Wednesday, July 24, 2019

" ထူးဆန်းသောကံ " 🙏🙏🙏🙏🙏🙏 ❖ မေတ္တာ ထားပေမယ့် မေတ္တာ ပြန်မရမှုတွေ စေတနာ ထားပေမယ့် အသိအမှတ်ပြု မခံရတာတွေ အကြိမ်ကြိမ်ကြုံတွေ့လာရပြီဆိုရင် သတိထားရတော့မယ်။ ❖ ဒါဟာ… သူ့ကြောင့်မဟုတ်ပဲ ကိုယ့်ကြောင့်ဖြစ်တယ် ဆိုတာကိုပေါ့။ ❖ ကိုယ်ပြုခဲ့တဲ့ကံက ညံ့ဖျင်းတော့ ဘယ်လောက်ပဲ စေတနာထားထား ဘယ်လောက်ပဲ မေတ္တာပွားပွား ကံမကုန်သေးသ၍ အမုန်းတွေ အမြင် မကြည်လင်မှုတွေ အပြစ်တင် ခံရမှုတွေကို အဝေးကရော အနီးကပါ တနင့်တစ်ပိုးကြီး ရနေတတ်တယ်။ ❖ အဲဒီအခါမျိုးမှာ ငါကောင်းသလို ငါ့အပေါ် မကောင်းရကောင်းလားလို့ စိတ်မဆိုးလိုက်ပါနဲ့။ ❖ တစ်ဘက်က မျှော်လင့်မထားတဲ့ ဆန့်ကျင်မှုတွေကိုပဲ တုန့်ပြန်နေတယ်ဆိုတာ ကိုယ့်ပြုခဲ့တဲ့ ကံကြောင့်ပါပဲ။ ❖ တုန့်ပြန်မှုတွေကြောင့် စိတ်ဆင်းရဲနေမယ့်အစား အဲဒီကံမျိုး နောက်မကြုံရလေအောင် ဂရုစိုက်ဖို့လိုပါတယ်။ ❖ စေတနာထားပေမယ့် ပြန်လာချင်မှလာမှာပါ။ ❖ မေတ္တာထားပေမယ့် ပြန်ရချင်မှရမှာပါ။ ❖ အနစ်နာ ခံခဲ့ပေမယ့် အသိအမှတ်ပြုချင်မှပြုမှာပါ။ ❖ အရာအားလုံးဟာ မျှော်လင့်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာပါ။ ❖ ဒါကြောင့်… ဘယ်သူ့ကိုမှ စိတ်မဆိုးလိုက်ပါနဲ့ Credit : Original https://ift.tt/2SAFyGI [သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-အလှူအားလုံးတို့တွင်​ တရားအလှူသည်​ အမြတ်​ဆုံးဖြစ်​၏]


via အလင်းရောင် ဓမ္မ https://ift.tt/2LDqS9i