အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 19, 2019
☸️ " မဂ္ဂင်ရှစ်ပါး " က ဘယ်လိုလုပ်ပြီး နိဗ္ဗာန်ရောက်အောင်ပို့ တာလဲ..ဆိုတဲ့ အကြောင်း ☸️ ••••••••••••••••••••••••••••••••••••• ဒီဓမ္မစာစုဟာ ဝိပဿနာကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့အတွက်ရော၊ အခုမှစပြီး ဝိပဿနာကို စတင်အားထုတ်ဖို့အတွက် ကြိုးစားပြင်ဆင်လေ့လာနေသူတို့အတွက်ပါ ရည်ရွယ်ထားပြီး ရေးသားဖေါ်ပြတာလို့ဆိုပေမဲ့လည်း.. တကယ်ဆိုရင်... မဂ္ဂင်ရှစ်ပါးဆိုတာ ဘာလဲ ဆိုပြီး ဖေါ်ပြလိုက်လို့ရပါတယ်။ ဒါပေမဲ့ အချို ့ဓမ္မမိတ်ဆွေတွေမှာ ဖြစ်လေ့ရှိတာက.. မဂ္ဂင်ရှစ်ပါး ဆိုတာ... အရင်တုန်းက..သိတယ်၊အခုတော့..မေ့နေပြီ။ တချို ့ကျပြန်တော့လည်း... သိတော့သိတယ်.. အဓိပ္ပါယ်သေသေချာချာတော့မသိဘူး. စတဲ့ ဓမ္မမိတ်ဆွေတို့လည်းရှိကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သာမန်နားလည် သဘောပေါက် လွယ်ကူအောင် လို့ ဖော်ပြမှာ ဖြစ်တဲ့အတွက် " မဂ္ဂင်ရှစ်ပါး " ရဲ ့အရေးကြီးပုံ နဲ့ နိဗ္ဗာန်ကို ဘယ်လိုရောက်အောင် ပို့ဆောင်တဲ့အကြောင်းကို ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတဲ့ .... " ကုသိုလ်ဖြစ်အောင်သတိဆောင် " ဆိုတဲ့ တရားတော်ထဲက ထုတ်ယူပြီး မျှဝေ ကုသိုလ်ပြုလိုက်ပါတယ်။ " မဂ္ဂင်ရှစ်ပါး " ရဲ ့အရေးကြီးပုံကို ရေးသားမဖော်ပြခင်မှာ အကြောင်းစပ်လာတဲ့အတွက် မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန် ပြုတော်မူ တုန်းက အများသိပြီးသားဖြစ်တဲ့ နောက်ဆုံးသာဝက ဖြစ်တဲ့ "သုဘဒ္ဒပရိဗိုဇ်"ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်း ဖော်ပြပါရစေ။ ကုသိနာရုံ မှာရှိတဲ့ အင်ကြင်းတောကြီးရဲ ့အင်ကြင်းပင်တွေ အစုံတို့ အကြားမှာ မြတ်စွာဘုရားရှင်ဟာ မြောက်အရပ်ကို ဦးခေါင်းပြုပြီး ညောင်စောင်းလေးပေါ်မှာ ပရိနိဗ္ဗာန် ပြုတော်မူဖို့ လျောင်းစက်တော်မူနေရင်း နဲ့တဖြည်းဖြည်း ညဉ့်ဦးယံအချိန် ကုန်လွန်လာတဲ့ အခါမှာ... မြတ်စွာဘုရားထံကို သုဘဒ္ဒပရိဗိုဇ် ရောက်ရှိလာပါတယ်။ အကြောင်းကတော့ သူ့ဆီမှာ ယုံမှားသံသယ မေးခွန်းရှိနေတဲ့အတွက် မြတ်စွာဘုရား ထံမှာမေးလျှောက်ရန် ရောက်လာခြင်းဖြစ်ပါတယ်။ တကယ်တော့.. သုဘဒ္ဒ ဟာ ကိုးကွယ်ဆည်းကပ်ရမဲ့ဘာသာပေါင်းများစွာရှိနေတဲ့အတွက်၊ ဘယ်ဘာသာကို ကိုးကွယ်ဆည်းကပ်ရမှန်း မသိဖြစ်ပြီး၊ ဘယ် ဘာသာကိုတော့ဖြင့် ကိုးကွယ်ဆည်းကပ်ရမလဲ ဆိုတာ မေးမြန်းဖို့လာရောက်ခြင်းသာပဲဖြစ်ပါတယ်။ အဲဒီလို ယုံမှားသံသယဖြစ်နေတာတွေကို ရှင်းလင်းသွားအောင် ရဟန်းဂေါတမ ရဲ့ တရားကို နာယူဖို့ယုံကြည်လျက် ဘုရားထံ ရောက်ရှိလာတယ်..လို့စာမှာတော့ ဒီလိုဆိုပါတယ်။ မြတ်စွာဘုရားရှင်အား ဖူးခွင့်ပေးရန်၊ တွေ့ခွင့်ပေးရန် သုဘဒ္ဒ ဟာ အရှင်အာနန္ဒာထံ တောင်းဆိုပါတယ်။ အရှင်အာနန္ဒာက.. အခုအချိန်ဟာ မြတ်စွာဘုရားအားဖူးရန် အချိန်မသင့်တော့ဘူး၊ ပရိနိဗ္ဗာန် ပြုတော့မှာမို့ မြတ်စွာဘုရားဟာ ပင်ပန်းတော်မူနေပြီ၊ မညှဉ်းဆဲပါနဲ့..လို့ ပြန်လည် ပြောဆိုပါတယ်။ မြတ်စွာဘုရားရှင် ကြားတော်မူတဲ့အခါမှာ... သုဘဒ္ဒ အားခွင့်ပြုလိုက်ရန် အရှင်အာနန္ဒာအားမိန့်တော်မူလိုက်ပါတယ်။ အဲဒီအခါ မှာ သုဘဒ္ဒ လည်း မြတ်စွာဘုရားထံ ချဉ်းကပ်၍ လျောက်ထားမေးမြန်းပါတယ်။ သူ၏မေးခွန်းအဓိပ္ပါယ်မှာ… သမဏဗြာဟ္မဏဟု ဝန်ခံထားသော တိတ္ထိဆရာကြီး ( ၆ ) ရောက်တို့သည် သဗ္ဗညုဖြစ်ပါသလား၊ ဒါမှမဟုတ် အရှင်ဘုရားကပဲ သဗ္ဗညုဖြစ်ပါသလားဟု မေးလျှောက်ပါတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်ဟာ.. သုဘဒ္ဒ ရဲ ့မေးခွန်းကို အဖြေမပေးသေးဘဲ၊ တရားဟောပါတယ်။ “ငါဘုရားရဲ့ သာသနာတော်မှတပါး အခြားအယူဝါဒတို့၌ မဂ္ဂင် ( ၈ )ပါး အကျင့်တရားဆိုတာ ရှိသလား မရှိဘူးလား၊ သုဘဒ္ဒ စဉ်းစားပါ။ မဂ္ဂင် ရှစ်ပါး ရှိတဲ့ အကြင်ဓမ္မဝိနယ သာသနာတော်မှာ.. သောတာပန်သည် လည်းကောင်း၊ သကဒါဂါမ်သည် လည်းကောင်း၊ အနာဂါမ်သည် လည်းကောင်း၊ ရဟန္တာသည်လည်းကောင်း ရှိ၏။ မဂ္ဂင် ( ၈ )ပါး မရှိလျှင် ထိုအရိယာရဟန်းတို့မရှိ။ မည်သူမှားတယ် မှန်တယ်ဆိုတာ ငါဘုရားမပြောလိုဘူး..။ မဂ္ဂင် ရှစ်ပါး အကျင့်ရှိ မရှိ ကိုသာ စဉ်းစားပါ။ဆင်ခြင်ပါ။ မဂ္ဂင် ရှစ်ပါးဆိုတဲ့ အကျင့်ကောင်း ရှိမှသာလျှင် ကိလေသာ ငြိမ်းကြောင်းအကျင့်ကောင်းသည် ရှိ၏။ မဂ္ဂင်ရှစ်ပါးအကျင့်ကောင်း မရှိလျှင် ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းသည်မရှိဟု” သုဘဒ္ဒအား.. မြတ်ဗုဒ္ဓက..တရား ဟောလေ၏။ ဆက်လက်၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက.. "ဒီမဂ္ဂင် ( ၈ )ပါးအကျင့်ကောင်းကိုကျင့်သုံးနေသမျှ ကာလပတ်လုံးရဟန္တာအရှင်သူမြတ်တို့သည် ဘယ်သောအခါမှ မဆိတ်သုဉ်းနိုင်”ဟု တိတိလင်းလင်း ဟောတော်မူလေ၏။ သုဘဒ္ဒပရိဗိုဇ်လည်း မြတ်ဗုဒ္ဓ၏ရှင်းလင်း တိကျသော တရားတော်ကို လွန်စွာ နှစ်သက် အားရ သွားလေတော့၏။ ထိုကြောင့် မဂ္ဂင် ( ၈ )ပါးကို ကျင့်ကြံအားထုတ်လိုစိတ် ဖြစ်လာပြီး ဘုရား၊ တရား၊ သံဃာ သုံးပါးတို့ အားယုံကြည် သိမှတ် ကိုးကွယ်ဆည်းကပ်တော့၏။ ရဟန်းခံပေးပါရန် မြတ်စွာဘုရားထံ..လျှောက်လေတော့၏။ အရှင်အာနန္ဒာက..သုဘဒ္ဒအားသပိတ် သင်္ကန်းပေး၍ ရဟန်းခံပေး၊ ကမ္မဋ္ဌာန်းပေးလိုက်သည်။ သုဘဒ္ဒလည်း ဆိတ်ငြိမ်ရာချဉ်းကပ်ပြီး တရားအားထုတ်ရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်မစံမီ အချိန်ကလေးအတွင်းပင် ရဟန္တာဖြစ်လေတော့၏။ တကယ်တော့.. ဘာသာတရားတစ်ခုကို ကိုးကွယ်ဆည်းကပ်တဲ့အခါ.. အဲဒီ ဘာသာမှာ.. ကိုယ့်ဖာသာကိုယ် ကျင့်ကြံပြီး လွတ်မြောက်အောင် လုပ်နိုင်တဲ့ တရားပါသလား ဆိုတာ အရင်ဆုံး ကြည့်ပါ၊ လွတ်မြောက်နိုင်တယ်ဆိုတဲ့ အကျင့်တရားပါတယ် ဆိုရင်တော့ .. အဲဒီဘာသာ ကိုးကွယ်ထိုက်တယ်၊ မြတ်စွာဘုရားဟောတာ ဒီအတိုင်းပါပဲ။ ဒီတော့.. ကိုယ့်ကိုကိုယ် လွတ်မြောက်အောင် လုပ်နိုင်တယ်ဆိုတဲ့ လမ်းစဉ် ကတော့ " မဂ္ဂင်ရှစ်ပါး " အကျင့်လမ်းသာပဲ ဖြစ်ပါတော့တယ်။ ဒါ့ကြောင့်မို့.. ဒီ" မဂ္ဂင်ရှစ်ပါး " အကျင့်လမ်းဟာ ဘယ်လိုအကြောင်းတွေကြောင့် နိဗ္ဗာန်ကို ဘယ်လို ပို့ ဆောင်တယ်ဆိုတာကို သာမန် နားလည်ရလွယ်ကူအောင် ရှင်းပြကုသိုလ်ပြုလိုက်ပါတယ်။ ရှေးဦးစွာ အရင်ဆုံး "မဂ္ဂင်ရှစ်ပါး" ကို မှတ်ရလွယ်ကူအောင် အုပ်စု( ၃ ) ခု ခွဲပြီး ဖေါ်ပြလိုက်ပါတယ်။ "မဂ္ဂင်ရှစ်ပါး" ကို အုပ်စု ၃ မျိုး ခွဲပြီးတော့.. "သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်" ရယ်လို့ ဆိုပြီး ပြောဆို သုံးနှုန်းကြပါတယ်။ အဲဒီ ( ၃ ) ပါးကို "သိက္ခာ( ၃ )ပါး လို့လည်း ခေါ်ပါတယ်။ • သီလမဂ္ဂင် ( ၃ )ပါး • သမာဓိမဂ္ဂင် ( ၃ )ပါး • ပညာမဂ္ဂင် ( ၂ ) ပါး.. စုစုပေါင်းတော့ ( ၈ ) ပါးဖြစ်ပါတယ်။ အဲဒီ ရှစ်ပါးကို “ မဂ္ဂင်ရှစ်ပါး ” လို့ခေါ်တာပါ။ တစ်ခုစီရှင်းပြပါရစေ.. " သီလ မဂ္ဂင် "( ၃ )ပါးက တော့.... ( ၁ ) သမ္မာဝါစာ၊ ( ၂ ) သမ္မာကမ္မန္တ၊ ( ၃ ) သမ္မာအာဇီဝ ဖြစ်ပါတယ်။ " သမာဓိမဂ္ဂင် "( ၃ )ပါးကတော့.. ( ၄ ) သမ္မာသတိ၊ ( ၅ ) သမ္မာဝါယာမ၊ ( ၆ ) သမ္မာသမာဓိ တို့ဖြစ်ပြီးတော့.. "ပညာမဂ္ဂင်" ( ၂ )ပါးကတော့.. ( ၇ ) သမ္မာဒိဋ္ဌိ ( ၈ ) သမ္မာသင်္ကပ္ပ တို့ဖြစ်ပါတယ်။ " သီလမဂ္ဂင် "( ၃ )ပါးကို ရှင်းပြရရင်တော့... ( ၁ ) " သမ္မာဝါစာ " " သမ္မာဝါစာ " ဆိုတာ.. စကားအပြောအဆို ကို ထိန်းသိမ်း စောင့်ရှောက်ရမယ်၊ စကားပြောဆိုတဲ့အခါမှာ အပြစ်ကင်းတဲ့ စကားမျိုးပဲ ပြောရမယ်။ အပြစ်ကင်းတဲ့စကား ဆိုတာကတော့.. ( ၁ ) လိမ်ညာ မပြောဘူး...၊ ( ၂ ) သူများမကောင်းကြောင်း အတင်းမပြောဘူး...၊ ( ၃ ) ဆဲရေးတိုင်းထွာတာတို့၊ ညစ်ညစ်ပတ်ပတ် ရုပ်ညံ့တဲ့ စကားတွေ မပြောဘူး...၊ ( ၄ ) အနှစ်သာရမရှိတဲ့၊ အပြောင်အပျက်စကားတွေကို မပြောဘူး..၊( ရီစရာ အနေနဲ့တောင် မပြောဘူး ) ...ဆိုတဲ့ နှုတ် နဲ့ပတ်သက်တဲ့ သီလ စောင့်ထိန်းမှုပဲ ဖြစ်ပါတယ်။ ( ၂ ) " သမ္မာကမ္မန္တ " " သမ္မာကမ္မန္တ " ဆိုတာကတော့... ကာယကံ ဖြစ်တဲ့ ကိုယ်ထိလက်ရောက် နဲ့အပြစ်ရှိတဲ့အပြုမှုတွေကို ရှောင်ကြဉ်ပြီးတော့ အပြစ်ကင်းစင် တဲ့ အပြုမှုမျိုးတွေကို လုပ်ရမယ် လို့.. ဆိုလိုတာပါ။ အပြစ်ရှိတဲ့ အပြုမှုဆိုတာကတော့.. မကောင်းတာလုပ်ရင် အပြစ်ဖြစ်တာပါပဲ။ သဘာဝတရားနဲ့ဆန့်ကျင်တဲ့ အပြုမှု မှန်သမျှဟာ အပြစ်ဖြစ်စေပါတယ်။ ( ၁ ) သူတစ်ပါး အသက်ကို သတ်ဖြတ်တာ.. ( ၂ ) သူများ မပေးတဲ့ ပစ္စည်းကိုယူတာ( ခိုးယူတယ် ပေါ့ )၊ ( ၃ ) ကာမကုံ ကို လွဲမှားစွာ ကျူးလွန်ခံစားတာ..စတဲ့ အပြုမှုတွေကတော့ သဘာဝနဲ့ဆန့်ကျင်တဲ့ အပြုမှုတွေချည်းပါပဲ။ ( ဒီနေရာမှာ ကာမကုံ နဲ့ပတ်သက်လို့ဖြည့်စွက်ရရင်.. " ကာမေသုမိစ္ဆာစာရ " အနေနဲ့..အများအားဖြင့်သိကြတာက.. သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်မှသာ "ကာမေသုမိစ္ဆာစာရ " လို့သတ်မှတ်တာ မဟုတ်ပါဘူး၊ တရားဝင် လူသိရှင်ကြား အိမ်ထောင်မပြုရသေး သူတို့အနေနဲ့ အတူတကွ နေထိုင်ပေါင်းသင် ရင်တောင် "ကာမေသုမိစ္ဆာစာရ" ကံ မြောက်ပါတယ်။ ဒီကံဟာ လူရော၊ နတ်ရော၊ တိရစ္ဆာန်တွေရောတောင်မှ ကျူးလွန်ရင် ဒီကံ နဲ့အကျုံးဝင်ပါတယ်။ ဒီအထက်က သီလ သုံးခု ကို မကျူးလွန်ဘူး ဆိုရင်တော့.. ဓမ္မမိတ်ဆွေဟာ " သမ္မာကမ္မန္တ " နဲ့ပြည့်စုံနေတဲ့သူလို့သတ်မှတ်လို့ရပါတယ်။ ( ၃ ) သမ္မာအာဇီဝ " သမ္မာအာဇီဝ" အနေနဲ့ကျတော့... အပြစ်ရှိတဲ့ အသက်မွေးဝမ်ကြောင်းမျိုး မမွေးမြူဘဲ ၊ အပြစ်ကင်းတဲ့ အသက်မွေးဝမ်းကြောင်းမျိုးကို မွေးရမယ် လို့ဆိုလိုတာပါ။ ဥပမာ.. အရက်၊ ဘီယာ ရောင်းပြီး အသက်မွေးတာတို့၊ အသားစားရအောင် အတွက် တိရိစ္ဆာန်မွေးမြူတာတို့၊ ကိုယ့်ရဲ ့အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ တဖက်ဖက် ကို အကျိုးယုတ်စေရင်တော့.. " သမ္မာအာဇီဝ" မဖြစ်ပါဘူး၊ အဲဒီလို အထက်က ဖေါ်ပြခဲ့တဲ့... " သမ္မာဝါစာ " " သမ္မာကမ္မန္တ " " သမ္မာအာဇီဝ" ဆိုတဲ့ ဒီမဂ္ဂင်( ၃ )ပါးဟာ မကောင်းတာတွေကို မဖြစ်အောင်၊ မကျူးလွန်မိအောင်စောင့်ထိန်းနေရတဲ့အတွက် " သီလမဂ္ဂင်( ၃ )ပါး " လို့ခေါ်တာပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်ကို အာရုံပြုဖို့အတွက် " မဂ္ဂင်ရှစ်ပါး နဲ့အားထုတ်ပြီး ဒီရှစ်ပါးလုံး အကုန်စုံမှသာ နိဗ္ဗာန်ကို အာရုံပြုနိုင်မယ် ဆိုတာ သိထားကြတဲ့အတွက်ကြောင့်၊ အချို ့ဓမ္မမိတ်ဆွေတို့အနေနဲ့... တရားအားထုတ်တဲ့ အချိန်အတွင်းမှာ ထိုင်ပြီး ရှုမှတ်နေရတာပဲလေ၊ ကျင့်ကြံအားထုတ်နေစဉ်မှာ အထက်က ဖေါ်ပြခဲ့တဲ့ ဒီ သီလ မဂ္ဂင် ( ၃ ) ပါးက အတူတကွ ပါမှမပါတာလို့ပြောဆိုကောင်း ပြောပြီး စောဒက တတ်ချင်ကြပါလိမ့်မယ်။ ဥပမာပေါ့လေ.. တရားအားထိုင်တာပဲ..လေ. အရက်သောက်ပြီးတော့ရော..တရားထိုင်လို့မရဘူး..လား၊ အိမ်ထောင်တော့မပြုရသေးဘူး.. ဒါပေမဲ့ နှစ်ဦးသဘောတူ သမီးရည်းစားအတူတူနေထိုင်ပေါင်းသင်း တာပဲလေ..ဒါဆိုရင်ရော..တရားထိုင်လို့မရဘူး..လား၊ ဘုရားမရှိခိုးဘဲ နဲ့ရော..တရားထိုင်လို့မရဘူး..လား..စသည်အားဖြင့် နှိုက်နှိုက်ချွတ်ချွတ် စောဒက တတ်ကြတဲ့ ဓမ္မမိတ်ဆွေတို့လည်း ရှိကြတဲ့ အလျောက်.. ဒီ သီလမဂ္ဂင်( ၃ ) ပါးဟာ... ဝိပဿနာအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့အတွက် အခြေခံသီလပိုင်း ဆိုပြီး မြတ်စွာဘုရားဟောတာဖြစ်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ ဘာဖြစ်လို့ သီလလုံခြုံဖို့လိုအပ်တာလဲဆိုတော့ ... ကိုယ်ကျင့်တရား ပျက်ပြားထားတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ အာရုံတစ်ခုတည်းအပေါ်မှာ မြဲနေအောင် ၊ တည်ငြိမ်နေအောင် စိတ်စိုက်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ သမာဓိကျင့်စဉ် ကျင့်တဲ့အခါမှာလည်း ကိုယ်ကျင့် သီလမပါရင် စိတ်ထဲမှာ အနှောက်အယှက်တွေ အများကြီးဖြစ်ပါတယ်။ သမာဓိ တည်ဆောက်ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်။ ဒါကြောင့်"သီလ" ကို အခြေခံထားရမယ်လို့ပြောတာဖြစ်ပါတယ်။ ဥပမာ... သီလလုံခြုံတဲ့သူ၊ သီလရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်က ... ငါလုပ်ထားတာတွေဟာ အကုန်အကောင်းတွေချည်းပဲ ဆိုပြီး တွေးလိုက်ရင် ဝမ်းသာရတယ် ။ ဝမ်းသာရတယ်ဆိုတာ... " ပါမောဇ္ဇ" ပဲ။ ဝမ်းသာကြည်နူးမှု ပီတိဖြစ်လာတယ်။ ပီတိဖြစ်လာရင် .... " ပဿ ဒ္ဓိ " ဆိုတဲ့ ငြိမ်းချမ်းလာတယ်၊ ငြိမ်းချမ်းလာတော့ စိတ်ကလေးကလည်း အေးချမ်းပြီး ချမ်းသာသုခ ဖြစ်နေတယ်။ စိတ်အေးပြီး ငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်တစ်ယောက်မှာ "သမာဓိ" ဆိုတာဖြစ်လာတာပါပဲ၊ ဘာကိုပဲ အာရုံစိုက်လိုက် စိုက်လိုက် သမာဓိဆိုတာ ဖြစ်လာတယ်။ "သမာဓိ" ဖြစ်လာပြီဆိုရင် "ယထာဘူတဉာဏဒဿန" ဆိုတဲ့ မှန်မှန်ကန်ကန် သိမြင်လာတဲ့ အသိဉာဏ် ဆိုတာရလာပါတယ်။ ဒါဟာ အကြောင်းအကျိုးဆက်သွယ်နေတာပါ။ ဒါ့ကြောင့်မို့ ကိုယ်ကျင့်တရားကို အခြေခံထားပြီးတော့ " မဂ္ဂင်ရှစ်ပါး "ကို အားထုတ်ဖို့ မြတ်စွာဘုရားကဟောထားတာဖြစ်ပါတယ်။ အဲဒီလို သီလဆောက်တည်ပြီးတဲ့အခါ... သီလ လုံပြီဆိုရင် သမာဓိ ကျင့်စဉ်ကို ကျင့်ရပါမယ်။ သမာဓိ ကျင့်စဉ်ကို ကျင့်တဲ့အခါမှာ စိတ်ကိုအာရုံတစ်ခုတည်း အပေါ်မှာထားနိုင်ဖို့ဆိုတာ "လုံ့လဝီရိယ " မပါဘဲ မရပါဘူး။ စေတသိက ဝီရိယ ခေါ်တယ်။ စိတ် ကို အားကုန်စ်ိုက်ပြီး လုပ်ဖို့လိုတယ်ပေါ့။ ဒါ့ကြောင့် "သမာဝါယာမ " ရှိရမယ်။ အဲဒီ "သမ္မာဝါယာမ" ကြိုးစားအားထုတ်ပြီဆိုရင်.. "သမ္မာသတိ" = သတိထားဖို့ လိုအပ်တယ်။ သတိ ကို အာရုံ အပေါ်မှာ စိတ်စိုက်ထားရပါမယ်။ " ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ " လို့ဆိုတဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ရယ် ခံစားချက်ရယ် အသိစိတ်လေးရယ် ကျန်တဲ့ သဘာဝတရားလေးတွေရယ် အဲဒါတွေအပေါ်မှာ စိတ် စိုက်ထားရပါမယ်၊ ဒါကို "သတိပဋ္ဌာန်" လို့ခေါ်တာပါ။။ အဲ့ဒီအပေါ်မှာ စိတ်စိုက်ထားပြီး စိတ်ကိုငြိမ်အောင် လုပ်ရမယ်။ ငြိမ်အောင်ဆိုတာ စိတ် ကိုစုစည်းတာပါပဲ။ စိတ်ကိုစုစည်းပေးလိုက်ရင် စွမ်းရည် တက်လာပါတယ်။ အဲဒီ စွမ်းရည် ကို " သမာဓိ" လို့ ခေါ်ပါတယ်။ " သမာဓိ " ရလာရင် မှန်မှန်ကန်ကန်စဉ်းစားပြီး မှန်မှန်ကန်ကန်မြင်လာဖို့ အင်မတန်မှ လွယ်ကူသွားပါတယ်။ " သမ္မာ သမာဓိ" ဖြစ်တယ်ပေါ့။ ဒါကတော့..“သမ္မာဓိမဂ္ဂင်( ၃ )ပါး“ က တစ်ခုနဲ့တစ်ခု ဆက်နွယ်ရောယှက်နေတဲ့ အတွက် ပေါင်းပြီး ဖေါ်ပြလိုက်တာပါ။ ဒီတော့... " သီလ "ကို အခြေခံပြီး ... သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ နဲ့ သမ္မာသင်္ကပ္ပ ....ဆိုတဲ့ မှန်ကန်တဲ့ အတွေးပါတဲ့ မှန်ကန်တဲ့အလုပ် လုပ်လိုက်ရင် ဓမ္မမိတ်ဆွေတို့ရဲ ့သန္တာန်မှာ .. " သမ္မာဒိဋ္ဌိ " ဆိုတဲ့ အသိဉာဏ် ပေါ်လာပါလိမ့်မယ်၊ အဲဒီ "သမာဒိဋ္ဌိ" ဆိုတဲ့ အသိဉာဏ်က ဝိပဿနာ အနေနဲ့ပေါ်ရင် "ဝိပဿနာဉာဏ်" ပါပဲ။ ဝိပဿနာ ရင့်သန်သွားရင် "မဂ်ဉာဏ်" " မဂ်ဉာဏ် " ပြီးရင် " ဖိုလ်ဉာဏ် " ဖြစ်ပါတယ်။ အဲဒီ "မဂ်" အနေနဲ့ပေါ်လာတဲ့ "သမ္မာဒိဋ္ဌိ" က နိဗ္ဗာန်ကိုမြင်နိုင်သွားပါပြီ။ " ဖိုလ် " အနေနဲ့ပေါ်လာတဲ့ "သမ္မာဒိဋ္ဌိ" ကျတော့ နိဗ္ဗာန် ရဲ့ အရသာကို ခံစားနိုင်သွားပါပြီ။ ဒါ့ကြောင့်... ဓမ္မမိတ်ဆွေတို့ လိုလားတောင်းတတဲ့ နိဗ္ဗာန်ချမ်းသာ ရောက်တဲ့အထိ ကောင်းသောလမ်းပြပုံ ဖြစ်တဲ့ "မဂ္ဂင်ရှစ်ပါး" အကျင့်လမ်းကို ဓမ္မဒါနပြုလိုက်ပါတယ်။ ( ခန္ဓာ၅ပါး-တစ်ဦး ) •••••••••••••••••••••••• လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။ (ကိုးကား ) သီတဂူဆရာတော်ဘုရားကြီး ဟောကြားတဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော်၊ အဂ္ဂမဟာပဏ္ဏိတ အရှင်နန္ဒမာလာဘိဝံသရဲ့ ကုသိုလ်ဖြစ်အောင်သတိဆောင် တရားတော်။ ကုသိုလ် ဖြင့်ပြန်လည်မျှဝေပါသည် ..ခွင့်တောင်းစရာမလိုရှယ်ခွင့်ပြုပါတယ် ☸️ " မဂ်ဂငျရှဈပါး " က ဘယျလိုလုပျပွီး နိဗ်ဗာနျရောကျအောငျပို့ တာလဲ..ဆိုတဲ့ အကွောငျး ☸️ ••••••••••••••••••••••••••••••••••••• ဒီဓမ်မစာစုဟာ ဝိပူနာကငြျ့ကွံအားထုတျနကွေတဲ့ ဓမ်မမိတျဆှတေို့အတှကျရော၊ အခုမှစပွီး ဝိပူနာကို စတငျအားထုတျဖို့အတှကျ ကွိုးစားပွငျဆငျလေ့လာနသေူတို့အတှကျပါ ရညျရှယျထားပွီး ရေးသားဖေါျပွတာလို့ဆိုပမေဲ့လညျး.. တကယျဆိုရငျ... မဂ်ဂငျရှဈပါးဆိုတာ ဘာလဲ ဆိုပွီး ဖေါျပွလိုကျလို့ရပါတယျ။ ဒါပမေဲ့ အခြို ့ဓမ်မမိတျဆှတှေမှော ဖွဈလေ့ရှိတာက.. မဂ်ဂငျရှဈပါး ဆိုတာ... အရငျတုနျးက..သိတယျ၊အခုတော့..မေ့နပွေီ။ တခြို ့ကပြွနျတော့လညျး... သိတော့သိတယျ.. အဓိပ်ပါယျသသေခြောခြာတော့မသိဘူး. စတဲ့ ဓမ်မမိတျဆှတေို့လညျးရှိကွပါတယျ။ ဘယျလိုပဲ ဖွဈဖွဈ... သာမနျနားလညျ သဘောပေါကျ လှယျကူအောငျ လို့ ဖောျပွမှာ ဖွဈတဲ့အတှကျ " မဂ်ဂငျရှဈပါး " ရဲ ့အရေးကွီးပုံ နဲ့ နိဗ်ဗာနျကို ဘယျလိုရောကျအောငျ ပို့ဆောငျတဲ့အကွောငျးကို ဆရာတောျ ဒေါကျတာ နန်ဒမာလာဘိဝံသ ဟောကွားတဲ့ .... " ကုသိုလျဖွဈအောငျသတိဆောငျ " ဆိုတဲ့ တရားတောျထဲက ထုတျယူပွီး မြှဝေ ကုသိုလျပွုလိုကျပါတယျ။ " မဂ်ဂငျရှဈပါး " ရဲ ့အရေးကွီးပုံကို ရေးသားမဖောျပွခငျမှာ အကွောငျးစပျလာတဲ့အတှကျ မွတျစှာဘုရားရှငျပရိနိဗ်ဗာနျ ပွုတောျမူ တုနျးက အမြားသိပွီးသားဖွဈတဲ့ နောကျဆုံးသာဝက ဖွဈတဲ့ "သုဘဒ်ဒပရိဗိုဇျ"ဆိုတဲ့ ပုဂ်ဂိုလျအကွောငျး ဖောျပွပါရစေ။ ကုသိနာရုံ မှာရှိတဲ့ အငျကွငျးတောကွီးရဲ ့အငျကွငျးပငျတှေ အစုံတို့ အကွားမှာ မွတျစှာဘုရားရှငျဟာ မွောကျအရပျကို ဦးခေါငျးပွုပွီး ညောငျစောငျးလေးပေါျမှာ ပရိနိဗ်ဗာနျ ပွုတောျမူဖို့ လြောငျးစကျတောျမူနရေငျး နဲ့တဖွညျးဖွညျး ညဉျ့ဦးယံအခြိနျ ကုနျလှနျလာတဲ့ အခါမှာ... မွတျစှာဘုရားထံကို သုဘဒ်ဒပရိဗိုဇျ ရောကျရှိလာပါတယျ။ အကွောငျးကတော့ သူ့ဆီမှာ ယုံမှားသံသယ မေးခှနျးရှိနတေဲ့အတှကျ မွတျစှာဘုရား ထံမှာမေးလြှောကျရနျ ရောကျလာခွငျးဖွဈပါတယျ။ တကယျတော့.. သုဘဒ်ဒ ဟာ ကိုးကှယျဆညျးကပျရမဲ့ဘာသာပေါငျးမြားစှာရှိနတေဲ့အတှကျ၊ ဘယျဘာသာကို ကိုးကှယျဆညျးကပျရမှနျး မသိဖွဈပွီး၊ ဘယျ ဘာသာကိုတော့ဖွငျ့ ကိုးကှယျဆညျးကပျရမလဲ ဆိုတာ မေးမွနျးဖို့လာရောကျခွငျးသာပဲဖွဈပါတယျ။ အဲဒီလို ယုံမှားသံသယဖွဈနတောတှကေို ရှငျးလငျးသှားအောငျ ရဟနျးဂေါတမ ရဲ့ တရားကို နာယူဖို့ယုံကွညျလကြျ ဘုရားထံ ရောကျရှိလာတယျ..လို့စာမှာတော့ ဒီလိုဆိုပါတယျ။ မွတျစှာဘုရားရှငျအား ဖူးခှငျ့ပေးရနျ၊ တှေ့ခှငျ့ပေးရနျ သုဘဒ်ဒ ဟာ အရှငျအာနန်ဒာထံ တောငျးဆိုပါတယျ။ အရှငျအာနန်ဒာက.. အခုအခြိနျဟာ မွတျစှာဘုရားအားဖူးရနျ အခြိနျမသငျ့တော့ဘူး၊ ပရိနိဗ်ဗာနျ ပွုတော့မှာမို့ မွတျစှာဘုရားဟာ ပငျပနျးတောျမူနပွေီ၊ မညှဉျးဆဲပါနဲ့..လို့ ပွနျလညျ ပွောဆိုပါတယျ။ မွတျစှာဘုရားရှငျ ကွားတောျမူတဲ့အခါမှာ... သုဘဒ်ဒ အားခှငျ့ပွုလိုကျရနျ အရှငျအာနန်ဒာအားမိနျ့တောျမူလိုကျပါတယျ။ အဲဒီအခါ မှာ သုဘဒ်ဒ လညျး မွတျစှာဘုရားထံ ခဉြျးကပျ၍ လြောကျထားမေးမွနျးပါတယျ။ သူ၏မေးခှနျးအဓိပ်ပါယျမှာ… သမဏဗွာဟ်မဏဟု ဝနျခံထားသော တိတ်ထိဆရာကွီး ( ၆ ) ရောကျတို့သညျ သဗ်ဗညုဖွဈပါသလား၊ ဒါမှမဟုတျ အရှငျဘုရားကပဲ သဗ်ဗညုဖွဈပါသလားဟု မေးလြှောကျပါတယျ။ အဲဒီအခါ မွတျစှာဘုရားရှငျဟာ.. သုဘဒ်ဒ ရဲ ့မေးခှနျးကို အဖွမေပေးသေးဘဲ၊ တရားဟောပါတယျ။ “ငါဘုရားရဲ့ သာသနာတောျမှတပါး အခွားအယူဝါဒတို့၌ မဂ်ဂငျ ( ၈ )ပါး အကငြျ့တရားဆိုတာ ရှိသလား မရှိဘူးလား၊ သုဘဒ်ဒ စဉျးစားပါ။ မဂ်ဂငျ ရှဈပါး ရှိတဲ့ အကွငျဓမ်မဝိနယ သာသနာတောျမှာ.. သောတာပနျသညျ လညျးကောငျး၊ သကဒါဂါမျသညျ လညျးကောငျး၊ အနာဂါမျသညျ လညျးကောငျး၊ ရဟန်တာသညျလညျးကောငျး ရှိ၏။ မဂ်ဂငျ ( ၈ )ပါး မရှိလြှငျ ထိုအရိယာရဟနျးတို့မရှိ။ မညျသူမှားတယျ မှနျတယျဆိုတာ ငါဘုရားမပွောလိုဘူး..။ မဂ်ဂငျ ရှဈပါး အကငြျ့ရှိ မရှိ ကိုသာ စဉျးစားပါ။ဆငျခွငျပါ။ မဂ်ဂငျ ရှဈပါးဆိုတဲ့ အကငြျ့ကောငျး ရှိမှသာလြှငျ ကိလသော ငွိမျးကွောငျးအကငြျ့ကောငျးသညျ ရှိ၏။ မဂ်ဂငျရှဈပါးအကငြျ့ကောငျး မရှိလြှငျ ကိလသော ငွိမျးကွောငျး အကငြျ့ကောငျးသညျမရှိဟု” သုဘဒ်ဒအား.. မွတျဗုဒ်ဓက..တရား ဟောလေ၏။ ဆကျလကျ၍ မွတျစှာဘုရားရှငျကိုယျတောျမွတျကွီးက.. "ဒီမဂ်ဂငျ ( ၈ )ပါးအကငြျ့ကောငျးကိုကငြျ့သုံးနသေမြှ ကာလပတျလုံးရဟန်တာအရှငျသူမွတျတို့သညျ ဘယျသောအခါမှ မဆိတျသုဉျးနိုငျ”ဟု တိတိလငျးလငျး ဟောတောျမူလေ၏။ သုဘဒ်ဒပရိဗိုဇျလညျး မွတျဗုဒ်ဓ၏ရှငျးလငျး တိကသြော တရားတောျကို လှနျစှာ နှဈသကျ အားရ သှားလတေော့၏။ ထိုကွောငျ့ မဂ်ဂငျ ( ၈ )ပါးကို ကငြျ့ကွံအားထုတျလိုစိတျ ဖွဈလာပွီး ဘုရား၊ တရား၊ သံဃာ သုံးပါးတို့ အားယုံကွညျ သိမှတျ ကိုးကှယျဆညျးကပျတော့၏။ ရဟနျးခံပေးပါရနျ မွတျစှာဘုရားထံ..လြှောကျလတေော့၏။ အရှငျအာနန်ဒာက..သုဘဒ်ဒအားသပိတျ သငျ်ကနျးပေး၍ ရဟနျးခံပေး၊ ကမ်မဋ်ဌာနျးပေးလိုကျသညျ။ သုဘဒ်ဒလညျး ဆိတျငွိမျရာခဉြျးကပျပွီး တရားအားထုတျရာ မွတျစှာဘုရားရှငျ ကိုယျတောျမွတျကွီး ပရိနိဗ်ဗာနျမစံမီ အခြိနျကလေးအတှငျးပငျ ရဟန်တာဖွဈလတေော့၏။ တကယျတော့.. ဘာသာတရားတဈခုကို ကိုးကှယျဆညျးကပျတဲ့အခါ.. အဲဒီ ဘာသာမှာ.. ကိုယျ့ဖာသာကိုယျ ကငြျ့ကွံပွီး လှတျမွောကျအောငျ လုပျနိုငျတဲ့ တရားပါသလား ဆိုတာ အရငျဆုံး ကွညျ့ပါ၊ လှတျမွောကျနိုငျတယျဆိုတဲ့ အကငြျ့တရားပါတယျ ဆိုရငျတော့ .. အဲဒီဘာသာ ကိုးကှယျထိုကျတယျ၊ မွတျစှာဘုရားဟောတာ ဒီအတိုငျးပါပဲ။ ဒီတော့.. ကိုယျ့ကိုကိုယျ လှတျမွောကျအောငျ လုပျနိုငျတယျဆိုတဲ့ လမျးစဉျ ကတော့ " မဂ်ဂငျရှဈပါး " အကငြျ့လမျးသာပဲ ဖွဈပါတော့တယျ။ ဒါ့ကွောငျ့မို့.. ဒီ" မဂ်ဂငျရှဈပါး " အကငြျ့လမျးဟာ ဘယျလိုအကွောငျးတှကွေောငျ့ နိဗ်ဗာနျကို ဘယျလို ပို့ ဆောငျတယျဆိုတာကို သာမနျ နားလညျရလှယျကူအောငျ ရှငျးပွကုသိုလျပွုလိုကျပါတယျ။ ရှေးဦးစှာ အရငျဆုံး "မဂ်ဂငျရှဈပါး" ကို မှတျရလှယျကူအောငျ အုပျစု( ၃ ) ခု ခှဲပွီး ဖေါျပွလိုကျပါတယျ။ "မဂ်ဂငျရှဈပါး" ကို အုပျစု ၃ မြိုး ခှဲပွီးတော့.. "သီလမဂ်ဂငျ၊ သမာဓိမဂ်ဂငျ၊ ပညာမဂ်ဂငျ" ရယျလို့ ဆိုပွီး ပွောဆို သုံးနှုနျးကွပါတယျ။ အဲဒီ ( ၃ ) ပါးကို "သိက်ခာ( ၃ )ပါး လို့လညျး ခေါျပါတယျ။ • သီလမဂ်ဂငျ ( ၃ )ပါး • သမာဓိမဂ်ဂငျ ( ၃ )ပါး • ပညာမဂ်ဂငျ ( ၂ ) ပါး.. စုစုပေါငျးတော့ ( ၈ ) ပါးဖွဈပါတယျ။ အဲဒီ ရှဈပါးကို “ မဂ်ဂငျရှဈပါး ” လို့ခေါျတာပါ။ တဈခုစီရှငျးပွပါရစေ.. " သီလ မဂ်ဂငျ "( ၃ )ပါးက တော့.... ( ၁ ) သမ်မာဝါစာ၊ ( ၂ ) သမ်မာကမ်မန်တ၊ ( ၃ ) သမ်မာအာဇီဝ ဖွဈပါတယျ။ " သမာဓိမဂ်ဂငျ "( ၃ )ပါးကတော့.. ( ၄ ) သမ်မာသတိ၊ ( ၅ ) သမ်မာဝါယာမ၊ ( ၆ ) သမ်မာသမာဓိ တို့ဖွဈပွီးတော့.. "ပညာမဂ်ဂငျ" ( ၂ )ပါးကတော့.. ( ၇ ) သမ်မာဒိဋ်ဌိ ( ၈ ) သမ်မာသငျ်ကပ်ပ တို့ဖွဈပါတယျ။ " သီလမဂ်ဂငျ "( ၃ )ပါးကို ရှငျးပွရရငျတော့... ( ၁ ) " သမ်မာဝါစာ " " သမ်မာဝါစာ " ဆိုတာ.. စကားအပွောအဆို ကို ထိနျးသိမျး စောငျ့ရှောကျရမယျ၊ စကားပွောဆိုတဲ့အခါမှာ အပွဈကငျးတဲ့ စကားမြိုးပဲ ပွောရမယျ။ အပွဈကငျးတဲ့စကား ဆိုတာကတော့.. ( ၁ ) လိမျညာ မပွောဘူး...၊ ( ၂ ) သူမြားမကောငျးကွောငျး အတငျးမပွောဘူး...၊ ( ၃ ) ဆဲရေးတိုငျးထှာတာတို့၊ ညဈညဈပတျပတျ ရုပျညံ့တဲ့ စကားတှေ မပွောဘူး...၊ ( ၄ ) အနှဈသာရမရှိတဲ့၊ အပွောငျအပကြျစကားတှကေို မပွောဘူး..၊( ရီစရာ အနနေဲ့တောငျ မပွောဘူး ) ...ဆိုတဲ့ နှုတျ နဲ့ပတျသကျတဲ့ သီလ စောငျ့ထိနျးမှုပဲ ဖွဈပါတယျ။ ( ၂ ) " သမ်မာကမ်မန်တ " " သမ်မာကမ်မန်တ " ဆိုတာကတော့... ကာယကံ ဖွဈတဲ့ ကိုယျထိလကျရောကျ နဲ့အပွဈရှိတဲ့အပွုမှုတှကေို ရှောငျကွဉျပွီးတော့ အပွဈကငျးစငျ တဲ့ အပွုမှုမြိုးတှကေို လုပျရမယျ လို့.. ဆိုလိုတာပါ။ အပွဈရှိတဲ့ အပွုမှုဆိုတာကတော့.. မကောငျးတာလုပျရငျ အပွဈဖွဈတာပါပဲ။ သဘာဝတရားနဲ့ဆနျ့ကငြျတဲ့ အပွုမှု မှနျသမြှဟာ အပွဈဖွဈစပေါတယျ။ ( ၁ ) သူတဈပါး အသကျကို သတျဖွတျတာ.. ( ၂ ) သူမြား မပေးတဲ့ ပစ်စညျးကိုယူတာ( ခိုးယူတယျ ပေါ့ )၊ ( ၃ ) ကာမကုံ ကို လှဲမှားစှာ ကြူးလှနျခံစားတာ..စတဲ့ အပွုမှုတှကေတော့ သဘာဝနဲ့ဆနျ့ကငြျတဲ့ အပွုမှုတှခေညြျးပါပဲ။ ( ဒီနရောမှာ ကာမကုံ နဲ့ပတျသကျလို့ဖွညျ့စှကျရရငျ.. " ကာမသေုမိစ်ဆာစာရ " အနနေဲ့..အမြားအားဖွငျ့သိကွတာက.. သူတဈပါး သားမယားကို ပွဈမှားကြူးလှနျမှသာ "ကာမသေုမိစ်ဆာစာရ " လို့သတျမှတျတာ မဟုတျပါဘူး၊ တရားဝငျ လူသိရှငျကွား အိမျထောငျမပွုရသေး သူတို့အနနေဲ့ အတူတကှ နထေိုငျပေါငျးသငျ ရငျတောငျ "ကာမသေုမိစ်ဆာစာရ" ကံ မွောကျပါတယျ။ ဒီကံဟာ လူရော၊ နတျရော၊ တိရစ်ဆာနျတှရေောတောငျမှ ကြူးလှနျရငျ ဒီကံ နဲ့အကြုံးဝငျပါတယျ။ ဒီအထကျက သီလ သုံးခု ကို မကြူးလှနျဘူး ဆိုရငျတော့.. ဓမ်မမိတျဆှဟော " သမ်မာကမ်မန်တ " နဲ့ပွညျ့စုံနတေဲ့သူလို့သတျမှတျလို့ရပါတယျ။ ( ၃ ) သမ်မာအာဇီဝ " သမ်မာအာဇီဝ" အနနေဲ့ကတြော့... အပွဈရှိတဲ့ အသကျမှေးဝမျကွောငျးမြိုး မမှေးမွူဘဲ ၊ အပွဈကငျးတဲ့ အသကျမှေးဝမျးကွောငျးမြိုးကို မှေးရမယျ လို့ဆိုလိုတာပါ။ ဥပမာ.. အရကျ၊ ဘီယာ ရောငျးပွီး အသကျမှေးတာတို့၊ အသားစားရအောငျ အတှကျ တိရိစ်ဆာနျမှေးမွူတာတို့၊ ကိုယျ့ရဲ ့အသကျမှေးဝမျးကွောငျးအလုပျနဲ့ တဖကျဖကျ ကို အကြိုးယုတျစရေငျတော့.. " သမ်မာအာဇီဝ" မဖွဈပါဘူး၊ အဲဒီလို အထကျက ဖေါျပွခဲ့တဲ့... " သမ်မာဝါစာ " " သမ်မာကမ်မန်တ " " သမ်မာအာဇီဝ" ဆိုတဲ့ ဒီမဂ်ဂငျ( ၃ )ပါးဟာ မကောငျးတာတှကေို မဖွဈအောငျ၊ မကြူးလှနျမိအောငျစောငျ့ထိနျးနရေတဲ့အတှကျ " သီလမဂ်ဂငျ( ၃ )ပါး " လို့ခေါျတာပဲ ဖွဈပါတယျ။ နိဗ်ဗာနျကို အာရုံပွုဖို့အတှကျ " မဂ်ဂငျရှဈပါး နဲ့အားထုတျပွီး ဒီရှဈပါးလုံး အကုနျစုံမှသာ နိဗ်ဗာနျကို အာရုံပွုနိုငျမယျ ဆိုတာ သိထားကွတဲ့အတှကျကွောငျ့၊ အခြို ့ဓမ်မမိတျဆှတေို့အနနေဲ့... တရားအားထုတျတဲ့ အခြိနျအတှငျးမှာ ထိုငျပွီး ရှုမှတျနရေတာပဲလေ၊ ကငြျ့ကွံအားထုတျနစေဉျမှာ အထကျက ဖေါျပွခဲ့တဲ့ ဒီ သီလ မဂ်ဂငျ ( ၃ ) ပါးက အတူတကှ ပါမှမပါတာလို့ပွောဆိုကောငျး ပွောပွီး စောဒက တတျခငြျကွပါလိမျ့မယျ။ ဥပမာပေါ့လေ.. တရားအားထိုငျတာပဲ..လေ. အရကျသောကျပွီးတော့ရော..တရားထိုငျလို့မရဘူး..လား၊ အိမျထောငျတော့မပွုရသေးဘူး.. ဒါပမေဲ့ နှဈဦးသဘောတူ သမီးရညျးစားအတူတူနထေိုငျပေါငျးသငျး တာပဲလေ..ဒါဆိုရငျရော..တရားထိုငျလို့မရဘူး..လား၊ ဘုရားမရှိခိုးဘဲ နဲ့ရော..တရားထိုငျလို့မရဘူး..လား..စသညျအားဖွငျ့ နှိုကျနှိုကျခြှတျခြှတျ စောဒက တတျကွတဲ့ ဓမ်မမိတျဆှတေို့လညျး ရှိကွတဲ့ အလြောကျ.. ဒီ သီလမဂ်ဂငျ( ၃ ) ပါးဟာ... ဝိပူနာအားထုတျကွမဲ့ ဓမ်မမိတျဆှတေို့အတှကျ အခွခေံသီလပိုငျး ဆိုပွီး မွတျစှာဘုရားဟောတာဖွဈပါတယျ။ တရားအားထုတျတဲ့အခါမှာ ဘာဖွဈလို့ သီလလုံခွုံဖို့လိုအပျတာလဲဆိုတော့ ... ကိုယျကငြျ့တရား ပကြျပွားထားတဲ့ပုဂ်ဂိုလျ တဈယောကျဟာ အာရုံတဈခုတညျးအပေါျမှာ မွဲနအေောငျ ၊ တညျငွိမျနအေောငျ စိတျစိုကျဖို့ ဆိုတာ မလှယျကူလှပါဘူး။ သမာဓိကငြျ့စဉျ ကငြျ့တဲ့အခါမှာလညျး ကိုယျကငြျ့ သီလမပါရငျ စိတျထဲမှာ အနှောကျအယှကျတှေ အမြားကွီးဖွဈပါတယျ။ သမာဓိ တညျဆောကျဖို့ အငျမတနျမှ ခဲယဉျးပါတယျ။ ဒါကွောငျ့"သီလ" ကို အခွခေံထားရမယျလို့ပွောတာဖွဈပါတယျ။ ဥပမာ... သီလလုံခွုံတဲ့သူ၊ သီလရှိတဲ့ပုဂ်ဂိုလျတဈယောကျက ... ငါလုပျထားတာတှဟော အကုနျအကောငျးတှခေညြျးပဲ ဆိုပွီး တှေးလိုကျရငျ ဝမျးသာရတယျ ။ ဝမျးသာရတယျဆိုတာ... " ပါမောဇ်ဇ" ပဲ။ ဝမျးသာကွညျနူးမှု ပီတိဖွဈလာတယျ။ ပီတိဖွဈလာရငျ .... " ပူ ဒ်ဓိ " ဆိုတဲ့ ငွိမျးခမြျးလာတယျ၊ ငွိမျးခမြျးလာတော့ စိတျကလေးကလညျး အေးခမြျးပွီး ခမြျးသာသုခ ဖွဈနတေယျ။ စိတျအေးပွီး ငွိမျးခမြျးနတေဲ့ပုဂ်ဂိုလျတဈယောကျမှာ "သမာဓိ" ဆိုတာဖွဈလာတာပါပဲ၊ ဘာကိုပဲ အာရုံစိုကျလိုကျ စိုကျလိုကျ သမာဓိဆိုတာ ဖွဈလာတယျ။ "သမာဓိ" ဖွဈလာပွီဆိုရငျ "ယထာဘူတဉာဏဒူန" ဆိုတဲ့ မှနျမှနျကနျကနျ သိမွငျလာတဲ့ အသိဉာဏျ ဆိုတာရလာပါတယျ။ ဒါဟာ အကွောငျးအကြိုးဆကျသှယျနတောပါ။ ဒါ့ကွောငျ့မို့ ကိုယျကငြျ့တရားကို အခွခေံထားပွီးတော့ " မဂ်ဂငျရှဈပါး "ကို အားထုတျဖို့ မွတျစှာဘုရားကဟောထားတာဖွဈပါတယျ။ အဲဒီလို သီလဆောကျတညျပွီးတဲ့အခါ... သီလ လုံပွီဆိုရငျ သမာဓိ ကငြျ့စဉျကို ကငြျ့ရပါမယျ။ သမာဓိ ကငြျ့စဉျကို ကငြျ့တဲ့အခါမှာ စိတျကိုအာရုံတဈခုတညျး အပေါျမှာထားနိုငျဖို့ဆိုတာ "လုံ့လဝီရိယ " မပါဘဲ မရပါဘူး။ စတေသိက ဝီရိယ ခေါျတယျ။ စိတျ ကို အားကုနျဈိုကျပွီး လုပျဖို့လိုတယျပေါ့။ ဒါ့ကွောငျ့ "သမာဝါယာမ " ရှိရမယျ။ အဲဒီ "သမ်မာဝါယာမ" ကွိုးစားအားထုတျပွီဆိုရငျ.. "သမ်မာသတိ" = သတိထားဖို့ လိုအပျတယျ။ သတိ ကို အာရုံ အပေါျမှာ စိတျစိုကျထားရပါမယျ။ " ကာယ၊ ဝဒေနာ၊ စိတ်တ၊ ဓမ်မ " လို့ဆိုတဲ့ ကိုယျ့သန်တာနျမှာရှိတဲ့ ခန်ဓာကိုယျရယျ ခံစားခကြျရယျ အသိစိတျလေးရယျ ကနြျတဲ့ သဘာဝတရားလေးတှရေယျ အဲဒါတှအေပေါျမှာ စိတျ စိုကျထားရပါမယျ၊ ဒါကို "သတိပဋ်ဌာနျ" လို့ခေါျတာပါ။။ အဲ့ဒီအပေါျမှာ စိတျစိုကျထားပွီး စိတျကိုငွိမျအောငျ လုပျရမယျ။ ငွိမျအောငျဆိုတာ စိတျ ကိုစုစညျးတာပါပဲ။ စိတျကိုစုစညျးပေးလိုကျရငျ စှမျးရညျ တကျလာပါတယျ။ အဲဒီ စှမျးရညျ ကို " သမာဓိ" လို့ ခေါျပါတယျ။ " သမာဓိ " ရလာရငျ မှနျမှနျကနျကနျစဉျးစားပွီး မှနျမှနျကနျကနျမွငျလာဖို့ အငျမတနျမှ လှယျကူသှားပါတယျ။ " သမ်မာ သမာဓိ" ဖွဈတယျပေါ့။ ဒါကတော့..“သမ်မာဓိမဂ်ဂငျ( ၃ )ပါး“ က တဈခုနဲ့တဈခု ဆကျနှယျရောယှကျနတေဲ့ အတှကျ ပေါငျးပွီး ဖေါျပွလိုကျတာပါ။ ဒီတော့... " သီလ "ကို အခွခေံပွီး ... သမ်မာဝါယာမ၊ သမ်မာသတိ၊ သမ်မာသမာဓိ နဲ့ သမ်မာသငျ်ကပ်ပ ....ဆိုတဲ့ မှနျကနျတဲ့ အတှေးပါတဲ့ မှနျကနျတဲ့အလုပျ လုပျလိုကျရငျ ဓမ်မမိတျဆှတေို့ရဲ ့သန်တာနျမှာ .. " သမ်မာဒိဋ်ဌိ " ဆိုတဲ့ အသိဉာဏျ ပေါျလာပါလိမျ့မယျ၊ အဲဒီ "သမာဒိဋ်ဌိ" ဆိုတဲ့ အသိဉာဏျက ဝိပူနာ အနနေဲ့ပေါျရငျ "ဝိပူနာဉာဏျ" ပါပဲ။ ဝိပူနာ ရငျ့သနျသှားရငျ "မဂျဉာဏျ" " မဂျဉာဏျ " ပွီးရငျ " ဖိုလျဉာဏျ " ဖွဈပါတယျ။ အဲဒီ "မဂျ" အနနေဲ့ပေါျလာတဲ့ "သမ်မာဒိဋ်ဌိ" က နိဗ်ဗာနျကိုမွငျနိုငျသှားပါပွီ။ " ဖိုလျ " အနနေဲ့ပေါျလာတဲ့ "သမ်မာဒိဋ်ဌိ" ကတြော့ နိဗ်ဗာနျ ရဲ့ အရသာကို ခံစားနိုငျသှားပါပွီ။ ဒါ့ကွောငျ့... ဓမ်မမိတျဆှတေို့ လိုလားတောငျးတတဲ့ နိဗ်ဗာနျခမြျးသာ ရောကျတဲ့အထိ ကောငျးသောလမျးပွပုံ ဖွဈတဲ့ "မဂ်ဂငျရှဈပါး" အကငြျ့လမျးကို ဓမ်မဒါနပွုလိုကျပါတယျ။ ( ခန်ဓာ၅ပါး-တဈဦး ) •••••••••••••••••••••••• လကျကိုငျဖုနျး ဖွငျ့ စာစီရခွငျးဖွဈသညျ့အတှကျ သတျပုံမှားယှငျးမှုမြား တှေ့ရှိပါက သညျးခံခှငျ့လှှတျပွီး ပွငျဆငျဖတျရှုပါရနျ မတေ်တာရပျခံပါသညျ။ (ကိုးကား ) သီတဂူဆရာတောျဘုရားကွီး ဟောကွားတဲ့ နောကျဆုံးဆယျလမွတျဗုဒ်ဓတရားတောျ၊ အဂ်ဂမဟာပဏ်ဏိတ အရှငျနန်ဒမာလာဘိဝံသ
via အလင်းရောင် ဓမ္မ https://ift.tt/33XAXDw
Newer Post
Older Post
Home