အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 15, 2019
ရှိတဲ့စည်းဇိမ် မပျက်စီးလိုလျှင် -------------------------------- ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းခံကြွတဲ့အခါ မာန်နတ်က ရွာသူရွာသားတွေကို ပူးဝင်နှောင့်ယှက်ထားတဲ့အတွက် ဆွမ်းမရရှိခဲ့ဘူး အဲဒါကို မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ် ဘုရားရှင်ကို လှူမဲ့ဆွမ်းအတွက် မာန်နတ်နှောင့် ယှက်လို့ရသလားတဲ့ ရှင်နာဂသိန်က မင်းကြီး ဘုရားရှင်အတွက်ဆိုပြီး မရည်စူးခင်မှာ ရွာသူရွာသားတွေကို နှောင့်ယှက် ထားလို့ ဆွမ်းမရတာတဲ့ တကယ်လို့များ ဘုရားရှင်အတွက်ဆိုပြီးရည်စူးထားပြီးသားဆွမ်းကိုမှ မာန်နတ်ကနှောင့်ယှက်တာဆိုရင် အဲဒီမာန် နတ်ဟာ ဦးခေါင်းရှစ်စိတ် ကွဲလိမ့်မယ်တဲ့ ပြောချင်တာက မိတ်ဆွေတို့ရှာသမျှ စည်းဇိမ်ဥစ္စာဟာ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်စီးနိ ုင်ပါတယ် အာမခံချက်မရှိပါဘူး ဒါပေမဲ့ ငါရှာတာဟာ ဘုရားရှင်သာသနာတော်အတွက် ဆိုပြီး ရှာဖွေကြည့်ကြစမ်ပါ ရှာလို့ရတဲ့စည်းဇိမ် ဥစ္စာကိုလည်း သာသနာတော်နဲ့သာ ဝေစားမျှစား လုပ်ကြည့်ကြစမ်းပါ အဲဒီစည်းဇိမ်ဥစ္စာတွေဟာ ရန်သူမျိုးငါးပါးမပြောနဲ့ ရန်သူမျိုး ဆယ်ပါးရှိခဲ့ရင် တောင် မပျက်စီးစေရပါဘူး စည်းဇိမ်ဥစ္စာပျက်စီး ဖို့အတွက် ဘာမှ ပူစရာမလိုတော့ပါဘူး မယုံကြည်သူများ စမ်းကြည့်ကြပါ ဦးမြင့်ခိုင်
via အလင်းရောင် ဓမ္မ https://ift.tt/34nXYyM
Newer Post
Older Post
Home