အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 22, 2019
"ဝဋ်ကြွေး" ပါလာပြီဆိုလျှင်.. 🍃🍂🍃🍂🍃🍂🍃🍂🍃 ကိုယ်ကောင်းပေမယ့်သူမကောင်းတာ "ဝဋ်"ကြောင့်ပါ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားန့ဲ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ်။ သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်.. သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။ ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ။ ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။ ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။ 🍃️ဝဋ်ဆိုတာ ဆပ်မှကျေမယ်။ 🍃ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ဘူး။ ဝဋ်ကြွေးတွေကျေဖို့ သူမကောင်းပြောလည်း ကိုယ်ကသူ့ကိုမကောင်းပြန်မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်ကအမုန်းပြန်မပေးနဲ့။ သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရပေးပါ။ သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။ ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေးတစ်ခုခုကြောင့်ပါ။ 🍃🍂🍃 အရှင်ဇနက(မန္တလေးစာသင်သား)🍃🍂🍃 Credit ... စို်င်းသန့်ဇင်ထွန်း ================== ဗုဒ္ဓစာပေများ ရေးသားပြီး ဓမ္မဒါန ပြုသူများအဖွဲ့ "ဝဋ္ေႂကြး" ပါလာၿပီဆိုလွ်င္.. 🍃🍂🍃🍂🍃🍂🍃🍂🍃 ကုိယ္ေကာင္းေပမယ့္သူမေကာင္းတာ "ဝဋ္"ေၾကာင့္ပါ သူ႔အေပၚ ကုိယ္က တကယ္ေကာင္းရဲ႕သားန႔ဲ သူကကုိယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူးဆုိရင္ ကုိယ့္မွာဝဋ္ေၾကြး ရွိေနၿပီဆုိတာ ေသခ်ာပါတယ္။ သူ႔ကုိ ကုိယ္က ဘာမွ အျပစ္လည္းမေျပာ ကုိယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႕ ကုိယ့္ကုိသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆုိရင္.. ေသခ်ာတယ္ ကုိယ့္မွာ ဝဋ္ေၾကြးရွိေနၿပီဆုိတာ။ ကုိယ့္ကလည္း သူ႔ကုိတစ္ခါမွ မမုန္းရပါဘဲ ဘာမွန္းညာမွန္းမသိဘဲ သူ႔ဆီမွာ.. ကုိယ္အမုန္းခံေနရၿပီဆုိရင္ ေသခ်ာတယ္၊ ကုိယ္မွာ အမွန္တကယ္ ဝဋ္ေၾကြးရွိေနၿပီဆုိတာ။ ဝဋ္ေၾကြးရွိရင္ ကုိယ္မလုပ္ေပမယ့္ ကုိယ္လုပ္တယ္လုိ႕ အထင္ခံရတတ္တယ္။ ကုိယ္မေျပာေပမယ့္ ကုိယ္ေျပာတယ္လုိ႕ အထင္ခံရတတ္တယ္။ ေကာင္းတာလုပ္တဲ့အခါလည္း ေကာင္းတယ္လုိ႔တစ္ခ်ိဳ႕လူေတြမျမင္ၾကဘူး။ 🍃️ဝဋ္ဆုိတာ ဆပ္မွေက်မယ္။ 🍃ဆုေတာင္းေနရုံျဖင့္ ဝဋ္ကုန္သြားမွာ မဟုတ္ဘူး။ ဝဋ္ေၾကြးေတြေက်ဖုိ႕ သူမေကာင္းေျပာလည္း ကုိယ္ကသူ႕ကုိမေကာင္းျပန္မေျပာနဲ႕။ သူကကုိယ့္ကုိ အမုန္းေပးေနလည္း ကုိယ္ကအမုန္းျပန္မေပးနဲ႔။ သူက ကုိယ့္ကုိ တစ္မ်ိဳးထင္လည္း ကုိယ္ကသူ႕ကုိတစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚတင္ေနတဲ့အေၾကြးေတြ ေက်ေတာ့မယ္ဆုိတာ သတိရေပးပါ။ သူဘာေပးေပး ကုိယ့္ဆီမွသူ႔ကုိေမတၱာပဲ ေပးလုိက္ပါ။ ေမတၱာဆုိတာ ဝဋ္ေၾကြးေတြေျပဖုိ႕အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံးလက္နက္ျဖစ္ပါတယ္။ အမုန္းေတြရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ ဒီဘဝမွာ ဆပ္ခြင့္ရတဲ့အေၾကြးကုိ ဒီဘဝမွာပဲဆပ္လုိက္ပါ။ ေနာက္ဘဝေတြထိ မယူသြားပါနဲ႕။ ဝဋ္ဆုိတာဆပ္မွေၾကမယ္။ တကယ္ေတာ့ ကုိယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေၾကြးတစ္ခုခုေၾကာင့္ပါ။ 🍃🍂🍃 အရွင္ဇနက(မႏၲေလးစာသင္သား)🍃🍂🍃 Credit ... စို္င္းသန္႔ဇင္ထြန္း ================== ဗုဒၶစာေပမ်ား ေရးသားျပီး ဓမၼဒါန ျပဳသူမ်ားအဖဲြ႔
via အလင္းေရာင္ ဓမၼ https://ift.tt/33494sg
Newer Post
Older Post
Home