်ခွင့်ကို ရနိုင်ကြပါစေ။ (ကျမ်းကိုး။ ။အရှင် ဓမ္မသာမီဘိဝံသ ၏ ဓမ္မပဒ ၀တၳုတော်ကြီး ပထမတွဲ စာမျက်နှာ-၃၆၆ မှ စိတ္တဟဋ္ဌ မထေရ် ၀တၳု ) အအိပ္ဆိုးေသာ မယားေၾကာင့္ ေသာတာပန္ တည္ေသာ ေယာက္်ား 🌷🌷🌷🌷🌷🌷🌷🌷🌷 သာ၀တၳိျပည္`၌ ေနေသာ အမ်ိဳးသားတစ္ဦးသည္ ရဟန္းေတာ္မ်ား၏ ဆြမ္းထမင္းဟင္းအက်န္ကို သံုးေဆာင္ ရ၍ ဤ သို ့ လွ်င္ အၾကံျဖစ္၏။ ငါသည္ေန ့ည ပတ္လံုးပင္ပန္းဆင္းရဲစြာ အလုပ္ကိုၾကိဳးစားေသာ္လည္း ဤ အရွင္ေကာင္းတို့၏ ဆြမ္းကဲ့သို့ ေကာင္းေသာ ထမင္းဟင္းကိုမစားရ။ ငါ၏လူအျဖစ္သည္ အက်ိဳးမရွိ။ ရဟန္းျပဳအံ ့ဟု ၾကံေလ၏ ရဟန္းေတာ္မ်ားကလည္း ရဟန္းျပဳေပးၾက၏။ ထို အမ်ိဳးသားသည္ ရဟန္းျပဳျပီးေသာ္ ရဟန္းေတာ္မ်ားကို ၀တ္ၾကီး ၀တ္ငယ္ျပဳစုေဖာ္ရေလ၏။ ႏွစ္ရက္ သံုးရက္မွ် ေနေသာ္ ခႏၶာကိုယ္ ဆူျဖိဳးလာ၏။ ထိုအခါဆြမ္းအတြက္ အရပ္ တကာလွည့္၍ အသက္ေမြးရျခင္းသည္ အက်ိဳးမရွိဟု ၾကံစည္ကာ လူထြက္ေလ၏။. ထိုေယာက်္ားသည္ ႏွစ္ရက္ သံုးရက္မွ် အိမ္မွ ူ ကိစၥပင္ပန္းလာေသာအခါ ဆူျဖိဳးေသာကိုယ္သည္ ပိန္ခ်ံဴ း လာျပန္ေလသည္။ထိုေရာအခါ ငါ ့အားဤ သို့ဆင္းရဲျခင္းသည္ အက်ိဳးမရွိဟု ၾကံစည္ကာ ရဟန္းေတာ္မ်ား ထံ ခ်ဥ္းကပ္၍ ရဟန္းျပဳျပန္၏။ ႏွစ္ရက္ သံုးရက္ မွ်ၾကာေသာ္ ျငီးေငြ ့၍ လူထြက္ျပန္၏။ ဤနည္းျဖင့္ေျခာက္ၾကိမ္ ေျခာက္ခါ ရဟန္းျပဳျပီး လူထြက္ခဲ့၏။ ၎အမ်ိဳးသားသည္ ခုႏွစ္ၾကိမ္ေျမာက္ ရဟန္းျပဳရန္ အၾကံျဖင့္ ေတာမွအိမ္သို့ျပန္လာျပီး သဃၤန္းမ်ား ယူေဆာင္ရန္ အိပ္ခန္းတြင္းသို့၀င္လွ်င္ ေလ်ာင္းလွ်က္ အိပ္ေပ်ာ္ေနေသာမယားကိုျမင္၏။ ထိုမယားသည္ ၀တ္ထားေသာအ၀တ္မ်ား ကၽြတ္၍ ခံတြင္းမွ အရိအရြဲယိုစီးေန၏။ ႏွာေခါင္းမွ ဃုရ-ဃုရ ဟု အသံျမည္၏။ ခံတြင္းပြင့္လွ်က္ေန၏.။အမ်ိဳးသားသည္ ထိုမိန္းမ အား ဖူးဖူးေရာင္ေသာ အေကာင္ပုပ္၏ ကိုယ္ကဲ့ သို ့ရြံရွာ စက္ဆုပ္ဖြယ္ဟု ထင္ေလ၏။ဤခႏၶာကိုယ္သည္ အျမဲမရွိ ဆင္းရဲျခင္းသေဘာရွိ၏ ဟု အမွတ္သညာကို ရ၍ ငါသည္ ဤမွ်ေလာက္ေသာ ကာလပတ္လံုး ရဟန္းျပဳျပီးလွ်င္ ဤမိန္းမ ကို အမွီျပဳ ၍ ရဟန္းအျဖစ္ကို စြန့္ခဲ့၏။ ဟု ေတြးၾကံကာ သဃၤန္းကို ရင္၀ယ္ပိုက္လွ်က္ အိမ္မွထြက္ခြာလာ၏။ ထိုအမ်ိဳးသားသည္ အနိစၥ ဒုကၡဟု ရြတ္ဆုိကာသြားစဥ္ပင္ ေသာတာပန္ တည္ေလ၏။ေက်ာင္းသို ့ေရာက္၍ ရဟန္းေတာ္မ်ားအား ရွိခိုးျပီးလွ်င္ရဟန္းအျဖစ္ကိုေပးသနားေတာ္မူရန္ ေလွ်ာက္ထားရာ သင္၏ ဦးေခါင္း သည္ ဓါးေသြးေက်ာက္ႏွင့္သာတူ၏ သင့္ကိုရဟန္း ၀တ္မေပးနိုင္ဟု ဆိုၾကကုန္သည္ ရွိေသာ္ ယခုတၾကိမ္ သာ တပည့္ေတာ္ကို ရဟန္း၀တ္ေပးပါဘုရားဟု ေတာင္းပန္ေလွ်ာက္ထားရ၏။ ထိုအမ်ိဳးသားသည္ ရဟန္း ၀တ္ျပီး ႏွစ္ရက္ သံုးရက္မွ် ျဖင့္ပင္ ပဋိသမၻိဒါ ေလးပါးႏွင့္တကြ ရဟႏၱာ အျဖစ္သို ့ေရာက္ေလ၏။ ထိုအမ်ိဳးသား ရဟန္းသည္ စိတၱဟ႒ မေထရ္မည္၏။အျခားေသာရဟန္းေတာ္မ်ားသည္ မေထရ္၏ ရဟန္းျပဳ ျခင္းကာလ ၾကာျမင့္သည္ကိုေမးၾကသည္ရွိေသာ္ အရွင္ဘုရားတို ့ ေပါင္းသင္းဆက္ဆံ လိုေသာစိတ္ ရွိ ေသာအခါသြားခဲ့ရပါျပီ။ ထိုေပါင္းသင္းဆက္ဆံျခင္းသည္ တပည့္ေတာ္အား ျပတ္ခဲ့ျပီ ။ ယခု အခါ မသြား ေသာ သေဘာရွိေသာ သူ ျဖစ္ရပါျပီ ဟု ေလွ်ာက္ထားေလ၏။ ရဟန္းေတာ္မ်ားသည္ ျမတ္စြာဘုရားထံသို့ ဤရဟန္းသည္ တပည့္ေတာ္တို့ကိုအရဟတၱဖိုလ္သို ့ရေၾကာင္း မဟုတ္မမွန္ေသာစကားကို ေျပာဆိုပါသည္ဘုရား ဟု ေလွ်ာက္ထားၾကကုန္၏။ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ၾကီးက ခ်စ္သား ရဟန္းတို့ ထိုရဟန္းဆိုတိုင္းမွန္၏။ ဤ ငါ ့သားသည္ မိမိ ၏ တည္တံေသာစိတ္ မရွိေသာအခါ`၌ ၎။ သူေတာ္ေကာင္းတရားကို မသိေသးေသာအခါ`၌ ၎။ အိမ္ႏွင့္ေက်ာင္းသို ့ လူးလာ တုံ ့ႏွင္း သြားလာျခင္းကိုျပဳ ၏။ ယခု အခါ ထိုငါ့သားသည္ ေကာင္းမွ ူမေကာင္း မွ ူကို ပယ္အပ္ျပီ။ ဟု မိန္ ့ေတာ္မူ၏။ ခ်စ္သားရဟန္းတို ့ ကိေလသာတို့မည္သည္ကား ဤသို့သာလွ်င္ ၀န္ေလးၾကကုန္၏။ ထိုကိေလသာတို့သည္ အကယ္၍ ရုပ္အစိုင္အခဲ ျဖစ္၍ တစ္စံုတစ္ခုေသာ ေနရာ`၌စုပံုထားပါက စၾက၀ဠာ သည္ အလြန္က်ဥ္းေသး ၏။ျဗဟၼာ့ျပည္သည္ အလြန္ နိမ့္ေသး၏။ထိုေၾကာင့္ ကိေလသာ သည္ဤမွ်ေလာက္ ၀န္ေလးကုန္၏။ ပညာႏွင့္ျပည့္စံု၍ ေယာက်္ား အာဇာနည္ျဖစ္ေသာ ငါကဲ့သို့ေသာ သူကိုပင္ ေခ်ာက္ခ်ားေစကုန္၏။ ၾကြင္းေသာသူတို့`၌ ဆိုဖြယ္ရာမရွိ။ ဟု မိန္ ့ေတာ္မူျပီးလွ်င္ ငါကုိယ္တိုင္ပင္တစ္ကြမ္းစား၀က္(တစ္စလယ္ ၀က္)မွ်ေသာ ေျပာင္းမ်ိဳ းႏွင့္ အသြားတံုးေသာ ေပါက္တူးကို အမွီျပဳ၍ ေျခာက္ၾကိမ္တိုင္ေအာင္ ရေသ ့ရဟန္း ျပဳျပီး လူထြက္ဖူးေလျပီ ဟု မိန္ ့ေတာ္မူ၏။ ကိေလသာ ရွိသူတိုင္း ရဟန္းျဖစ္ေစ လူထြက္၍ ေပ်ာ္ခ်င္ၾကေပဦးမည္။ သို ့ပါေသာေၾကာင့္ လူ၀တ္ေၾကာင္ ႏွင့္လူမ်ား ေပ်ာ္ၾက မွားၾက သည္မွာ အျပစ္မဆိုသာေအာင္ရွိေတာ့သည္။ မေမ ့မေလ်ာ့ေသာသတိျဖင့္ သစၥာ တရားမ်ားနာၾကားမွတ္သားျပီး အားထုတ္နိုင္ခြင့္ကို ရနိုင္ၾကပါေစ။ (က်မ္းကိုး။ ။အရွင္ ဓမၼသာမီဘိ၀ံသ ၏ ဓမၼပဒ ၀တၳဳေတာ္ၾကီး ပထမတြဲ စာမ်က္ႏွာ-၃၆၆ မွ စိတၱဟ႒ မေထရ္ ၀တၳဳ )
via အလင္းေရာင္ ဓမၼ https://ift.tt/333JeVb
Newer Post
Older Post
Home