အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 21, 2019
အသံတိတ်တရားဟောပေးနေသူ(၅)ဦး ===================== "ဒေဝဒူတသုတ္တန်"မှာ သတိသံဝေဂတွေရစေဖို့ မြတ်ဗုဒ္ဓက နတ်တမန်ငါးဦးရှိကြောင်းဟောကြား တော်မူခဲ့ပါတယ်။ ထိုနတ်တမန်ငါးဦးဟာ ရပ်ထဲ ရွာထဲ မြို့ထဲ နေရာအစုံ ဒေသအနှံ့အပြားတွေမှာ သတ္တဝါများ သတိသံဝေဂတွေရစေဖို့"အသံတိတ် တရားများဟောပေးနေကြပါတယ်"။ ပထမနတ်တမန်ကတော့"သူအိုကြီးပါ" ဆံပင်တွေဖြူ နားတွေအူ အသားရေညှိုး သွားတွေ ကျိုးလို့ မျက်စိတွေမှိုင်း ခါးပါလို့ လက်တုန်ခြေတုန် အားအင်တွေနည်း ရင်အုံတွေချို့ပါးတွေချိုင့် မျက် ကွင်းဟောက်ပက် ချောင်းကလေးကလည်း တဟပ် ဟပ်နဲ့ တောင်ဝှေးလေးလက်ကကိုင်ပြီး ရပ်တကာ လှည့်ပြီး သတ္တဝါများကို တရားဟောနေပါတယ်။ သူဟောတဲ့တရားက" ဒီမှာ မိတ်ဆွေ ကျွန်ုပ်ကိုကြည့် ပါအုံး မဲနက်တဲ့ဆံပင်တွေဖြူကုန်ပြီ ညီညာပြေပြစ် တဲ့ သွားတွေကျိုးကုန်ပြီ ရွှင်းလဲ့တောပ်ပတဲ့ မျက်လုံး တစ်စုံဟာလည်း မှုံဝါးဝါးတွေဖြစ်ကုန်ပြီ တင်းမာတဲ့ အသားအရေတွေကလည်း ရွတ်တွနေပြီ အားအင်း တွေနည်းပြီး ခါးကိုင်း နားထိုင်းနေပြီ ကြည်လင်ပြတ် သားခဲ့တဲ့ အသံတွေဟာလည်း ရှတတအသံလေးသာ ထွက်နိုင်ပါတော့တယ် အခုငါ့ကိုကြည့်ပါ တောင်ဝှေး လေးအားကိုးပြီး လမ်းလျှောက်နေရတဲ့"လူအိုကြီး" ဖြစ်နေပြီ မိတ်ဆွေ...သင်လည်းပဲ ငါ့လိုပဲ အိုခြင်းသ ဘောကမလွတ်နိုင်လို့ မအိုမီကာလ အိုခြင်းတရားမှ လွတ်ရာလွတ်ကြောင်း "ကုသိုလ်ကောင်းမှု"ကို ပြု လုပ်ပါလို့ သင်တွေ့မြင်နေတဲ့ လူအိုကြီးက သင့်ကို အသံတိတ်တရားတွေဟောနေပါတယ်။ ဒုတိယ နတ်တမန်ကတော့"သူနာကြီးပါ" သူနာကြီးက သင့်ကို ဒီလိုအသံတိတ်တရားဟော နေပါတယ်" ဒီမှာမိတ်ဆွေ ကျွန်ုပ်ကို ကြည့်လှည့် ပါဦး ကိုယ့်ခြေကိုယ့်လက်တွေမသယ်နိုင်တော့လို့ အိပ်ရာထဲမှာ လဲနေရပြီလေ။ သူများထူမှ ထနိုင်တဲ့ ဘဝ။ သူများကျွေးမှ စားရတဲ့ဘဝ။ ကိုယ့်ရဲ့ ကျင် ကြီး ကျင်ငယ်ကိုတောင်မှ ကိုယ်မသန့်ရှင်းနိုင်တော့တဲ့ဘဝ။ ငါ့လိုပဲ သင်မိတ်ဆွေသည်လည်း နာခြင်း သဘောက မလွှတ်ကင်နိုင်ဘူး။ ဒါကြောင့် ငါလို မနာခင်ကာလ နာခြင်းတရားမှ လွတ်ရာလွတ် ကြောင်း ကုသိုလ်ကောင်းမှုများကို ကြိုးစားအား ထုပ်ပါလို့ လူနာကြီးက သင့်ကို အသံတိတ်တရား တွေဟောနေပါတယ်။ တတိယနတ်မန်ကတော့"သူသေကြီးပါ" သူသေကြီးက သင့်ကို ဒီလိုတရားဟောနေပါတယ်။ "မိတ်ဆွေရေ ငါ့ရုပ်လောင်းကြီးကို ကြည့်ပါဦး..။ ငါမသေခင်က သင့်လိုပဲ သွားကာ လာကာ ပျော်ကာ ပါးကာ လူ့ပတ်ဝန်ကျင် လူ့အသိုင်းအဝိုင်းထဲမှာ စား ကာ သောက်ကာ ပျော်ရွှင်ကာနဲ့ နေခဲ့ပါတယ်။ ဒါပေ မယ့်ငါသေခြင်းတရားကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး။ သင်သည်လည်း သေခြင်းတရားမှ မလွတ်နိုင်သေး လို့ မသေခင်ကာလ သေခြင်းတရားမှ လွတ်ရာလွတ် ကြောင်း ကုသိုလ်ကောင်းမှုများကို ပြုလုပ်ပါလို့ သူသေကြီးက သင့်အား အသံတိတ်တရားတွေဟော နေပါတယ်။ စတုတၳနတ်တမန်ကတော့"မွေးကင်းစ ကလေးပါ" မွေးကင်းစ ကလေးငယ်လေးကလည်း သင့်အား ဒီလိုတရားပြနေပါတယ်" ကြည့်ပါအုံး မိတ်ဆွေတို့ ရေ ဗိုက်ဆာလို့ ဆာတယ်မပြောနိုင် ခြင်ကိုက်လို့ ကိုက်တယ်မပြောနိုင် နေမကောင်းလို့ နေမကောင်း ဘူး အမေလို့ မပြောနိုင် မိဘတွေ ထားရာမှာနေ ကျွေးရာကိုစား တဝါးဝါးငိုနေရတဲ့ ငါ့ဘဝဆင်းရဲ လိုက်တာ။ သင်သည်လည် ဇာတိဆင်းရဲမှ မလွတ် နိုင်ဘူးလေ။ ဒါကြောင့် ဇာတိဒုက္ခမှ လွတ်ရာလွတ် ကြောင်း ဝိပဿနာတရားကို အားထုတ်ပါလို့ သင့် အား မွေးကင်းစ ကလေးငယ်လေးက အသံတိတ် တရားတွေ ဟောနေပါတယ်။ ပဉ္စမနတ်တမန်ကတော့"ထောင်ကျနေတဲ့အကျဉ်း သားတွေပါ"။ အင်းစိန်ထောင် ရွှေဘိုထောင်စသည် ထောင်များမှာ လောကဥပဒေကျူးလွန်ကြလို့ အ ကျင်းကြနေတဲ့ ထောင်သားတွေက သင့်အား ဒီလို တရားဟောနေပါတယ်" ဒီမှာမိတ်ဆွေ ငါတို့ဟာ လောကဥပဒေကို မလိုက်နာကြလို့ မကျင့်သုံးကြ လို့ လွန်ကျူးခဲ့ကြလို့ အခုလို အခုလို အချုပ်အနှောင် ကျပြီး ဆင်းရဲမျိုးစုံခံစားနေကြရတာ။ ဒီလိုပဲ လောကမှာ လောကဥပဒေတွေရှိသလို သံသရာမှာလည်း သံသရာဥပဒေဆိုတာရှိတယ်။ သံသရာဥပဒေဆိုတာ "ငါးပါးသီလ စသည့်ကိုယ့်တရားများဖြစ်ကြတယ်" သင်တို့ကိုယ်ကျင့်တရားကို မကျင့်သုံးကြရင်တော့ လွန်ကျုးကြရင်တော့ ချိုးဖျက်ကြရင်တော့ သံသရာ မှာ သင်တို့ "အပါယ်လေးပါး"ဆိုတဲ့ ထောင်မှာကျ ရောက်ပြီး ဆင်းရဲမျိုးစုံကို ခံစားရပါလိမ့်မယ်လို့ ထောင်အတွင်းအကျဉ်းကျနေတဲ့ အကျဉ်းသားများ က သင့်အား အသံတိတ်တရားတွေဟောနေပါတယ်။ ဓမ္မမိတ်ဆွေများ ဤနတ်တမန်ငါးဦး၏ အသံတိတ် တရားများကို နားယူပြီး သတိသံဝေဂများရရှိကာ "ဒါန၊သီလ၊ဘာဝနာ"တရားများကို ကြိုးစားအား ထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။ အရှင်ခေမိန္ဒ 23/8/2019 အသံတိတ္တရားေဟာေပးေနသူ(၅)ဦး ===================== "ေဒဝဒူတသုတၱန္"မွာ သတိသံေဝဂေတြရေစဖို႔ ျမတ္ဗုဒၶက နတ္တမန္ငါးဦးရိွေၾကာင္းေဟာၾကား ေတာ္မူခဲ့ပါတယ္။ ထိုနတ္တမန္ငါးဦးဟာ ရပ္ထဲ ရြာထဲ ၿမိဳ႕ထဲ ေနရာအစံု ေဒသအႏွံ႔အျပားေတြမွာ သတၱဝါမ်ား သတိသံေဝဂေတြရေစဖို႔"အသံတိတ္ တရားမ်ားေဟာေပးေနၾကပါတယ္"။ ပထမနတ္တမန္ကေတာ့"သူအိုႀကီးပါ" ဆံပင္ေတြျဖဴ နားေတြအူ အသားေရညႇိဳး သြားေတြ က်ိဳးလို႔ မ်က္စိေတြမိႈင္း ခါးပါလို႔ လက္တုန္ေျခတုန္ အားအင္ေတြနည္း ရင္အံုေတြခ်ိဳ႕ပါးေတြခ်ိဳင့္ မ်က္ ကြင္းေဟာက္ပက္ ေခ်ာင္းကေလးကလည္း တဟပ္ ဟပ္နဲ႔ ေတာင္ေဝွးေလးလက္ကကိုင္ၿပီး ရပ္တကာ လွည့္ၿပီး သတၱဝါမ်ားကို တရားေဟာေနပါတယ္။ သူေဟာတဲ့တရားက" ဒီမွာ မိတ္ေဆြ ကြၽႏ္ုပ္ကိုၾကည့္ ပါအံုး မဲနက္တဲ့ဆံပင္ေတြျဖဴကုန္ၿပီ ညီညာေျပျပစ္ တဲ့ သြားေတြက်ိဳးကုန္ၿပီ ရႊင္းလဲ့ေတာပ္ပတဲ့ မ်က္လံုး တစ္စံုဟာလည္း မႈံဝါးဝါးေတြျဖစ္ကုန္ၿပီ တင္းမာတဲ့ အသားအေရေတြကလည္း ရြတ္တြေနၿပီ အားအင္း ေတြနည္းၿပီး ခါးကိုင္း နားထိုင္းေနၿပီ ၾကည္လင္ျပတ္ သားခဲ့တဲ့ အသံေတြဟာလည္း ႐ွတတအသံေလးသာ ထြက္ႏိုင္ပါေတာ့တယ္ အခုငါ့ကိုၾကည့္ပါ ေတာင္ေဝွး ေလးအားကိုးၿပီး လမ္းေလွ်ာက္ေနရတဲ့"လူအိုႀကီး" ျဖစ္ေနၿပီ မိတ္ေဆြ...သင္လည္းပဲ ငါ့လိုပဲ အိုျခင္းသ ေဘာကမလြတ္ႏိုင္လို႔ မအိုမီကာလ အိုျခင္းတရားမွ လြတ္ရာလြတ္ေၾကာင္း "ကုသိုလ္ေကာင္းမႈ"ကို ျပဳ လုပ္ပါလို႔ သင္ေတြ႔ျမင္ေနတဲ့ လူအိုႀကီးက သင့္ကို အသံတိတ္တရားေတြေဟာေနပါတယ္။ ဒုတိယ နတ္တမန္ကေတာ့"သူနာႀကီးပါ" သူနာႀကီးက သင့္ကို ဒီလိုအသံတိတ္တရားေဟာ ေနပါတယ္" ဒီမွာမိတ္ေဆြ ကြၽႏ္ုပ္ကို ၾကည့္လွည့္ ပါဦး ကိုယ့္ေျခကိုယ့္လက္ေတြမသယ္ႏိုင္ေတာ့လို႔ အိပ္ရာထဲမွာ လဲေနရၿပီေလ။ သူမ်ားထူမွ ထႏိုင္တဲ့ ဘဝ။ သူမ်ားေကြၽးမွ စားရတဲ့ဘဝ။ ကိုယ့္ရဲ႕ က်င္ ႀကီး က်င္ငယ္ကိုေတာင္မွ ကိုယ္မသန္႔႐ွင္းႏိုင္ေတာ့တဲ့ဘဝ။ ငါ့လိုပဲ သင္မိတ္ေဆြသည္လည္း နာျခင္း သေဘာက မလႊတ္ကင္ႏိုင္ဘူး။ ဒါေၾကာင့္ ငါလို မနာခင္ကာလ နာျခင္းတရားမွ လြတ္ရာလြတ္ ေၾကာင္း ကုသိုလ္ေကာင္းမႈမ်ားကို ႀကိဳးစားအား ထုပ္ပါလို႔ လူနာႀကီးက သင့္ကို အသံတိတ္တရား ေတြေဟာေနပါတယ္။ တတိယနတ္မန္ကေတာ့"သူေသႀကီးပါ" သူေသႀကီးက သင့္ကို ဒီလိုတရားေဟာေနပါတယ္။ "မိတ္ေဆြေရ ငါ့႐ုပ္ေလာင္းႀကီးကို ၾကည့္ပါဦး..။ ငါမေသခင္က သင့္လိုပဲ သြားကာ လာကာ ေပ်ာ္ကာ ပါးကာ လူ႔ပတ္ဝန္က်င္ လူ႔အသိုင္းအဝိုင္းထဲမွာ စား ကာ ေသာက္ကာ ေပ်ာ္ရႊင္ကာနဲ႔ ေနခဲ့ပါတယ္။ ဒါေပ မယ့္ငါေသျခင္းတရားကိုေတာ့ မလြန္ဆန္ႏိုင္ခဲ့ဘူး။ သင္သည္လည္း ေသျခင္းတရားမွ မလြတ္ႏိုင္ေသး လို႔ မေသခင္ကာလ ေသျခင္းတရားမွ လြတ္ရာလြတ္ ေၾကာင္း ကုသိုလ္ေကာင္းမႈမ်ားကို ျပဳလုပ္ပါလို႔ သူေသႀကီးက သင့္အား အသံတိတ္တရားေတြေဟာ ေနပါတယ္။ စတုတၳနတ္တမန္ကေတာ့"ေမြးကင္းစ ကေလးပါ" ေမြးကင္းစ ကေလးငယ္ေလးကလည္း သင့္အား ဒီလိုတရားျပေနပါတယ္" ၾကည့္ပါအံုး မိတ္ေဆြတို႔ ေရ ဗိုက္ဆာလို႔ ဆာတယ္မေျပာႏိုင္ ျခင္ကိုက္လို႔ ကိုက္တယ္မေျပာႏိုင္ ေနမေကာင္းလို႔ ေနမေကာင္း ဘူး အေမလို႔ မေျပာႏိုင္ မိဘေတြ ထားရာမွာေန ေကြၽးရာကိုစား တဝါးဝါးငိုေနရတဲ့ ငါ့ဘဝဆင္းရဲ လိုက္တာ။ သင္သည္လည္ ဇာတိဆင္းရဲမွ မလြတ္ ႏိုင္ဘူးေလ။ ဒါေၾကာင့္ ဇာတိဒုကၡမွ လြတ္ရာလြတ္ ေၾကာင္း ဝိပႆနာတရားကို အားထုတ္ပါလို႔ သင့္ အား ေမြးကင္းစ ကေလးငယ္ေလးက အသံတိတ္ တရားေတြ ေဟာေနပါတယ္။ ပဥၥမနတ္တမန္ကေတာ့"ေထာင္က်ေနတဲ့အက်ဥ္း သားေတြပါ"။ အင္းစိန္ေထာင္ ေရႊဘိုေထာင္စသည္ ေထာင္မ်ားမွာ ေလာကဥပေဒက်ဴးလြန္ၾကလို႔ အ က်င္းၾကေနတဲ့ ေထာင္သားေတြက သင့္အား ဒီလို တရားေဟာေနပါတယ္" ဒီမွာမိတ္ေဆြ ငါတို႔ဟာ ေလာကဥပေဒကို မလိုက္နာၾကလို႔ မက်င့္သံုးၾက လို႔ လြန္က်ဴးခဲ့ၾကလို႔ အခုလို အခုလို အခ်ဳပ္အေႏွာင္ က်ၿပီး ဆင္းရဲမ်ိဳးစံုခံစားေနၾကရတာ။ ဒီလိုပဲ ေလာကမွာ ေလာကဥပေဒေတြရိွသလို သံသရာမွာလည္း သံသရာဥပေဒဆိုတာရိွတယ္။ သံသရာဥပေဒဆိုတာ "ငါးပါးသီလ စသည့္ကိုယ့္တရားမ်ားျဖစ္ၾကတယ္" သင္တို႔ကိုယ္က်င့္တရားကို မက်င့္သံုးၾကရင္ေတာ့ လြန္က်ဳးၾကရင္ေတာ့ ခ်ိဳးဖ်က္ၾကရင္ေတာ့ သံသရာ မွာ သင္တို႔ "အပါယ္ေလးပါး"ဆိုတဲ့ ေထာင္မွာက် ေရာက္ၿပီး ဆင္းရဲမ်ိဳးစံုကို ခံစားရပါလိမ့္မယ္လို႔ ေထာင္အတြင္းအက်ဥ္းက်ေနတဲ့ အက်ဥ္းသားမ်ား က သင့္အား အသံတိတ္တရားေတြေဟာေနပါတယ္။ ဓမၼမိတ္ေဆြမ်ား ဤနတ္တမန္ငါးဦး၏ အသံတိတ္ တရားမ်ားကို နားယူၿပီး သတိသံေဝဂမ်ားရရိွကာ "ဒါန၊သီလ၊ဘာဝနာ"တရားမ်ားကို ႀကိဳးစားအား ထုတ္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။ ။ အ႐ွင္ေခမိႏၵ 23/8/2019
via အလင္းေရာင္ ဓမၼ https://ift.tt/2OvKvzh
Newer Post
Older Post
Home