Sunday, November 17, 2019

ကုသိုလ်အမျှ ရကြပါစေသား 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 (အမျှပေးဝေခြင်းဆိုင်ရာ ဗဟုသုတ) ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေး ကုသိုလ် ပြုလုပ်တဲ့ပွဲတွေမှာ ကုသိုလ်အမျှ ပေးဝေ ရေစက်ချတဲ့-ဓလေ့ထုံစံတွေရှိပါတယ်။ ဘာကြောင့် အမျှပေးဝေရေစက် ချကြတာလဲ,ဒီဓလေ့က ဘယ်စဉ်က စခဲ့တာလဲ? ဒီလို အမျှပေးဝေရေစက်ချရာမှာ သာရေးပွဲ၊နာရေး ပွဲဆိုပြီး နှစ်မျိုးရှိပါတယ်။သာရေးပွဲဆိုတာက အလှူ မင်္ဂလာပွဲ,မွေးနေ့ဆွမ်းကပ်,အိမ်သစ်တက်,နှစ်သစ် မင်္ဂလာအလှူစသည့် သာရေးပွဲတွေမှာ ဘာကြောင့် အမျှပေးဝေကြပါသလဲ? ပုညကြိယာဝတ္ထုဆယ်ပါးရှိရာမှာ ပတ္တိဒါန.ပတ္တာ နုမောဒနကုသိုလ်ဆိုတာတွေ ရှိပါတယ်။ပတ္တိဒါန ကုသိုလ်ဆိုတာ မိမိရဲ့ပြုလုပ်ထားတဲ့ကုသိုလ်အဖို့ စေတနာ,သဒ္ဓါတရားတွေရှိပါတယ်။ဒီစေတနာ,သ ဒ္ဓါ တရားတွေက နောင်တမလွန်ဘဝတွေမှာ ချမ်း သာ,ပြည့်စုံဘဝတွေကို ရရှိစေတဲ့အစွမ်းသတ္တိရှိပါ တယ်။ဒီလို စွမ်းအင်ရှိတဲ့ ကုသိုလ်စေတနာအဖို့ကို မိမိ-မိတ်ဆွေတွေကိုလဲ ရရှိစေချင်လို့ အမျှပေးဝေ ခြင်းဖြစ်ပါတယ်။ဒီလို ကိုယ်ရတဲ့ကုသိုလ်ကို တခြား သူတွေကို ရစေချင်တယ်ဆိုတာ ဝန်မတို*တတ်သူ မှ ဖြစ်တာပါ။အဲလို တကယ်ရစေချင်တဲ့စေတနာလဲ ဖြစ်နေဖို့ လိုအပ်ပါတယ်။အမျှပေးရုံသာ မဟုတ်ရ။ သာဓကအနေနဲ့ အရှင်အနုရုဒ္ဓါအလောင်း မြက်ရိပ် သမားဆင်းရဲသားက ပစ္စေကဗုဒ္ဓါအရှင်မြတ် တပါး ကို ဆွမ်းလှူခွင့်ရတဲ့အခါမှာ -အိမ်စောင့်နတ်သမီးရဲ့ သာဓုခေါ်သံကိုကြားအပြီး အဖြစ်အပျက်ကိုသိသွား တော့ သူဌေးကြီးက သူ့ရဲ့ကုသိုလ်ကို ပိုက်ဆံပေးပြီး ဝယ်ပါတယ်။သူက မရောင်းပါ။နောက်မှ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က ဖရောင်းဆီမီးတိုင်ကူးသလို အမျှပေး တာက ကုသိုလ်တွေတိုးပွားတယ်ဟု မိန့်မှ အမှပေး ဝေပေးပါတယ်။အဲဒီကနေ အမျှပေးဝေခြင်းစတာပါ။ ကုသိုလ်အမျှ ပေးဝေတဲ့အခါမှာ တန်ခိုးကြီးတဲ့ နတ် မင်းတွေ,ယမမင်းတို့ကိုလည်း အမျှပေးဝေဖို့ မမေ့ဖို့ လိုအပ်ပါတယ်။နတ်မင်းတွေကို အမျှပေးတဲ့အခါမှာ "ဒီ ကုသိုလ်အဖို့ဟာ သင် နတ်မင်းကြီးအတွက် ချမ်း သာသုခရဖို့ရန် ဖြစ်ပါစေ"ဟု အတိုချုပ် အမျှပေးဝေ သင့်ပါတယ်။ဒီလိုမျိုး အမျှပေးဝေမှုကို အိန္ဒိယနိုင်ငံ မယောပရာဒေ့ရ်ှပြည်နယ်အဝန္တိတိုင်းဝေဠုကဏ္ဍကီ မြို့သူ နန္ဒမာတာအမျိုးသမီးက ဝေဿဝဏ်နတ်မင်း ကို အရှင်မြတ်သာရိပုတြာတို့ကို ဆွမ်းကပ်အပြီးမှာ "ဒီ ကုသိုလ်အဖို့ဟာ အရှင်ဝေဿဝဏ်နတ်မင်းကြီး ချမ်းသာသုခရဖို့ရန် ဖြစ်ပါစေဟု" အမျှပေးဝေခဲ့ဘူး ပါတယ်။ နောက် ယမမင်ကြီးကိုလည်း မမေ့ဖို့ရန် အရေးကြီး ပါတယ်။မိမိတို့တတွေဟာ အကုသိုလ်လုပ်ရပ်တချို့ ပြုလုပ်မိတတ်ကြပါတယ်။အဲဒီ လုပ်ရပ်ကြောင့် ငရဲ ဘုံသို့ရောက်သွားခဲ့ရင် ငရဲအိုးထဲမကျမီ ယမမင်းထံ အယူခံဝင်ရပါတယ်။ယမမင်းကြီးက မကျသင့်တဲ့သူ တွေ မကျအောင်ဆိုပြီး လူ့ဘဝကကုသိုလ်ရေး လုပ် ငန်းတွေကို မေးမြန်းတတ်ပါတယ်။ကိုယ်က ဘယ်လို မှ အစပြန်ဖော်မရအောင်မေ့နေရင် ယမမင်းက ဒီလူ ကုသိုလ်လုပ်စဉ်က သူ့ကို အမျှပေးဝေဖူးသလား"ဟု ကြည့်တတ်ပါတယ်။အမျှပေးဝေခဲ့ဖူးရင် သူကပဲအစ ဖော်ပေးကာ ပြန်သတိရစေပါတယ်။ဒါဆို ငရဲအိုးထဲ ကျဖို့ကနေ သီသီလေးလွက်ပါပြီ။ လူတယောက် ကွယ်လွန်သွားလို့ ကုသိုလ်လုပ်ပြီး အမျှပေးဝေတာကိုတော့ မဖြစ်မနေ အရေးတကြီး ပြုလုပ်ကြလေ့ရှိတယ်။ဒီ အမျှပေးဝေခြင်းကတော့ မိမိထက် တခြားသူကို ဦးစားပေးကုသိုလ်လုပ် အမျှ ပေးဝေခြင်းပါ။မိမိရဲ့ အမေအဖေရဲ့နောက်ဆုံးမျှော် လင့်ချက်ကို ဖြည့်ပေးချင်တာရယ်,ဆွေမျိုးမိတ်ဆွေ တွေ တမလွန်မှာဆင်းရဲဒုက္ခရောက်မှာကို မမြင်ရက် တာတွေကြောင့် အမျှပေးဝေကြခြင်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်အခါ အရှင်မြတ်သာရိပုတြာက သုံးဘဝက မိခင်ဖြစ်ခဲ့ဘူးတဲ့ပြိတ္တာမကြီးကို ဆွမ်းခံပြီး ရလာတဲ့ဆွမ်းတွေကို သံဃာအားလှူဒါန်းပြီး အမျှပေး ဝေခဲ့ပါတယ်။ဗိမ္ဗိသာရရဲ့ သံသရာကဆွေမျိုးဟောင်း တွေအတွက်လဲ ဘုရားရှင်ကို ဆွမ်းကပ် အမျှပေးဝေ ခဲ့ပြီး သူတို့ဘဝတွေကို ဒုက္ခတွေမှ လွှတ်မြောက်စေခဲ့ ဖူးပါတယ်။သာဓကတွေက များစွာပါပဲ။ ဒါပေမယ့် တခုသတိထားရမှာက အမျှပေးဝေတိုင်း သူတို့ မရတတ်ကြပါဘူး။ပေးလှူဒါန်းတဲ့သူရဲ့ သီလ သိက္ခာကလဲ အရေးကြီးပါတယ်။တခါက ဗီဟာပြည် နယ် ရာဇဂြိုဟ်မှာ သူဌေးတယောက် သူသေသွားပြီး ကျန်ရစ်သူသမီးက သူ့အတွက် အမျှပေးဝေဖို့ ဆိုပြီး ဂျိမ်းဘုန်းကြီးပင့် အမျှပေးဝေခဲ့ဖူးတယ်။သူ့မှာတော့ အာပေါက်အောင် သာဓုတွေအကြိမ်ကြိမ်ခေါ်နေပေ မယ့်လဲ ဘာမျှမပြောင်းလဲခဲ့။နောက်မှ အဇာတသတ် မင်းက သူ့အကြောင်းသိပြီး အကူအညီပေးကာ ဗုဒ္ဓ ဘုရားရှင်ကို ဆွမ်းကပ်,အမျှပေးဝေပေးမှ ပြိတ္တာဘဝ ကနေ လွှတ်မြောက်သွားခဲ့ရပါတယ်။ အံ။ပါ။ဓမ္မပဒလာ။ဓမ္မများ။ အမျှပေးဝေတတ်ပါပြီလား သူငယ်ချင်း။ဘာသာရေး ဗဟုသုတရှိထားဖို့က အရေးကြီးပါတယ်။အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 (ပညာစက်ဝန်း)၃:၅၆။ အရှင်ပညာစက္ကာဘိဝံသ။ 🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏 🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏


via အလင်းရောင် ဓမ္မ https://ift.tt/2NXsb33