အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 24, 2019
ဂတိမြဲသော ပုဂ္ဂိုလ် ၁၅ယောက် 🙏🙏🙏🙏🙏🙏🙏🙏 ၁။ သုဒ္ဓါဝါသဘုံသို့ ရောက်ပြီးနောက် အသက်ထက်ဝက် မလွန်မီ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၂။ လွန်ကဲစွာ အားမထုတ်ရဘဲ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊ ၃။ လွန်ကဲစွာ အားထုတ်ပြီး ပင်ပန်းစွာ အရဟတ္တဖိုလ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်၊ ၄။ အဝိဟာ စသော သုဒ္ဓါဝါသငါးဘုံသို့ ရောက်၍ ထိုဘုံ၌ သက်တန်းထက်ဝက်ကို ကျော်လွန် ပြီးလျှင် နောက်ဆုံး အသက်အပိုင်းအခြားသို့ မရောက်ဘဲ ပရိနိဗ္ဗာန် ဝင်စံ လတ္တံ့သော အနာဂါမ်- ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်၊၊ ၅။ ဤကာမဘုံ၌ အနာဂါမိဖိုလ်ကို ရ၍ စုတေ သေလွန်ပြီးလျှင် အဝိဟာဘုံမှ စ၍ အောက်သုဒ္ဓါဝါသ လေးဘုံတို့၌ အစဉ်အတိုင်း ဖြစ်ကာ စုတေပြီးနောက် အကနိဋ္ဌဘုံ၌ အရဟတ္တဖိုလ်-ရဟန္တာအဖြစ်သို့ ရောက်သော အနာဂါမ်ပုဂ္ဂိုလ်- ဥဒ္ဓံသောတအကနိဋ္ဌဂါမီပုဂ္ဂိုလ်၊ ၆။ သကဒါဂါမ်ပုဂ္ဂိုလ်၊၊ ၇။ ဧကဗီဇီ သောတာပန်ပုဂ္ဂိုလ်၊ ၈။ ကောလံကောလ သောတာပန်ပုဂ္ဂိုလ်၊၊ ၉။ သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်၊ ၁၀။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလမြဲသော ပုဂ္ဂိုလ်၊ ၁၁။ သလာကဘတ် မြဲသော ပုဂ္ဂိုလ်၊ ၁၂။ ပက္ခိကဘတ် မြဲသော ပုဂ္ဂိုလ်၊ ၁၃။ ဝါဆိုသင်္ကန်း အမြဲလှူဒါန်းသော ပုဂ္ဂိုလ်။ ၁၄။ ရေတွင်း ရေကန် လှူဒါန်းသော ပုဂ္ဂိုလ်၊ ၁၅။ ကျောင်းလှူဒါန်းသော ပုဂ္ဂိုလ်။ (အံ၊ဋ္ဌ၊၃။၂၆၅။)
via အလင်းရောင် ဓမ္မ https://ift.tt/2JNjeqF
Newer Post
Older Post
Home