Thursday, July 25, 2019

❄နိဗ္ဗာန်​​ရောက်​ပြီးပြန်​လာနိုင်​သလား❄ . 💫💫💫💫💫💫💫💫💫 ⏩ယခုတစ်​​လော လိုင်း​ပေါ်၌ ​တွေ့မြင်​ရ​သောမေးခွန်းတစ်​ခု။ ​တော်​​တော်​​လေးလဲ ဂယက်​ထ​နေပါ၏ ယင်း​မေးခွန်းက 🔯နိဗ္ဗာန်​ကို အမှတ်​တမဲ့​ရောက်​သွားခဲ့​သော်​ ဘယ်​လိုပြန်​ထွက်​ရမလဲဟူ၏။ 🔯​​မေးခွန်းက သဿ တဒိဌိအယူနဲ့​မေးတာပါ နိဗ္ဗာန်​ကို ဘာမှမရှိတဲ့ဘုံတစ်​ခုလိုယူပြီး ဆင်းရဲ ချမ်းသာ ခံစားစရာ ဘာမှမရှိ​သော ဘုံဗိမ္ဗာန်​ကြီးတစ်​ခုလို့ထင်​မှတ်​ပြီး ​မေးထားတဲ့​မေးခွန်းပါ။ နိဗ္ဗာန်​အားဘုံတစ်​ခုအဖြစ်​ တည်​ရှိ​နေတယ်​လို့ ယူရင်​ အမြဲရှိ​နေတဲ့သ​ဘော ခိုင်​တယ်​မြဲတယ်​ လို့ယူတဲ့သဿ တဒိဌိ အယူသာဖြစ်​ပါ၏။ နိဗ္ဗာန်​ဟာမရှိဘူးလို့ယူပြန်​ရင်​လဲ ဥ​စ္ဆေဒ ဒိဌိအယူသာဖြစ်​ပါတယ်​။ 🔜တစ်​ကယ်​​တော့ နိဗ္ဗာန်​ဆိုသည်​မှာ ဘာမှမရှိတဲ့ဘုံတစ်​ခုမဟုတ်​ပါ။ ဘုံဗိမ္ဗာန်​ကြီးအဖြစ်​နှင့်​လူနတ်​ဗြဟ္မာ ခန္ဓာတို့ဖြင့်​သွားကြည့်​၍ (သို့)​ရောက်​သွားခြင်​၍ ရ​ကောင်း​သောအရာမဟုတ်​ပါ​ပေ။ အမြဲတမ်းတည်​ရှိ​နေတဲ့ဘုံလည်းမဟုတ်​ပါ​ချေ။ 🔯ဒုက္ခခပ်​သိမ်း ချုပ်​ငြိမ်းပြီး ၊ သံသရာမှာ ခန္ဓာဝဋ်​က​နေ ရုပ်​သိမ်းသွား​အောင်​ တရားဖြင့်​မိမိကိုယ်​ကိုယ်​ပြုပြင်​အားထုတ်​၍ ရအပ်​​သောအကျိုးဖလသာဖြစ်​ပါ၏။ နိဗ္ဗာန်​ဟူသည်​ အတိတ်​ ၊ ပစ္စုပ္ပန်​ ၊အနာဂါတ်​ စသည့်​ ကာလ သုံးဖြာလုံးတွင်​ တည်​ရှိ​နေ​သော အရာလည်း မဟုတ်​ပါ​ချေ။ 🔜နိဗ္ဗာန်​ဟူသည်​ အတိတ်​ ၊ ပစ္စုပ္ပန်​ ၊အနာဂါတ်​ ကာလသုံးဖြာ လုံးတွင်​ ရှိမ​နေသည်​ကိုလည်း မိလိန္ဒမင်းကြီး အ​မေးကို အရှင်​နာဂသိန်​မှ​ဖြေကြား​တော်​မူခဲ့ ဘူးပါ၏။ မိလိန္ဒမင်းကြီးမှ ကာလသုံးဖြာတွင်​ နိဗ္ဗာန်​ မရှိဘူးဆိုပါက နိဗ္ဗာန်​ဆိုတာမရှိဘူးလားဟု ​မေးရာတွင်​ နိဗ္ဗာန်​ ရှိ​နေပုံကို အရှင်​နာဂသိန်​မှ မီးဖွတ်​​သော​ယောင်္ကျား ဥပမာဖြင့်​​ကြေလည်​ ​အောင်​​အောက်​ပါအတိုင်း ရှင်းပြ​တော်​မူခဲ့ပါ၏။ 🔜အသင်​မင်းကြီး သစ်​သား​ခြောက်​ နှစ်​​ချောင်းကိုယူခဲ့ပါ တစ်​​ချောင်းကို မျက်​နှာပြင်​ရ​အောင်​နဲနဲပါးပုတ်​ ပြီးရင်​​အောက်​ကတုံးလုံးခံထား(မှန်​ပါ) ကျန်​တစ်​​ချောင်းကို အဲ့ဒီအောက်​ခံသစ်​သား ​ပေါ်တင်​ပြီး လက်​ပွတ်​ဆူးလှည့်​သလိုလှည့်​ပါ။ အမြန်​နှုန်းနဲ့လှည့်​​ပေး။( မှန်​ပါ) အ​ပေါ်က​ထောင်​ပြီးပွတ်​တဲ့သစ်​သား​ချောင်း ထဲမှာ​ရောပါသလား (မပါပါဘူးဘုရား ) ဒါ​ပေမဲ့ပွတ်​ဖန်းများ​တော့ပူပြီးမီးဖြစ်​လာတယ်​ (မှန်​လှပါဘုရား) အကယ်​၍ ဒီသစ်​သားနှစ်​​ခေါင်းကို မပါတ်​ပဲထားရင်​ မီးရပါ့မလား (မရနိုင်​ပါဘုရား) ကြာ​တော့သစ်​သားမှုန့်​​လေး​တွေထွက်​လာမယ်​ မရပ်​နဲ့ ။ဆက်​ပြီးမြန်​မြန်​​လေးပွတ်​​ပေးပါ။ ကြာ​တော့ပူလာမယ်​။ ပူလာပြီးရင်​ အမှဒန့်​​လေး​တွေကို မီးစွဲလာမယ်​။ ပွတ်​ဖန်​များ​တော့ ပူလာမယ်​။ပူဖန်​များ​တော့ မီးရလာမယ်​။ (မှန်​ပါဘုရား) အဲ့ဒီမှာ စစ်​​မေးကြမယ်​ဒကာ​တော်​မင်းမြတ်​။ ▶ပွတ်​လို့ရလာတဲ့မီးက ​အောက်​ခံသစ်​သားထဲမှာပါသလား (မပါပါဘုရား ) ▶ဒါဖြင့်​ပွတ်​တဲ့လူအဖို့ မီးရတယ်​ မပွတ်​တဲ့လူအဖို့မီးမရနိုင်​ဘူး ဒီသ​ဘောပါပဲ ဒကာ​တော်​မင်းမြတ်​ အလုပ်​လုပ်​သူအတွက်​ နိဗ္ဗာန်​ဟာရှိတယ်​ အလုပ်​မလုပ်​သူအဖို့​တော့ ဘယ်​​တော့မှ နိဗ္ဗာန်​ဟာ မရှိဘူး၊(မှန်​ပါ) ▶ကာလသုံးပါးမှာလဲ နိဗ္ဗာန်​မရှိဘူး အလုပ်​လုပ်​တဲ့သူအဖို့​တော့ နိဗ္ဗာန်​ဟာ ​ပေါ်လာမယ်​။လုပ်​​နေသူအတွက်​ ပစ္စုပ္ပန်​မှာပဲ ​ပေါ်လာမယ်​ ။(မှန်​လှပါဘုရား) ⏩ဘုရားရှင်​​ဟောတဲ့ပါဠိအလိုအရ ▶"နိဗ္ဗာနံ မဂ္ဂဿ ၊ နိဗ္ဗာနံဖလဿ အာရမ္မဏ ပစ္စ​ယေန ပစ္စ​ယော " တဲ့ နိဗ္ဗာန်​ကြီးက မဂ်​ညာဏ်​ ဖိုလ်​ညာဏ်​အား အကြည့်​ခံ အာရုံအဖြစ်​နဲ့ ​ကျေးဇူးပြုမယ်​" မှန်​လှပါဘုရား။ (မိုးတစ်​ဘ၀သာသနာစာ ၅၂၈) ⏩ဤသို့ဆိုလျှင်​ နိဗ္ဗာန်​ဟူသည်​ နဂိုကတည်းကကြိုတင်​ ရှိ​နှင့်​​နေ​သောဘုံမဟုတ်​။ အတိတ်​ကလည်း ရှိခဲ့ဘူးသည်​မဟုတ်​ ။ အနာဂါတ်​တွင်​လည်း ဘုံဗိမ္ဗာန်​သဖွယ်​ ရှိမ​နေပါ​ချေ။ ကာလသုံးပါးလုံးတွင်​ နိဗ္ဗာန်​သည်​ တည်​ရှိ​နေ​သော ဘုံတစ်​ခုမဟုတ်​ပါ​ချေ။ ▶ထို့​ကြောင့်​ နိဗ္ဗာန်​သည်​ အလိုအ​လျောက်​(သို့) မ​တော်​တဆ ​ရောက်​နိုင်​စရာ လုံးဝ မရှိပါ​ချေ။ မ​တော်​တစ်​ဆရမည်​ ဆိုခြင်းမှာလဲ ဖိုးလမင်းကို လိုခြင်​​သော က​လေးပမာ သာ ညာဏ်​ပညာ မိုက်​မဲခြင်းသာလျှင်​ဖြစ်​၏။ ၎င်းအပြင်​ နိဗ္ဗာန်​ကို ဘာမှမရှိ​သော ဘုံဗိမ္ဗာန်​ကြီးသဖွယ်​ ဒိဌိအယူနှင့်​​မေး​သော ​မေးခွန်းအတွက်​ အ​ဖြေကားမရှိပါ​ချေ။ 🔜အားထုတ်​​နေသူအတွက်​ပင်​ ပစ္စုပ္ပုန်​ကာလ၌ အာရမ္မဏ ပစ္စ​ယေန ပစ္စ​ယော ဟူ​သော ပါဠိ​တော်​နှင့်​ အညီဆိုရပါက နိဗ္ဗာန်​ဟူသည်​ အကြည့်​ခံသ​ဘောဖြင့်​ ​အာရမ္မဏိကအ​နေဖြင့်​ သာ ​ပေါ်​ပေးခြင်းဖြစ်​ပြီး ၊ဘုံဗိမ္မာန်​ကြီး ​ပေါ်လာပြီး ၊ 🔯ယင်းဘုံကြီးထဲသို့ ခဏ၀င်​​ရောက်​ သွားပြီး ပြန်​ထွက်​လာရခြင်းမျိုးလဲမဟုတ်​ပါ​ချေ။ ယင်းသို့ တည်​ရှိ​နေ​သောဘုံကြီးကို မဂ်​ညာဏ်​ ဖိုလ်​ညာဏ်​အစွမ်းဖြင့်​ (သို့) ဖလသမာပတ်​ အစွမ်းဖြင့်​ ခဏသွားပြီး ပြန်​လာကြသည်​ဟု ယူပြန်​ကလည်း သဿ တဒိဌိအယူပင်​ဖြစ်​ပါ၏။ ဖလသမာပတ်​အစွမ်းဖြင့်​ ခန္ဓာ​လောင်​စာသိမ်းပြီး ကိ​လေသာမီးတို့ ငြိမ်း​အေး​နေသည့်​ ပရမတ္တတရားကို ညာဏ်​ဖြင့်​ ကြည့်​မြင်​ ခြင်းသာဖြစ်​ပါ၏။ ခန္ဓာရုပ်​တုံး ရုပ်​ခဲကြီးဖြင့်​ ဗိမ္ဗာန်​ကြီးထဲ ၀င်​သွားခြင်းမျိုးကား မဟုတ်​ပါ​ချေ။ 🔯နိဗ္ဗာန်​​ရောက်​သွားသည်​ဟု ဆိုလျှင်​ပင်​ ဒိဌိအယူဝင်​​နေ​ပြီဖြစ်​၏။ ဘုရားရှင်​ကိုယ်​​တော်​တိုင်​ကပင်​ ရဟန္တာ​သေလျှင်​ နိဗ္ဗာန်​​ရောက်​သည်​ဟူ​၍ အယူလွဲ​နေသည့်​ ရဟန်း​တော်​အား ​မီးပုံနှင့်​ဥပမာပြ၍ ​လောင်​စာသိမ်း၍ မီးငြိမ်းခြင်းသာဖြစ်​သည်​ကို ​ဟောကြား​တော်​မူခဲ့ပါ၏။ 🔜​မီး​လောင်​​နေ​သော​လောင်​စာတို့၏ သ​ဘောကို ဥပမာပြ၍။ ​လောင်​စာကုန်​​သောအခါမီးသည်​အလိုလို ငြိမ်း​အေးသွားရသကဲ့သို့။ ငြိမ်းသွား​သောမီးသည်​လည်း ​တောင်​​ ​မြောက်​ အ​ရှေ့အ​နောက်​ ထက်​​အောက်​ ၀န်းကျင်​ အရပ်​​လေးမျက်နှာ ၊ အရပ်​ရှစ်​မျက်​နှာ အရပ်​ ၁၀ မျက်​နှာ တို့သို့ ​ရောက်​သွားခြင်းမဟုတ်​။ ​ရေ၊​မြေ ၊ ​တော၊ ​တောင်​ ၊ သစ်​ပင်​ ၊ ​ကောင်းကင်​ စသည်​တို့သို့ ​ရောက်​သွားခြင်းလည်းမဟုတ်​​ချေ။ ​လောင်​စာသိမ်း၍ အလိုလိုမီးငြိမ်းသွားခြင်း သာပင်​ ဖြစ်​ပါ၏။ 🔜ထို့အတူပင်​ ခန္ဓာတည်းဟူ​သော ​လောင်​စာနှင့်​ ကိ​လေသာတည်းဟူ​သော မီးတို့​ပေါင်းစုံမိ၍ ​လောင်​ကျွမ်း​နေ​သော သံသရာမီး ၊ ကိ​လေသာမီး အပါယ်​မီး ၊ ၃၁ ဘုံ ခန္ဓာမီးတို့၏ ၊ ငြိမ်း​အေးသွားခြင်းကို အဘယ်​အရပ်​သို့ ​ရောက်​သွားသည်​ဟု ဆိုနိုင်​ပါသနည်း။ ယင်းသို့ ခန္ဓာချုပ်​ငြိမ်း၍ ​နောက်​ဒုက္ခသိမ်းကာ ကိ​လေသာအပူတို့ငြိမ်း​အေးသွားခြင်းကို နိဗ္ဗာန်​သို့​ရောက်​သွားသည်​ဟုမဆိုထိုက်​။ ပူ​လောင်​​သော​ဘေးကို ​ကြောက်​ရွံ့​သော​ကြောင့်​ ခန္ဓာဒုက္ခသစ္စာ ချုပ်​ရာငြိမ်းရာအကျင့်​မြတ်​ မဂ္ဂသစ္စာ​ကြောင့်​ ခန္ဓာဒုက္ခသစ္စာ၏အဆုံး၌ ၊ ကိ​လေသာမီးတို့ငြိမ်း​အေးသွားခြင်းကိုသာ နိ​ရောဓသစ္စာ နိဗ္ဗာန်​ဟု ဆိုလိုခြင်းသာ ဖြစ်​ပါ၏။ 🔜မိမိခန္ဓာ၏ချုပ်​ဆုံးမှု​နိ​ရောဓသစ္စာကြောင့်​ ကိ​လေသာအပူဓာတ်​တို့ငြိမ်း၍ ထာဝရ​အေးချမ်းသွားမှု(သန္တိသုခ)သ​ဘောကိုသာ နိဗ္ဗာန်​ဟုဆိုလိုခြင်းဖြစ်​ပါ၏။ 🔜ဤသို့ငြိမ်း​အေးသွားခြင်းသ​ဘောကို ဘုံတစ်​ခုသို့​ရောက်​သွားသည့်​အလား ထင်​မှတ်​မှားခြင်းသည်​ မိစ္ဆာဒိဌိအယူသာဖြစ်​၏။ တည်​တန့်​​နေ​သော ဘုံတစ်​ခုဟုယူခြင်းသည်​လည်း သဿ တဒိဌိအယူဖြစ်​ပါ၏။ မရှိတရားဟုယူပြန်​ကလည်း ဥ​စ္ဆေဒိဌိ (ပြတ်​သည်​ဟုယူ​သောအယူဝါဒ)ဖြစ်​ပါ၏။ 🔯ထို့​ကြောင့်​နိဗ္ဗာန်​ဟူသည်​ အရှိတရားဖြစ်​​သော်​လည်း ဝိပဿ နာတရား ကျင့်​ကြံအားထုတ်​သူတို့အတွက်​သာ ဖြစ်​ပါ၏။ 🔜ဗုဒ္ဓဘာသာမှန်​ငြား​သော်​လည်း ကျင့်​ကြံအားထုတ်​မှု မရှိ​သော်​ နိဗ္ဗာန်​သည်​မရှိ။ 🔜ကျင်​ကြံအားထုတ်​ပါ​သော်​လည်း မီးဖွပ်​​သော​ယောင်္ကျားကဲ့သို့ မရမ​နေ မရမခြင်း မီးမ​တောက်​မခြင်း ပွတ်​သကဲ့သို့ ပြီးဆုံး​အောင်​ ကြိုးစားအားထုတ်​မှု မရှိပြန်​​သော်​ မရနိုင်​။ 🔯မီးမ​တောက်​မခြင်း လုံ့လမ​လျော့​သောသူတို့သာ တရားသာဖြစ်​ပါ၏။ 🔯နိဗ္ဗာန်​ဟူသည်​ အားထုတ်​သူအတွက်​ ပစ္စုပ္ပန်​တည့်​တည့်​တွင်​ ဘုံဗိမ္ဗာန်​ကြီးသဖွယ်​ ဘွားကနဲ​ပေါ်လာခြင်းမဟုတ်​ပါ။ 🔜ညာဏ်​အမြင်​၌ ရှင်းရှင်းလင်းလင်း သိမြင်​အပ်​​သော ဒဿ န​ဌောဂုဏ်​နှင့်​အညီ အကြည့်​ခံ အာရမ္မဏိကအဖြစ်​သာ သိမြင်​လိုက်​ရခြင်းဖြစ်​ပါ၏။ 🔜ထို့​ကြောင့်​ နိဗ္ဗာန်​သို့ ​ရောက်​သွားစရာ အ​ကြောင်းမရှိပါ​ချေ။ ကြိုးစားအားထုတ်​သူ၏ညာဏ်​၌ ဒိဌဓမ္မ သိမြင်​လိုက်​ရခြင်းသာဖြစ်​ပါ၏။ 🔯ထို့​ကြောင့်​ နိဗ္ဗာန်​ဟူသည်​ အပြီး​ရောက်​သွားစရာဘုံလည်းမဟုတ်​ ခဏသွားပြီးပြန်​လာ၍ရ​သော ဘုံလည်းမဟုတ်​ပါ​ချေ။ 🔯ခန္ဓာ​လောင်​စာသိမ်း၍ ကိ​လေသာမီးတို့ ငြိမ်း​အေးပြီး ၊ ချုပ်​ငြိမ်းသွား​သော သ​ဘော နိ​ရောဓသစ္စာသာဖြစ်​ပါ​တော့၏။ #ဒိဌိအယူစင်​ကြယ်​၍ သစ္စာ​ညာဏ်​အမြင်​၊ ညာဏ်​တွင်​ကိန်းကြပါ​စေ ⏪သာယာချမ်း​မြေ့ကြပါ​စေ⏩ 🔯သစ္စာနီ🔯


via အလင်းရောင် ဓမ္မ https://ift.tt/2YqEs62