Thursday, July 25, 2019

❄နိဗ္ဗာန်​​ရောက်​ပြီးပြန်​လာနိုင်​သလား❄ . 💫💫💫💫💫💫💫💫💫 ⏩ယခုတစ်​​လော လိုင်း​ပေါ်၌ ​တွေ့မြင်​ရ​သောမေးခွန်းတစ်​ခု။ ​တော်​​တော်​​လေးလဲ ဂယက်​ထ​နေပါ၏ ယင်း​မေးခွန်းက 🔯နိဗ္ဗာန်​ကို အမှတ်​တမဲ့​ရောက်​သွားခဲ့​သော်​ ဘယ်​လိုပြန်​ထွက်​ရမလဲဟူ၏။ 🔯​​မေးခွန်းက သဿ တဒိဌိအယူနဲ့​မေးတာပါ နိဗ္ဗာန်​ကို ဘာမှမရှိတဲ့ဘုံတစ်​ခုလိုယူပြီး ဆင်းရဲ ချမ်းသာ ခံစားစရာ ဘာမှမရှိ​သော ဘုံဗိမ္ဗာန်​ကြီးတစ်​ခုလို့ထင်​မှတ်​ပြီး ​မေးထားတဲ့​မေးခွန်းပါ။ နိဗ္ဗာန်​အားဘုံတစ်​ခုအဖြစ်​ တည်​ရှိ​နေတယ်​လို့ ယူရင်​ အမြဲရှိ​နေတဲ့သ​ဘော ခိုင်​တယ်​မြဲတယ်​ လို့ယူတဲ့သဿ တဒိဌိ အယူသာဖြစ်​ပါ၏။ နိဗ္ဗာန်​ဟာမရှိဘူးလို့ယူပြန်​ရင်​လဲ ဥ​စ္ဆေဒ ဒိဌိအယူသာဖြစ်​ပါတယ်​။ 🔜တစ်​ကယ်​​တော့ နိဗ္ဗာန်​ဆိုသည်​မှာ ဘာမှမရှိတဲ့ဘုံတစ်​ခုမဟုတ်​ပါ။ ဘုံဗိမ္ဗာန်​ကြီးအဖြစ်​နှင့်​လူနတ်​ဗြဟ္မာ ခန္ဓာတို့ဖြင့်​သွားကြည့်​၍ (သို့)​ရောက်​သွားခြင်​၍ ရ​ကောင်း​သောအရာမဟုတ်​ပါ​ပေ။ အမြဲတမ်းတည်​ရှိ​နေတဲ့ဘုံလည်းမဟုတ်​ပါ​ချေ။ 🔯ဒုက္ခခပ်​သိမ်း ချုပ်​ငြိမ်းပြီး ၊ သံသရာမှာ ခန္ဓာဝဋ်​က​နေ ရုပ်​သိမ်းသွား​အောင်​ တရားဖြင့်​မိမိကိုယ်​ကိုယ်​ပြုပြင်​အားထုတ်​၍ ရအပ်​​သောအကျိုးဖလသာဖြစ်​ပါ၏။ နိဗ္ဗာန်​ဟူသည်​ အတိတ်​ ၊ ပစ္စုပ္ပန်​ ၊အနာဂါတ်​ စသည့်​ ကာလ သုံးဖြာလုံးတွင်​ တည်​ရှိ​နေ​သော အရာလည်း မဟုတ်​ပါ​ချေ။ 🔜နိဗ္ဗာန်​ဟူသည်​ အတိတ်​ ၊ ပစ္စုပ္ပန်​ ၊အနာဂါတ်​ ကာလသုံးဖြာ လုံးတွင်​ ရှိမ​နေသည်​ကိုလည်း မိလိန္ဒမင်းကြီး အ​မေးကို အရှင်​နာဂသိန်​မှ​ဖြေကြား​တော်​မူခဲ့ ဘူးပါ၏။ မိလိန္ဒမင်းကြီးမှ ကာလသုံးဖြာတွင်​ နိဗ္ဗာန်​ မရှိဘူးဆိုပါက နိဗ္ဗာန်​ဆိုတာမရှိဘူးလားဟု ​မေးရာတွင်​ နိဗ္ဗာန်​ ရှိ​နေပုံကို အရှင်​နာဂသိန်​မှ မီးဖွတ်​​သော​ယောင်္ကျား ဥပမာဖြင့်​​ကြေလည်​ ​အောင်​​အောက်​ပါအတိုင်း ရှင်းပြ​တော်​မူခဲ့ပါ၏။ 🔜အသင်​မင်းကြီး သစ်​သား​ခြောက်​ နှစ်​​ချောင်းကိုယူခဲ့ပါ တစ်​​ချောင်းကို မျက်​နှာပြင်​ရ​အောင်​နဲနဲပါးပုတ်​ ပြီးရင်​​အောက်​ကတုံးလုံးခံထား(မှန်​ပါ) ကျန်​တစ်​​ချောင်းကို အဲ့ဒီအောက်​ခံသစ်​သား ​ပေါ်တင်​ပြီး လက်​ပွတ်​ဆူးလှည့်​သလိုလှည့်​ပါ။ အမြန်​နှုန်းနဲ့လှည့်​​ပေး။( မှန်​ပါ) အ​ပေါ်က​ထောင်​ပြီးပွတ်​တဲ့သစ်​သား​ချောင်း ထဲမှာ​ရောပါသလား (မပါပါဘူးဘုရား ) ဒါ​ပေမဲ့ပွတ်​ဖန်းများ​တော့ပူပြီးမီးဖြစ်​လာတယ်​ (မှန်​လှပါဘုရား) အကယ်​၍ ဒီသစ်​သားနှစ်​​ခေါင်းကို မပါတ်​ပဲထားရင်​ မီးရပါ့မလား (မရနိုင်​ပါဘုရား) ကြာ​တော့သစ်​သားမှုန့်​​လေး​တွေထွက်​လာမယ်​ မရပ်​နဲ့ ။ဆက်​ပြီးမြန်​မြန်​​လေးပွတ်​​ပေးပါ။ ကြာ​တော့ပူလာမယ်​။ ပူလာပြီးရင်​ အမှဒန့်​​လေး​တွေကို မီးစွဲလာမယ်​။ ပွတ်​ဖန်​များ​တော့ ပူလာမယ်​။ပူဖန်​များ​တော့ မီးရလာမယ်​။ (မှန်​ပါဘုရား) အဲ့ဒီမှာ စစ်​​မေးကြမယ်​ဒကာ​တော်​မင်းမြတ်​။ ▶ပွတ်​လို့ရလာတဲ့မီးက ​အောက်​ခံသစ်​သားထဲမှာပါသလား (မပါပါဘုရား ) ▶ဒါဖြင့်​ပွတ်​တဲ့လူအဖို့ မီးရတယ်​ မပွတ်​တဲ့လူအဖို့မီးမရနိုင်​ဘူး ဒီသ​ဘောပါပဲ ဒကာ​တော်​မင်းမြတ်​ အလုပ်​လုပ်​သူအတွက်​ နိဗ္ဗာန်​ဟာရှိတယ်​ အလုပ်​မလုပ်​သူအဖို့​တော့ ဘယ်​​တော့မှ နိဗ္ဗာန်​ဟာ မရှိဘူး၊(မှန်​ပါ) ▶ကာလသုံးပါးမှာလဲ နိဗ္ဗာန်​မရှိဘူး အလုပ်​လုပ်​တဲ့သူအဖို့​တော့ နိဗ္ဗာန်​ဟာ ​ပေါ်လာမယ်​။လုပ်​​နေသူအတွက်​ ပစ္စုပ္ပန်​မှာပဲ ​ပေါ်လာမယ်​ ။(မှန်​လှပါဘုရား) ⏩ဘုရားရှင်​​ဟောတဲ့ပါဠိအလိုအရ ▶"နိဗ္ဗာနံ မဂ္ဂဿ ၊ နိဗ္ဗာနံဖလဿ အာရမ္မဏ ပစ္စ​ယေန ပစ္စ​ယော " တဲ့ နိဗ္ဗာန်​ကြီးက မဂ်​ညာဏ်​ ဖိုလ်​ညာဏ်​အား အကြည့်​ခံ အာရုံအဖြစ်​နဲ့ ​ကျေးဇူးပြုမယ်​" မှန်​လှပါဘုရား။ (မိုးတစ်​ဘ၀သာသနာစာ ၅၂၈) ⏩ဤသို့ဆိုလျှင်​ နိဗ္ဗာန်​ဟူသည်​ နဂိုကတည်းကကြိုတင်​ ရှိ​နှင့်​​နေ​သောဘုံမဟုတ်​။ အတိတ်​ကလည်း ရှိခဲ့ဘူးသည်​မဟုတ်​ ။ အနာဂါတ်​တွင်​လည်း ဘုံဗိမ္ဗာန်​သဖွယ်​ ရှိမ​နေပါ​ချေ။ ကာလသုံးပါးလုံးတွင်​ နိဗ္ဗာန်​သည်​ တည်​ရှိ​နေ​သော ဘုံတစ်​ခုမဟုတ်​ပါ​ချေ။ ▶ထို့​ကြောင့်​ နိဗ္ဗာန်​သည်​ အလိုအ​လျောက်​(သို့) မ​တော်​တဆ ​ရောက်​နိုင်​စရာ လုံးဝ မရှိပါ​ချေ။ မ​တော်​တစ်​ဆရမည်​ ဆိုခြင်းမှာလဲ ဖိုးလမင်းကို လိုခြင်​​သော က​လေးပမာ သာ ညာဏ်​ပညာ မိုက်​မဲခြင်းသာလျှင်​ဖြစ်​၏။ ၎င်းအပြင်​ နိဗ္ဗာန်​ကို ဘာမှမရှိ​သော ဘုံဗိမ္ဗာန်​ကြီးသဖွယ်​ ဒိဌိအယူနှင့်​​မေး​သော ​မေးခွန်းအတွက်​ အ​ဖြေကားမရှိပါ​ချေ။ 🔜အားထုတ်​​နေသူအတွက်​ပင်​ ပစ္စုပ္ပုန်​ကာလ၌ အာရမ္မဏ ပစ္စ​ယေန ပစ္စ​ယော ဟူ​သော ပါဠိ​တော်​နှင့်​ အညီဆိုရပါက နိဗ္ဗာန်​ဟူသည်​ အကြည့်​ခံသ​ဘောဖြင့်​ ​အာရမ္မဏိကအ​နေဖြင့်​ သာ ​ပေါ်​ပေးခြင်းဖြစ်​ပြီး ၊ဘုံဗိမ္မာန်​ကြီး ​ပေါ်လာပြီး ၊ 🔯ယင်းဘုံကြီးထဲသို့ ခဏ၀င်​​ရောက်​ သွားပြီး ပြန်​ထွက်​လာရခြင်းမျိုးလဲမဟုတ်​ပါ​ချေ။ ယင်းသို့ တည်​ရှိ​နေ​သောဘုံကြီးကို မဂ်​ညာဏ်​ ဖိုလ်​ညာဏ်​အစွမ်းဖြင့်​ (သို့) ဖလသမာပတ်​ အစွမ်းဖြင့်​ ခဏသွားပြီး ပြန်​လာကြသည်​ဟု ယူပြန်​ကလည်း သဿ တဒိဌိအယူပင်​ဖြစ်​ပါ၏။ ဖလသမာပတ်​အစွမ်းဖြင့်​ ခန္ဓာ​လောင်​စာသိမ်းပြီး ကိ​လေသာမီးတို့ ငြိမ်း​အေး​နေသည့်​ ပရမတ္တတရားကို ညာဏ်​ဖြင့်​ ကြည့်​မြင်​ ခြင်းသာဖြစ်​ပါ၏။ ခန္ဓာရုပ်​တုံး ရုပ်​ခဲကြီးဖြင့်​ ဗိမ္ဗာန်​ကြီးထဲ ၀င်​သွားခြင်းမျိုးကား မဟုတ်​ပါ​ချေ။ 🔯နိဗ္ဗာန်​​ရောက်​သွားသည်​ဟု ဆိုလျှင်​ပင်​ ဒိဌိအယူဝင်​​နေ​ပြီဖြစ်​၏။ ဘုရားရှင်​ကိုယ်​​တော်​တိုင်​ကပင်​ ရဟန္တာ​သေလျှင်​ နိဗ္ဗာန်​​ရောက်​သည်​ဟူ​၍ အယူလွဲ​နေသည့်​ ရဟန်း​တော်​အား ​မီးပုံနှင့်​ဥပမာပြ၍ ​လောင်​စာသိမ်း၍ မီးငြိမ်းခြင်းသာဖြစ်​သည်​ကို ​ဟောကြား​တော်​မူခဲ့ပါ၏။ 🔜​မီး​လောင်​​နေ​သော​လောင်​စာတို့၏ သ​ဘောကို ဥပမာပြ၍။ ​လောင်​စာကုန်​​သောအခါမီးသည်​အလိုလို ငြိမ်း​အေးသွားရသကဲ့သို့။ ငြိမ်းသွား​သောမီးသည်​လည်း ​တောင်​​ ​မြောက်​ အ​ရှေ့အ​နောက်​ ထက်​​အောက်​ ၀န်းကျင်​ အရပ်​​လေးမျက်နှာ ၊ အရပ်​ရှစ်​မျက်​နှာ အရပ်​ ၁၀ မျက်​နှာ တို့သို့ ​ရောက်​သွားခြင်းမဟုတ်​။ ​ရေ၊​မြေ ၊ ​တော၊ ​တောင်​ ၊ သစ်​ပင်​ ၊ ​ကောင်းကင်​ စသည်​တို့သို့ ​ရောက်​သွားခြင်းလည်းမဟုတ်​​ချေ။ ​လောင်​စာသိမ်း၍ အလိုလိုမီးငြိမ်းသွားခြင်း သာပင်​ ဖြစ်​ပါ၏။ 🔜ထို့အတူပင်​ ခန္ဓာတည်းဟူ​သော ​လောင်​စာနှင့်​ ကိ​လေသာတည်းဟူ​သော မီးတို့​ပေါင်းစုံမိ၍ ​လောင်​ကျွမ်း​နေ​သော သံသရာမီး ၊ ကိ​လေသာမီး အပါယ်​မီး ၊ ၃၁ ဘုံ ခန္ဓာမီးတို့၏ ၊ ငြိမ်း​အေးသွားခြင်းကို အဘယ်​အရပ်​သို့ ​ရောက်​သွားသည်​ဟု ဆိုနိုင်​ပါသနည်း။ ယင်းသို့ ခန္ဓာချုပ်​ငြိမ်း၍ ​နောက်​ဒုက္ခသိမ်းကာ ကိ​လေသာအပူတို့ငြိမ်း​အေးသွားခြင်းကို နိဗ္ဗာန်​သို့​ရောက်​သွားသည်​ဟုမဆိုထိုက်​။ ပူ​လောင်​​သော​ဘေးကို ​ကြောက်​ရွံ့​သော​ကြောင့်​ ခန္ဓာဒုက္ခသစ္စာ ချုပ်​ရာငြိမ်းရာအကျင့်​မြတ်​ မဂ္ဂသစ္စာ​ကြောင့်​ ခန္ဓာဒုက္ခသစ္စာ၏အဆုံး၌ ၊ ကိ​လေသာမီးတို့ငြိမ်း​အေးသွားခြင်းကိုသာ နိ​ရောဓသစ္စာ နိဗ္ဗာန်​ဟု ဆိုလိုခြင်းသာ ဖြစ်​ပါ၏။ 🔜မိမိခန္ဓာ၏ချုပ်​ဆုံးမှု​နိ​ရောဓသစ္စာကြောင့်​ ကိ​လေသာအပူဓာတ်​တို့ငြိမ်း၍ ထာဝရ​အေးချမ်းသွားမှု(သန္တိသုခ)သ​ဘောကိုသာ နိဗ္ဗာန်​ဟုဆိုလိုခြင်းဖြစ်​ပါ၏။ 🔜ဤသို့ငြိမ်း​အေးသွားခြင်းသ​ဘောကို ဘုံတစ်​ခုသို့​ရောက်​သွားသည့်​အလား ထင်​မှတ်​မှားခြင်းသည်​ မိစ္ဆာဒိဌိအယူသာဖြစ်​၏။ တည်​တန့်​​နေ​သော ဘုံတစ်​ခုဟုယူခြင်းသည်​လည်း သဿ တဒိဌိအယူဖြစ်​ပါ၏။ မရှိတရားဟုယူပြန်​ကလည်း ဥ​စ္ဆေဒိဌိ (ပြတ်​သည်​ဟုယူ​သောအယူဝါဒ)ဖြစ်​ပါ၏။ 🔯ထို့​ကြောင့်​နိဗ္ဗာန်​ဟူသည်​ အရှိတရားဖြစ်​​သော်​လည်း ဝိပဿ နာတရား ကျင့်​ကြံအားထုတ်​သူတို့အတွက်​သာ ဖြစ်​ပါ၏။ 🔜ဗုဒ္ဓဘာသာမှန်​ငြား​သော်​လည်း ကျင့်​ကြံအားထုတ်​မှု မရှိ​သော်​ နိဗ္ဗာန်​သည်​မရှိ။ 🔜ကျင်​ကြံအားထုတ်​ပါ​သော်​လည်း မီးဖွပ်​​သော​ယောင်္ကျားကဲ့သို့ မရမ​နေ မရမခြင်း မီးမ​တောက်​မခြင်း ပွတ်​သကဲ့သို့ ပြီးဆုံး​အောင်​ ကြိုးစားအားထုတ်​မှု မရှိပြန်​​သော်​ မရနိုင်​။ 🔯မီးမ​တောက်​မခြင်း လုံ့လမ​လျော့​သောသူတို့သာ တရားသာဖြစ်​ပါ၏။ 🔯နိဗ္ဗာန်​ဟူသည်​ အားထုတ်​သူအတွက်​ ပစ္စုပ္ပန်​တည့်​တည့်​တွင်​ ဘုံဗိမ္ဗာန်​ကြီးသဖွယ်​ ဘွားကနဲ​ပေါ်လာခြင်းမဟုတ်​ပါ။ 🔜ညာဏ်​အမြင်​၌ ရှင်းရှင်းလင်းလင်း သိမြင်​အပ်​​သော ဒဿ န​ဌောဂုဏ်​နှင့်​အညီ အကြည့်​ခံ အာရမ္မဏိကအဖြစ်​သာ သိမြင်​လိုက်​ရခြင်းဖြစ်​ပါ၏။ 🔜ထို့​ကြောင့်​ နိဗ္ဗာန်​သို့ ​ရောက်​သွားစရာ အ​ကြောင်းမရှိပါ​ချေ။ ကြိုးစားအားထုတ်​သူ၏ညာဏ်​၌ ဒိဌဓမ္မ သိမြင်​လိုက်​ရခြင်းသာဖြစ်​ပါ၏။ 🔯ထို့​ကြောင့်​ နိဗ္ဗာန်​ဟူသည်​ အပြီး​ရောက်​သွားစရာဘုံလည်းမဟုတ်​ ခဏသွားပြီးပြန်​လာ၍ရ​သော ဘုံလည်းမဟုတ်​ပါ​ချေ။ 🔯ခန္ဓာ​လောင်​စာသိမ်း၍ ကိ​လေသာမီးတို့ ငြိမ်း​အေးပြီး ၊ ချုပ်​ငြိမ်းသွား​သော သ​ဘော နိ​ရောဓသစ္စာသာဖြစ်​ပါ​တော့၏။ #ဒိဌိအယူစင်​ကြယ်​၍ သစ္စာ​ညာဏ်​အမြင်​၊ ညာဏ်​တွင်​ကိန်းကြပါ​စေ ⏪သာယာချမ်း​မြေ့ကြပါ​စေ⏩ 🔯သစ္စာနီ🔯

via အလင်းရောင် ဓမ္မ https://ift.tt/2YqEs62

စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲ? ❤❤❤❤❤❤❤❤❤❤❤❤❤ 🌟 တွယ်တာမှုတွေ မရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင် သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီး တော့ ကိုယ့်စိတ်ကိုဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။ "ရာဟုလာ တဲ့၊ မင်းရဲ့ စိတ်ကလေးကို မြေကြီး နဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့ ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ" တဲ့။ ​မြေ ~~~~~ 🌟 မြေကြီးက ဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေ မြေကြီးပေါ်မှာ ကောင်းတာလည်းချကြတယ်၊ မကောင်းတာလည်း ချတယ်၊ သန့်ရှင်းတာလည်း ချတယ်၊ ရွံစရာတွေလည်းချတယ်။ သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာမြေကြီးကပြောင်းလဲမှုမရှိဘူးတည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို တည်ငြိမ်အောင် လုပ်လို့ပြောတာ။ 🌟မျက်စိက အဆင်းအာရုံကို မြင်တဲ့အခါမှာ ကောင်းတာ လေးတွေ့ရင် ကြိုက်လိုက်တာ၊မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့ မဖြစ်စေရဘူးလို့ ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်က တည်ငြိမ်သွားတယ်။ ​ကောင်းမကောင်းကြိုက်မကြိုက်အပေါ်မှာလောဘလည်းမဖြစ်နဲ့ဒေါသလဲမဖြစ်နဲ့မြေကြီးလိုစိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်၊ ဟော ဒါ လေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။ ​ရေ ~~~~~~~ 🌟 နောက်တစ်ခုက ဘာတုန်းဆိုရင် ရေ နဲ့ အလားတူ အောင် ကိုယ့်စိတ်ကိုလည်းပဲ လေ့ကျင့်ပေးတဲ့။ ရေဆိုတာ အညစ်အကြေးတွေးလည်း ဆေးကြောတာပဲ၊ စိန်တို့ ကျောက်တို့လည်း ဆေးတာပဲ၊ အကောင်းလည်း ဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်းရေနဲ့ ဆေးတာပဲ။ 🌟ရေက အညစ်အကြေးတွေ ဆေးရလို့ သူက စိတ်ပျက်တာမရှိဘူးအကောင်းဆေးရလို့လဲဝမ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်းဝမ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့ဒေါသမဖြစ်နဲ့။ လောဘဒေါသမဖြစ်အောင်ရေလို အလားတူ ခိုင်မာသွားအောင်စိတ်ကိုလေ့ကျင့်ပေးပါတဲ့။ မီး ~~~~~ 🌟 နောက်တစ်ခုက ဘာတုန်းဆိုရင် မီး၊ မီးဆိုတာလည်း အတူတူပဲ၊ ကောင်းတာလည်း လောင်လိုက်တာပဲ၊ မကောင်းတာလည်း လောင်တာပဲ။ ကောင်းတာကျတော့ လောင်ချင်တယ်၊ မကောင်းတာကျတော့ မလောင်ချင်ဘူး လို့ မီးက ချေးများတာ မရှိဘူး။ 🌟 အဲဒါလိုပဲ ကိုယ့်စိတ်ကလေးကိုမီးနဲ့အလားသဏ္ဍာန်တူအောင် ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။ အာရုံတွေတွေ့လာတဲ့အခါမှာနှစ်သက်စရာတွေ့လို့လည်းလောဘမဖြစ်နဲ့မနှစ်သက်စရာအာရုံတွေ့လို့လညးဒေါသမဖြစ်နဲ့ စိတ်ကလေးကိုမီးကဲ့သို့တည်ငြိမ်မှုရအောင်၊ တေဇောဓာတ်ကဲ့သို့တည်ငြိမ်မှုရအောင်ကြိုးစားအားထုတ်ပါတဲ့။ ​လေ ~~~~~~ 🌟 နောက်တစ်ခုကျတော့ လေ လို တည်ငြိမ်အောင် ကြိုးစား၊ လေက ဘယ်လို တည်ငြိမ်တာတုန်းဆိုရင် လေဟာလည်းပဲ ကောင်းတာကိုလည်း တိုက်ခတ်တယ်၊ မကောင်းတာကိုလည်း တိုက်ခတ်တယ်။ ဘယ်ဟာလဲဖြစ်ဖြစ် လေဟာ မကောင်းတဲ့အနံ့ကိုလည်း သယ်လာတာပဲ၊ ကောင်းတာကိုလည်း သယ်တာပဲ၊ ဟာ အပုပ်နံ့ကြီး ငါမတိုက်ချင်ဘူး လေကမငြင်းဘူး၊ ပန်းနံ့ကလေးကျတော့ ငါမွှေးလို့ ငါတိုက်ချင်တယ် လို့လည်း မပြောဘူးတဲ့။ 🌟 လေရဲ့သဘောဟာအဆိုးအကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊ အဲဒီလို ကိုယ့်စိတ်လေးဟာကောင်းတာနဲ့တွေ့ရင်နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင်မုန်းတီးတယ်ရွံရှာတယ်ဆိုတာမျိုးမဖြစ်စေနဲ့တဲ့။ စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ရမယ် ဟောဒီလိုဟောတာ။ 🌟နောက်တစ်ခုက ကိုယ့်စိတ်ကလေးကို အာကာသဟင်းလင်းပြင် လို ဖြစ်အောင် လေ့ကျင့်ရမယ်။ အာကာသဟင်းလင်းပြင် ဆိုတာ ဘယ်အရာကိုမှအမှီပြုနေတာမျိုးမရှိဘူး။ အာကာသဆိုတာ ဘာမှမရှိတဲ့ ကွက်လပ်လေးတွေကို ပြောတာနော်။ 🌟 အဲဒီ ကွက်လပ်လေးတွေထဲမှာ အကောင်းအဆိုးဆိုတာပြောလို့မရသလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲကောင်းတာတွေ့ရင်လောဘမဖြစ်ဖို့မကောင်းတာတွေ့ရင်လည်းဒေါသမဖြစ်ဖို့စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင်ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ရာဟုလာကိုဒီလိုဟောတယ်။ ကျေးဇူးတော်ရှင်... ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏 ‘ရာဟုလာ၏ဘ၀နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ အပိုင်း(၂)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ credit::original uploader © April

via အလင်းရောင် ဓမ္မ https://ift.tt/2JSbTGs

ငါမကြိုက်ရင် ငါမလုပ်နဲ့နှင့် မိမိကိုယ်ကို ဆင်ခြင်နည်း 🙏🙏🙏🙏🙏🙏 (၁) ပါပိစ္ဆာ အလိုဆိုးရှိသောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အလိုဆိုးရှိသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည်မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ် ရအောင် စိတ်ကို ဖြစ်စေရမည်။ (၂) အတ္တုက္ကံသန ပရဝမ္ဘန မိမိကိုယ်ကို မြှင့်တင် သူတစ်ပါးကို ရှုတ်ချ တတ်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း မိမိကိုယ်ကို မြှင့်တင် သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါး တို့ ချစ်ခင် နှစ်သက်ကြမည်မဟုတ်” ဟု ရှု ဆင်ခြင်၍ … မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကိုဖြစ်စေရမည်။ (၃) ကောဓန အမျက်ထွက်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၄) ဥပနာဟီ အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၅) အဘိသင်္ဂိ အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၆) ကောဓနော ကောဓသာ မန္တဝါစံ နိစ္ဆာရေတာ ရန်စကားပြောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၇) ပရိပ္ဖရတိ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက် ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၈) အပသာဒေတိ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၉) ပစ္စာရောပေတိ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက် ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၀) အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော… အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော… အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၁) အပဒါနေ န သမ္ပာယတိ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် … ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက် ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၂) မက္ခီ ပဠာသီ ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင် သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၃) ဣဿုကီ မစ္ဆရီ မနာလိုဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … မနာလို ဝန်တိုသူမဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၄) သဌော မာယာဝီ ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၅) ထဒ္ဓေါ အတိမာနီ ခက်ထန် မောက်မာသောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ခက်ထန် မောက်မာသောသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၆) သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သော သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင် ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် … ကြေးမုံမှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရ ဘိသကဲ့သို့ … “အပါယဂမနီယ အကုသိုလ် ပါပဓမ္မများ” ကို မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမားအသွင် ထင်မြင်လာပါတော့ သည်။ ထိုအခါ အကုသိုလ်တရားများကို ပယ်ရှား ရန်အတွက် ကသိုဏ်း ပရိကံအလုပ်ကို အားထုတ်လျက် … ဝိပဿနာတရား ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင် မည်သာ ဖြစ်ပါတော့သည်။ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ Credit : Paral lel.

via အလင်းရောင် ဓမ္မ https://ift.tt/2y9bQPI

စိတ်ကောင်းထားက မိတ်ကောင်းရ •••••••••••••••••••••••••••••••••• (၁) အကျိုးလိုကာ ချစ်တတ်ပါ။ မှန်စွာ မိတ်ဆွေစစ်။ (၂) ဆင်းရဲကင်းပျောက် မကျရောက်အောင် စောင့်ရှောက်ကာကွယ် စွမ်းရည်ကြွယ် ချစ်ဖွယ် မိတ်ဆွေစစ်။ (၃) ကိုယ်နဲ့တန်းတူ မိတ်ဖွဲ့ယူ ချစ်မူ မိတ်ဆွေစစ်။ (၄) အတွင်းရေးမှာ ထည့်သွင်းကာ ထားတာ မိတ်ဆွေစစ်။ (၅) လျှို့ဝှက်ချက်များ ထည့်သွင်းထားကာ ယုံအပ်ပါ သစ္စာရှိတာ မိတ်ဆွေစစ်။ (၆) ကိုယ်တိုင်ပြုငြား ကောင်းမှုများ စွမ်းအားပြည့်တဲ့ မိတ်ဆွေစစ်။ (၇) နောက်နောင်ဘဝ နိဗ္ဗာန်ကျအောင် မုချပိုင်ပိုင် ပို့ဆောင်နိုင် ကြံ့ခိုင်မိတ်ဆွေစစ်။ (၈) သစ္စာမဖောက်၊ကောင်းရာရောက်အောင်၊ ပို့ဆောင်နိုင်ကြောင်း၊မိတ်ဆွေကောင်း၊ စုပေါင်းအားအစစ်။ (၉) ကိုယ်ကချစ်မှ သူကတစ်ဖန်၊ ကိုယ့်ကိုပြန်၊အမှန်ကောင်းစွာချစ်။ လောကဆိုတာ အဝိဇ္ဇာ တဏှာ ဦးဆောင် တာဖြစ်လို့ အဆိုးတွေသိပ်ပေါတယ်။ အဆိုးကို နိုင်သလောက်သာ ကိုယ့်ဆီကို အကောင်းတွေ ရောက်လာနိုင်ကြမှာ ဖြစ်တယ်။ အဆိုးတွေကင်းဖို့ အကောင်းတွေ ဖြည့်သွင်း နိုင်ဖို့ ကူညီပေးနိုင်မယ့် မိတ်ဆွေကို အထူးပဲ လိုအပ်ပါတယ်။ မိတ်ဆွေကောင်းရဖို့ အရင်းနှီးဆုံးပေါင်းသင်း ရမယ့် ပုဂ္ဂိုလ်ကတော့ မိမိပဲဖြစ်တယ်။ ကိုယ့်ဟာကိုယ် ရင်းရင်းနှီးနှီး ပေါင်းတတ်မှ ကံကောင်းလာမယ်။ ကံကောင်းမှပဲ မိတ်ဆွေကောင်း တွေ့ရမယ်။ အဇ္ဈတ္တ မိတ်ဆွေကောင်းမှ ဗဟိတ္တ မိတ်ဆွေကောင်းတွေ ပြည့်လာမယ်။ အတွင်းမှာရော အပြင်မှာရော မိတ်ဆွေကောင်းဆိုတာ ရှိနေရမယ်။ ကိုယ်ကိုယ်တိုင် စိတ်ပါလက်ပါ ပြုလုပ်ထားတဲ့ ကောင်းမှုတရားကမှ တကယ့်မိတ်ဆွေအစစ်ပါ။ (၁) အကျိုးကို လိုလားတဲ့အနေနဲ့ ချစ်တတ်လို့ မိတ်ဆွေ ခေါ်ပါတယ်။ သွေးသားစပ်သည်ဖြစ်စေ မစပ်သည်ဖြစ်စေ အကျိုးကို တကယ် လိုလိုလားလားချစ်မှ မိတ်ဆွေပါ။ ကိုယ့်ကောင်းမှုကတော့ ကိုယ်က သူ့ကိုချစ်လို့ စိတ်ပါလက်ပါ ပြုလုပ်ထားတာဖြစ်တာကြောင့် သူကလဲ ကိုယ်ချစ်သလောက် ကိုယ့်ကို တုန့်ပြန်ပြီးသားပါ။ ဗဟိတ္တမိတ်ဆွေ ဆွေမျိုးက ဆောင်ရွက်မပေး နိုင်တာကိုတောင် ကုသိုလ်မိတ်ဆွေက ဆောင် ရွက်ပေးနိုင်တာကိုး။ (၂) အကျိုးမဲ့ ဆင်းရဲတွေ မကျမရောက် ကင်းပျောက်အောင် စောင့်ရှောက်ကာကွယ် ပေးတတ်လို့လဲ မိတ်ဆွေခေါ်ရတယ်။ ကိုယ့်ကုသိုလ်ကမှ အကျိုးမဲ့ ဆင်းရဲမရောက် အောင် စောင့်ရှောက်ကာကွယ်ပေးတဲ့ တကယ့် မိတ်ဆွေစစ်ပါ။ ဗဟိတ္တ မိတ်ဆွေက တစ်ခါတစ်ရံ ကိလေသာ ကြောင့် စိတ်ဖောက်ပြန်ပြီး အကျိုးမဲ့အောင် ဆင်းရဲအောင် လုပ်မိတတ်သေးတယ်။ တစ်ခြားမကြည့်နဲ့လေ။ မိဘကတောင် သားသမီးအကျိုးမဲ့သွားအောင် သားသမီး ကတောင် မိဘအကျိုးမဲ့ဆင်းရဲ သွားအောင် လုပ်မိတတ်ကြတာတွေ ရှိနေတတ်သေးတာပဲ။ (၃) သူတစ်ပါးကို ကိုယ့်အပေါ် ညွတ်လာ အောင် မိတ်ဖွဲ့ ဆွဲဆောင်ယူတတ်လို့လည်း မိတ်ဆွေခေါ်တာပါ။ ကိုယ်နဲ့တန်းတူထားပြီး မိတ်ဖွဲ့ယူတတ်တယ်။ ကိုယ့်ကုသိုလ်ကမှ အံ့ဖွယ်စွမ်းဆောင်ချက် ကောင်းကျိုးပြုပြီး ကုသိုလ်မလုပ်ဘဲ မနေနိုင် အောင် မိတ်ဖွဲ့ ဆွဲဆောင်တတ်တဲ့ မိတ်ဆွေ စစ်ပါ။ ကုသိုလ်ကို လက်ခံနိုင်တဲ့ သဒ္ဓါတရားပေါ်ဖို့ ကုသိုလ်နှင့် လူပေါင်းမိဖို့ လူက ကုသိုလ်ရှင် ဖြစ်သွားဖို့ ကုသိုလ်မိတ်ဆွေက မိတ်ဆွေက မိတ်ဖွဲ့ ဆွဲဆောင်နေပါတယ်။ (၄) သူ့အတွင်းရေးမှာ ထည့်သွင်းထား တတ်လို့လည်း မိတ်ဆွေ ခေါ်ရတယ်။ သူက ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ အတွင်းကျကျ ချစ်တတ်တယ်ပေါ့။ ကိုယ့်ကို အစစအရာရာ တိုင်ပင်ရမယ့် အတွင်းနေပုဂ္ဂိုလ်လို့ သဘောထားနိုင်တယ်ပေါ့။ ကုသိုလ်ကမှ သူနှင့် လူတစ်ထပ်တည်း ဖြစ် အောင် လူကို ကုသိုလ်အတွင်း ဝင်ရောက်နိုင် အောင် ထည့်သွင်းပေးတတ်လို့ တကယ့် မိတ်ဆွေစစ်ပါ။ ကုသိုလ်ရဲ့အံ့ဖွယ်ထူးဆန်း အကျိုးပေးနိုင်တဲ့ အစွမ်းကို မြင်သာအောင် ထင်ထင်ရှားရှား ဖော်ပြပေးနေတာကပဲ လူကို ကုသိုလ်အတွင်း သားဖြစ်အောင် လုပ်ပေးနိုင်တဲ့သဘောပါ။ (၅) ကိုယ့်ရဲ့လျှို့ဝှက်ထားရမယ့် အတွင်းရေး ကိစ္စတွေမှာ စိတ်ချလက်ချ ထည့်သွင်းထား ထိုက်တယ်။ ယုံကြည်စိတ်ချရလောက်အောင် သစ္စာရှိတယ်။ ဒါ့ကြောင့်လည်း မိတ်ဆွေလို့ ခေါ်တယ်။ ကုသိုလ်ကမှ အတွင်းကျကျ ယုံကြည်စိတ်ချစွာ ထည့်သွင်းထားထိုက်တဲ့ မိတ်ဆွေစစ်ပါ။ မိဘဆွေမျိုး မိတ်ဆွေအရင်းတောင် မစွမ်းဆောင် နိုင်တဲ့ အရာအားလုံးကို ကုသိုလ်က စွမ်းဆောင် ပေးနိုင်တာကိုး။ ကုသိုလ်မိတ်ဆွေဟာ တမလွန်ဘဝ နိဗ္ဗာန်ကျ အောင် မုချအကျိုးဆောင်ပေးနိုင်တဲ့ ကိုယ့်ရဲ့ အကျိုးဆောင် အတွင်းရေးမှူး အစစ်လည်း ဖြစ်တယ်။ ဘယ်တော့မှ မလိုတစ်မျိုး လိုတစ်မျိုးမလုပ်ပဲ အစ အလယ် အဆုံး အကောင်းဖက်ကချည်း နေပြီး ကိုယ့်ကို အမြဲကူညီစောင့်ရှောက် တတ်တာ ကြောင့် သစ္စာအရှိဆုံး မိတ်ဆွေလည်း ဖြစ် ပါတယ်။ ကုသိုလ်ဆိုတာ ကိုယ်ချစ်တတ်သလောက် သူက ပြန်ချစ်တတ်တဲ့ မြတ်နိုးဖွယ် အကောင်းဆုံး မိတ်ဆွေပါ။ ကိုယ်ချစ်တာထက် သူကပိုချစ်တတ်ပါတယ် လို့တောင် ပြောရင်ဖြစ်နိုင်ပါတယ်။ ကုသိုလ်က ပေးတာလောက်တော့ ဘယ်သူမှမှီအောင် လုပ်မပေးနိုင်ပါဘူး။ စိတ်ကောင်းထားတတ်သလောက် ကုသိုလ် မိတ်ကောင်းနှင့် တွေ့ခွင့်ရှိတယ်။ ကုသိုလ်မိတ်ကောင်းရှိရင် တစ်ယောက်တည်း နေရဲ သေရဲပြီပေါ့။ ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2SzDwqo

မသိ​သေးသူများရှယ်​ထားပါ °°°°°°°°°°°°°°°°°°°°°°°°° သီလရှင်​ဝတ်​ရခြင်းအကျိုး ****************** သီလရှင် ဝတ်ခြင်းသည် ဗုဒ္ဓစာပေတွင် ၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ ၂။သာမဏေရပဗ္ဗဇ္ဇ ၃။ဣသိပဗ္ဗဇ္ဇနှင့် ၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။ ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။ သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။ ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ ဆောက်တည်နိုင် ခဲသော ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန် သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။ ဘဝပေါင်းများစွာက လင်ယူသားမွေး လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။ သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။ ပြီး​တော့ မိန်းကလေးတစ်ဦးအနေဖြင့်မိမိ၏ အလှအပအနေအားဖြင့်ဗန်းတင်ပစ္စည်းဖြစ်သော ဆံပင်ကိုရိတ်ပယ်လိုက်ခြင်းသည်ပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ ပစ္စည်းဥစ္စာရတနာတွေကိုစွန့်ပစ်ရသကဲ့သို့ နိက္ခမပါရမီ တစ်မျိုးပင်ဖြစ်သည် ။ ထို့နောက်မှာတော့ ဖန်ရည်သင်္ကန်းဆင်မြန်းပြီး လူတို့စောင့်ထိန်းနိုင်ခဲသော ၈ ပါး ၉ပါး စတဲ့သီလတွေကို စောင့်ထိန်းရတော့မှာပင်ဖြစ်သည် ဗုဒ္ဓရဲ့စာပေပရိယတ်တွေကို သင်အံပို့ချနိုင်မည်လည်းဖြစ်သည် ဘဝပေါင်းများစွာက လင်ယူ သားမွေးကိစ္စတွေနှင့် အချိန်ကုန်ခဲ့သမျှ ဘုရားသာသနာတော်ရောက်မှ တရားဘာဝနာတွေနှင့်တွေ့ခိုက် မဂ်ရေး ဖိုလ်ရေး နိဗ္ဗာန်အရေးကို တွေးနိုင်မည်လည်းဖြစ်သည် ။ တချို့က သီလရှင်ဆရားလေး ဆရာကြီးများကို လူတို့နှင့်တန်းတူပုံစံမျိုးအနေထားနှင့်ဆက်ဆံကြသည် ကန်တော့စရာမလိုဘူးဟုပင်တွေးထားသူများလည်း တွေ့ဖူး မြင်ဖူး ကြုံဖူးသေး၏ ။ အမျိုးသမီး တစ်ဦးဟာ သီလရှင်ဝတ်တော့မည်ဆိုရင် ရဟန်း (သို့မဟုတ် ) သီလရှင် ဆရာကြီးဆီမှာ ၈ ပါး ၉ ပါးစတဲ့သီလတွေကိုအရင်ဆောက်တည်ပြီးမှ အရင်သီလယူပြီးမှသာလျှင် ဝတ်နိုင်သည် ။ သီလရှင်ဖြစ်သွားပြီဆိုတာနှင့် လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ ၇၅ ပုဒ်စတဲ့ စာပေတွေကို စောင့်ထိန်းပြီးစတင်သင်အံရတော့မည်ဖြစ်သည် ။ တချို့ယောကျာ်းသားများကပြောသေးသည် သီလရှင်ဆိုတာကလည်းမိန်းမထဲကမိန်းမပါပဲ ငါတို့ကယောက်ျားလေးပဲ ရှိခိုးစရာမလိုပါဘူး အရိုသေပေးစရာမလိုပါဘူးဟုဆိုကြသည် ။ မိန်းကလေးရှိခိုးရင် ဘုန်းကံနိမ့်တယ်ဟုပင် တချို့သောသူများထင်ကြလေသည် ကိုယ်စောင့်ထိန်းတာကငါးပါးသီလလောက်နဲ့ ၈ ပါး ၉ ပါး စောင့်ထိန်းနေသောသူများကို မလေးမစားပြုမူစရာမလိုပေ ။ အထက်မှာဖော်ပြခဲ့တဲ့အကြောင်းအရာ ထိုဂုဏ်ရည်တွေနှင့်ပင် သီလရှင်ဆရာလေး ဆရာကြီးများကို ရှိခိုးသင့် / မသင့် ဆိုတာနှင့် တန်းတူထားခွင့်ရှိ /မရှိဆိုတာကို သိနိုင်ပေမည် ။ ထို့ကြောင့် သီလရှင်ဆရာလေး ဆရာကြီးများကို တန်းတူထာခြင်း မရိုမသေပြုခြင်း မရှိခိုးခြင်းများ မပြုလုပ်မိပါစေနှင့် တချို့လူတွေမလေးမစားနဲ့ ပြုမူဆက်ဆံတာများကိုမြင်တွေ့ရတော့ များစွာစိတ်ပျက်စရာဖြစ်ရသည် ။ သီလရှင်ဆရာလေး ဆရာကြီးများကို ကြည်ညိုလေးစားနိုင်ကြသူများဖြစ်ကြပါစေ……။ ပြန်​​လည်​​ဝေမျှသူ မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)။ Credit by. အညတရ အရှင်သောပါကမြိုင်

via အလင်းရောင် ဓမ္မ https://ift.tt/2Ylu5Ad

မသိ​သေးသူများရှယ်​ထားပါ °°°°°°°°°°°°°°°°°°°°°°°°°°°°°° သီလရှင်​ဝတ်​ရခြင်းအကျိုး ****************** သီလရှင် ဝတ်ခြင်းသည် ဗုဒ္ဓစာပေတွင် ၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ ၂။သာမဏေရပဗ္ဗဇ္ဇ ၃။ဣသိပဗ္ဗဇ္ဇနှင့် ၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။ ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။ သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။ ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ ဆောက်တည်နိုင် ခဲသော ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန် သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။ ဘဝပေါင်းများစွာက လင်ယူသားမွေး လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။ သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။ ပြီး​တော့ မိန်းကလေးတစ်ဦးအနေဖြင့်မိမိ၏ အလှအပအနေအားဖြင့်ဗန်းတင်ပစ္စည်းဖြစ်သော ဆံပင်ကိုရိတ်ပယ်လိုက်ခြင်းသည်ပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ ပစ္စည်းဥစ္စာရတနာတွေကိုစွန့်ပစ်ရသကဲ့သို့ နိက္ခမပါရမီ တစ်မျိုးပင်ဖြစ်သည် ။ ထို့နောက်မှာတော့ ဖန်ရည်သင်္ကန်းဆင်မြန်းပြီး လူတို့စောင့်ထိန်းနိုင်ခဲသော ၈ ပါး ၉ပါး စတဲ့သီလတွေကို စောင့်ထိန်းရတော့မှာပင်ဖြစ်သည် ဗုဒ္ဓရဲ့စာပေပရိယတ်တွေကို သင်အံပို့ချနိုင်မည်လည်းဖြစ်သည် ဘဝပေါင်းများစွာက လင်ယူ သားမွေးကိစ္စတွေနှင့် အချိန်ကုန်ခဲ့သမျှ ဘုရားသာသနာတော်ရောက်မှ တရားဘာဝနာတွေနှင့်တွေ့ခိုက် မဂ်ရေး ဖိုလ်ရေး နိဗ္ဗာန်အရေးကို တွေးနိုင်မည်လည်းဖြစ်သည် ။ တချို့က သီလရှင်ဆရားလေး ဆရာကြီးများကို လူတို့နှင့်တန်းတူပုံစံမျိုးအနေထားနှင့်ဆက်ဆံကြသည် ကန်တော့စရာမလိုဘူးဟုပင်တွေးထားသူများလည်း တွေ့ဖူး မြင်ဖူး ကြုံဖူးသေး၏ ။ အမျိုးသမီး တစ်ဦးဟာ သီလရှင်ဝတ်တော့မည်ဆိုရင် ရဟန်း (သို့မဟုတ် ) သီလရှင် ဆရာကြီးဆီမှာ ၈ ပါး ၉ ပါးစတဲ့သီလတွေကိုအရင်ဆောက်တည်ပြီးမှ အရင်သီလယူပြီးမှသာလျှင် ဝတ်နိုင်သည် ။ သီလရှင်ဖြစ်သွားပြီဆိုတာနှင့် လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ ၇၅ ပုဒ်စတဲ့ စာပေတွေကို စောင့်ထိန်းပြီးစတင်သင်အံရတော့မည်ဖြစ်သည် ။ တချို့ယောကျာ်းသားများကပြောသေးသည် သီလရှင်ဆိုတာကလည်းမိန်းမထဲကမိန်းမပါပဲ ငါတို့ကယောက်ျားလေးပဲ ရှိခိုးစရာမလိုပါဘူး အရိုသေပေးစရာမလိုပါဘူးဟုဆိုကြသည် ။ မိန်းကလေးရှိခိုးရင် ဘုန်းကံနိမ့်တယ်ဟုပင် တချို့သောသူများထင်ကြလေသည် ကိုယ်စောင့်ထိန်းတာကငါးပါးသီလလောက်နဲ့ ၈ ပါး ၉ ပါး စောင့်ထိန်းနေသောသူများကို မလေးမစားပြုမူစရာမလိုပေ ။ အထက်မှာဖော်ပြခဲ့တဲ့အကြောင်းအရာ ထိုဂုဏ်ရည်တွေနှင့်ပင် သီလရှင်ဆရာလေး ဆရာကြီးများကို ရှိခိုးသင့် / မသင့် ဆိုတာနှင့် တန်းတူထားခွင့်ရှိ /မရှိဆိုတာကို သိနိုင်ပေမည် ။ ထို့ကြောင့် သီလရှင်ဆရာလေး ဆရာကြီးများကို တန်းတူထာခြင်း မရိုမသေပြုခြင်း မရှိခိုးခြင်းများ မပြုလုပ်မိပါစေနှင့် တချို့လူတွေမလေးမစားနဲ့ ပြုမူဆက်ဆံတာများကိုမြင်တွေ့ရတော့ များစွာစိတ်ပျက်စရာဖြစ်ရသည် ။ သီလရှင်ဆရာလေး ဆရာကြီးများကို ကြည်ညိုလေးစားနိုင်ကြသူများဖြစ်ကြပါစေ……။ ပြန်​​လည်​​ဝေမျှသူ မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)။ Credit by. အညတရ အရှင်သောပါကမြိုင်

via အလင်းရောင် ဓမ္မ https://ift.tt/2ycqrde

ကြောက်မက်ဖွယ် မီး (၁၁) မျိုး 🔥 ▬▬▬▬▬▬▬🔥 •ရာဂ၊ ဒေါသ၊ မောဟ •ဇာတိ၊ ဇရာ၊ မရဏ •သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ အထက်ပါမီး (၁၁) ပါးသည် ပကတိမီးအစစ်မဟုတ်သော်လည်း မီးကဲ့သို့လောင်စေတတ်သောကြောင့် လည်းကောင်း၊ ပကတိမီိးသည် မိမိ၏ ဖြစ်ပွားမှီနေရာ ထင်းကိုလောင်ကျွမ်းဖျက်စီးသကဲ့သို့ ရာဂစသော (၁၁) ပါးသော တရားတို့သည် မိမိ၏ ဖြစ်ပွားရာ သတ္တဝါတို့ကို လောင်ကျွမ်း ဖျက်ဆီးတတ်သောကြောင့်လည်ကောင်း၊ ပကတိမီးနှင့်တူ၍ မီးဟုခေါ်သည်။ ပကတိမီးထက်ပြင်း ပကတိမီိးကိုရေဖြင့်ငြိမ်းသတ်နိုင်၏၊ ရာဂစသော (၁၁) ပါးသောမီးကို မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ သမုဒ္ဒရာလေးစင်းမှ ရေတွေနှင့် ပက်ဖြန်းသော်လည်း ငြိမ်းနှိုင်ဖွယ်ရာမရှိ၊ ၄င်းရေထဲမှာ ဆင်း၍စိမ်နေသော်လည်း မငြိမ်းနိုင်။ ရာဂစသော (၁၁) ပါးသောမီးလောင်၍ သေသဖြင့် အဝီစိငရဲသို့ ရောက်ခဲ့ရာ ထိုအဝီစိမီိးကလည်း ရာဂစသော (၁၁) မီးကို ပြာကျသွားအောင် မတတ်နိုင်ပေ။ သာဓက-(၁) သီဟိုကျွန်း၌ ဘိက္ခူနီမငယ်တစ်ပါးသည် စိတ္တပဗ္ဗတကျောင်းတွင် ဥပုသ်ပြုဖို့ရန် ရောက်လာသောအခါ သိမ်တံခါးဝ၌ ထုလုပ်ထားသော လုလင်ပျို ရုပ်လုံးရုပ်ကြွကို တွေ့မြင်လိုက်ရာ တပ်မက်ချစ်ခင်သောရာဂစိတ်ဖြစ်၍ ရာဂမီး အသည်းနှလုံးကို လောင်ကျွမ်းကာ မတ်တတ်ရပ်လျက် သေသွားခဲ့ရသည်။ သာဓက -(၂) သီဟိုကျွန်း ရွာတစ်ရွာတွင် ရဟန္တာဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်၍ စာသင်သားတပည့်များကို စာသင်ပေးယင်း ဒကာ၊ ဒကာများအား တရားပြသကာ ပရိယတ်၊ ပဋိပတ် သာသနာ့ တာဝန်နှစ်ရပ်လုံးကို ထမ်းဆောင်ကာ သာသနာပြု၍ ချမ်းသာစွာ သီတင်းသုံးနေ၏။ မိုးဦးကျ၍ ဝါဆိုခါနီးအချိန်တွင် ရုပ်ချောချော ရဟန်းပျိုလေးတစ်ပါး ဆရာတော်ကြီး၏ ကျောင်းတွင် စာသင်ကြား၍ နေလိုပါကြောင်း လာရောက်လျောက်ထားလေသည်။ ဆရာတော်ကြီးသည် ထိုရဟန်းကလေးအား ဆင်ခြင်၍ ကြည့်လိုက်ရာ အသက်အန္တရာယ် ထိခိုက်မည်ကို မြင်သဖြင့် နေခွင့်မပြုပေ၊ သို့ရာတွင် ထိုရဟန်းပျိုမှ နေခွင့်ရလိုကြောင်း အကြိမ်ကြိမ်အဖန်ဖန် ထပ်မံ၍ လျောက်ထားလေသည်။ ဆရာတော်ကြီးမှ ထိုရဟန်တော်လေးအား ဝန်ခံကတိတစ်ခုကို လိုက်နာရန် မိန့်ကြားလေသည်။ထိုကတိမှာ - ထိုကျောင်း၌ စာသင်၍နေထိုင်စဉ် ရွာတွင်းသို့ မည်သည့်အခါမျှ မဝင်ရ ဟူ၍ဖြစ်သည်။ ရဟန်းပျိုသည်လည်း ဝန်ခံကတိစကားကို လေးစားစွာလိုက်နာလျက် စာပေတတ်မြောက်အောင်သင်ကြားလေသည်။ စာသင်၍ ပြီးဆုံးသောအခါ ထိုရဟန်းပျိုကလေးသည် ထိုကျောင်းမှထွက်ခွာခွင့်ပေးရန် ဆရာတော်ကြီးအား လျောက်ထား၍ကျောင်းတိုက်မှ ထွက်ခွာလာခဲ့ရာ ရွာတွင်းသို့ ဆွမ်းခံကြွလိုသော မိမိ၏ဆန္ဒအတိုင်း ဆွမ်းခံကြွဝင်လေ၏၊ စိတ်ထဲမှလည်းရွာတွင်းသို့ ဆွမ်းခံကြွသဖြင့် ဘာဖြစ်လာလိမ့်မည်လဲဟု တွေးနေမိသည်။ တစ်အိမ်ကျော်ဖြတ် တစ်အိမ်ရပ်ရင်း အစဉ်အတိုင်းဆွမ်းခံကြွလာရာ တစ်နေရာအရောက်တွင် “ဘုန်းဘုန်းဘုရား ရပ်တော်မူပါအုံးဘုရား”…ဟု အသံချိုချိုလေးတစ်သံ ရဟန်းပျိုလေး၏ နားထဲသို့တိုးဝင်လာ၏။ သွားနေသောခြေလှမ်းများလည်း အလိုလိုရပ်တန့်သွား၏။ ခဏအကြာတွင် နွှဲ့ နှောင်းသွယ်ပျောင်းသော ကိုယ်ဟန်အနေအထားဖြင့် အဝါရောင် ဝမ်းဆက်၊ အဝါရောင်တံဘက် ဆင်မြန်းထားသော ရွှေဝါမယ်ကလေးတစ်ဦးသည် ရဟန်းပျိုကလေးအား ဆွမ်းလောင်းရန် ချဉ်းကပ်လာ၏။ ထိုရွှေဝါမယ်ကလေးသည် ဆွမ်းလောင်ရင်း ရဟန်းပျိုကလေးအား စိုက်ကြည့်နေ၏။ ရဟန်းပျိုကလည်း ထိုရွှေဝါမယ်ကလေးအား စိုက်ကြည့်ပြန်၏။ နှစ်ဦးသား အကြည့်ချင်းဆုံကာ မခုန်စဖူး ရင်ခုန်နေကြ၏။ ခဏကြာမှ အသိတရားဖြင့် ထိန်းချုပ်ကာ မျက်နှာလွှဲ၍ ခွဲခွါခဲ့ကြ၏။ ထိုနှစ်ဦးတို့၏ နှလုံးသားထဲတွင် တစ်ဦး၏ ရုပ်ပုံလွှာကို တစ်ဦးက အလိုအလျှောက်သိမ်းဆည်းထားပြီးဖြစ်နေကြ၏။ ရဟန်းပျိုကလေးကား စာပေသမားပီပီ စွဲလန်းစိတ်ကို စာပေဖြင့်အစားထိုးကာ ဖြေသိမ့်နှိုင်ပေမယ့်၊ ရွှေဝါမယ်ကလေးကတော့ အစားထိုးစရာ မရှိ၍ ဆွမ်းလောင်းပြီးသည်နှင့်အိမ်ခန်းထဲဝင်ကာ မျက်ရည်ကိုအဖော်ပြုယင်းလွမ်းဆွေးနေ၏။ သမီး၏အရိပ်အကဲကို အလွန်နားလည်သော သူမ၏ မိခင်ကြီးသည် အခန်းထဲသို့ဝင်လာကာ သူမအားချော့၍ မေးလေ၏။ အကြောင်းစုံကိုသိရသောအခါ သူမ၏ဖခင်အား တိုက်တွန်းကာ ရဟန်းပျိုလေးအား လျှောက်ထားစေ၏။ ရဟန်းပျိုလေးသည် သာမန်တွေးကာ ခပ်ပေါ့ပေါ့ပင် လူမထွက်လိုပါကြောင်းနှင့် သင်္ကန်းဝတ်နှင့် တစ်သက်လုံးနေသွားရန် ဆုံးဖြတ်ချက်ချထားကြောင်း အခိုင်အမာ ပြောဆို၏။ အရှင်ဘုရားကိုမှမရလျှင် တပည့်တော်၏ သမီးလေးသည် ဆုံးပါးသွားနှိုင်ကြောင်းဖြင့် အကြိမ်ကြိမ်အဖန်ဖန် လျှောက်ထားတောင်းပန်၏။ ရဟန်းပျိုလေးကလည်း အခိုင်အမာ ငြင်းဆို၏။ ဤသို့ဖြင့် ကာလအတန်ကြာသောအချိန်တွင် ရဟန်းပျိုလေးသည် ခရီးသွားဦးဇင်းအိုကြီးတစ်ပါးနှင့် ကျောင်းတိုက်တစ်ခုတွင်ဆုံတွေ့ကြလေ၏။ ဦးဇင်းအိုကြီးသည် ရဟန်းပျိုအား အဝါရောင်ပိတ်စအပိုင်းတစ်ခုကို ပေးအပ်ကာ ရေစစ်ချုပ်ပေးရန် တောင်းပန်၏။ ရဟန်းပျိုက ရေစစ်ချုပ်ပေးယင်း အဝါရောင်ပိတ်စကို စိတ်ဝင်စားသဖြင့် မေးမိ၏။ ဤမည်သောရွာက အမျိုးသမီးငယ်တစ်ဦးသည် ရဟန်းပျိုလေးတစ်ပါးကို စွဲလန်းကာ သေဆုံးသွားရာမှ လှူဒါန်းလိုက်သော ပိတ်စဖြစ်ကြောင်းကြွေကွဲစရာဇာတ်လမ်းကို ပြောပြလေ၏။ အကြောင်းစုံသိရသောအခါ ထိုနေရာမှချက်ချင်းထသွားကာ ရွှေဝါမယ်ကလေးသေဆုံးရာ သုဿာန်မြေပုံတွင်ငိုကြွေးယင်း နှလုံးကွဲ၍ သေဆုံးသွားလေ၏ ။ ဤသာဓက (၂) မှာ ရာဂမီးလောင်၍ ပျက်စီးဆုံးရှုံးကြခြင်းဖြစ်သည်။ ပကတိမီးသည် ပြင်ပပစ္စည်းများကို လောင်ကျွမ်းရာတွင် ပြင်းထန်သလောက် တပ်မက်စိတ် ရာဂမီးသည် နည်းလျှင်နည်းသလောက် များလျှင်များသလောက် ကိုယ်တွင်းမှာ လောင်ကျွမ်း၍ ဒုက္ခရောက်ရ၏။ လောင်အားပြင်ထန်ပါက မခံမရပ်နှိုင်အောင်ဖြစ်လျက် အခုဘဝမှာပင် သေဆုံးပျက်စီးခြင်းသို့ရောက်ရ၏။ ပဒိုင်းသီးကိုကိုင်လျှင် ကိုင်သူကိုစူးရှစေ၏၊ နမ်းလျှင်နမ်းသူကိုမူးသွားစေ၏၊ စားလျှင်စားသူကိုရူးသွပ်စေ၏။ တပ်မက်မှု ရာဂ ကိလေသာသည်လည်း စိတ်ကူကြံစည်မိသည်နှင့် နှလုံးသားတွင်းသို့စူးဝင် ထိုးဆွ လောက်ကိုက်ခံရသည့်ခွေးနာလို မနေသာမထိုင်သာရှိ၏၊ အလွန်စိတ်ဝင်စား၍ စိတ်ကူးမိလျှင်ကား မိုးမမြင်လေမမြင် တွေဝေလိုက်စား အလွန်မိုက်မှားတတ်၏။ ရာဂအလိုဆိုး၏ စေခိုင်းသည့်အတိုင်း လုံးလုံးလျားလျား လိုက်စားသွားမိပါက သွပ်သွပ်ခါအောင် ရူးနှမ်း၍ အမှန်တရားကိုလုံးဝနားလည်မှုလွဲကာ လူမှုန်းမသိဖြစ်တတ်၏။ ဒေါသမီး လမင်း၏ကျက်သရေကို မကြည့်လိုတဲ့အတွက် မစင်ကိုပါးစပ်နဲ့ငုံကာ အပေါ်သို့မော်၍ ထွေးသောသူသည် လမင်းကိုမထိ မိမိမျက်နှာကိုသာ ရစရာမရှိအောင် မစင်ထိသကဲ့သို့ ဒေါသသည် ဒေါသဖြစ်သူကိုယ်တိုင်ကို မီးလောင်သကဲ့သို့လောင်ကျွမ်းဖျက်ဆီးသည်။ ဒေါသဖြစ်ကြောင်းတရား (၉) ပါး (က) မိမိကို အကြောင်းပြု၍ (၃) ပါး—– ၁။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊ ၂။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊ ၃။ ဤသူသည် ငါ၏အကျိုးစီးပွားကို ပျက်စီးအောင်နောင်အခါလည်း ပြုလုပ်နေလိမ့်မည်။ (ခ) မိမိ၏ ချစ်ရသူကိုအကြောင်းပြု၍ (၃) ပါး —- ၁။ ဤသူသည်ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊ ၂။ ဤသူသည် ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊ ၃။ ဤသူသည် ငါ့ချစ်သည်၏ အကျိုးစီးပွားကို ပျက်စီးအောင်နောင်လည်း ပြုလုပ်နေလိမ့်မည်။ (ဂ) မိမိ၏ ရန်သူကိုအကြောင်းပြု၍ (၃) ပါး —- ၁။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ဖူးသည်၊ ၂။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်းအောင်ယခုလည်း ဆောင်ရွက်နေဆဲဖြစ်သည်၊ ၃။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် နောင်လည်းဆောင်ရွက်နေလိမ့်မည်။ မိမိအလိုမကျ၍ စိတ်မဆိုးသင့်သည်ကို စိတ်ဆိုးမှု (ဥပမာ-ခလုတ်တိုက်မိ၍၊ မိုးကြီး၍၊ နေပူ၍၊ ဒေါသဖြစ်ကာ ဆဲဆိုမှု) ကိုပါထည့်၍ ဒေါသဖြစ်စရာအကြောင်း (၁၀) မျိုးရှိသည်။ သာဓက– သေရိဝါဏိဇ္ဇဇာတ်၌ ဒေဝဒတ်အလောင်း ရွဲကုန်သည်သည် ဘုရားအလောင်းတော်ရွဲကုန်သည်ကို စိတ်ဆိုး၍ ဒေါသမီးလောင်ကျွမ်းကာ သေပွဲဝင်ခဲ့ရသည်။ နတ်ဒေါသမီး – - နတ်ပြည်၌ မနောပဒေါသိကနတ်များသည် ဒေါသဖြစ်လျှင် ဒေါသမီးလောင်ကျွမ်းကာ သေဆုံးကြယင်း ဗိမာန်ပါကွယ်ပျောက်ကြသည်။ မောဟမီး နတ်ပြည်၌ မောဟဖိစီး အပျော်ကြီးကြသော နတ်များလည်းရှိသည်။ ထိုနတ်များသည် စားချိန်သောက်ချိန် သတိမထား ပျော်ပါးးမှုများကာ မေ့လျော့ကြသဖြင့် “ မောဟ မီး” လောင်ကျွမ်း၍ သေကြရသည်။ ဇာတိမီး ဘဝစဖြစ်သည်နှင့် ဇာတိမီး စ၍လောင်တော့သည်။် လူ့ဘဝတွင် အမေ့ဝမ်းဗိုက်ထဲ၌ ကိုးလ ဆယ်လ နေခဲ့ရခြင်းသည် ဇာတိမီးလောင်ခံရသည်ကို ညွန်ပြနေခြင်းဖြစ်သည်။ ဇရာမီး အရွယ်ကြီးရင့်၍ ဆံပင်ဖြူ၊ သွားကျိုး၊ ခါးကုန်း၊ အရေတွန့်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မျောက်အိုနှင့်တူရခြင်းသည် ရင့်ရော်၍ ဇရာမီးလောင်ကျွမ်းခြင်းတည်း။ မရဏမီး အိပ်ရာထဲလဲနေပြီးလျှင် မိမိကိုယ်တိုင် စောင်းခြင်း လှဲခြင်း မပြုနိုင်လောက်အောင် အားအင်များကုန်ခန်းသဖြင့် သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာဖျာကပ် ဒုက္ခဖြစ်လျက်၊ ထွက်သက်ဝင်သက်ပြတ်စဲကာ သားသမီးကိုစွန့် မိဘဆွေမျိုးကိုစွန့် တစ်သက်လုံးရှာဖွေစုဆောင်းလာခဲ့သော ဓနငွေကြေးကို စွန့်၍ သေဆုံးရခြင်းသည် မရဏမီးလောင်ခံရခြင်းသဘောတည်း။ သောကမီး သေခါနီးကာလ သားသမီးဆွေမျိုး ဓနငွေးကြေးများကို အပြီးစွန့်ရမည်ဖြစ်၍ အထီးကျန်တစ်ကောင်ကြွက် သေဆုံးရမည့်ဘေးကို တွေးကြောက်ကာ ကြီးစွာသော စိုးရိမ်မှု နှလုံးအိမ်အတွင်း၌ တအုံးနွေးနွေး အတွင်းပူဆွေးခြင်းသောကမီး။ ပရိဒေဝမီး မျက်ရည်ကျ၍ ငိုကြွေးရခြင်း။ ဒုက္ခမီး ကိုယ်ဆင်းရဲရခြင်း ။ ဒေါမနဿမီး စိတ်ဆင်းရဲရခြင်း။ ဥပါယာသမီး ပူဆွေးရသဖြင့် အသည်းနှလုံး ပွင့်ကွဲမတတ် ပြင်းပြင်းထန်ထန် နှလုံးသားအတွင်း လောင်ကျွမ်းရခြင်းသဘောတည်း။ သာဓက— ငါးရာ့ငါးဆယ်ဇာတ်တော်တွင် ဘုးရားအလောင်းတော်၏ မိခင်ဘီလူးမသည် လင်နှင့်သားက မိမိကို စွန့်ခွာကာ ထွက်သွားသည်ကို မြစ်ချောင်းတစ်ဖက်ကမ်းမှ မြင်ရ၍ သောကစသော မီးလောင်ကျွမ်းကာ သေခဲ့ရသည်။ ဓမ္မပါလဇာတ်တော်၌လည်း ဘုရားအလောင်းတော်၏ မိခင်စန္ဒာဒေဝီမိဖုရားကြီးသည် သားတော်ကလေး ဘုရားအလောင်းတော် သေသည်ကိုမြင်သဖြင့် ဝါးရုံတောကိုမီးလောင်သကဲ့သို့ သောကစသောမီးလောင်ကာ သေခဲ့ရသည်။ ဘူရိဒတ်ဇာတ်တော်လာ နတ်မိဘုရားလေးဦးတို့မေးကြသော ပုစ္ဆာ(၁၆) ချက် နတ်ပြည်ကိုအစိုးရသော နတ်တို့၏ အရှင်သိကြားမင်းသည် နတ်မိဖုရားလေးယောက်မေးသော မေးခွန်း(၁၆) ချက်ကို သူနှင့်တကွ နတ်ပြည်ရှိနတ်များအားလုံး မဖြေဆိုနိုင်သဖြင့် နှလုံးမသာယာ ဖြစ်ကာ ဖြေဆိုနိုင်မည့်သူကို ရှာဖွေနေခဲ့သည်။ တစ်နေ့တွင် အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် သူ၏ခမည်းတော် ဓတရဋ္ဌနဂါးမင်းနှင့်အတူ ဆည်းကပ်ခစားရန် သိကြားမင်းထံသို့ လာသောအခါ သိကြားမင်းက အလောင်းတော်အား ပြဿနာ(၁၆)ချက်ကို ဖြေဆိုနိုင်မလားဟု မေးလေသည်။ တာဝန်ယူဖြေရှင်းပေးနိုင်ကြောင်း လျှောက်ထားသဖြင့် ဘုရားအလောင်တော်ကို ရတနာပလ္လင်ထက်၌ နေစေကာ သုဓမ္မာနတ်မိဖုရား၏မေးခွန်းကို ပထမဦးစွာ မေးလေသည်။ သုဓမ္မာနတ်မိဖုရား မေးခွန်း (၄) ချက် မေး။ (၁) – ချစ်သားဒတ္တ မရိတ်ပဲနှင့် ပြတ်သည့်အရာကားအဘယ်နည်း။ ဖြေ။ အရဟတ္တမဂ်ဥာဏ်သည် ကိလေသာများကို တစ်ခုမကျန် ဖြတ်တောက်နှိုင်၍ မရိတ်ပဲနှင့် ပြတ်သည်နှင့်တူပါသည်။ မေး။ (၂)- ဆောက်တူလည်းမဟုတ် မရိုက်မထုပဲ ကွဲသည့်အရာကား အဘယ်နည်း။ ဖြေ။ အဂတိလေးပါးမလိုက်စားပဲ ဥပဒေတရားနှင့်အညီ တရားဆုံးဖြတ်မှုဖြစ်သည်။ မေး။ (၃) ရေမဟုတ်ပဲဆူ၍ မီးမဟုတ်ပဲပူသည့်အရာကားအဘယ်နည်း။ ဖြေ။ မီး(၁၁) ဖြစ်သည်။ မေး။ (၄) မစိုက်မပျိုးရပဲ သီးပွင့်သောအရာကား အဘယ်နည်း။ ဖြေ။ ဘုရား၊ ပစ္စေကဗုဒ္ဓါ သာဝကတို့၏ပါရမီကား ဖြည့်ကျင့်သဖြင့် အထွဋ်အထိပ်သို့ ရောက်လျှင် မဂ်ရေစင်ဖြန်းလိုက်သည်နှင့် သစ္စာလေးပါး အသီးအပွင့် ပွင့်ဖူးရသည်။ သုဇာတာနတ်မိဖုရား မေးခွန်း(၄) ချက် မေး။(၁) ချစ်သားဒတ္တ – လေမဟုတ်ပဲ ကြာဝက်ဆံရနံ့ကို ဘုံသုံးပါးသို့ တိုက်ခတ်ဆောင်ယူနိုင်သည့်အရာကား အဘယ်နည်း။ ဖြေ။ ဒါန၊ သီလ၊ ဘာဝနာတို့ဖြစ်သည်။ မေး။ (၂) လွင်ပြင်မဟုတ်ပဲ အတိုင်းအဆမရှိ ကျယ်ပြန့်သည့် မြို့ရပ်ရွာကား အဘယ်နည်း။ ဖြေ။ နိဗ္ဗာန်ဖြစ်သည်။ (နိဗ္ဗာန်သည် ဘုရားအဆူဆူနှင့် မရေမတွက်နိုင်သော တပည့်သာဝက အသီးသီးတို့ ဝင်စံကြွရောက်စေကာမူ ပြည့်သွားသည်ဟူ၍မရှိ။) မေး။ (၃) တောတောင်၊ ခြံစည်းရိုးတံတိုင်း အကာအရံမရှိပဲ လုံခြုံသည့်မြို့ရွာကား အဘယ်နည်း။ ဖြေ။ သူတော်ကောင်းတရားရှိသောသူသည် ရောက်ရာအရပ်၌ ရန်သူမရှိသဖြင့် အေးငြိမ်းချမ်းသာစွာနေထိုင်ရသည်။ မေး။(၄) ရေမဟုတ်ပဲချေးညှော် အညစ်အကြေးတို့ကို ဆေးနှိုင်သည်ကား အဘယ်နည်း။ ဖြေ။ မဂ်လေးပါးဖြစ်သည်။ သုစိတ္တာနတ်မိဖုရား မေးခွန်း (၄) ချက် မေး။ ( ၁) ချစ်သားဒတ္တ ညဥ့်မဟုတ်ပဲ မှောင်မိုက်နေသည့်အရာသည် အဘယ်နည်း။ ဖြေ။ မောဟအုပ်စိုးနေသော လူမိုက်ကြီးကိုဆိုသည်။ (ပကတိအမိုက်မှောင်ထက် မောဟအမိုက်အမှောင်ကပို၍ မှောင်သည်။ လောကအမှောင်လေးမျိုးရှိသည် လကွယ်နေ့ဖြစ်ခြင်း၊ သန်းခေါင်ယံအချိန်ဖြစ်ခြင်း၊ တောအုပ်ကြီးအတွင်းဖြစ်နေခြင်း၊ မိုးသားတိမ်တိုက်များဖုံးအုပ်နေခြင်း ဤအင်္ဂါလေးပါးနှင့်ပြည့်စုံသော အမိုက်မှောင်သည် အလွန်သိပ်သည်းလှသော အမှောင်ဖြစ်သည်။ ထိုအင်္ဂါလေးပါးအမှောင်ထက် အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့် သစ္စာလေးပါး အမှန်တရားကိုမသိသော အဝိဇ္ဇာဖြစ်သည့် မောဟက ပို၍မှောင်သည်။ လောကအမှောင်က အပါယ်ကိုမကျစေနိုင်၊ ကုသိုလ်အကုသိုလ်ကို ခွဲခြားမသိနိုင်သော မောဟအမှောင်ကြောင့် အကုသိုလ်ဒုစရိုက်ကို ပြုရဲသဖြင့် ငရဲကျ၍ ဒုက္ခခံရသည်။ ငရဲမှလွတ်လာပြန်သောအခါ ပြိတ္တာ၊အသူရကာယ်၊ ခွေး၊ နွား၊ ကြက်၊ ဝက်၊ ငှက်၊ တိရိစ္ဆာန်ဘဝ ဖြစ်ရကာ အပါယ်လေးပါး၌ ဒုက္ခများကို ပြောင်းလဲခံစားရန် မိမိကပင် မောဟဖုံးလွမ်းသဖြင့် အကုသိုလ်ကို ကြိုးစား၍ စုဆောင်းခဲ့သောကြောင့် ထိုလူမိုက်ကိုသာ ဆိုးဝါးသော အမိုက်တိုက်ဟုဆိုရမည်ဖြစ်သည်။) မေး။ (၂) မချက်မပြုတ်ရပဲ ပကတိမီးထက်ပူသည့်အရာသည် အဘယ်နည်း။ ဖြေ။ လောဘရမက်အားကြီးသဖြင့် အရာရာတိုင်း၌ စိုးရိမ်အားကြီးသောသူဖြစ်သည်။ မေး။ (၃) မတက်ပဲနှင့်မြင့်သည့်အရာကား အဘယ်နည်း။ ဖြေ။ မာနဖြစ်သည်။ မေး (၄) နေလမဟုတ်ပဲ နေရောင်လရောင်ထက် လင်းသည့်အရာသည် အဘယ်နည်း။ ဖြေ။ ကောင်းမှုကံနှင်ပြည့်စုံသောပညာရှိသည် နိဗ္ဗာန်အထိ လင်းနိုင်သည်။ သုနန္ဒာနတ်မိဖုရား မေးခွန်း (၄) ချက် မေး။ (၁) ချစ်သားဒတ္တ- ကျား ဘီလူးမဟုတ်ပဲ အသားအသွေးကိုစားသည့်အရာသည် အဘယ်နည်း။ ဖြေ။ ဇရာ၊ မရဏ တို့ဖြစ်သည်။ မေး။ (၂) မိဘနှစ်ပါး မစပ်ယှက်ပါပဲ သားသမီးအစဉ်အဆက် ပေါက်ဖွားလာခြင်းအရာသည် အဘယ်နည်း။ ဖြေ။ ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးဖြစ်သည် ။ မေး။(၃) ခိုးသူမဟုတ်ပဲ ညဥ့် နေ့ နှစ်ပါးကို ခိုးယူစားတတ်သည့်အရာကား အဘယ်နည်း။ ဖြေ။ ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။ (ခိုးသူကို လက်နက်အား၊ ပစ္စည်းအား၊ စွမ်းရည်အား၊ သတ္တိအားနှင့် တားဆီး၍ရသည် ဇရာ၊ ဗျာဓိ၊ မရဏကိုကား ထိုအရာတို့ဖြင့်တားဆီး၍မရနိုင်ပါ။) မေး။ (၄) လေမုန်တိုင်းမဟုတ်ပဲ သစ်ပင်၊ တိုက်တာ၊ အိုးအိမ် စသည်တို့ကို ချိုးဖျက်တတ်သည်ကား အဘယ်အရာနည်း။ ဖြေ။ ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။ ထိုကဲ့သို့ဖြေကြားလေသောအခါ နတ်အပေါင်းတို့က ကောင်းချီးနုမော် သာဓုခေါ်ကြပြီးလျှင် ရတနာခုနစ်ပါးတို့ဖြင့် ပူဇော်ကြလေ၏။ သိကြားမင်းကြီးက-ခက်ခဲ နက်နဲ သိမ်မွေ့ နူးညံ့လှသည့် မေးခွန်း(၁၆) ချက်ကို ကွက်ကွက်ကွင်းကွင်း ဖြေဆိုနိုင်၍ “မြေကြီးအထုနှင့်တူသော ပညာရှိ၏” ဟု ကောင်းချီးပေးပြီးလျှင် ဒတ္တအား ငယ်နာမည်ရှေ့မှ “ဘူရိ” ဂုဏ်ပုဒ်ကိုထည့်သွင်းလျက် ဘူရိ-ဒတ္တ ဘွဲ့တံဆိပ်ခပ်နှိပ်ကာ ချီးမြှောက်လေတော့သတည်း။ ——- သစ္စာပါရမီဓမ္မရာဇာ မှ ကူးယူ တင်ပြပါသည်။ ——— သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာရှိပါစေ။ ║▌│█║▌│ █║▌│█│║▌║█│║▌║ ۩۞۩ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ۩۞۩ ❁ အပ္ပမာဒေန သမ္ပာဒေထ ❁ ✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿ ❦ ⊰❂⊱ ❦ Mg Shwe Oo ❦ ⊰❂⊱ ❦ ❦ ༺۵༻ Ngaoh ༺۵༻ ❦ ║▌│█║▌│ █║▌│█│║▌║█│║▌║

via အလင်းရောင် ဓမ္မ https://ift.tt/2XZLi2Z

မင်္ဂလာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2Yi5msH

Wednesday, July 24, 2019

" ထူးဆန်းသောကံ " 🙏🙏🙏🙏🙏🙏 ❖ မေတ္တာ ထားပေမယ့် မေတ္တာ ပြန်မရမှုတွေ စေတနာ ထားပေမယ့် အသိအမှတ်ပြု မခံရတာတွေ အကြိမ်ကြိမ်ကြုံတွေ့လာရပြီဆိုရင် သတိထားရတော့မယ်။ ❖ ဒါဟာ… သူ့ကြောင့်မဟုတ်ပဲ ကိုယ့်ကြောင့်ဖြစ်တယ် ဆိုတာကိုပေါ့။ ❖ ကိုယ်ပြုခဲ့တဲ့ကံက ညံ့ဖျင်းတော့ ဘယ်လောက်ပဲ စေတနာထားထား ဘယ်လောက်ပဲ မေတ္တာပွားပွား ကံမကုန်သေးသ၍ အမုန်းတွေ အမြင် မကြည်လင်မှုတွေ အပြစ်တင် ခံရမှုတွေကို အဝေးကရော အနီးကပါ တနင့်တစ်ပိုးကြီး ရနေတတ်တယ်။ ❖ အဲဒီအခါမျိုးမှာ ငါကောင်းသလို ငါ့အပေါ် မကောင်းရကောင်းလားလို့ စိတ်မဆိုးလိုက်ပါနဲ့။ ❖ တစ်ဘက်က မျှော်လင့်မထားတဲ့ ဆန့်ကျင်မှုတွေကိုပဲ တုန့်ပြန်နေတယ်ဆိုတာ ကိုယ့်ပြုခဲ့တဲ့ ကံကြောင့်ပါပဲ။ ❖ တုန့်ပြန်မှုတွေကြောင့် စိတ်ဆင်းရဲနေမယ့်အစား အဲဒီကံမျိုး နောက်မကြုံရလေအောင် ဂရုစိုက်ဖို့လိုပါတယ်။ ❖ စေတနာထားပေမယ့် ပြန်လာချင်မှလာမှာပါ။ ❖ မေတ္တာထားပေမယ့် ပြန်ရချင်မှရမှာပါ။ ❖ အနစ်နာ ခံခဲ့ပေမယ့် အသိအမှတ်ပြုချင်မှပြုမှာပါ။ ❖ အရာအားလုံးဟာ မျှော်လင့်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာပါ။ ❖ ဒါကြောင့်… ဘယ်သူ့ကိုမှ စိတ်မဆိုးလိုက်ပါနဲ့ Credit : Original https://ift.tt/2SAFyGI [သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-အလှူအားလုံးတို့တွင်​ တရားအလှူသည်​ အမြတ်​ဆုံးဖြစ်​၏]

via အလင်းရောင် ဓမ္မ https://ift.tt/2LDqS9i

ဗုဒ္ဓကို ယုံသူ မယုံသူ 🙏🙏🙏🙏🙏🙏🙏 🌷ဤကမ္ဘာလောကအတွင်းမှာ ဘုရားပွင့်တယ်ဆိုသော်လည်း လေးကျွန်း တစ်မြင့်မိုရ် တစ်ကမ္ဘာလုံးမှာပွင့်တာ မဟုတ်ပါဘူး။ မဇ္ဈိမဒေသအရပ် ဟာ လေးကျွန်း တစ်မြင့်မိုရ်နှင့်နှိုင်းစာခဲ့လျှင် အလွန်ပင် သေးငယ်လှပါတယ်။ ဘုရားပွင့်ရာ မဇ္ဈိမတိုက်မှာသော်ပင်လည်း ဗုဒ္ဓဘုရားရှင်နှင့် ပြိုင်ဘက် တိတ္ထိဘုရားရဲ့ ဘက်တော်သား အ မြောက်အများရှိနေကြတယ်။ အဲဒီတိတ္ထိဘက်တော်သားများဟာ ဗုဒ္ဓရှင်တော်ဘုရား အဆုံးအမတော်ကို ယုံကြည်သူတွေမဟုတ်ကြဘူး။ 🌷လောကမှာ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့အတိုင်း တတ္ထိ ဘက်တော်သားတွေဟာ ဘုရားရှင်ကိုမခင်ကြဘူး။ ဘုရားရှင်ကို မခင်လေတော့ ဘုရားရှင်ရဲ့အဆုံးအမတော်ကိုလည်း ဘယ်မှာ ယုံကြည်ကြပါမလဲ။ ဒါကြောင့် ဘယ်လောက် တိကျမှန်ကန်တဲ့ တရားကို ဘုရားရှင်က ဟောပေမယ့် သူတို့ကတော့ ဟားတိုက်ပြီး ပြက်ရယ် ပြုကြပေလိမ့်မယ်...။ ယုံကြည် လိုက်နာကြမှာတော့ မဟုတ်ဘူး။ ထိုသူတို့အတွက်ဘုရားရှင်ရဲ့အဆုံးအမ တရားတော်ဟာ ဘာမျှတန်ဖိုးမရှိဘူး။ မရှိလို့ ထိုသာသနာပပုဂ္ဂိုလ်တွေကိုလည်း ဘုရားရှင်ကရည်ရွယ်ပြီးတရားမဟောခဲ့ပါဘူး။ ဒီနေရာမှာ အင်္ဂုတ္တနိကာယ် စတုက္ကနိပါတ်ကလာတဲ့ ကေသီသုတ်ကို ထုတ်နှုတ်တင်ပြပါမယ်။ 🌷ကေသီဆိုတာ မြင်းရိုင်းများကိုယဉ်ကျေးအောင် ဆုံးမတတ်တဲ့ မြင်းဆရာ ဖြစ်ပါတယ်။ တစ်နေ့သောအခါ မြင်းဆရာ ကေသီဟာ ဘုရားရှင်ထံ အဖူးအမြော် ရောက်ခဲ့တယ်။ ဘုရားရှင်ကို ဖူးမြော်ပြီး သင့်တယ်တဲ့နေရာမှာ ထိုင်နေတဲ့ မြင်းဆရာကေသီကို ဘုရားရှင်က ကေသီသင်ဟာ မြင်းဆရာလို့ ထင်ရှားသူ ဖြစ်တယ်။ မြင်းရိုင်းများကို ယဉ်ကျေးအောင်ဘယ်လိုဆုံးမသလဲ။ အရှင်ဘုရား တပည့်တော်ဟာ မြင်းရိုင်းများကို အနုနည်းနဲ့လဲ ဆုံးမပါတယ်။ အကြမ်းနည်းနဲ့လဲ ဆုံးမပါတယ်. ..အနုအကြမ်းနည်းနဲ့လဲ ဆုံးမပါတယ်ဘုရား။ ကေသီ အကယ်လို့ သင့်ရဲ့ မြင်းရိုင်းဟာ အနုနည်းနဲ့လည်းအဆုံးအမမခံ၊ အကြမ်းနည်းနဲ့လည်း အဆုံးမ မခံ၊ အနု အကြမ်းနည်းနှင့်လည်း အဆုံးမ မခံလျှင်အဲဒီမြင်းရိုင်းကို ဘယ်လိုလုပ်သေးသလဲ.။ မှန်ပါ..။ အဆုံးအမကို ဘယ်လိုမှ နားမထောင်တဲ့ မြင်းရိုင်းကိုတော့ တပည့်တော် သတ်ပြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ပျက် မခံချင်လို့ပါပဲ ဘုရား၊ အရှင်ဘုရားကိုလည်း လျှောက်ထားပါရစေ။ အရှင်ဘုရားဟာ ဆုံးမထိုက်သူကို ဆုံးမတတ်တဲ့ အတုမဲ့ပုဂ္ဂိုလ်ဲဖြစ်ပါတယ်။ ဆုံးမထိုက်သူများကို ယဉ်ကျေးအောင် ဘယ်လိုများ ဆုံးမတော်မူတယ် ဆိုတာ မိန့်တော်မူစေချင်ပါတယ် အရှင်ဘုရား။ ကေသီ . .... ငါလည်း အသင်မြင်းရိုင်းကို ဆုံးမသလို အနုနည်း အကြမ်းနည်း အနုအကြမ်းနည်းတို့နှင့်ဆုံးမထိုက်သူကို ဆုံးမတော်မူတယ်။ ကေသီငါ့ရဲ့ အနုနည်းဆုံးမပုံက ဟောဒါက ကာယသုစရိုက်၊ ဟောဒါက ကာယသုစရိုက်ရဲ့ အကျိုး၊ ဟောဒါက ၀စီသုစရိုက်၊ ၀စီသုစရိုက်ရဲ့ အကျိုး၊ ဟောဒါက မနောသုစရိုက်၊ မနောသုစရိုက်ရဲ့အကျိုးဖြစ်တယ်။ ဟောဒါက လူဖြစ်တယ်။နတ်ဖြစ်တယ်လို့ အနုနည်းနဲ့ ဆုံးမတော်မူတယ်။ အကြမ်းနည်းနဲ့ဆုံးမပုံက ဟောဒါက ကာယဒုစရိုက်၊ ဟောဒါက ကာယဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက ၀စီဒုစရိုက်၊ ၀စီဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက မနေ ဒုစရိုက်၊ မနောဒုစရိုက်ရဲ့ အကျိုးဖြစ်တယ်။ ဟောဒါက ငရဲ၊ဟောဒါက တိရစ္ဆာန်ဖြစ်တယ်လို့အကြမ်းနည်းနဲ့ ဆုံးမတော်မူတယ်။ အနု အကြမ်းနည်းနဲ့ ဆုံးမပုံက ဟောဒါက ကာယသုစရိုက်၊ ဟောဒါက ကာယသုစရိုက်ရဲ့ အကျိုး၊ ဟောဒါကကာယဒုစရိုက်၊ ဟောဒါက ကာယ ဒုစရိုက်ရဲ့အကျိုး ၊ ဟောဒါက ၀စီ သုစရိုက်၊ ၀စီ သုစရိုက်ရဲ့ အကျိုး၊ ဟောဒါက ၀စီဒုစရိုက်၊ ဟောဒါက ၀စီဒုစရိုက်ရဲ့ အကျိုး၊ ဟောဒါက မနော သုစရိုက်၊ ဟောဒါက မနော သုစရိုက်ရဲ့ အကျိုး၊ ဟောဒါက မနောဒုစရိုက်၊ ဟောဒါက မနောဒုစရိုက်ရဲ့အကျိုး၊ ဟောဒါက လူ၊ ဟောဒါက နတ်၊ ဟောဒါက ငရဲ၊ ဟောဒါက တိရ စ္ဆာန်၊ ဟောဒါက ပြိတ္တာလို့အနု အကြမ်းနည်းနဲ့ ဆုံးမတော်မူတယ်။ မှန်ပါ.......။ လျှောက်ထားပါရစေဦး အရှင်ဘုရား၊ အကယ်လို့ အရှင်ဘုရားရဲ့ ဆုံးမထိုက်သူဟာ အနုနည်းနဲ့ဆုံးမတာကိုလည်းမခံ၊ အကြမ်းနည်းနဲ့ ဆုံးမလည်း မခံ၊ အနုအကြမ်းနည်းနဲ့ ဆုံးမတာကိုလည်း မခံယူခဲ့လျှင် ဘယ်လိုများပြုလုပ်ပါသေးသလဲအရှင်ဘုရား။ ကေသီ ငါဆုံးမထိုက်သူဟာ အကယ်၍အနုနည်းနဲ့ ဆုံးမလည်း မရ၊ အကြမ်းနည်းနဲ့ ဆုံးမလို့လည်းမရ၊ အနုအကြမ်းနည်းနဲ့ ဆုံးမလို့လည်း မရခဲ့လျှင် သင်သည်မြင်းကိုသတ်ပြစ်သလို ငါလည်း ထိုသူရိုင်းကို သတ်ပစ်တော်မူတယ်။ အရှင်ဘုရား သူ့အသက် သတ်ခြင်းအမှုကို ရှင်ပင် ဘုရားဟာ ပြုတော်မမူဘူး မဟုတ်ပါလား။ သို့ပါလျက် အဘယ်ကိုရည်ရွယ်ပြီး ထိုသူရိုင်းကို သတ်ပစ်တော်မူတယ်လို့ မိန့်တော်မူပါသလဲဘုရား။ ကေသီ ငါဘုရားဟာ သူ့အသက်သတ်ခြင်းကို မပြုလုပ်တာမှန်တယ်။ အမှန်ကတော့ ဆုံးမလို့မရမည့်သူကို ဆုံးမထိုက်သူလို့ ငါဘုရား အသိအမှတ်မပြုတော့ဘူး။ ထိုသူအတွက်ငါဘုရားတရားဟောတော် မမူဘူး။ ဤသည်ကိုပင် သတ်ပစ်တယ်လို့ ခေါ်ဆိုရတယ်။ မှန်လှပါ ဆုံးမလို့ မရမည့်သူကို အသိအမှတ်မပြု၊ လျစ်လျူရှုခြင်းဟာ ထိုသူရဲ့အတွက် တိုးတက်မှုသေသောကြောင့် သတ်ပစ်သည်ဟု ဆိုထိုက်လှပါပေတယ်။ အရှင်ဘုရား ဤဓမ္မ ဒေသနာတော်ဟာ အလွန်နှစ်သက်စရာကောင်းလှတယ်။ ဤယနေ့မှ စပြီး တပည့်တော်ကို ရတနာသုံးပါးအား ယုံကြည်ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာ ဒါယကာလို့ မှတ်ယူတော်မူပါအရှင်ဘုရား။ 🌷အခု တင်ပြခဲ့တဲ့ ကေသီသုတ်ရဲ့ဆိုလိုရင်းက ဘုရားရှင်ရဲ့ တရားတော်ဟာ လူတိုင်းအတွက်မဟုတ်ဘူး။ သာသနာကို သက်ဝင် ယုံကြည်တဲ့ အမျိုးကောင်းသား သမီးတို့အတွက်သာဖြစ်တယ်။ သာသနာတော်ကို မယုံကြည်တဲ့ သူတို့ကိုတော့ ဘုရားရှင်က စော စော တုန်းကပင်လျှင်လျစ်လျူရှုထားပြီး ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် သာသနာတော်ကို သက်ဝင် ယုံကြည်သူတို့အတွက် အားကြီးသော မှီခိုအားထားရာ ဘာရှိသလဲဆိုလျှင် သီလသာရှိတယ်။. သီလမှတစ်ပါး ဘာမျှအားထားမှီခိုစရာ မရှိပါဘူးလို့ ထိုဂါထာကပြဆိုပါတယ်.။ ထီးချိုင့်မြို့ တည်တောဆရာတော် သီလဟူသည်မှ ဥတ္တရအလင်း

via အလင်းရောင် ဓမ္မ https://ift.tt/30R16BZ

မေးမြန်းလာသူများအတွက်ရှာဖွေတင်ပြလိုက်ပါတယ် "#ဘုရားကအရင်လား #တရားကအရင်လား" ➖➖➖➖➖➖➖➖➖➖➖➖ တချို့က မေးတတ်ကြသေးတယ်။ ဘုရားနဲ့ တရား ဘယ်သူက အရင်ပေါ်လာတာလဲတဲ့။ ★ ဒီမေးခွန်းကို မေးတတ်ကြတယ်၊ ဘာဖြစ်လို့ မေးလဲလို့ဆိုရင် တရားကျင့်လို့ ဘုရားဖြစ်တယ်၊ အဲဒီတော့ တရားကျင့်လို့ ဘုရားဖြစ်တယ်ဆိုရင် ဘုရားမဖြစ်ခင်က တရားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဘုရားမဖြစ်သေးခင် ဒီတရားကို ကျင့်ရတယ်၊ အဲဒီတော့ တရားက အရင်ပေါ်တယ်လို့ တစ်ဖက်ကကြည့်ပြီး ပြောစရာရှိတယ်။ ★ သဘာဝတရားက ရှိနေတာမှန်တယ်၊ သို့သော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးလို့ ဆိုတဲ့အထဲမယ် ဘုရားပွင့်တာက အရင်၊ ဘုရားကကျင့်လို့ ကျင့်တဲ့တရားက ဘုရားမဖြစ်ခင်ကတရား မှန်တယ်။ သို့သော် ဒီနေရာမှာ တရားရတနာဆိုတာ ဘုရားမဖြစ်ခင်က ကျင့်တဲ့တရားကို ပြောတာမဟုတ်ဘူး၊ မြတ်စွာဘုရား ဘုရားဖြစ်ပြီးတဲ့နောက်မှာ သိလို့ဟောတဲ့ တရားဒေသနာတွေကို ပြောတာ။ ★ အဲဒီတော့ ဘုရားပွင့်မှ တရားဆိုတာ ပေါ်တာလေ၊ မြတ်စွာဘုရားဟောပြမှ ဒီတရားတော်တွေက ထွက်ပေါ်လာတာ။ ဒါကြောင့်မို့ ဘုရားပေါ်လာပြီးတဲ့နောက်မှာ တရားပေါ်လာတယ်၊ ကြည့်လေ မြတ်စွာဘုရားနဲ့ ဓမ္မစကြာတရား ဘယ်သူက အရင်ပေါ်လဲ။ဘုရားက အရင်ပေါ်တာလေ။ ဓမ္မစကြာတရားက နောက်မှပေါ်တယ်။ ဒါကြောင့်မို့ ဘုရားရတနာပြီးမှ တရားရတနာ။ ★ တပုဿတို့ ဘလ္လိကတို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ ပထမဆုံး သရဏဂုံတည်တာ အဲဒီတုန်းက သံဃာဆိုတာ မပေါ်သေးသည့်အတွက်ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ဆိုကြရတယ်။ ဒွေဝါစိက သရဏဂုံ လို့ ခေါ်တယ်၊ ဗုဒ္ဓ နဲ့ ဓမ္မ ဒီနှစ်ခုပဲ ကိုးကွယ်လို့ရသေးတယ်၊ သံဃာမရှိသေးဘူးပေါ့။ ★ အဲဒီလို ဒွေဝါစိက သရဏဂုံနဲ့ တပုဿ၊ ဘလ္လိက တို့ဟာ ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေပဲပေါ့။ မြတ်စွာဘုရားပေါ်ပြီးတဲ့နောက်မှာ တရား ပေါ်လာတယ်၊ မြတ်စွာဘုရားဟောတဲ့တရားကို အနှစ်ချုပ်လိုက်ရင် မဂ္ဂင်ရှစ်ပါးပဲ။ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဒီထက် ထပ်ပြီးတော့ ချုံ့လိုက်လို့ရှိရင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး အကျင့်တရားပဲ။ ★ အဲဒီ သိက္ခာသုံးပါး အကျင့်တရားဖြင့် ဖွဲ့စည်းထားတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည် မည်မျှထိအောင် စွမ်းဆောင်မှု ပေးနိုင်သလဲဆိုရင် နိဗ္ဗာန်ထိအောင် စွမ်းဆောင်မှု ပေးနိုင်တယ်။ သံသရာဝဋ်က လွတ်စေဖို့အတွက် မြတ်စွာဘုရားက ဒီလမ်းစဉ်ကို ချမှတ် ဟောကြားတာ ဖြစ်တယ်။ ★ ဆိုပါစို့၊ ဆေးဆရာပေါ်လာတဲ့အခါမှာ ဆေးဆရာက ဖော်စပ်လိုက်သည့်ဆေးသည် ရောဂါကို ပျောက်စေနိုင်တယ်၊ ဆေးဆရာက ဆေးကုတယ်လို့ပြောပေမယ့် တကယ်က ရောဂါပျောက်အောင် လုပ်တာ ဆရာက လုပ်တာမဟုတ်ဘူး၊ ရောဂါကို တကယ်ကုတာ ဘယ်သူလဲလို့ဆိုရင် ဆေးပဲ။ ဆေးမစားဘဲနဲ့ ရောဂါဆိုတာ ဘယ်လိုမှ မပျောက်ဘူး။ ဒါကြောင့်မို့ ဥပမာအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရားက ဆေးဆရာနဲ့တူတယ်၊ ဘုရားဟောလိုက်တဲ့တရားက ဖော်စပ်လိုက်တဲ့ဆေးနဲ့ အလားတူတယ်။ဒီလိုဆိုတာ။ ★ မြတ်စွာဘုရားသည် မှန်ကန်တဲ့ဆေးကို ညွှန်လိုက်တာကို လူနာဖြစ်တဲ့ ပုဂ္ဂိုလ်က မသောက်ဘူး၊ သတ္တဝါတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒီအကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ဘူး။ ဆေးမသောက်တဲ့လူ ရောဂါမပျောက်သလိုပဲ တရား မကျင့်လို့ရှိရင်လည်း နိဗ္ဗာန်ချမ်းသာကို ရမှာမဟုတ်ဘူး၊ ဒါက ရှင်းနေတာပဲ၊ အဲဒီလို ဆိုလိုတာ။ ဒါကြောင့်မို့ မြတ်စွာဘုရား ဟောကြားထားတဲ့ ဓမ္မစကြာစတဲ့ ဓမ္မဒေသနာတွေဟာ ဓမ္မရတနာပဲလို့... အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D) CR#မခင်စီ

via အလင်းရောင် ဓမ္မ https://ift.tt/2SDtcOj

ဂတိမြဲသော ပုဂ္ဂိုလ် ၁၅​ယောက်​ 🙏🙏🙏🙏🙏🙏🙏🙏 ၁။ သုဒ္ဓါဝါသဘုံသို့ ရောက်ပြီးနောက် အသက်ထက်ဝက် မလွန်မီ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၂။ လွန်ကဲစွာ အားမထုတ်ရဘဲ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊ ၃။ လွန်ကဲစွာ အားထုတ်ပြီး ပင်ပန်းစွာ အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၄။ အဝိဟာ စသော သုဒ္ဓါဝါသငါးဘုံသို့ ရောက်၍ ထိုဘုံ၌ သက်တန်းထက်ဝက်ကို ကျော်လွန် ပြီးလျှင် နောက်ဆုံး အသက်အပိုင်းအခြားသို့ မရောက်ဘဲ ပရိနိဗ္ဗာန် ဝင်စံ လတ္တံ့သော အနာဂါမ်- ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊ ၅။ ဤကာမဘုံ၌ အနာဂါမိဖိုလ်ကို ရ၍ စုတေ သေလွန်ပြီးလျှင် အဝိဟာဘုံမှ စ၍ အောက်သုဒ္ဓါဝါသ လေးဘုံတို့၌ အစဉ်အတိုင်း ဖြစ်ကာ စုတေပြီးနောက် အကနိဋ္ဌဘုံ၌ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ်၊ ၆။ သကဒါဂါမ်ပုဂ္ဂိုလ်၊၊ ၇။ ဧကဗီဇီ သောတာပန်ပုဂ္ဂိုလ်၊ ၈။ ကောလံကောလ သောတာပန်ပုဂ္ဂိုလ်၊၊ ၉။ သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်၊ ၁၀။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလမြဲသော ပုဂ္ဂိုလ်၊ ၁၁။ သလာကဘတ် မြဲသော ပုဂ္ဂိုလ်၊ ၁၂။ ပက္ခိကဘတ် မြဲသော ပုဂ္ဂိုလ်၊ ၁၃။ ဝါဆိုသင်္ကန်း အမြဲလှူဒါန်းသော ပုဂ္ဂိုလ်။ ၁၄။ ရေတွင်း ရေကန် လှူဒါန်းသော ပုဂ္ဂိုလ်၊ ၁၅။ ကျောင်းလှူဒါန်းသော ပုဂ္ဂိုလ်။ (အံ၊ဋ္ဌ၊၃။၂၆၅။)

via အလင်းရောင် ဓမ္မ https://ift.tt/2JNjeqF

လှူသင့်မလှူသင့်နှင့် ဂုဏ်ကိုမျှော်၍ မလှူပါနှင့် 🍀🍀🍀🍀🍀🍀🍀 ဗုဒ္ဓမြတ်စွာသည် မိမိတို့စားဖို့အတွက် ချက်ထားသော အစာကို လှူမှုကြောင့် ( စားဦးစားဖျား ကို လှူမှုကြောင့် ) မမွဲနိုင်ဟုသာ မိန့်တော်မူခဲ့သည်။ မိမိမှာ အပိုမရှိပဲ ကြွေးယူ၍ လှူရခြင်း၊ ဂုဏ်ပကာသနကို မျှော်၍ ရှိသမျှအရင်းလေးပါကုန်အောင် လှူခြင်း စသည်များကိုကား မမွဲနိုင်ဟု မိန့်တော်မမူပါ။ #အရှင်ဇနကာဘိဝံသရောတော်ဘုရားကြီး #Posted_by_Words_of_Buddha

via အလင်းရောင် ဓမ္မ https://ift.tt/2GoYCDi