Sunday, November 17, 2019

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ...... မရှိတော့တဲ့အခါ 🙏🙏🙏🙏🙏 ဘဝမှာ .... နုပျိုခြင်းတွေ မရှိတော့တဲ့အခါ အိုမင်းရင့်ရော်ခြင်းတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားပါ။ နုပျိုခြင်းရဲ့ အဆုံးသတ်ဟာ အိုမင်းရင့်ရော်ခြင်းပဲ ဖြစ်ပါတယ်။ ကျန်းမာခြင်းတွေ မရှိတော့တဲ့အခါ မကျန်းမာခြင်းတွေကိုလည်း သည်းခံနိုင်အောင် ကြိုးစားပါ။ ကျန်းမာရေးဆိုတာ အမြဲကောင်းမွန်မနေနိုင်ပါဘူး။ လှပခြင်းတွေ မရှိတော့တဲ့အခါ အကျည်းတန်ခြင်းတွေကိုလည်း အလှတရားတွေအဖြစ် ရှုမြင်နိုင်အောင် ကြိုးစားပါ။ အကျည်းတန်တဲ့နေ့ရက်တွေလည်း ကြုံတွေ့ရအုံးမှာပါ။ ချမ်းသာခြင်းတွေ မရှိတော့တဲ့အခါ ဆင်းရဲခြင်းတွေကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။ ဘဝဟာ အမြဲတမ်း ချမ်းသာမနေနိုင်ဘူး။ အနားမှာ ဘယ်သူမှမရှိတော့တဲ့အခါ အထီးကျန်ခြင်းကိုလည်း တည်ငြိမ်စွာခံယူတတ်ဖို့ ကြိုးစားပါ။ တစ်ချိန်မှာ အထီးကျန်တဲ့နေ့ရက်တွေလည်း ရှိလာအုံးမှာပါ။ ပျော်ရွှင်ခြင်းတွေ မရှိတော့တဲ့အခါ ဝမ်းနည်းခြင်းတွေကိုလည်း ခံစားနိုင်အောင် ကြိုးစားပါ။ ဘဝရဲ့ ပြဇာတ်တစ်ပုဒ်မှာ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေက အတော်များပါတယ်။ ရှင်သန်ခြင်းနေ့ရက်တွေ မရှိတော့တဲ့အခါ သေဆုံးခြင်းကို ပြုံးပြုံးလေးလက်ခံနိုင်အောင် ကြိုးစားပါ။ ရှင်သန်ခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်ပါတယ်။ လောကရဲ့အမှန်တရားတစ်ခုဟာ မတည်မြဲခြင်းပဲဖြစ်ပြီး မတည်မြဲခြင်းကသာ တည်မြဲခြင်းနိယာမတစ်ခုပါ။ `ဘယ်အရာမှ မတည်မြဲဘူး´လို့ စိတ်မှာ အမြဲသတိရပေးနေရင် သင်ဟာ ဒုက္ခတွေကို ခံနိုင်ရည်ရှိလာလိမ့်မယ်။ ကိုယ်ပိုင်ဆိုင်ထားသမျှ အရာအားလုံးဟာ တစ်နေ့မှာ ကိုယ်နဲ့မဆိုင်တဲ့အရာတွေ ဖြစ်ကုန်ကြလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ ဒီကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ ကျွန်တော်တို့နဲ့ ခဏတာပဲ ပတ်သတ်ခွင့်ရတာပါ။ `မရှိတော့တဲ့အခါ´ တွေးပြီးကြောက်ဖို့ မဟုတ်ပါဘူး။ `မရှိတော့တဲ့အခါ´ ဆင်ခြင်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့ပါ။ Credit… မဂၤလာအေပါင္းႏွင့္ ျပည့္စုံၾကပါေစ ...... မရွိေတာ့တဲ့အခါ 🙏🙏🙏🙏🙏 ဘဝမွာ .... ႏုပ်ိဳျခင္းေတြ မရွိေတာ့တဲ့အခါ အိုမင္းရင့္ေရာ္ျခင္းေတြကိုလည္း လက္ခံနိုင္ေအာင္ ႀကိဳးစားပါ။ ႏုပ်ိဳျခင္းရဲ႕ အဆုံးသတ္ဟာ အိုမင္းရင့္ေရာ္ျခင္းပဲ ျဖစ္ပါတယ္။ က်န္းမာျခင္းေတြ မရွိေတာ့တဲ့အခါ မက်န္းမာျခင္းေတြကိုလည္း သည္းခံနိုင္ေအာင္ ႀကိဳးစားပါ။ က်န္းမာေရးဆိုတာ အၿမဲေကာင္းမြန္မေနနိုင္ပါဘူး။ လွပျခင္းေတြ မရွိေတာ့တဲ့အခါ အက်ည္းတန္ျခင္းေတြကိုလည္း အလွတရားေတြအျဖစ္ ရႈျမင္နိုင္ေအာင္ ႀကိဳးစားပါ။ အက်ည္းတန္တဲ့ေန႕ရက္ေတြလည္း ႀကဳံေတြ႕ရအုံးမွာပါ။ ခ်မ္းသာျခင္းေတြ မရွိေတာ့တဲ့အခါ ဆင္းရဲျခင္းေတြကိုလည္း ခံနိုင္ရည္ရွိေအာင္ ႀကိဳးစားပါ။ ဘဝဟာ အၿမဲတမ္း ခ်မ္းသာမေနနိုင္ဘူး။ အနားမွာ ဘယ္သူမွမရွိေတာ့တဲ့အခါ အထီးက်န္ျခင္းကိုလည္း တည္ၿငိမ္စြာခံယူတတ္ဖို႔ ႀကိဳးစားပါ။ တစ္ခ်ိန္မွာ အထီးက်န္တဲ့ေန႕ရက္ေတြလည္း ရွိလာအုံးမွာပါ။ ေပ်ာ္႐ႊင္ျခင္းေတြ မရွိေတာ့တဲ့အခါ ဝမ္းနည္းျခင္းေတြကိုလည္း ခံစားနိုင္ေအာင္ ႀကိဳးစားပါ။ ဘဝရဲ႕ ျပဇာတ္တစ္ပုဒ္မွာ ဝမ္းနည္းစရာေကာင္းတဲ့ ဇာတ္ဝင္ခန္းေတြက အေတာ္မ်ားပါတယ္။ ရွင္သန္ျခင္းေန႕ရက္ေတြ မရွိေတာ့တဲ့အခါ ေသဆုံးျခင္းကို ၿပဳံးၿပဳံးေလးလက္ခံနိုင္ေအာင္ ႀကိဳးစားပါ။ ရွင္သန္ျခင္းဟာ ေသဆုံးျခင္းမွာ အဆုံးသတ္ပါတယ္။ ေလာကရဲ႕အမွန္တရားတစ္ခုဟာ မတည္ၿမဲျခင္းပဲျဖစ္ၿပီး မတည္ၿမဲျခင္းကသာ တည္ၿမဲျခင္းနိယာမတစ္ခုပါ။ `ဘယ္အရာမွ မတည္ၿမဲဘူး´လို႔ စိတ္မွာ အၿမဲသတိရေပးေနရင္ သင္ဟာ ဒုကၡေတြကို ခံနိုင္ရည္ရွိလာလိမ့္မယ္။ ကိုယ္ပိုင္ဆိုင္ထားသမွ် အရာအားလုံးဟာ တစ္ေန႕မွာ ကိုယ္နဲ႕မဆိုင္တဲ့အရာေတြ ျဖစ္ကုန္ၾကလိမ့္မယ္။ ေျပာရမယ္ဆိုရင္ေတာ့ ဒီကမၻာေပၚမွာရွိတဲ့ သက္ရွိသက္မဲ့ အရာအားလုံးဟာ ကြၽန္ေတာ္တို႔နဲ႕ ခဏတာပဲ ပတ္သတ္ခြင့္ရတာပါ။ `မရွိေတာ့တဲ့အခါ´ ေတြးၿပီးေၾကာက္ဖို႔ မဟုတ္ပါဘူး။ `မရွိေတာ့တဲ့အခါ´ ဆင္ျခင္ၿပီး ႀကိဳတင္ျပင္ဆင္နိုင္ဖို႔ပါ။ Credit…


via အလင္းေရာင္ ဓမၼ https://ift.tt/2qnvnM5