Monday, December 16, 2019

"ဆိုဆုံးမ လွယ်သူ ဖြစ်ပါစေ တစ်ချိန်မှာ "အရှင်အာနန္ဒာ"ကိုယ်တော်မြတ်က နေ့အခါမှာ "ဖလသမာပတ်"ကို ဝင်စားပြီး "သမာပတ်"မှ ထတော်မူတဲ့အခါ သူကနည်းနည်း စဉ်းစားပါတယ်။ ဘယ်လိုစဉ်းစားလည်း ဆိုတော့... "ရဟန်းတရား-မည်သည်က- "သြဝါဒက" - ဆိုဆုံးမ တတ်သော၊ "အနုသာသက" - အဖန်ဖန် အထပ်ထပ် ဆိုဆုံးမ တတ်သော , "သြဝါဒက" - တစ်ကြိမ်တစ်ခါ ဆိုဆုံးမတတ်သော၊ "အနုသာသက" - ထပ်ခါထပ်ခါ ဆ်ိုဆုံးမတတ်သော ..."။ "ဆုံးမပုံနည်း" သာသနာတော်မှာ "နှစ်နည်း"လာရှိပါတယ်။ နံပါတ်(၁)-က "သြဝါဒက", နံပါတ်(၂)-က "အနုသာသက" ဆိုပြီး ဒီလို တွဲတွဲပြီးသုံးပါတယ်။ တစ်ကြိမ်တစ်ခါ ဆိုဆုံးမတာကို "ၾသဝါဒ"၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမတာနေတာကို "အနုသာသန "ဒီလိုလည်း ဆိုတယ်။ နောက်တစ်ခုက- "ရိုးရိုး ဆိုဆုံးမ"တာက " သြဝါဒ" ၊ "အပြစ်ကိုပြပြီး ဆိုဆုံးမ"တာက- "အနုသာသန" ။ ဒီ"အနုသာသန"ကြတော့- ရှေးရှေး"ဆရာတော် ဘုရားကြီးများ"က, "ကံမြစ်တယ်"လို့ သုံးပါတယ်။ "ကံမြစ်တယ်"ဆိုတာ ဘာပြောတာလဲ?။ "အပြစ်"တွေကို ထင်ရှားပြပြီးတော့ "မပြောဆို,မဆုံးမခဲ့ဘူး"ဆိုရင် ထို"ပုဂ္ဂိုလ်ရဲ့ သန္တာန်"မှာ "အကုသိုလ်တရား"တွေ တိုးပွားတော့မယ်။ ဒီ"အကုသိုလ်ကံ"တွေကို တားမြစ်စေချင်လို့ - "ကံမြစ်တယ်"-လို့ သုံးပါတယ်။ "အပြစ်ကိုပြပြီး ဆိုဆုံးမ"တာ မိမိတို့အတွက်- အကျိုးရှိသလား/မရှိဘူးလား?မေးရင် ဘယ်လိုဖြေမလဲ? ။ အကျိုး ရှိတယ်။ "ပုဂ္ဂိုလ်တစ်ယောက်"က "အပြစ်ပြပြီးလာဆိုဆုံးမ"ရင်- "ငါ့ကို ရွှေအိုးကြီး လာပေးတာဘဲ"လို့ ဒီလိုစိတ်ထဲမှာ ထားရမယ်။ "သူတော်ကောင်း"ဆိုရင်ပေါ့နော်။ "ဒင်းကငါ့ကို ပြောရကောင်းလား?"ဆိုပြီး မာန်ထောင်ရမလား?။ ပြန်ပြီးတော့ကော ရန်တွေ့ ရမလား?။ ရန်မတွေ့ရဘူးနော်။ "သူတော်ကောင်း"ဆိုတာ ဒီလိုစိတ်ထားလေး ထားရပါမယ်။ စံနမူနာထား ပြထားတာတော့ "အရှင်ရာဟုလာ မထေရ်"ပါ။ "စင်္ကြာဝတေးမင်း"ဖြစ်နိုင်တဲ့ "ဘုန်းကံပါရမီ"ရှိနေတဲ့ "သူတော်ကောင်း"ပါ။ သို့သော်-"ပစ္ဆိမပုရိသ" အစစ်ဖြစ်တော့ ဒီဘဝမှာ "အရဟတ္တမဂ်ဖိုလ်"ကို ဧကန်ရနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် "စင်္ကြာဝတေးမင်း" စည်းစိမ်ကို "စွန့်လွတ်နိုင်တဲ့ စွမ်းရည်"တွေ ပါရှိတဲ့ "သူတော်ကောင်း" ဖြစ်ပါတယ်။ သူက "ဘုရားရှင်ရဲ့ သားတော်"လည်းဖြစ်တယ်။ "(၃၂)ပါးသော ယောကျာ်းမြတ်ရဲ့ လက္ခဏာတော်"တွေနဲ့လည်း ပြည့်စုံပါတယ်။ အခြားရဟန်းတွေက- "ပြောဆိုဆုံးမတာ ဘယ်လောက်များ လိုက်နာသလဲ"-ဆိုတာ သိချင်လို့ "အရှင်ရာဟုလာ"ကို စမ်းစမ်းကြည့်တယ်။ ဘာလုပ်သလဲ?။ ဒီနေရာမှာ "အမှိုက်"တွေသွား ဖြန့်ကြဲထားလိုက်တယ်။ " ရာဟုလာ… ဒီနေရာမှာ အမှိုက်တွေ လာပြီး ဖြန့်ပစ်ထားရသလဲ" ဒီလို စမ်းတယ်။ " အရှင်ဘုရား… တပည့်တော်ကို ဒီလို မဟုတ်တာတွေ လာပြီး စွတ်စွဲရသလဲ၊ ဒါ တပည့်တော် လုပ်တာမဟုတ်ဘူး" -လို့ ဘယ်တော့မှ ပြန်မပြောဘူး တဲ့။ ဘယ်လောက်ကောင်းလဲ ။ ဘယ်လိုပုဂ္ဂိုလ်လဲ?။ "ဘုရားရှင်ရဲ့ သားတော်"ဖြစ်ပါတယ်။ "မင်းသား"လည်းဖြစ်တယ်။ နှိုက်လို့မကုန်အောင် ပြည့်ပြည့်တက်လာတဲ့ "ရွှေအိုးကြီးလေးလုံး"လည်း ပိုင်ဆိုင်နေတဲ့ "သိဒ္ဓတ္ထမင်းသားရဲ့ သားတော်"ဖြစ်တယ်။ "ရုပ်"ကလည်း အင်မတန်ချောတယ်။ သူကိုယ်တိုင်ကလည်း "စင်္ကြာမင်း"ဖြစ်နိုင်တယ်။ အဲ့ဒီလို "ပုဂ္ဂိုလ်တစ်ယောက်"တောင်မှနော်၊ " အရှင်ဘုရား… တပည့်တော်ကို မဟုတ်မတရားတွေ လာပြောနေရသလဲ"-လို့, "ရဟန်း"တွေကို တစ်ခါမှပြန်မပြောဘူး တဲ့။ "အမှိုက်"တွေကို ရိုသေစွာ ကောက်, တစ်နေရာသွားပြီး စုပုံပြီး ပစ်လိုက်တာဘဲနော်။ ဒါဘာပြောချင်တာလဲ? "သိက္ခာသုံး ပါ အကျင့်မြတ်တရား"ကို "လိုလားတောင့်တတဲ့ သူတော်ကောင်း"-ဆိုတာ -"ပြောဆိုဆုံးမပြီ"ဆိုရင်, -"ရိုရိုသေသေလေးနဲ့ ခံယူတတ်တဲ့ စိတ်ထား" -"ခံယူနိုင်တဲ့ စွမ်းအား"ကို မွေးမြူပေးရပါတယ်။ "အရှင်ရာဟုလာ"ဟာ ဘယ်လောက်ထိ မွေးမြူသလဲ"-ဆိုရင်, တစ်နေ့ တစ်နေ့ "သဲလေး"တွေ ကျုံးကျုံးပြီး "ဘုရားရှင်၏ ကျောင်း"နားမှာ အမြဲဖြန့်ခင်းပေးတယ်။ ဘာဦးတည်ချက်ရှိလဲ? "ဘုရားရှင် ထံမှ သဲတို့နှင့် အမျှသော ဆိုဆုံးမမှုတွေ ရ ရပါလို၏။ ငါ၏ ဥပဇ္စျာယ်ဆရာဖြစ်တော်မူသော အရှင်သာရိပုတ္တာ ၏ ဆိုဆုံးမမှုတွေ ဤ သဲထုနှင့်အမျှ ရရပါလို၏။ " -ဆိုပြီး, ဆိုဆုံးမချက်ကို အလွန်မျှော်လင့်တောင့်တ ပါတယ်။ "ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက် ဆိုဆုံးမရင် အကျိုးရှိမယ်"ဆိုတာ ယုံကြည်ချက် အပြည့်အဝရှိတယ်။ တရားနာ ပရိသတ် တွေ… ဘုန်းကြီး နှိမ်ချပြောတာ မဟုတ်ပါဘူး။ မေးကြည့်တာပါ။ ဘုန်းကြီး အပါအဝင် ပါ။ ဒီထဲ "စင်္ကြာဝတေးမင်းဖြစ်မယ့် ပုဂ္ဂိုလ်" ဘယ်နှစ်ယောက်များပါလဲ?။ "စင်္ကြဝတေးမင်း"ထားပါတော့- "စင်္ကြာမင်းရဲ့ မိဖုရား ဖြစ်မယ်သူ" ဘယ်နှစ်ယောက်များပါလဲ?။ မပါ ပါဘူး။ သိပ်"မာနကြီးစရာ" မလိုပါဘူးနော်။ ဒီလိုဆို- "အိမ်က ဆန်အိုး"ထဲ သွားနှိုက်လိုက် "ဆန်"တွေပြန်များပြည့်လာသလား? မပြည့်ပါဘူး။ ဟိုမှာ "ရွှေအိုးကြီးလေးလုံး" နှိုက်လိုက် ချက်ခြင်းပြန်ပြည့်တယ်။ လျော့သွားတယ်လို့ မရှိဘူး။ အဲ့ဒီလောက် "ချမ်းသာပြီး အဆင့်မြင့်နေတဲ့ သူတော်ကောင်း"တွေ တောင်မ ှ မိမိတို့ကို လာပြီး ပြောဆိုဆုံးမရင်- "ငါ့ကို ပြောရကောင်းလား" ဆိုတဲ့ စိတ်ထား နည်းနည်းမှ မထားဘူး တဲ့။ ဒီနေ့ တရားနာနေတဲ့ သူတော်ကောင်းတွေကော, အဲ့ဒီစိတ်ထားလေး ရှိနိုင်ပါ့မလား?။ သူတစ်ပါးတို့က အကျိုးလိုလားလို့ ပြောဆိုဆုံးမရင် နာယူသင့်သလား /မနာယူရမလား?။ တကယ်ကော လိုက်နာနိုင်ပါ့မလား?။ ဘုန်းကြီး ကတော့ သိပ်မယုံချင်ဘူးနော်။ ဒ်ီမှာ "အရှင်အာနန္ဒာရဲ့ စဉ်းစားခန်းလေး"ပါ။ ဒီ"သမဏ" အမည်ရတဲ့ "ရဟန်းတရား"မည်သည်- -ဆိုဆုံးမမှုရှိရမယ်။ -ကြိမ်ဖန်များစွာထပ်ကာထပ်ကာ ဆိုဆုံးမမယ့် ပုဂ္ဂိုလ်ရှိရမယ်။ -အပြစ်ကိုထောက်ပြပြီး ဆိုဆုံးမမယ့်သူ ရှိရမယ်။ -အဲ့ဒီလို ဆိုဆုံးမတတ်တဲ့ ဆရာကောင်းသမားကောင်း၊ မိတ်ကောင်းဆွေကောင်း ရှိခဲ့မယ်-ဆိုရင် "ဇွဲလုံ့လ ဝီရိယဖြင့် ကျင့်ကြံကြိုးထုတ်လို့ ရနိုင်မယ့် ပုဂ္ဂိုလ်တွေ၏ သန္တာန်မှာသာ တရားရရှိနိုင်ပါတယ်"တဲ့။ ဒီတော့- -"ဆိုဆုံးမတဲ့ ပုဂ္ဂိုလ်"လည်း ရှိရမယ်။ -"ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်"လည်းဖြစ်ရမယ်။ အဲ့ဒီလို"ပုဂ္ဂိုလ်ရဲ့ သန္တာန်"မှာသာလျှင် - "သမဏဓမ္မ"အမည်ရတဲ့ "စျာန်မဂ်ဖိ်ုလ်ဆိုတဲ့ ရဟန်းတရား"တွေ ပြည့်စုံလာနိုင်မယ် ဖြစ်ပါတယ်။ "ဖားအောက်တောရ ဆရာတော်ဘုရားကြီး" Cradit By-Bhikkhu's Dhamma [“မည်သူမဆို…, လွတ်လပ်စွာ ကူးယူ ဓမ္မဒါန ပြု နိုင်ပါသည်။ "ဓမ္မဒါန ပြု မည်"ဆိုပါ လျှင်…, "မူရင်း ဟောကြား/ရေးသားသူ ၏ အမည်"နှင့် "ဓမ္မဒါန ပူဇော်သူ - ကိုညီညီတင်"(ဥာဏ်လင်းမြို့)"-ကို "Credit"-ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”] ၁၃၈၀ ပြည့်နှစ်၊ ပထမ ဝါဆိုလဆန်း(၇)ရက်နေ့ (၁၉-၆-၂၀၁၈)ရက်နေ့၊အင်္ဂါနေ့- (နံနက်-၅ း၃၅) ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။ ဘ၀တု သဗ္ဗမင်္ဂလံ Cr# ကိုညီညီတင် (ဥာဏ်လင်းမြို့)

via အလင်းရောင် ဓမ္မ https://ift.tt/2syZpNz

မဟာမြိုင်တောရဆရာတော် ဦးဇောတိက၏ - 🌜ဒါတွေကိုမမေ့မှ_စိတ်ချမ်းသာမယ်🌛 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 [ ဖတ်ကြည့်လိုက်နော် အရမ်းကောင်းတယ် ] ( ၁ ) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့ဘဝဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာလုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။စိတ်ချမ်းသာအောင်နေမယ်။ မွေးနေ့မှာ Happy-Birthday လို့ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲ့ဒီလိုပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။ ( ၂ ) ဒီနေ့ဟာ ငါတကယ်နေရတဲ့ နေ့ပဲ။ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။အတိတ်မှာမရှိဘူး။ အနာဂတ်မှာလည်း မရှိဘူး။ယခု ပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုငါ ကျေနပ်နေတယ်။ငါ့ဘဝကိုငါ ကျေနပ်နေတယ်။ ငါ့စိတ် ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။ ( ၃ ) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘဝမှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီး နေသွားမှ အားလုံးအဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီအယူဘူးဆိုပြီး နေလို့မဖြစ်ဘူး။ ( ၄ ) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။ ( ၅ ) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားမယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးထဲမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့။ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားမယ်။ ( ၆ ) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူဖြစ်တယ်။ ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါပြောပြနိုင်တယ်။ တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့ အကူအညီပေးနိုင်တယ်။ ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါဟာ အရေးပါတဲ့လူမဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ အရေးပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ဘယ်လိုလုပ် စိတ်အားတတ်တော့မလဲ။ ( ၇ ) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင်၊စိတ်ပါလက်ပါ၊ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲ့ဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။ ( ၈ ) ဒီလောကကြီးထဲက လူတွေဟာ ငါခင်သလို ငါ့ကိုမခင်ကြဘူးလို့ အပြစ်မတင်ဘူး။ သူတို့မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။ ( ၉ ) ငါဟာ ငါ့ရဲ့အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကို ငါမထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင် နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။ ( ၁၀ ) ဘယ်လို သဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲလေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူကို လေ့လာမယ်။အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။ ( ၁၁ ) ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စ်ိတ်ဆင်းရဲနေမယ်။ ငါ့ဘဝကို ငါကျေနပ်တယ်။ ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာမယ်။ ( ၁၂ ) ကိုယ့်ကို သူများချီးမွှမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့ဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ချီးမွှမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာကို လုပ်မယ်။ ချီးမွှမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွှမ်းမှာလား၊ကဲ့ရဲ့မှာလားလို့ မတွေးဘူး။ ( ၁၃ ) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ် လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။ ( ၁၄ ) “အပ္ပမာနေန သမ္ပာဒေထ" လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးခဲ့တာကို မမေ့ဘူး။ တို့ဘုရား မှာကြားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ( ၁၅ ) ကိုယ့်စိတ်မှာ ဖြစ်တဲ့ခံစားမှုနဲ့ပက်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ စိတ်ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲ့ဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။ အဲ့ဒီလို သဘောထားကို ပြတ်ပြတ်သားထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူတွေမှာရှိတဲ့ လက္ခဏာတွေဟာ ဘာတွေလဲ? စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ--- သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ အသိဥာဏ်တောက်ပြောင်တယ်။ ရွှင်လန်းတယ်။ ပင်ကိုဥာဏ်ရှိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။စိတ်အားထက်သန်တယ်။ တတ်ကြွတယ်။ ခွင့်လွှတ်နိုင်တယ်။ ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။ ကြည်လန်းရွှင်ကြည်တယ်။ကြင်နာတယ်။ ညှာတာတတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်တယ်။ အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။စိတ်ရှည်တယ်။စောင့်ထိန်းနိုင်တယ်။ စိတ်ငြိမ်းချမ်းတယ်။ စိတ်စွမ်းအားကြီးတယ်။အလုပ်များများလုပ်နိုင်တယ်။ ဥာဏ်ပညာရှိတယ်။ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တယ်။အခက်အခဲကိုရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။ Credit _ Original.

via အလင်းရောင် ဓမ္မ https://ift.tt/36GsFke

သမာဓိရလာရင်တကယ်ထူးခြားတယ် ________________________ မြတ်စွာဘုရားရဲ့တရားတော်ဟာ ဘုမသိ, ဘမသိ မထင်မရှား တရားမဟုတ်ဘူး.... လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားတယ် "သမာဓိ"ရရင်ရမှန်း သိပ်ထင်ရှားတာပဲ ။ ပီတိ , ပဿ ဒ္ဓိ တွေကိုတစ်ဖျဉ်းဖျဉ်းနဲ့ဖြစ်လာတာ..."သမာဓိ" ရလာရင် စိတ်ကိုချမ်းသာလာတာ.… ဝိပဿနာဉာဏ်ကသိသာထင်ရှားတယ် ။ ဝိပဿနာဉာဏ်တက်လာရင်လောဘ.ဒေါသတွေ လျော့သွားတယ်.. လောကီအလုပ်တွေကိုအားမကျတော့ဘူး ။ ဝိပဿနာဆိုတာထူးခြားတယ် ။ တစ်ကယ်ထူးခြားလာရင်တကယ် "အပျက်"တွေကိုမြင်လာတယ်...ပါးစပ်ကဆိုတဲ့ "အပျက်"မဟုတ်ဘူး ပိုင်ပိုင်နိုင်နိုင်သိတဲ့ "အပျက်".. မှတ်လိုက်တိုင်း "ရိပ်ကနဲ""ရိပ်ကနဲ" ပေါ်နေတာကိုသိနေတယ်... သဲကမ်းပါးကြီးများပြိုသလိုလိုတွေ့နေရတယ် ။ တစ်ချို့ကလည်း မိုးတွေရွာသလိုမျိုး တစ်ဝုန်းဝုန်းနဲ့တွေ့တတ်တယ် ။ တစ်ယောက်နဲ့တစ်ယောက်မတူဘူး ။ မိုးသီးမိုးပေါက်တွေကိုရေတွက်နိုင်ပါ့မလား? "အပျက်"တွေကိုအဲ့ဒီလိုသိလာတာ.. "သမာဓိ"နဲ့ယှဉ်တဲ့ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီလိုသိရုံတင်မကဘူး...မြင်သလို,ကြားသလို ပါဖြစ်လာတယ် ။ အသံတွေပါကြားလာတယ် ။ ခန္ဓာကိုယ်ထဲမှာ ရေတွေ ထည့်လှု ပ်သလိုမြင်တတ်တယ် ။ လူတိုင်းကြားရမယ်လို့မဆိုလိုဘူးနော် ။ အဲ့ဒီလို ကြားရမှ "အပျက်မြင်တယ်လို့ပြောတာမဟုတ်ဘူးနော်" "သမာဓိ"အားကောင်းတဲ့ပုဂ္ဂိုလ်တွေမှာ အဲ့ဒီလိုအမြင်,အကြားတွေရတတ် တယ်လို့ပြောတာ ။ သူမြင်တယ်ဆိုတာနတ်တွေ ဘိုးတော်တွေကိုမြင်တာမဟုတ်ဘူး ။ ခန္ဓာကိုယ်ရဲ့သဘောတွေကိုမြင်တာ ။ အဲ့လိုမြင်တဲ့အခါကျတော့ပျက်နေတယ်ဆိုတာ ဒီလိုပါလားလို့ နှစ်နှစ်ကာကာ သဘောပေါက်တယ်... ကိုယ့်ခန္ဓာကိုယ်အကြောင်းလည်းသိရော တစ်လောကလုံးအပျက်ချည်းပဲ ဘာမှအသုံးမကျဘူးဆိုတာသိလာတယ် ။ ဘာမှမမက်မောတော့ဘူး... မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတယ်ဆိုတာ အဲ့ဒီလို မမက်မောလို့ရတာ... ။ ( မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ) Credit : Original Uploader

via အလင်းရောင် ဓမ္မ https://ift.tt/38JNZqS

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2PnnL5W

Sunday, December 15, 2019

လူဟာ ကေါင်းကျိုးပေးချိန်တန်လာရင်... ကောင်းကျိုးတွေ ရပါရစေဆိုပြီး တောင်းတနေစရာလဲ မလိုဘူး... ကောင်းကျိုးမပေးမှာကိုလဲ ပူနေစရာ မလိုဘူး... အကြောင်းပါလာရင် ခေါင်းခါလို့ကို မရတော့တာနော်... အကျိုးပေးချိန်မတန်သေးရင်လဲ ကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးက ရချင်မှရတာ... မကောင်းတာလုပ်နေပေမယ့် မကောင်းကျိုးက ပေးချင်မှ ပေးတာ... သိထားရမှာက အကြောင်းပါလာရင် ခေါင်းခါနေလို့ကို မရတော့တာနော် .. တခါတေလ ကိုယ်ကောင်းနေရဲ့သားနဲ့ မကောင်းကျိုးတွေပဲ ခံစားနေရရင် အတတ်နိုင်ဆုံး သည်းခံပါ... သည်းခံ၍ ကြိုးစားပါ... အကြောင်းတွေရှိထားခဲ့ရင် အကျိုးက ရှိကိုရှိမှာပါ... ...........🍁ဓမ္မဝန်ဆောင် 🍁....

via အလင်းရောင် ဓမ္မ https://ift.tt/35urPY0

#တစ်သံသရာလုံးငြိမ်းအေးစေသော *********************************** အသိဉာဏ်ဖြင့်နေနိုင်အောင်ကြိုးစားကြပါ။ ***************************************** လူတစ်ဦးတစ်ယောက်၏ စိတ်ကို အကဲခတ်ရတာ သိပ်ခက်တယ်။ တခါတရံ လူတွေဟာ အကွေ့အကောက် သိပ်များနေတော့ မိမိစိတ်နဲ့ နှိုင်းချိန်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မိမိစိတ်ကိုသာ အကဲခတ်ရတာ ကောင်းတယ်။ ဆုံးမရခက်တဲ့ ဒီစိတ်ကို သတိပဋ္ဌာန် တရားကို လက်ကိုင်ထားပြီး စောင့်ကြည့်ပါမှ ရှေ့စိတ်ချုပ်ပျောက် နောက်စိတ် အစားထိုး ရောက်ရောက်နေတာကို သိသိနေမှ ဒါ… အကုသိုလ်စိတ် ဒါ…ကုသိုလ်စိတ်လို့ သိနေတယ်။ ဒီလို ကွဲပြား ခြားနားစွာ မြင်နိုင်သူသာ ဘုရားအဆုံးအမနှင့် နေသောသူဟု ဆိုထိုက်တယ်။ သင်သည် ဘုရားအဆုံးအမဖြင့် နေသူဖြစ်ပါစေ။ စိတ်ကို အမြဲဆုံးမထားပါ။ ဘဝတစ်ခုရလာတဲ့အခါ ကုသိုလ်အသိ ကင်းဝေးနေသူနဲ့ ကုသိုလ်အသိ ပြည့်ဝထား သူသည် ခြားနားမှု အများကြီးကွာတယ်။ စိတ်ထားကွာတယ်။ ခွင့်လွှတ်မှု ကွာတယ်။ သည်းခံခြင်း ကွာတယ်။ အပြောအဆို အနေအထိုင် ဆက်ဆံခြင်း ကွာတယ်။ ကုသိုလ် အသိများလာသူဟာ အရာရာတိုင်းမှာ စိတ်ထားဖြူစင်ပြီး အကုသိုလ်ဖြစ်မည်ဆိုပါက ချက်ခြင်းအသိက ရှေ့က ဆောင်ပြီး ကုသိုလ်ဖြစ်မည့် အာရုံသို့ စိတ်ကို ပြောင်းလွှဲပစ်လိုက်တယ်။ အကုသိုလ်များများ ဖြစ်ခွင့်မပေးဘူး။ ခန္ဓာ၏ ဖြစ်စဉ်တွေကို သတိထားထားပြီး ကြည့်တိုင်း ကြည့်တိုင်း ဘယ်စိတ်ပေါ်ပေါ် အသိကပ်လိုက်တိုင်း … ဘာဆိုဘာမှ မရှိပါလားဟု ဉာဏ်ကလေးက ကပ်ကပ်သိနေလေတော့ စိတ်ဟာ သုည ဆိုက်နေတော့တာပေါ့။ မိမိပတ်ဝန်းကျင်တစ်ခုလုံးကို ဉာဏ်မျက်လုံးနဲ့ ဝှေ့ရမ်းပြီး ကြည့်နေမိသောအခါတိုင်း လူတွေရဲ့စိတ်တွေဟာ လောဘ ဒေါသ မောဟ စသော အကုသိုလ်စိတ်ရိုင်းတွေ ပြည့်ကြပ်ပြီး မေတ္တာတရားတွေ ခေါင်းပါးနေကြတယ်။ အမှန်တရားတွေကို လေ့လာမှု စုံစမ်းမှု ကျင့်သုံးမှု နည်းပါးပြီး နူးညံ့သိမ်မွေ့သော အရာဝတ္ထုတွေက အလွန်နည်းပြီး … ကိုယ်ကြမ်း စိတ်ကြမ်း နှုတ်ကြမ်းတမ်းနေကြပြီး တစ်ဦးအပေါ်တစ်ဦး သည်းခံခွင့်လွတ်မှုတွေ ကုန်ဆုံးနေကြပါလားဟုသာ တွေ့မြင်နေရပါ သည်။ ဘဝတစ်သက်တာမှာ အကောင်းဆုံး သမိုင်းတွေ ရှိနေဖို့ လိုတယ်။ သူတစ်ပါးအကြောင်းတွေကို ဝေဖန်နေ မည့်အစား မိမိကိုယ်ကိုသာ ဝေဖန်ပါ။ ငါ့မှာ မဂ်ဖိုလ် နိဗ္ဗာန်ရောက်စေနိုင်သော ကုသိုလ်စိတ်တွေ ဘယ်လောက်ပြည့်စုံလာပြီလဲ။ တစ်နေ့ကုန်တိုင်း ညအိပ်ရာဝင် နဖူးလက်တင်ပြီး စစ်ဆေးပါ။ ဒီသံသရာမှ လွတ်မြောက်စေတတ်သော ကုသိုလ်တွေ ဘယ်လောက်ထိ ပြီးပြည့်စုံ လာပြီလဲ။ မိမိကိုယ်ကို မိမိဝေဖန်ပါ။ စစ်ဆေးပါ။ သူတပါးအပြစ်ကို မတွေးပါနဲ့။ မကြံပါနဲ့။ ကိုယ့်အကြောင်းကို သိပါ။ သူတစ်ပါးအကြောင်းကို သိလို့ ဘာမှမထူး ဘူးလေ။ ကိုယ့်ဘဝ အကြောင်းကိုသာ ကိုယ်သိနေပါစေ။ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ရင် ဒုက္ခသစ္စာမှ မဂ္ဂသစ္စာသို့ … သူတပါးခန္ဓာကို ကြည့်ရင် ဒုက္ခသစ္စာမှ သမုဒယသစ္စာ … ဖြစ်တယ်ဆိုတာ အသိ သတိရှိနေပါစေ။ မိမိတို့ရရှိထားတဲ့ဘဝလေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ခန္ဓာကိုယ်၏ ဖြစ်စဉ်ခိုက်ကလေးတွေကို အသိကလေးကပ်ပြီး စောင့်ကြည့်နေတဲ့ အချိန်တိုင်းမှာ … ကိလေသာကင်းဝေးပြီး မြူတိမ်ကင်းတဲ့ လပြည့်ညလို စိတ်မှာ အကုသိုလ်ကံသတ္တိတွေ ကင်းဝေးနေ သူ၏ ရရှိထားသောဘဝသည် အပြစ်အနာဆာ ကင်းရှင်းနေရလို့ သိပ်ကိုချမ်းသာတယ်။ ကိလေသာမရှိသော စိတ်တွေ များလေလေ တည်ငြိမ်သော ဉာဏ်သတ္တိက ဘုရားအစ ရှိသော အရိယာတို့ သိသော အသိနဲ့နေမယ်ဆိုရင် လူဘဝ ခေတ္တခဏ အလည်လာရကျိုးနပ်ပြီပေါ့။ ဘာမှမဟုတ်တဲ့ တစ်ဘဝ တစ်နပ်စာကို မစဉ်းမစားပါပဲ … တစ်သံသရာလုံး ငြိမ်းအေးသော အသိဉာဏ်ဖြင့် နေနိုင်အောင် ကြိုးစားထားနိုင်ပါစေဟု ဆန္ဒပြုလျက်။ 🙏🙏🙏 {မြောက်ဦးဆရာတော်ဘုရားကြီး} (အဂ္ဂမဟာကမ္မဌာနာစရိယဘဒ္ဒန္တအရှင်ဝါယာမိန္ဒ) #Via - Parallel

via အလင်းရောင် ဓမ္မ https://ift.tt/2rEkk20

ပညာတတ်သူမိုက် ငရဲ၌ပျော်သည် 🍀🍀🍀🍀🍀🍀🍀🍀🍀 သာဝတ္ထိမြို့တော် တံခါးအနီးမှာ တံငါရွာကြီး တစ်ရွာရှိပြီး ရွာသူရွာသားငါးရာတို့ နေထိုင်ကြသည်။ ရွာသူရွာသား ငါးရာတို့မှာ တံငါလုပ်ငန်းဖြင့်အသက်မွေးနေသူ များဖြစ်၏။ထိုရွာသူရွာသား တံငါသည်ငါးရာ တို့မှာ ကဿပဘုရားရှင်၏ သာသနာတွင်း ကာလက ခိုးသားဓါးပြလုပ်ငန်းဖြင့် အသက်မွေး ခဲ့သူများဖြစ်လေသည်။ ကဿပဘုရားရှင်လက်ထက်တွင် ခိုးသားဓါးပြ ဘဝြဖင့် ကျင်လည်ကျက်စားနေကြစဉ် တစ်နေ့သောအခါတွင် ဘုရင့် အမှုထမ်း ရဲမက်များနှင့် ရွာသူရွာသားများက သူတို့အဖွဲ့အားလိုက်လံဖမ်းဆီးလေရာ တောနက် ထဲသို့ ထွက်ပြေးခဲ့ကြရ၏ ။ ထိုသို့တောထဲ၌ မမျှော်လင့်ဘဲ တွေ့ရသော ရဟန်းတစ်ပါးထံမှ ငါးပါးသီလခံယူဆောက်တည် လိုက်ကြ ပြီးနောက် မကြာမီမှာပင် စစ်သည်ရဲမက်တို့နှင့် ရွာသူရွာသားများ၏ သတ်ဖြတ်ခြင်းကို ခံကြရလေသည်။ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ခိုးသားဓါးပြများ မှာ စောင့်ထိန်းထားသော သီလကို မချိုးဖောက် ဘဲ သူတို့ကို သတ်ဖြတ်သူတို့အား စိတ်ဖြင့်ပင် မပြစ်မှားဘဲ အသတ်ခံခဲ့ကြသည်။ ထိုသူတို့သည် သီလစောင့်ထိန်းမှု အကျိုးကျေးဇူးကို ချက်ချင်း ခံစားကြရပြီ နတ်ပြည်မှာဖြစ်ခဲ့ကြသည် ။ ဘုရား နှစ်ဆူပွင့်တော်မူသည့်တိုင် နတ်စည်းစိမ် ခံစားကြရလေသည်။နတ်စည်းစိမ်ခံစားနေ ကြသော ခိုးသား ဓါးပြ တစ်ဖြစ်လဲ နတ်သားများ သည် ဂေါတမဘုရားရှင် ပွင့်တော်မူလာ သောအခါ သာဝတ္ထိမြို့တော် တံခါးအနီး တံငါရွာကြီးမှ တံငါသည် ငါးရာဖြစ်လာ ကြပြန်၏။ ထိုတံငါသည်များသည် အစိရ၀တီမြစ်တွင်းမှာ ပိုက်ကွန်ဖြင့် ငါးရှာနေကြသူများဖြစ်ရာ တစ်နေ့တွင် အလွန်လှပသော ရွှေရောင်၀င်းနေသည့် ငါးကြီးတစ်ကောင် ဖမ်းဆီးမိလေရာ ဘုရင်မင်းမြတ်အား ဆက်သလျှင် သတ်ဖြတ် ရောင်းချ၍ ရသောတန်ဖိုးထက် ဆုတော်လာဘ်တော်များ ရလိမ့်မည်ဟု တိုင်ပင်ကြကာ ရွှေရောင်၀င်းသော ငါးကြီးအား သယ်ဆောင်ကာ ကောသလမင်းကြီးထံ ဆက်သကြလေသည်။ တံငါသည်များဆက်သသည့်ရွှေရောင်၀င်းနေ သည့် ငါးကြီးကို ကြည့်ရှုတော်မူရင်းက “ ဒီငါးကြီးအကြောင်းဘုရားရှင် သိတော်မူ လိမ့်မယ် ” ဟုတွေးတောကြံစည်ကာ အမူတော် ထမ်းများအား ထိုးငါးကြီး ဇေတ၀န်ကျောင်းသို့ သယ်ဆောင်ရန် မိန့်ကြားပြီး ကောသလ မင်းကြီးလည်း ငါးကြီးအကြောင်းလျှောက်ထား စူးစမ်းရန် ကျောင်းတော်သို့ လိုက်ပါတော် မူခဲ့၏ ။ ဇေတ၀န်ကျောင်းတော်တွင်း ရောက်သောအခါ မောပန်း နွမ်းနယ်နေသော ငါးကြီး ပါးစပ်ဟလိုက်လေရာ ဇေတ၀န် ကျောင်းတိုက်ကြီးတစ်ခုလုံး အပုပ်နံ့ဆိုးကြီး လွှမ်းမိုးသွား တော့သည်။ ထိုအခါ သာဝတ္ထိပြည့်ရှင် ကောသလမင်းကြီး က- “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရွှေရောင် အဆင်းရှိတဲ့ ဒီငါးကြီးရဲ့ပါးစပ်က အပုပ်နံ့ထွက်ရသော အကြောင်းအရင်းကို သိလိုလှပါတယ်၊မိန့်တော်မူပါဘုရား” ဟု လျှောက်ထားလိုက်၏ ။ ထိုအခါ မြတ်စွာဘုရားက ….. “ ဒကာတော်မင်းကြီး ဒီရွှေငါးကြီးဟာ ကဿပဘုရား သာသနာတော်ကာလက ကပိလ အမည်ရှိတဲ့ ရဟန်းတစ်ပါးဖြစ်တယ် ၊ အဲဒီရဟန်းဟာ ပိဋကတ်သုံးပုံဆောင် ရဟန်းဖြစ်တယ်။ စာပေ ပရိယတ်သင်ကြား ပို့ချတဲ့နေရာမှာ ဂုဏ်သတင်းကျော်စောလို့ လာဘ်ပေါခြင်း ၊ အခြံအရံပေါခြင်းကို အကြောင်းပြုပြီး မာန်မာနနဲ့ လောဘတရား တိုးပွားလာပြီး ရဟန်းသံဃာ ထေရ်ဝါကြီး သူတို့ရဲ့ အဆုံးအမသြ၀ါဒကို မနာယူဘဲ ဘုရားအဆုံးအမကို ပစ်ပယ်ကာ မအပ်စပ်လို့ ပညတ်သောအရာကို အပ်စပ်တယ်လို့ ဆိုခဲ့တယ် ။ အပြစ်ရှိတယ် ပညတ်သောအရာကို အပြစ်မရှိဘူး လို့ သူကပြောခဲ့တယ် မင်းကြီး …..။ ဒီလိုနဲ့ ကဿပဘုရားရှင်ရဲ့ သာသနာတော်လည်း တရွေ့ရွေ့ ဆုတ်ယုတ်ပျက်စီးခဲ့ရတယ်။ ကပိလရဟန်လည်း သူပြုခဲ့တဲ့ အဲဒီအကုသိုလ် ကံကြောင့် သေတဲ့အခါ အဝီစိငရဲကို ကျရောက် ခဲ့ရတယ်။ ဘုရားရှင်ရဲ့အဆုံးအမတရားတော် များကို သင်ကြားပို့ချပေးခြင်း ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တို့ကို ချီးကျူးခဲ့ခြင်းကြောင့် ရွှေအဆင်းကဲ့သို့ လှပတင့်တယ်ခဲ့ရခြင်း ဖြစ်ပြီး သူ့ရဲ့စကားကိုမနာခံသော ရဟန်းတို့အားကြိမ်းမောင်းဆဲဆိုခဲ့တာကြောင့် အခုလိုပါးစပ်က အပုပ်နံထွက်ရခြင်းဖြစ်တယ် မင်းကြီး …” ဟု ဘုရားရှင်က ရွှေရောင်ငါးကြီး ၏ ဘဝြဖစ်စဉ်ကို ရှည်လျှားစွာမိန့်ကြားတော် မူလိုက်၏ ။ ထို့နောက် ဘုရားရှင်က ငါးကြီးကို မျက်နှာမူ ကြည့်ရှုတော် မူလိုက်ပြီးနောက် - “ အိုရွှေရောင်အဆင်းရှိတဲ့ ငါးကြီး ၊သင်ဟာ ကဿပဘုရား လက်ထက်တော်က ကပိလရဟန်းဖြစ်ခဲ့တာမှန်ရဲ့လား” ဟု မေးတော်မူလိုက်ရာ ရွှေရောင်ငါးကြီးက မဆိုင်းမတွပင် “မှန်ပါတယ်ဘုရား“ဟုပြန်လည်လျှောက်ထား လေသည်။ ထိုအခါ ဘုရားရှင်က- “ သင်ဘယ်အရပ်ကလာခဲ့ပါသလဲ ” တပည့်တော် အဝီစိငရဲက လာခဲ့ပါတယ် ဘုရား” သင့်ရဲ့နောင်တော်ကြီး သာဂတမထေရ်ရော ဘယ်ရောက် ဘယ်ရောက်သွားလဲ ” “ ပရိနိဗ္ဗာန် စံ၀င်သွားပါပြီဘုရား” 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 “ သင့်ရဲ့မိခင် ဘိက္ခုနီမ တာပနာတို့ကော ဘယ်ရောက် နေကြသလဲ ” “ မှန်လှပါ ဘုရား ၊ တပည့်တော်ဘက်ကနေ ရဟန်းတော်များကို ဝိုင်းကူဆဲဆိုပေးခဲ့ ကြတာကြောင့် အဝီစိငရဲမှာ ကျရောက် နေပါတယ် ” “ အခုသင်ဘယ်ကိုသွားမလဲ အို ငါးကြီး ” “ တပည့်တော် အဝီစိငရဲကို သွားရမှာပါ ဘုရား ” 😥😥😥😥😥😥😥😥😥😥😥😥😥😥😥 ငါးကြီး၏ ဘဝဇာတ်ကြောင်းကို ကောင်းစွာသိရှိ လိုက်ရသော သာဝတ္ထိပြည့်ရှင် ကောသလ မင်းကြီးလည်း စိတ်ချမ်းမြေ့တော် မမူသဖြင့် တံငါသည်များအား ဆုလာဘ်တော်များပေးသနား တော်မူပြီးနောက် ရွှေရောင်ငါး ကြီးအား အစိရဝတီမြစ်ထဲသို့ ပြန်လည်စေလွှတ်ရန် တံငါသည်များအား စေခိုင်းတော်မူ လိုက်လေ သည်။ တံငါသည်များလည်း မင်းကြီးအမိန့်အတိုင်း ရွှေရောင်ငါးကြီးကို ဇေတ၀န်ကျောင်းတော်မှ သယ်ယူသွားကြပြီး ရွာဆိပ်ကမ်း ရောက်သော အခါ လှေပေါ်တင်ပြီးအစိရဝတီမြစ်သို့ သယ်ဆောင်ခဲ့ကြပြန်သည်။ အစိရဝတီမြစ် လယ်သို့ရောက် သောအခါ ရွှေရောင်ငါးကြီး က အရပ် တစ်ပါးသို့ ၀မ်းမြောက်ရွှင်လန်းစွာ ကူးခတ်မသွားတော့ဘဲ လှေနံစောင်းနှင့် သူ့ဦးခေါင်းကို ရိုက်၍ သတ်သေပြီး အဝီစိငရဲသို့ ကျရောက်သွားလေ တော့သည်။ ဘုရားရှင်သည် ကပိလငါးကြီးအကြောင်းကို ပရိတ်သတ်များထင်ရှားအောင် မေးမြန်းတော် မူပြီးနောက် ကောသလမင်းကြီးနှင့် တကွ ပရိတ်သတ်အပေါင်းတို့အား အောက်ပါဒေသနာ တော်ကို ဟောကြားတော်မူလိုက်၏ …. “ ချစ်သားတို့မေ့မေ့လျှော့လျှော့နေထိုင်သော သတ္တဝါအား တဏှာသည် မာလောနွယ်ကဲ့သို့ တိုးပွား၏ ။ သစ်သီးကို အလိုရှိ သောမျောက် သည် တောတွင်း၌ တပင်မှတပင်သို့ ခုန်လွှား ကူးသန်းနေသကဲ့သို့ ထိုတဏှာတိုးပွားခြင်းသည် တစ်ဘ၀မှတစ်ဘ၀သို့ပြေးသွားရ၏ ။ (ဓမၼပဒ ဂါထာ၊၃၄၄) ချစ်သားတို့ ပြိတ်မြက်သည် မိုးရွာသောအခါ တိုးပွားသကဲ့သို့ လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ အညှင်းဆဲခံရသူ ကား စိုးရိမ်ကြောင့်ကြမှုတို့သည် တိုးပွား ကုန်၏ … (ဓမ္မပဒ ဂါထာ၊၃၃၅) ချစ်သားတို့ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ ဤလောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှင်းဆဲနိုင်ခဲ့ပါလျှင် ထိုသူထံမှ စိုးရိမ်ကြောင့်ကြ ခြင်းတို့သည် လျှောကျကုန်၏ ။ (ဓမၼပဒ ဂါထာ၊၃၃၆) ချစ်သားတို့ ထို့ကြောင့် ဤနေရာ၌ စည်းဝေးလာ ကြကုန်သော သင်တို့အား ငါသည်ကောင်းသော စကားကိုဆိုပေအံ့ ၊ ပန်းရင်းဟုခေါ် သော ပြိတ်မြက်၏ အမြစ်ကို အလိုရှိသူသည် ပြိတ် မြက်ပင်ကို တူးရသကဲ့သို့ နိဗ္ဗာန်ကို အလိုရှိလျှင် တဏှာ၏ အရင်းအမြစ်ကို တူးပြစ်ကြကုန်လော့။ ရေအလျှဉ်သည် ကျူပင်ကိုဖျက်ဆီးသကဲ့သို့ ကိလေသာမာန်သည် သင်တို့အား အဖန် တလဲလဲ မဖျက်ဆီးလင့်” ဟုဟောကြား ဆုံးမ တော်မူရာ တံငါသည်ငါးရာတို့မှာ သတိသံဝေဂရရှိကြလျှက် ဘုရားရှင်ထံ ခွင့်ပန်ကာ ရဟန်းပြုခဲ့ကြပြီး တရားအားထုတ်၍ ရဟန္တာဖြစ်ကြ သောအခါအာနေဉ္စသမာပတ် ၀င်စား နေကြလေတော့သတည်း။ (ဂါထာ၊ဓမ္မပဒ၊၃၇၇) ⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘ - အရှင်ဥာဏ (ဖျာပုံ) -ကျမ်းကိုး (၁) ဓမ္မပဒ - တဏှာ၀ဂ် ။ ကပိလရွှေငါးဇာတ် ။ အားပြန်လည်ရိုက်ကူးပူဇော်ပါသည် ။ Dhamma Danã Source ► https://ift.tt/1tab2NY

via အလင်းရောင် ဓမ္မ https://ift.tt/2PLPufR

လူ့ဘ၀မှာ ကျေနပ်စရာများ 💍💎💍💎💍💎💍💎 ❖ ဘ၀မှာ မကျေနပ်စရာတွေကိုလည်း ရှာဖွေတွေ့ဖို့လိုအပ်တယ်၊ ကျေနပ်စရာတွေကိုလည်း ရှာဖွေတွေ့ဖို့လိုအပ်တယ်။ ❖ မကျေနပ်စရာကောင်းတဲ့ ဘ၀မှာ လူဖြစ်လာကြရပြီး ကျေနပ်စရာကောင်းတဲ့ အချက်အလက်တွေ ဒို့မှာဘာတွေလိုအပ်လဲဆိုတာ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ဘ၀ ပြုပြင်ကြရမှာဖြစ်တယ်။ ❖ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို အလွယ်တကူသိခွင့်ရပါရဲ့သားနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို အလေးအနက်ထားပြီးတော့ နာယူရမှန်း၊ မှတ်သားရမှန်း၊ လေ့လာရမှန်း၊ ဆည်းပူရမှန်း မသိဘူး။ ❖ သိတောင်မှပဲ တခြားကိစ္စတွေနဲ့ လူတွေဟာ အချိန်ကုန်ပြီးတော့ ကိုယ့်ဘ၀မှာ တန်ဖိုးဆိုတာ ဘာလဲဆိုတာ ဆင်ခြင်စဉ်းစားမှုမပြုခဲ့လို့ အချိန်ကုန်သွားပြီးဆိုတော့မှ သြော် ဒို့ဟာ ဆုံးရှုံးသွားပြီဆိုတာ အဲဒီကျမှတော့ ဘာတတ်နိုင်မလဲ ဘာမှမတတ်နိုင်တော့ဘူး။ ❖ ကျေနပ်စရာတွေ ဘာတုန်းဆိုရင် ကျင့်သုံးရမယ့် သိက္ခာပုဒ်(၅)မျိုး ငါးပါးသီလကို လေးလေးနက်နက်ကျင့်သုံးရမယ်။ ငါးပါးသီလလုံရင် သိပ်ကျေနပ်စရာကောင်းတယ်။ လူ့ဘဝကြီးဟာ အိုရင်အိုပစေ ငါးပါးသီလလုံရင် သိပ်ကျေနပ်စရာကောင်းတယ်။ အရိယာသူတော်စင် ဖြစ်မှ ငါးပါးသီလဆိုတာ လုံခြုံနိုင်တယ်။ ❖ မွန်မြတ်တဲ့ စိတ်နေသဘောထား အလွန့်ကို အထက်တန်းကျတဲ့ စိတ်နေသဘောထားတွေရှိတယ်၊ မျက်မှောက်ဘ၀မှာ အဲဒီစိတ်ဓာတ်မျိုးလေးထားနိုင်လို့ရှိရင် ချမ်းသာတယ်တဲ့၊ နေရတာ ကျေနပ်စရာကောင်းတယ်၊ တွေးနေရင်ကို ချမ်းသာတယ်၊ စိတ်ဆင်းရဲစရာမရှိဘူး။ ☆ ဒီလို မွန်မြတ်တဲ့စိတ်နဲ့ လုပ်ဆောင်ရတဲ့ တွေးနေတဲ့အချိန်မှာ စိတ်နှလုံး ကြည်နူးဖွယ်ရာ ကောင်းတဲ့ ချမ်းသာစွာနေရတဲ့ အချက်လေးချက်နဲ့ လည်း ပြည့်ပြည့်စုံစုံ အလိုရှိတိုင်း ရရှိနေတယ်ဆိုလို့ ရှိရင် အဲဒီလူဘ၀ဟာ ကျေနပ်စရာအကောင်းဆုံးပဲ။ 🔸 ငါးပါးသီလနဲ့ ကိုယ်လုပ်သမျှတွေ လုံခြုံခြင်း၊ 🔸 စိတ်ရဲ့ကြည်နူးဖွယ်ရာ ကောင်းမြတ်တဲ့စိတ်နဲ့ မျက်မှောက်ဘ၀မှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ လက်ချမ်းသာနဲ့ နေနိုင်တဲ့ အခြေအနေလေးရပ်နဲ့ပြည့်စုံခြင်း၊ အဲဒါဟာ ဘ၀မှာ ကျေနပ်စရာ အကောင်းဆုံးအချက်တွေလို့ မြတ်စွာဘုရား ဒီလိုဟောတာ။ ❖ ငါးပါးသီလကို သေသေချာ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတဲ့ အချက်ရယ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာမူကို ပေးနိုင်တဲ့ မွန်မြတ်တဲ့ စိတ်နေစိတ်ထားတွေနဲ့ နေနိုင်တယ်ဆိုတဲ့ အချက်လေးချက်ရယ် ပေါင်းလိုက်တော့ (၅)ခု အဲဒီ (၅)ခုနဲ့ပြည့်စုံနေတဲ့ လူ့ဘ၀ဟာ ကျေနပ်စရာအကောင်းဆုံး လူဘ၀။ ❖ အဲဒီ အချက်(၅)ချက်နဲ့ ပြည့်စုံပြီဆိုလို့ရှိရင် ဒီလူဟာ ကိုယ့်ကိုကိုယ်ပြောနိုင်တယ်၊ 🔸 ငါတို့က ငရဲဘယ်တော့မှမရောက်ဘူး 🔸 ငါတို့ဘယ်တော့မှ တိရစ္ဆာန်မဖြစ်ဘူး၊ 🔸 ငါတို့ ဘယ်တော့မှ ပြိတ္တာဘ၀မရောက်ဘူး 🔸 ငါဟာအပါယ်လေးဘုံလွတ်တယ် 🔸 ငါ့အဖို့အပါယ်တံခါးပိတ်ပြီ 🔸 ငါဟာသောတာပန်နဲ့တူတယ် သောတာပန်ဖြစ်နေပြီ လို့ ကိုယ့်ကိုကိုယ် ပြောချင်ရင်ပြောလို့ရတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။ ❖ မြင့်မြတ်တဲ့စိတ်နဲ့ စိတ်ကိုကြည်နူးအောင်၊ မသန့်စင်သေးတဲ့စိတ် မစင်ကြယ်သေးတဲ့စိတ်တွေ စင်ကြယ်လာစေတဲ့အင်္ဂါရပ်တွေ ဒါတွေကိုပဲ ကိုယ့်သန္တာန်မှာ ကြိုးစားပြီး လုပ်ဆောင်ရမှာဖြစ်တယ်။ ❖ ဒုက္ခရောက်တိုင်း ဒုက္ခရောက်တိုင်း ဘုရားကို အာရုံပြုကြည့်လိုက်၊ ဒီဒုက္ခတွေကြောင့် ဒီဒုက္ခတွေဖြစ်မှာမို့ မြတ်စွာဘုရားက ကြိုတင်ပြီး ပြောထားပြီးသားပဲ 🔸 "သဗ္ဗေသင်္ခါရာ အနိစ္စာ" ဘ၀ဆိုတာ ဘယ်ဟာမှ မမြဲဘူး။ သင်္ခါရတွေဆိုတာ ဖြစ်ပြီးရင် ပြတ်တာပဲ၊ 🔸 "သဗ္ဗေသင်္ခါရာ ဒုက္ခာ" သင်္ခါရတွေဆိုတာ ဒုက္ခတွေပဲ၊ 🔸 "သဗ္ဗေသင်္ခါရာ အနတ္တာ" "သဗ္ဗေဓမ္မာ အနတ္တာ" သဘာ၀တရားတွေမှန်သမျှ ကိုယ်ပိုင်တဲ့အရာတွေ မဟုတ်ဘူး၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့တခုမှမရဘူး။ အဲဒီတော့ ငါဘဝြဖစ်တာ ငါဖြစ်တာမဟုတ်ဘူး။ ❖ သင်္ခါရသဘောတရား သူ့ဘာသာဖြစ်တာ မြတ်စွာဘုရားက ဒါကိုဟောတာ မှန်လိုက်တာ ကြည့်စမ်းပ မြတ်စွာဘုရားရဲ့ဂုဏ်ကို အာရုံပြုတာ မှန်လိုက်တာလို့ဆိုပြီး မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုပြီး အော် မြတ်စွာဘုရား ဒါတွေ့မြင်လို့ ဒို့ကိုဆုံးမတာပဲ ဒီဘက်ကို အာရုံရောက်သွားရင် စိတ်ဟာကြည်နူးမူတွေရသွားတယ်။ ❖ ဒုက္ခတွေသက်သာသွားတယ်၊ ဒေါသတွေထွက်လာလို့ရှိရင် မြတ်စွာဘုရားက ဒီလိုဒေါသမျိုး မထားရဘူးလို့ဟောတာ ငါဒီလို ဒေါသမျိုးထားနေလို့ရှိရင် အပါယ်ငရဲကျမှာပဲ ကြည့်စမ်း ဒီဒေါသဟာ အပါယ်ငရဲဆိုတာ နောက်မှ အခုတင်ပဲ ငါခံနေရပြီ ဒီလိုစဉ်စားလိုက်ရင် ဘုရားရဲ့ ဂုဏ်တွေကို စဉ်းစားပြီးသားဖြစ်သွားတယ်။ 💐ဘုရားဂုဏ် ❖ မြတ်စွာဘုရားမှာ ငါမှာဖြစ်တဲ့ ဒေါသမျိုးမဖြစ်ဘူး၊ လောဘတွေ ဖြစ်နေလို့ရှိရင်လည်း ငါမှာဖြစ်တဲ့ လောဘမျိုး မြတ်စွာဘုရားမှာမရှိဘူး၊ မောဟတွေ ဖြစ်နေလို့ရှိရင်လည်း ငါမှာဖြစ်တဲ့ မောဟမျိုး မြတ်စွာဘုရားမှာမရှိဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ အရဟံ ကိလေသာတရားတွေ အားလုံးဖယ်ရှားပြီးသားဖြစ်တယ် တကယ့်ကို စစ်မှန်ပါတယ်လို့ ဘုရားကိုအာရုံပြုပြီးတော့ ကြည်နူး၀မ်းသာတဲ့ စိတ်လေးနဲ့နေလိုက်ရင် အခက်အခဲတွေ အားလုံးဟာ လွန်မြှောက်သွားနိုင်တယ်။ 💐 တရားဂုဏ် ❖ မြတ်စွာဘုရားဟောတဲ့တရားဟာ အခုလိုဒုက္ခတွေ ဒီလိုအခက်အခဲတွေ လွန်မြောက်စေနိုင်တာဟာ တရားပဲ၊ ဒါကြောင့်မို့ တရားမှတပါး ငါ့မှာ အားကိုးစရာမရှိ၊ ငါဒေါသထွက်နေရင် ဒေါသငြိမ်းအောင် မေတ္တာပွားရမယ်လို့ ဟောထားတယ်၊ မေတ္တာပွားလိုက်တာနဲ့ ဒေါသဟာငြိမ်းအေးသွားတယ် မှန်လိုက်တာဆိုပြီး တရားပေါ်မှာလက်တွေ့ခံစားရတာ၊ ကျေနပ်တဲ့စိတ်နေသဘောထားတွေ ဖြစ်ပေါ်လာတယ်။ အခက်အခဲတခုကို ရှောင်လိုက်တာ။ 💐 သံဃာ့ဂုဏ် ❖ သံဃာတွေကိုအာရုံပြုပြီးတော့ နုလုံးသွင်းဆင်ခြင်လိုက်မယ်၊ ငါတို့ဟာ ကုသိုလ်ကောင်းမူလုပ်ချင်တာ ဒီသံဃာတွေမရှိရင် ငါတို့ကုသိုလ်လုပ်လို့မရဘူး လောကမှာကိုယ်ကျင့်သီလမရှိတဲ့ သူတောင်းစားပဲ ပေးစရာရှိမယ် ခွေးတွေပဲကျွေးစရာရှိမယ်၊ ခုလို မွန်မွန်မြတ်မြတ်နေတဲ့ သံဃာတွေရှိသည့်အတွက်ကြောင့် ဒို့တတွေဟာ ဒို့ပစ္စည်းတွေ လှူရတန်းရကျိုးနပ်ပြီး ဒီကုသိုလ်ကောင်းမူဟာ ဒို့အတွက်တုန့်ပြန်မူကြီးမားတဲ့ အကျိုးတရားတွေရမှာပဲလို့ သံဃာဂုဏ်ကို အာရုံပြုပြီးတော့ ဆင်ခြင်သုံးသပ်လိုက်လို့ရှိရင် လူဟာစိတ်ကြည်နူးတွေရလာတယ်။ အကုန်လုံးမေ့သွားပြီး စိတ်ထဲမှာ ကျေနပ်လာတယ်။ ❖ ကိုယ့်သီလကို ကိုယ်ဆင်ခြင်တာ.. တကယ့်ကို အသက်ထက်တန်ဖိုးထားပြီးတော့ စောင့်ရှောက်တဲ့သီလ အဲဒီသီလကိုလည်း လုံး၀ကျူးလွန်မူမရှိဘဲနဲ့ အသက်ထက်တန်းဖိုထားပြီး ထိန်းသိမ်းစောင့်ရှောက်တယ်။ ကိုယ့်သီလလေးကို တွေးနေလိုက်တဲ့အခါမှာ ကျေနပ်စရာ အားရစရာတွေ ဖြစ်ပေါ်လာတယ်။ ❖ ဘ၀မှာ ကျေနပ်စရာတွေဆိုတာ တခြားဟာတွေကို ပြောတာမဟုတ်ဘူး 🔸 ငါးပါးသီလရှိရင်လည်း ကျေနပ်စရာကောင်းတယ်၊ 🔸 ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်၊ 🔸တရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်၊ 🔸 သံဃာဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်။ ❖ ကိုယ့်သီလကို ကိုယ်ဆင်ခြင်ပြီးတော့ ကျေနပ်မူရတာလည်း ကြည်နူးမူရတာလည်း ကျေနပ်စရာကောင်းတယ်၊ ကျေနပ်စရာ(၅)မျိုး ဘ၀မှာကျေနပ်စရာတွေ။ ❖ မြတ်စွာဘုရားက အဲဒီအချက်အလက်တွေနဲ့ ပြည်စုံရင် နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့ စိုးရိမ်စရာမရှိတော့ဘူး။ ငရဲမရှိတော့ဘူး။ တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး။ ❖ အခက်အခဲကြုံတိုင်း အခက်အခဲကြုံသည်ဖြစ်စေ မကြုံသည်ဖြစ်စေ ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့ မြတ်စွာဘုရားပဲ၊ ဘုရားရဲ့ဂုဏ်တော်တွေကို အမှတ်ရလိုက်ပါ၊ ဘုရားကို အာရုံပြုပြီးတော့ နုလုံးသွင်းဆင်ခြင်နေပါ။ တရားကို အာရုံပြုပြီးတော့ နုလုံးသွင်းဆင်ခြင်နေပါ။ ❖ ဒေါသကင်းတဲ့အကျင့် ကောင်းမြတ်တဲ့အကျင့် မေတ္တာတွေပွားပါ ပွားလို့ရှိရင် အဲ့ဒါတွေဟာ နတ်ပြည်ရောက်ဖို့ရာအတွက် ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် ဖြစ်ပါလိမ့်မယ်။ ကိုယ့်မှာလှူစရာတွေရှိရင် ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို လှူလိုက်ပါ။ မင်းလှူတဲ့ အလှူဟာ အင်မတန်မှ ကြီးကျယ် ကျယ်ပြန်တဲ့အကျိုးတရားတွေ မင်းဆီယူဆောင်လာပါလိမ့်မယ်။ ❖ ငါးပါးသီလပြည့်စုံတယ်၊ ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ တရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ သံဃာဂုဏ်ကို အာရုံပြုပြီး လှူနိုင်တန်းနိုင်တယ် ကျေနပ်စရာကြီးပေါ့။ ဘ၀မှာ ကျေနပ်စရာကောင်းတဲ့ အချက်တွေရလာပြီဆိုရင် ငါတို့ဟာ တကယ့်အရတော်တဲ့ လူဘ၀ရပြီဆိုပြီးတော့ ကိုယ်စီကိုယ်စီ ၀မ်းမြှောက်၀မ်းသာဖြစ်ကြရမှာဖြစ်တယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 "လူ့ဘဝမှာ ကျေနပ်စရာများ" တရားတော် မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ credit :

via အလင်းရောင် ဓမ္မ https://ift.tt/34lwav7

အကြောင်းကောင်းမှ အကျိူးလှ 🙏🙏🙏🙏🙏🙏🙏🙏🙏 ဘဝ အမောမှ အ လောဘ ကား တဏှာ့တောက လွတ်လိမ့်မည် ။ ။ မျှ မနော အလှ အ ဒေါသ ကား ကြွဇောကျလို့ အေးချမ်းသည် ။ ။ ဓမ္မ သဘောပြ အ မောဟ ကား ဘဝ သောကတို့ ငြိမ်းရပြီ ။ ။ အလောဘ= စွန့်လွှတ် ပေးကမ်းလိုစိတ် အဒေါသ= မေတ္တာ အမောဟ = ပညာ မေတ္တာဖြင့် အရှင်အာဒိစ္စ(ကော့ထင်း)

via အလင်းရောင် ဓမ္မ https://ift.tt/35p2VbY

အမြဲနှလုံးသွင်းရမယ့် တရား (၅)မျိုး 🌳🍃🌳🍃🌳🍃🌳🍃🌳🍃🌳 ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ.. ငါအိုရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒို့က သူများအိုတာသာ သိတာကွဲ့။ ကိုယ်အိုတာကို မေ့နေတယ်။ မေ့တတ်လွန်းလို့ သတိပေးရတယ်။ ငါအိုရဦးမယ်..။ ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက အင်း.. ငါ အအိုကမလွတ်သေးဘူး။ မေ့တတ်လွန်းလို့ .. အမြဲဆင်ခြင်ပါ။ ဒုတိယကျတော့ .. ငါနာရဦးမယ်။ ဒါလည်း ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးနေရမယ်တဲ့။ ဘာဖြစ်လို့တုန်း။ သူများနာတာတွေတာ သိနေတာ။ ကိုယ်နာတာတော့ မေ့နေသနော်။ သူများနာမှာတွေသာကြည့်နေတာ။ ကိုယ်နာမှာကျ သတိမရဘူး။ ကိုယ့်ကိုယ်ကိုအမြဲတမ်းအကောင်းချည်းပဲထင်နေတာ။ ဒါလည်း အမြဲတမ်းသတိပေးရမှာတဲ့ဗျ။ အဲသလို သတိပေးရင်း.. အင်း ငါအနာကမလွတ်သေးပါလား။ အဲသလိုထပ်စဉ်းစားရမယ်တဲ့ဗျ။ ပြီးတော့ တစ်ခါ တတိယကျတော့ ငါသေရဦးမယ်။ ဘာဖြစ်လို့တုန်း... ဒို့က သူများသေမှာသာ လျှောက်စဉ်းစားနေတာ..။ ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို့တုန်း။ မေ့လွန်းလို့ မေ့လွန်းလို့။ သေမှာလည်း မေ့လွန်းလို့ ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။ နံပါတ် ၄ ကျတော့ ငါ့မိဘ ဆွေမျိုး ညီကို မောင်နှမ ငါ့အပေါင်းအသင်းတွေနဲ့ သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။စဉ်းစားထား။ အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။ သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။ သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။ ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့။ ဒီတိုင်းအမြဲနေရလိမ့်မယ်များ ထင်မနေနဲ့။ သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။ အိမ်ထောင်ရက်သားကျလို့ သူ့ရွာ ကိုယ့်ရွာ ပါသွားကျတာတွေလည်း အများကြီးပဲ။ ဒါလည်း အမြဲစဉ်းစားရမှာ။ ဘာဖြစ်လို့တုန်း မကွဲခင်က ခွဲမထားရင် ကွဲတဲ့အခါကျတော့ ဆတ်ဆတ်လူးမယ်နော်။ မကွဲခင်က ခွဲထားလို့ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။ မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင် ကွဲတဲ့အခါ ဆတ်ဆတ်လူးမယ်နော်။ ခွဲတော.့ခွဲကြရမယ်။ သေကွဲလား? ရှင်ကွဲလား? ဒါပဲကွာမယ်။ သူကထားခဲ့မှာလား? ကိုယ်ကထားခဲ့မှာလား?ဒါပဲကွာတယ်။ ထားတော့ ထားခဲ့မှာချည်းပဲ။ ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။ အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ ခုကတည်းကစလောက်ပြီ။ ညီတွေထားခဲ့တာ၊ အကိုတွေထားခဲ့တာ၊ ညီမတွေထားခဲ့၊ အစ်မတွေထားခဲ.တာ ခုကတည်းကရှိလောက်ပြီ။ ကိုယ်ကလည်း နောက်သူများကိုထားခဲ့ရဦးမယ်။ တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။ ကွဲလို့ မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။ ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု ၊ ပြိတ္တာဘ၀နဲ့ရောက်တာ ပြန်တွဲတာပြောတာ။ စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့ နေကြရဦးမယ်။ အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့နေရမယ်။ ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်..။ ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။ ငြိနေ တွဲနေမှာပေါ့။ခွဲရတယ်ဆိုတည်းက ကိုယ်ပစ္စည်းဟုတ်လို့လား? မဟုတ်လို.လား?။ မဟုတ်လို့ခွဲရတာပေါ့။ မဟုတ်လို့ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ စာရင်းစစ်ကြည့်ပါတဲ့။ အဲတော့ နံပါတ် ၅ က ငါ့အတွက် ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။ ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်.. ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေလို့ သားတွေ သမီးတွေကလိုက်မယ်ထင်လား..။ လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။ ကိုယ့်ကံအတိုင်းသွားရမှာ။ ငရဲသွားမယ့် ပုဂ္ဂိုလ်ကို ဘုရား၀င်တားလို့မရဘူး။ သိကြား၀င်တားလို့မရဘူး။ နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို ဘုရား၀င်ဆွဲချလို့မရဘူး။ သိကြား၀င်ဆွဲချလို့မရဘူး။ ကိုယ့်ကံအတိုင်းသွားကြရမှာ။ မေ့မေ့ကြီးနဲ့ဒီတိုင်း.နေရင် ဆိုးကံပစ်ချရာခံရမယ်နော်။ ငါ သေရဦးမယ် ဆင်ခြင်ပါ။ ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။ မဟာဗောဓိမြိုင်ဆရာတော်ကြီး 🙏🙏🙏🙏🙏🙏🙏🙏🙏 credit : Original Uploader

via အလင်းရောင် ဓမ္မ https://ift.tt/34jB8bO

မေတ္တာခိုင်မြဲအောင် ပြောမယ့်စကားလေးတွေကိုဆင်ခြင်ပေး သူများမကောင်းကြောင်းကို အရသာခံမပြောမိစေဖို့ သတိပြုကြပါစို့

via အလင်းရောင် ဓမ္မ https://ift.tt/35qIgnS

ရှိတဲ့စည်းဇိမ် မပျက်စီးလိုလျှင် -------------------------------- ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ မာန်နတ်က ရွာသူရွာသားတွေကို ပူးဝင်နှောင့်ယှက်ထားတဲ့အတွက် ဆွမ်းမရရှိခဲ့ဘူး အဲဒါကို မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ် ဘုရားရှင်ကို လှူမဲ့ဆွမ်းအတွက် မာန်နတ်နှောင့် ယှက်လို့ရသလားတဲ့ ရှင်နာဂသိန်က မင်းကြီး ဘုရားရှင်အတွက်ဆိုပြီး မရည်စူးခင်မှာ ရွာသူရွာသားတွေကို နှောင့်ယှက် ထားလို့ ဆွမ်းမရတာတဲ့ တကယ်လို့များ ဘုရားရှင်အတွက်ဆိုပြီးရည်စူးထားပြီးသားဆွမ်းကိုမှ မာန်နတ်ကနှောင့်ယှက်တာဆိုရင် အဲဒီမာန် နတ်ဟာ ဦးခေါင်းရှစ်စိတ် ကွဲလိမ့်မယ်တဲ့ ပြောချင်တာက မိတ်ဆွေတို့ရှာသမျှ စည်းဇိမ်ဥစ္စာဟာ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်စီးနိ ုင်ပါတယ် အာမခံချက်မရှိပါဘူး ဒါပေမဲ့ ငါရှာတာဟာ ဘုရားရှင်သာသနာတော်အတွက် ဆိုပြီး ရှာဖွေကြည့်ကြစမ်ပါ ရှာလို့ရတဲ့စည်းဇိမ် ဥစ္စာကိုလည်း သာသနာတော်နဲ့သာ ဝေစားမျှစား လုပ်ကြည့်ကြစမ်းပါ အဲဒီစည်းဇိမ်ဥစ္စာတွေဟာ ရန်သူမျိုးငါးပါးမပြောနဲ့ ရန်သူမျိုး ဆယ်ပါးရှိခဲ့ရင် တောင် မပျက်စီးစေရပါဘူး စည်းဇိမ်ဥစ္စာပျက်စီး ဖို့အတွက် ဘာမှ ပူစရာမလိုတော့ပါဘူး မယုံကြည်သူများ စမ်းကြည့်ကြပါ ဦးမြင့်ခိုင်

via အလင်းရောင် ဓမ္မ https://ift.tt/34nXYyM

via အလင်းရောင် ဓမ္မ https://ift.tt/2tlKC9L