Monday, August 19, 2019

ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားခွဲခြားနည်း 🌷🌷🌷🌷🌷🌷🌷🌷 🌷မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပြီးရင် ပူပင်နေရတယ် ကြောက်လန့်နေရတယ် စိုးရွံ့နေရတယ် ထိတ်လန့်နေရတယ် အမြဲတမ်း စိတ်နှလုံးမသာယာဘူး အကျိုးတရားဖြစ်ပေါ်လာပြီဆိုရင်လည်း ရှိုက်ကြီးတစ်ငင် ငိုပြီး ခံစားရတာဟာ မကောင်းတဲ့အလုပ်ပဲ။ 🌷ကောင်းတဲ့အလုပ်ဆိုတာ လုပ်ပြီးပြီဆိုရင် ပူပင်ရခြင်းမရှိဘူး သောကမရှိဘူး နောင်တမရဘူး ပျော်ရွင်ကျေနပ်မိနေတယ် အမြဲတမ်းမိမိကိုယ်ကိုဂုဏ်ယူမိနေတယ် အကျိုးတရားရလာပြီဆိုရင်လည်း ပီတိတွေဖြာပြီး ဝမ်းမြောက်နေရမယ် ဒါဟာကောင်းတဲ့အလုပ်ပဲ။ 🌷ဒီနှစ်ခုကိုနှိုင်းယှဉ်လို့ ကိုယ်ဟာကောင်းတဲ့အလုပ် လုပ်မိသလား မကောင်းတဲ့အလုပ် လုပ်နေတာလား ခွဲခြားသိနှိုင်တယ်လို့ ဒီလိုဆိုတယ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး မကောင်းတဲ့အလုပ်များရှောင်ရှားကြလို့ ကောင်းသောအလုပ်များလုပ်နိုင်ကြပါစေ အမှောင်ပျောက်လိုအ့လင်းရောက်ပါစေ TZWin

via အလင်းရောင် ဓမ္မ https://ift.tt/2Zg7fuk

🌜စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေ🌛 သတိပြု ဆင်ခြင်ဖွယ်ရာ များပါ 🙏 🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶 ခိုးခြင်း ( ၂၅ ပါး ) ပါဝင်နေခြင်း - တရားတော် ✔“စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ် ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး” ❗❗❗❗❗♦❗❗❗❗❗❗❗ ✔ဆီဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။ အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ ရောတယ်။နောက်ဆုံးမှာ ငှက်ပျောသီးကအစ ဆေးတို့ ဆေးစိမ်၊စားဝံ့စရာအနေအထား မရှိတော့ဘူး။ ✔ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ စာရင်းဇယားပြုပြီးတော့ သေသေချာချာ ကြည့်မယ်ဆိုလို့ရှိရင် အသည်းရောဂါတို့ ၊ကျောက်ကပ်ရောဂါတို့ဟာ ပိုပိုပြီးတော့ များလာတယ်။ဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် အစားအသောက်တွေကြောင့် ဖြစ်တယ် ဒီလိုဆိုတယ်။ ✔ပိုးသတ်ဆေးတွေလည်း အလွန်အကျွံ သုံး၊ ဓာတုဗေဒဆေးတွေ ဓာတ်မြေသြဇာတွေ အလွန်အကျွံ အသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့ မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာပဲ။ ✔ဒါကြောင့်မို့လို့ ရောဂါဝေဒနာတွေဟာ တဖြည်းဖြည်း များလာတာဟာ အကုသိုလ်ကံကြောင့်ချည်း မဟုတ်ဘူး။ လူတွေလုပ်ခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပိုပြီးတော့ ဖြစ်လာတာ။ ✔မြန်မာနိုင်ငံရဲ့မြေပေါ်မှာ တစ်ချိန်တုန်းက သစ်တောကြီးတွေ လွှမ်းမိုးပြီးတော့ စိမ်းလန်း စိုပြေနေတယ်။သာယာတဲ့နိုင်ငံတစ်ခုက အခုအချိန်မှာ တောတွေ၊တောင်တွေဟာ တောပြုန်း၊တောင်ပြုန်း၊ တောင်ကတုံး ကြပ်တီးကုန်းဘဝ ရောက်ကုန်တာ ဘယ်သူတွေ လုပ်တာလဲလို့ဆိုရင် လူတွေလုပ်ကြတာပဲ။ ✔ဒီမြေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မဆင်မခြင် လုပ်ကိုင် သည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကြီးဟာ ပျက်စီးသွားပြီးတော့ ဘယ်သူတွေကို ပြန်ပြီးတော့ ထိခိုက်တုံးဆိုရင် လူတွေကိုပဲ ပြန်ထိခိုက်တာပဲ။ ဒါတွေဟာ သဘာဝတရားတွေကိုမကောင်းအောင် လုပ်ခြင်းသည် မကောင်းကျိုးကိုပြန်ပြီး ဖြစ်စေတယ် ဆိုတဲ့ နိယာမတရားအတိုင်းပဲ။ ✔ဥပနိ ဿ ယပစ္စည်းဖြစ်တဲ့ သဘာဝတောတောင် ရေမြေတွေဟာ လူတွေကို အကျိုးပြုရမယ့်အစား လူတွေ ဖျက်ဆီးထားသည့်အတွက်ကြောင့် သူတို့က တစ်ဖန် လူတွေကို ပြန်ဖျက်ဆီးတဲ့အနေအထားမျိုး ရောက်ရှိလာပြီ။ ✔အဲဒီတော့ ဘုန်းကြီးတို့တတွေ ခုချိန်မှာ ဒီ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့် သလို လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့သင့်တယ်။ ✔နာရေးကူညီမှုအသင်းတွေ ပေါ်လာတယ်ဆိုတာ မကျန်းမာတဲ့သူတွေ များလာတယ်ဆိုတဲ့အဓိပ္ပာယ် ပေါ်နေတယ်၊နာရေးကူညီမှုအသင်းထက် ကျန်းမာရေးကို ကူညီတဲ့အသင်းက ပိုပြီးတော့ အရေးကြီးတယ်။ ✔သေသွားမှတော့ ဘာမှ မထူးတော့ဘူး။ သေသွားတဲ့ပုဂ္ဂိုလ်ကို ပြန်ရှင်အောင်လည်း လုပ်လို့ မရဘူး။အေး အရေးကြီးတာကတော့ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အကျိုး၊ဘာသာအကျိုး၊သာသနာအကျိုး ဆောင်ရွက်နိုင်ကြဖို့၊ ကုသိုလ်တရားတွေ မိမိတို့ သန္တာန်မှာ ဖြစ်ပွားစေဖို့ဆိုတာ ဒါက ပိုပြီးတော့ အရေးကြီးတယ်။ ✔အရေးကြီးတာ နဲ့ အရေးမကြီးတာ ခွဲခြားသိပြီးတော့ အရေးကြီးတာကို ပိုပြီးတော့ လုပ်သင့် လုပ်ထိုက်ကြ တယ်ပေါ့။ ✔မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ အစာအာဟာရထုတ်လုပ်မှုနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး။ 🔺ဘာဖြစ်လို့ မလုပ်သင့်လဲ?🔺 ✔ဘာဖြစ်လို့ မလုပ်သင့်လဲ? တစ်ဖက်သား နစ်နာမယ့်အလုပ်ဖြစ်လို့ပဲ။ တစ်ဖက်သားနစ်နာမယ့်အလုပ်ကို မလုပ်ဘဲ 💡အ,ဘယဒါန ဇီဝိတဒါန💡 အလှူတော်ကြီးကို ပေးကြဖို့ လိုတယ်။ ✔မိမိတစ်ဦး စီးပွားရေးလမ်းဖြောင့်ဖို့အတွက် တစ်ဖက်သား ဒုက္ခရောက်မယ့်အလုပ်မျိုးကို မလုပ်သင့်ဘူး။ ✔အစာအာဟာရဟာ စားပြီးရင် လူကို အကျိုး ဖြစ်စေမှ ကောင်းပါတယ်။အကျိုးမဖြစ်စေတဲ့အရာ တွေကို လူတွေစားဖို့ ထုတ်လုပ်ထားရင် မိမိတို့ အမြတ်ရရုံ စီးပွားဖြစ်ရုံသာ ဖြစ်မယ်။ ✔ဒီတစ်ခုတည်း မကြည့်ဘဲနဲ့ အများသတ္တဝါတွေ ချမ်းသာဖို့ ဆိုတဲ့ မေတ္တာတရားရှေ့ထား ဗြဟ္မစိုရ်တရား ပွားပြီးတော့မှ စီးပွားရှာသင့်တယ်ပေါ့။ အဲဒီလို မဟုတ်လို့ရှိရင် စီးပွားတော့ ဖြစ်မှာပဲ။ ✔ဖြစ်ပေါ်လာတဲ့စီးပွားကြောင့် မိမိပစ္စည်းကို အသုံးပြုတဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ ဒုက္ခ အနန္တနဲ့ ကြုံတွေ့ရနိုင်တယ်။သံသရာမှာ ရလာတဲ့ဘဝမှာ ကောင်းမှုလည်း မလုပ်နိုင်ကြ၊ တရားဓမ္မလည်း အားမထုတ်နိုင် နှလုံးမသွင်းနိုင်ကြ။ ✔လူမမာဘဝ ရောက်ရှိပြီးတော့ သနားစရာ အနေအထားမျိုးနဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားကြမှာ။ တန်ဖိုးရှိတဲ့ဘဝဟာ ဘာမှ လုပ်လိုက်ရမှာ မဟုတ်ဘူး။ အေး ဒါကြောင့်မို့လို့ တန်ဖိုးရှိတဲ့ဘဝကို တန်ဖိုးရှိရှိ၊ ကျန်းကျန်းမာမာ အသက်ရှည်ဖို့အတွက် တို့လုပ်တဲ့ပစ္စည်း ဟာ အကူအညီဖြစ်ပါစေလို့ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ထားပြီး မသန့်တဲ့ဆီတွေ၊မသန့်တဲ့အာဟာရတွေ ၊လူတွေကို အကျိုးမပြုတဲ့အရာတွေမိမိတို့ ထုတ်လုပ်ရောင်းချတဲ့ထဲမယ် မပါဝင်ဖို့ ဒါ အင်မတန်မှ အရေးကြီးတယ်။ ♻အ,ဘယဒါန ဇီဝိတဒါန♻ 💥အဲဒီလို မလုပ်ခြင်းအားဖြင့် ကုသိုလ်မရဘူးလို့ မအောက်မေ့ကြနဲ့။ 💥ဒါ “အလွန်ကြီးမားတဲ့ကုသိုလ်”လို့ ခေါ်တယ်။ ဘာကုသိုလ်တုန်းးဆို♻အ,ဘယဒါန ဇီဝိတဒါန♻ 💥လူတွေ ဘေးမဖြစ်အောင် စေတနာထားပြီးတော့ လုပ်သည့်အတွက်ကြောင့် ♻အ,ဘယဒါန♻ 💥လူတွေ အသက်ရှင်မှုအတွက် အထောက်အကူ ဖြစ်စေတာ ဖြစ်သောကြောင့် ♻ဇီဝိတဒါန♻ 💥မေတ္တာတရား ထားပြီးတော့ စီးပွားရှာကြမယ်။ မိမိတို့ပစ္စည်းကို သုံးစွဲကြတဲ့ ပုဂ္ဂိုလ်တွေလည်း ကျန်းမာကြမယ်၊ အသက်ရှည်ကြမယ်။ 💥အမျိုး ဘာသာ သာသနာရဲ့အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြမယ်၊ မိသားစုရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြမယ်။ 💥ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြမယ် လို့ ဒီလိုအကျိုးတွေ ဖြစ်ပွားစေပါတယ်။ 💥အဲဒီလိုမှ မဟုတ်လို့ရှိရင် မိမိတို့အနေနဲ့ စီးပွား ဖြစ်ရင်ပြီးရော ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ် ကောင်းတာရော ၊ မကောင်းတာရော အကုန်လုံး လုပ်ကြမယ်ဆိုလို့ရှိရင် မမှန်မကန်လုပ်တဲ့ ဆေးဝါးတွေသောက်ကြရလို့ ရောဂါမပျောက်ဘဲနဲ့ ရောဂါတွေ တိုးလာနိုင်တယ်။ 💥မမှန်ကန်တဲ့အစားအစာတွေကို စားကြရသည့် အတွက်ကြောင့် ကျန်းမာရေး ပျက်စီးပြီးတော့ ဆင်းရဲဒုက္ခ ရောက်နိုင်တယ်။ 💥အဲဒီလို မဖြစ်အောင် လူတိုင်းလူတိုင်းဟာ မေတ္တာစေတနာ ထားပြီးတော့ ♻အ,ဘယဒါန ဇီဝိတဒါန♻ အလှူကို လှူသင့်တယ်။ ဒါဟာ အင်မတန် ♻ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုကြီး♻ တစ်ခုပါ။ 💥ဘုရားတည် ကျောင်းဆောက်မှ ကုသိုလ်ရတာ မဟုတ်ပါဘူး။စိတ်နေစိတ်ထားကောင်းမွန်စွာ အများချမ်းသာဖို့ ဆောင်ရွက်တာတွေမှန်သမျှဟာ ကုသိုလ်တွေချည်းပါပဲ။အများချမ်းသာအောင် ဆောင်ရွက်တဲ့ ကုသိုလ်ဟာ အင်မတန်မှ ကြီးမားတဲ့ကုသိုလ်လို့ ခေါ်ပါတယ်။ အားလုံးစဉ်းစားကြည့်ပေါ့။ 🔶မစလရွာက မာဃလုလင်တို့အမှူးပြုတဲ့ လူငယ် လူရွယ်တွေဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကြတယ်။လူတကာနှစ်သက်တဲ့ ကြည့်ပျော် ရှုဖွယ်ဖြစ်အောင် ပန်းဥယျာဉ်တွေ တည်ဆောက် ကြတယ်။လမ်းတွေ ခင်းကြတယ်၊ ပြုပြင်ပေးကြတယ်။ အများစိတ်နှလုံး ချမ်းသာအောင် ရေတွင်း ရေကန်တွေ တူးကြတယ်။ 🔶ဒီလူမှုအကျိုးပြု ကုသိုလ်ကောင်းမှုတွေကြောင့် နတ်ပြည်ရောက်ကြရတယ်။ဒီကုသိုလ်ကောင်းမှုဟာ ♻ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ♻ပဲ။ 🔶အေး ဒါကြောင့်မို့လို့ မိမိတို့ စီးပွားရှာကြတဲ့အခါမှာ မည်သူပဲဖြစ်ဖြစ် ကိုယ်ရှာတဲ့စီးပွားရေးကို ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ တို့ရှာတဲ့ စီးပွားရေးကို အကြောင်းပြုပြီးတော့ 🔥ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့🔥 🔥ကျန်းမာရေးကိုလည်း မထိခိုက်ပါစေနဲ့။ 🔥စီးပွားရေးကိုလည်း မထိခိုက်ပါစေနဲ့။ 🔥ပညာရေးကိုလည်း မထိခိုက်ပါစေနဲ့။ 💡မှန်မှန်ကန်ကန် တို့ ထုတ်လိုက်တဲ့ပစ္စည်းကို စားသုံးကြရတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ကျန်းကျန်းမာမာ ပျော်ရွှင်စွာနဲ့ လူ့ဘဝကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ကြပါစေ ဆိုတဲ့ စေတနာ၊မေတ္တာ ထားလိုက်ပါ။ 💡ဒီ စေတနာ မေတ္တာ ထားလိုက်မယ်ဆိုရင် ♻အ,ဘယဒါန ဇီဝိတဒါန♻အလှူတော်ကြီးကို နေ့စဉ် ပေးလှူနေတာပဲ ဖြစ်တယ်ပေါ့။ အလွန်မွန်မြတ်ပါတယ်။ ✔ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မမှန်ကန်တဲ့ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်းဟာ 🔥ခိုးခြင်း ၂၅-ပါး🔥 ထဲမှာ ပါဝင်နေတာ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်ပေါ့။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】 CR# ဓမ္မဝန်ဆောင်

via အလင်းရောင် ဓမ္မ https://ift.tt/2NhT0ii

သေနည်း …… နေနည်း ----------------------------- ♦ သေတယ်ဆိုတာ ဘာမှဆန်းတာမဟုတ်ဘူး။ နေတာလေးရပ်သွားတာကို သေတယ်လို့ ခေါ်တာ။ အခု မတ်တတ်ရပ်ပြီး စကားပြောနေတယ်။ ပြောနေရင်းတန်းလန်းနဲ့ ဖျတ်ခနဲ သေသွားတယ်ဆိုကြပါစို့၊ နေတာလေး ဆက်တိုက်ဖြစ်နေရာကနေ ရပ်သွားတာကို သေတယ်ခေါ်တာပဲ။ နေချိန်တိုင်း နေချိန်တိုင်းမှာ ကောင်းတဲ့စိတ်နဲ့ နေမယ်၊ ကောင်းတဲ့အာရုံနဲ့ နေမယ်ဆိုရင် သေတော့လည်း ကောင်းတဲ့စိတ်၊ ကောင်းတဲ့အာရုံနဲ့ သေသွားမှာပဲ။ သေနည်းကသတ်သတ်၊ နေနည်းကသတ်သတ်၊ တရားအားထုတ်နည်းက သတ်သတ်ရယ်လို့ မရှိပါဘူး။ ♦ ဒီတော့ နေနည်းဆိုတာလည်း သေနည်းပဲ။ သေနည်းဆိုတာလည်း နေနည်းပဲ။ တရားအားထုတ်တဲ့နည်းဆိုတာ ဘာဝနာနဲ့ ပြောလိုက်ရင်လည်း တင်ပျဉ်ခွေထိုင်တာ၊ သွားရင်းလာရင်း ဝင်လေထွက်လေ မှတ်တာ၊ ဂုဏ်တော် ပွားတာ၊ စက္ကန့်နဲ့အမျှ ကိုယ်လုပ်သမျှ အလုပ်တိုင်း၊ ကိုယ်တွေးသမျှ အတွေးတိုင်း၊ ကိုယ်ပြောသမျှ စကားတိုင်းအပေါ်မှာ တရားနဲ့ ယှဉ်နေမယ်။ တရားလမ်းကြောင်း မတိမ်းစောင်းဘူး၊ တရားရှိနေမယ်ဆိုရင် တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။ ♦ တရားအားထုတ်တယ်ဆိုပြီး သီးခြားလုပ်ရတာမျိုး မဟုတ်ဘူး။ ဥပမာ - စာရေးနေတယ် ဆိုကြပါစို့၊ စာရေးတဲ့အလုပ်ကိုလုပ်နေတာ သေဖို့ပြင်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စာရေးနေရင်းတန်းလန်းနဲ့ ဖျတ်ခနဲ သေသွားရင်လည်း စာဖတ်ပရိတ်သတ်ကို သိစေချင်တဲ့ မေတ္တာ၊ စေတနာ၊ မြတ်စွာဘုရားတရားတော်ကို အာရုံပြုနေတဲ့ သဒ္ဓါပညာ စသည်အားဖြင့် ကောင်းတဲ့ သူတော်ကောင်းဓာတ်၊ ကုသိုလ်ဓာတ်တွေနဲ့ သေသွားတာဆိုတော့ ကောင်းတဲ့ သုဂတိဘုံကို ရောက်မှာပဲ။ ♦ တချို့ ယာဉ်မတော်တဆဖြစ်ပြီး သေတယ်ဆိုပါစို့ ….။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ ဘုရားဂုဏ်တော် အမြဲပွားနေမယ် ဆိုပါစို့။ ကားက ဝုန်းကနဲတိုက်လိုက်တာနဲ့ မြတ်စွာဘုရားဆိုပြီး ဘုရားဂုဏ်တော်ကို သတိရပြီး သေသွားမယ်ဆိုရင် ကောင်းရာသုဂတိဘုံကို ရောက်မှာပဲ။ လူတွေက ကားတိုက်ပြီး သေတယ်၊ မတော်တဆမှုနဲ့ သေတယ်ဆိုရင် အစိမ်းသေလို့ ဆိုကြတယ်။ သေရင် မကျွတ်ဘူး ထင်ကြတယ်။ အစိမ်းသေသေပြီး နတ်ပြည်ရောက်သွားတဲ့ သူတွေ၊ အစိမ်းသေသေပြီး နိဗ္ဗာန်တစ်ခါတည်း ရောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ ♦ ဥပမာ - ဒီည ၁၀နာရီမှာ သေမယ်လို့ ဆရာတော်ကို သေချာပေါက်ကို တစ်ယောက်ယောက်က လာပြောတယ် ဆိုပါစို့။ ယေဘုယျအားဖြင့် ပြောရင် သေဖို့ပြင်မယ်ဆိုတော့ တရားမှတ်ချင် မှတ်မယ်လို့ ပြောမှာပေါ့။ ဘုန်းဘုန်းကတော့ ရေးဖို့ ရည်ရွယ်ထားတဲ့ စာတွေကို အဲဒီ ၁၀နာရီမတိုင်ခင် ပြီးသလောက် ရေးသွားမယ်။ ဘယ်သူနဲ့မှလည်း မတွေ့တော့ဘူး။ စာရေးတဲ့အလုပ်ကလွဲပြီး ဘာမှ မလုပ်တော့ဘူး။ ♦ စာရေးရင်းနဲ့လည်း ဝင်လေထွက်လေ မှတ်လို့ရတယ်။ ဂုဏ်တော်ပွားလို့ ရတယ်။ မေတ္တာပို့လို့ ရတယ်။ ကိုယ်ယုံကြည်တဲ့ အလုပ်၊ ကိုယ်အားသန်တဲ့ အလုပ်၊ ကိုယ်စိတ်နှလုံး အေးချမ်းစေတဲ့ အလုပ်ကို ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာ လုပ်နေခြင်းသည်ပင်လျှင် သေဖို့အတွက် ပြင်ဆင်နေတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ သေခါနီးမှာ ဘယ်လိုစိတ်နဲ့ သေမယ်ဆိုတာကို သိထားဖို့ လိုတာပေါ့။ အစွဲအလမ်းနဲ့ သေမယ်ဆိုရင် အပါယ်လေးဘုံ ရောက်မယ်ဆိုတာကို သိတဲ့အတွက် ဘာမှ မစွဲဖြစ်တော့ပါဘူး ….။ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) (စံတော်ချိန် သတင်းစာ) bwar99.blogspot.com

via အလင်းရောင် ဓမ္မ https://ift.tt/30aXyKZ

သတိအစွမ်း အံ့မခန်း ___________________ ဟိုရှေးတုန်းက ရဟန်းတော်အပါးသုံးဆယ်ဟာ တောအုပ်တစ်ခုအတွင်း ၀ါတွင်းသုံးလ တရားအားထုတ်ဖို့ သီတင်းသုံး ၀ါဆိုကြသတဲ့။ တောက အလွန်နက်တော့ ကျားတွေကလည်း ပေါသတဲ့။ အဲဒီအထဲက ကျားဆိုးတစ်ကောင်ဟာ သစ်ပင်ရင်းမှာ တရားပွားများနေကြတဲ့ ရဟန်းတော်တွေကို တစ်ညလျှင် … တစ်ပါး တစ်ပါး ဆွဲဆွဲ ယူသွားသတဲ့။ ဒါပေမယ့် … ကျားဆွဲခံရတဲ့အခါ ရဟန်းတော်တွေက သတိပဋ္ဌာန်တရား အားထုတ်နေတဲ့ ရဟန်းလည်းဖြစ်၊ သူတော်ကောင်းစိတ် ရှိတဲ့သူတွေလည်း ဖြစ်တော့ - "ငါက ကျားဆွဲခံရတဲ့အကြောင်း သတင်းပေးလိုက်ရင် ငါ့ရဲ့ညီတော်၊ နောင်တော်တွေ တရားအားထုတ်ရာမှာ အနှောက်အယှက်ဖြစ်မယ်။ ဒီတော့ ငါသာ အသေခံမယ်၊ အသံမပြုဘူး၊ မအော်ဘူး" ဆိုပြီး ကျားဆွဲတာကိုပဲ ကြိတ်ပြီး ခံသွားကြသတဲ့။ ဒီလိုနဲ့ ရက်အတန်ကြာတဲ့အခါ ရဟန်းတွေ ​လျော့နည်းနေတာ သိရတော့ စုံစမ်းစစ်ဆေးကြတဲ့အခါ - ကျားရဲ့ခြေရာလက်ရာနဲ့ သွေးစသွေးနတွေကိုတွေ့ရပြီး၊ ရဟန်းတွေကို ကျားဆွဲ ခံနေရမှန်း သိကြတယ်။ ဒီတော့ အကြီးဆုံး ရဟန်းတော်က ရဟန်းတော်များကို စုဝေးစေပြီး - "အရှင်ဘုရားတို့… ဒီတောထဲမှာ ကျားဆိုးတစ်ကောင် ရှိနေပြီ။ အရှင်ဘုရားတို့ ညအခါ တရားအားထုတ်နေတုန်း ကျားဆွဲ ခံရရင်ဖြင့် ညီတော်နောင်တော်များကို အသိပေးပါ။ တပည့်တော်တို့မှာ တာဝန်ရှိပါတယ်" လို့ ကတိက၀တ် ထားကြသတဲ့။ အဲဒီနေ့ ညပိုင်းရောက်တဲ့အခါ လာနေကြ ကျားကြီးက- လာပြီး တောအုပ်အစွန်မှာ တရားရှုမှတ်နေတဲ့ ရဟန်းတော်ကို ဆွဲပါလေရော။ အဲဒီအခါ သတိပဋ္ဌာန်တရား ပွားများနေတဲ့ ရဟန်းတော်က ဣနြေ္ဒပျက်စိတ် ချောက်ချားမှုမရှိဘဲ - "သံဃာ့ အစည်းအဝေးမှာ ကတိ ​ပေးထားလေတော့ ငါ ကျားဆွဲခံရတာကို အသိ မပေးလို့ ရှိရင်ဖြင့် ညီတော်နောင်တော်များ စိတ်အနှောက်အယှက် ဖြစ်ကုန်လိမ့်မယ်၊စိတ်ဆင်းရဲကြလိမ့်မယ်"လို့ နှလုံးသွင်းမိပြီး … "အရှင်ဘုရားတို့ တပည့်တော်ကို ကျားဆွဲသွားပြီ ဘုရား” လို့ အသိပေးလိုက်တယ်။ ထိတ်ထိတ်​လန့်လန့်နဲ့ ကြောက်ပြီးအော်တာ မဟုတ်ပါဘူး။ သတိ လက်မလွှတ်ဘဲ … တည်တည်ငြိမ်ငြိမ်နဲ့ အသံပေးလိုက်တာပဲ။ "ကျားဆွဲ ခံရပြီ” ဆိုတဲ့ အသံ ကြားလိုက်ရတယ်ဆိုရင်ပဲ နေရာအသီးသီးက တရားရှုမှတ်နေတဲ့ အရှင်မြတ်တွေအားလုံး … မီးတုတ်ကိုယ်စီနဲ့ ပြေးလာကြပါတယ်။ ပါးစပ်ကလည်း "ဟေ့… ကျားကြီး လွှတ်ပေးကွ၊ သူတော်ကောင်းကို မနှိပ်စက်ကောင်းဘူး” လို့ အော်ဟစ်ပြီး တုတ်များ၊ ခဲများနဲ့ ခြောက်လှန့်ပစ်ခတ်ကြသတဲ့။ ဒါပေမယ့် ကျားကြီးက အကြောက်အလန့် မရှိဘဲ၊ ကြောင်က ကြွက်ကလေး ဆွဲသွားသလို ရဟန်းတော်များ ရှေ့မှောက်မှာပင် ရဟန်းတော်ကို ပါးစပ်ဖြင့် ကိုက်ချီပြီး ဆွဲပြေးပါတယ်။ ရဟန်းတော်များက နောက်ကလိုက်၊ ကျားက ရှေ့ကပြေးနဲ့ ရှေ့နားရောက်တော့ အလွန်နက်တဲ့ ချောက်ကမ်းပါးပြတ်ကြီးကို ရောက်လာသတဲ့ …။ အဲဒီအခါ - ကျားကြီးက ရဟန်းတော်ကို ကိုက်ချီလျက်နဲ့ ဒီဘက်ကမ်းပါးကနေ ဟိုဘက်ကမ်းပါးထိပ် ရောက်အောင် ခုန်ပြီး ကူးလိုက်တယ်။ နောက်က လိုက်လာတဲ့ ရဟန်းတော်တွေကတော့ … ချောက်ထဲဆင်းပြီး လိုက်လို့ကလည်း မမီ၊ လှမ်းခုန်ကူးလို့ကလည်း မရ ဖြစ်နေတယ်။ အဲဒီတော့ ရဟန်းတော်တွေက - "အခြေအနေကတော့ … ဘယ်လို့မျှ မတတ်နိုင်တော့ဘူး။ ဒီတော့ တို့တတ်နိုင်တဲ့ နည်းနဲ့ပဲ ကူညီရတော့မယ်” ဆိုပြီး … ကျားပါးစပ်ထဲက ရဟန်းတော်အတွက် #တရားလက်ဆောင် ပေးလိုက်ကြတယ်။ #တရားလက်ဆောင် ပေးတယ်ဆိုတာ #သတိပေးတာကို ပြောတာပါ …။ #သတိဟာ သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ဟိုဘက်ကမ်းပါးထိပ် ရောက်သွားတဲ့ ကျားကြီးဟာ သူ့နောက်က ရဟန်းတော်တွေ ဆက်ပြီး မလိုက်နိုင်တော့တာ သိလို့… ပါးစပ်ထဲက ရဟန်းတော်ကို မြေကြီးပေါ် ချလိုက်ပါတယ်။ ရဟန်းတော်မှာလည်း ကျားခဲတဲ့ ဒဏ်ရာနဲ့ မျော့မျော့ပဲကျန်ပါတယ်။ အဲဒီအချိန်ကလေးမှာပဲ ဒီဘက်က လိုက်လာတဲ့ ရဟန်းတော်တွေက ဟိုဘက်ကမ်းပါးမှာ ရှိနေတဲ့ ကျားလက်ထဲ ရောက်နေတဲ့ ရဟန်းကို - "အရှင်ဘုရား၊ အရှင်ဘုရား ယခုတွေ့နေတဲ့ ဆင်းရဲဒုက္ခအ၀၀ဟာ ကျားကြီးက နှိပ်​စက်တာ မဟုတ်ပါဘူး၊ ခန္ဓာကြီးက နှိပ်စက်တာပါ။ တကယ်ဆိုရင် ခန္ဓာကိုယ်ကြီးကြောင့် ဒုက္ခရောက်နေတာပါ။ ဒါကြောင့် #တရားလက်မလွတ်ပါစေနဲ့၊ #ကျားကိုလည်း စိတ်မဆိုးမိပါစေနဲ့။ မိမိခန္ဓာကိုယ်မှာ ရှုမှတ်မြဲ … တရားအလုပ်ကိုသာ ဆက်လုပ်တော်မူပါ။ မိမိ အားထုတ်နေဆဲ တရားရဲ့ စွမ်းရည်ဆိုတာ အခုလို ပြင်းထန်တဲ့လောကဓံနဲ့ တွေ့ရတဲ့အခါ အစွမ်းပြစမြဲပါ။ အရှင်ဘုရားအတွက် တရားစွမ်းရည် စမ်းသပ်ဖို့ အခွင့်ကောင်းကြီးပါ။ ဒါကြောင့် ခန္ဓာက နှိပ်စက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်ပြီးတော့ အပ္ပမာဒသတိကိုသာ စိတ်အစဉ်မှာ ယှဉ်ပြီးတော့ ရှုမှတ်ပါ။ မြတ်စွာဘုရားရှင်ကလည်း အပ္ပမာဒေနသမ္ပာဒေထလို့ ဟောခဲ့တယ် မဟုတ်လား ငါ့ရှင်” လို့ … တရားလက်ဆောင် ပေးခြင်းဆိုတဲ့ မိမိတို့ တတ်နိုင်တဲ့ အကူအညီ ပေးပြီး ပြန်လှည့်သွားကြပါသတဲ့။ ______________________ ဟိုဘက်ကမ်းပါးထိပ်က ကျားဆွဲခံရတဲ့ ရဟန်းကလည်း တရားနှလုံးသွင်း မပ်က္ဘူးတဲ့ …။ ကျားကြီးကလည်း … သူ့နောက်က လိုက်လာတဲ့ ရဟန်းတော်တွေ လက်လျှော့ပြီး ပြန်သွားတဲ့အခါ မြေကြီးပေါ် ခဏချထားတဲ့ ရဟန်းတော်ကို စပြီး စားပါလေရော …။ သားကောင်ကို စားတဲ့နေရာမှာ ကျားနဲ့ ကြောင် မတူပါဘူး၊ ကြောင်များက ခေါင်းဘက်က စပြီးတော့ စားပေမယ့် … ကျားကတော့ ခြေထောက်က စပြီးတော့ စားတယ်လို့ ဆိုတယ်။ ဒါကြောင့် သူ့လက်ထဲ ရောက်နေတဲ့ ရဟန်းတော်ကို အေးအေးဆေးဆေး ခြေထောက်က စပြီး စားတော့တာပါပဲ။ အဲဒီအခါ ရဟန်းတော်ကလည်း - "ငါ့ခြေထောက်ကို ကျားကြီး စားနေတယ်" လို့ မသုံးသပ်ဘဲ … ခန္ဓာကိုယ်ရဲ့ နှိပ်စက်မှုပဲလို့ ခန္ဓာဘက်ကို စိတ်ဦးလှည့်ပြီးတော့ - အရှင်လတ်လတ် ကျားစားခံရလို့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို … သတိနဲ့စိုက်ပြီး ရှုမှတ်နေပါသတဲ့။ သတိဆိုတာ အတိတ်နဲ့ အနာဂတ်တို့ရဲ့ ဖြားယောင်းမှုက လွတ်ပြီး ပစ္စုပ္ပန်တည့်တည့်မှာပဲ ရှိနေတာမို့ ဝေဒနာကို သည်းခံ ရှုမှတ်နေရင်း ၀ိပဿနာဥာဏ်အစွမ်းကြောင့် … အနိစ္စ- ဒုက္ခ- အနတ္တ လက္ခာရေးသုံးပါး ပြတ်ပြတ်သားသား ထင်မြင်လာပြီး၊ ကျားကြီးက ခြေဖျားကစပြီး စားလိုက်တာ ခြေမျက်စိလည်း ကုန်ရော၊ ကျားစားခံရတဲ့ ရဟန်းတော်က #သောတာပန် ဖြစ်သွားတယ်။ နောက် ကျားကြီး ဆက်စားလို့ ဒူးဆစ်လောက်လည်း ကုန်သွားရော ရဟန်းတော်က #သကဒါဂါမ်ဖြစ်။ နောက် ကျားကြီးက ဆက်စားလို့ ချက်လောက်လည်း ကုန်သွားရော ရဟန်းတော်က #အနာဂါမ်ဖြစ်လို့။ ကျားကြီးက ရဟန်းတော်ကို စားတယ်၊ ရဟန်းတော်က ကိလေသာကို စားတယ်။ "ဟယ်- ကျားကြီး၊ မင်းကပဲ ငါ့ကို ကုန်အောင် စားနိုင်မလား၊ ငါကပဲ ကိလေသာကို ကုန်အောင် စားနိုင်မလား၊ အစား ပြိုင်ကြတာပေါ့ကွာ" လို့ … မပြောသော်လည်း ပြောသကဲ့သို့ အပြိုင်အဆိုင် အားထုတ်လိုက်တာ ကျားကြီးက စားလိုက်တာ … နှလုံးသားနားကိုလည်း ရောက်ရော ရဟန်းတော်ကလည်း ကိလေသာအားလုံး ကုန်ခန်းပြီး #ရဟန္တာဖြစ်တော်မူပါတယ်။ ကျားကြီးက နှလုံးသားကိုလည်း စားလိုက်ရော ရဟန်းတော်သည် … ပရိနိဗ္ဗာန် စံသွားတော်မူပါတယ်။ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက ယော ဆရာတော်ကြီး _______________________ ဤဓမ္မပုံပြင်ဖြင့် (ယော) ဆရာတော်က - #အဆိုးလောကဓံတွေဆိုတာ စိတ်ကို နီရဲလုနီးပါး ပူလာအောင် မီးဖုတ်ပေးလိုက်တဲ့ သဘောပဲ။ အဲဒီလို အခါမျိုးမှာ လောကဓံဆင်းရဲ အပူမီးထဲက မိမိစိတ်ကလေးကို အပ္ပမာဒသတိ- ညှပ်နဲ့ ဆွဲယူလိုက်ဖို့ လိုပါတယ်။ ပြီးရင် သဒ္ဓါတရား- ရေအေးနဲ့ လောင်းပေး၊ ယောနိသောမနသိကာရ- တူနဲ့ ထုပေးပြီး ဘာဝနာပုံစံ ပေါ်လာအောင် … အသိဉာဏ်ကလေးနဲ့ ဦးစီးမှု ပေးလိုက်ရင် ကျားပါးစပ်ထဲ ရောက်နေတဲ့ ရဟန်းတော်မှ ဘာဝနာအင်အားတွေ ပေါ်လာပြီး ရဟန္တာ ဖြစ်ရသေးတယ် …။ #ကျားစားခံရတဲ့ဝေဒနာဆိုးကြီး ကိုတောင်မှ #သတိနဲ့ တော်လှန်နိုင်သေးတယ် ဆိုရင် #ဒိပြင်လောကဓံတွေနဲ့တွေ့တဲ့အခါ #သတိရဲ့စွမ်းအားဟာ … #ဘယ်လောက်အားကိုးနိုင်တယ်ဆိုတာ #သတိပြုမိဖို့နဲ့ - လောကကြီးအနေနဲ့ ကြည့်ရင် ကျားကိုက်ခံရတာဟာ #ပြဿဒါးပေါ့၊ ဂြိုလ်ဆိုး ၀င်တာပေါ့ …။ ဒါပေမယ့် … သတိတရား လက်ကိုင်ထားလိုက်တာနဲ့ ကျားကိုက်ခံရပေမယ့် ရဟန္တာအထိ ဖြစ်ရတယ်ဆိုတော့ #ရက်ရာဇာပေါ့။ ကံကောင်းတာပေါ့ …။ #ဒါကြောင့် သတိဟာ #အဆိုးထဲမှ အကောင်း ဖြစ်လာအောင်၊ #အရှုံးထဲမှ အမြတ်ပေါ်လာအောင် #လုပ်ပေးနိုင်တဲ့ အံ့သြဖွယ်တရား။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အချိန်မရွေး နေရာမရွေး ရစေနိုင်တဲ့ တရားတစ်ခု ဖြစ်တယ်ဆိုတာကို သတိပြုမိဖို့ လိုအပ်ကြောင်း ပြောပြလိုရင်း ဖြစ်ပါတယ်။ စာရှုသူများလည်း သတိမမေ့ ချမ်းသာတွေ့နိုင်သူများ ဖြစ်ကြပါစေ။ #ဓမ္မဒါန 🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုးတရား တိုးပွားကြပါ​စေ🙏 Save & Copy & Share.

via အလင်းရောင် ဓမ္မ https://ift.tt/2zcT9Lv

☸"#အရေးကြီးတဲ့_ကလျာဏမိတ္တ"☸ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့အတွက် အင်္ဂါနှစ်ချက် ဖော်ပြထားတာ ရှိတယ် ။ လောက သံသရာ နှစ်ဖြာ ကြီးပွားရေးအတွက် - ၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ် ။ ( အပြင်ဘက် ) ၂။ ယောနိသော မနသိကာရ - မှန်ကန်တဲ့ နှလုံးသွင်း ဆင်ခြင်တတ်မှု ရှိရမယ် ။ ( အတွင်းဘက် ) အပြင်အကြောင်း ဘယ်လောက် ကောင်းကောင်း ယောနိသော မနသိကာရ ဆိုတဲ့ အတွင်း မကောင်းရင်လဲ ကြီးပွား တိုးတက်မှု မရနိုင်ပါဘူး ။ မြတ်စွာဘုရားက - အတွင်း,အပြင် ဘက်စုံ ကောင်းရမယ် လို့ ဟောတယ် ။ ------------------------------ အရှင်သာရပုတ္တရာ မထေရ်မြတ် သောတာပန် ဖြစ်ပုံ ကြည့်ပါ။ သူ့ဘာသာ ဖြစ်သွားတာ မဟုတ်ဘူး ။ ရှင်သာရိပုတ္တရာက အင်မတန် ဉာဏ်ထက်တယ် ။ မွေးကတည်းက ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ။ သို့သော် ( အပြင်ဘက် ) က အကြောင်း တစ်ခု လိုနေတဲ့အတွက် အမှန်တရားကို လိုက်ရှာတာ အတော်ကြာအောင် မတွေ့နိုင်ဘူး ။ အတွင်း အကြောင်း ရှိပေမယ့် အပြင် အကြောင်းတရားက အထောက်ပံ့ မပေးသေးဘူး ။ အရှင် အဿဇိ နဲ့ တွေ့တဲ့အခါ ဗုဒ္ဓဝါဒ ကို အကျဉ်းချုပ်ပြီး ခုလို ရှင်းပြလိုက်တယ် ။ "သဘာဝတရားတွေဟာ အကြောင်းကို အခြေခံတာ ဖြစ်တယ် ။ အဲဒီတရားတွေရဲ့ အကြောင်းရင်း အစစ်မှန်ကို မြတ်စွာဘုရားက ဟောတယ် ။ အဲဒီ အကြောင်းတွေ ချုပ်ငြိမ်းသွားလို့ ရှိရင် အကျိုးတွေ ချုပ်ငြိမ်း သွားတယ် ။ ချုပ်ငြိမ်းတဲ့နည်းလမ်း သစ္စာလေးပါးကို အကျဉ်းချုပ် ပြောလိုက်တာ ဒုက္ခ နဲ့ သမုဒယ ဒီနှစ်ခု နာလိုက်တာနဲ့ အရှင်သာရိပုတ္တရာ အလောင်းဟာ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားတယ် ။ -------------------------------------- " ပရတောဃောသ " လို့ ခေါ်တဲ့ ပြင်ပ အကြောင်းတရား နဲ့မိမိကိုယ်တွင်းက မှန်မှန်ကန်ကန် စဉ်းစားတတ်တဲ့ အသိဉာဏ် - ယောနိသော မနသိကာရ ဆိုတဲ့ အတွင်း အကြောင်းတရား နဲ့ အချိုးညီညီ ပေါင်းစပ်လိုက်တဲ့အခါ သောတာပန်အဆင့် ရောက်သွားတယ် ။ ဒါဆိုရင် မိတ်ကောင်းဆွေကောင်းဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ မထင်ရှားပေဘူးလား ။ သံသရာခရီး လျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မိတ်ကောင်းဆွေကောင်း ဆိုတာ အင်မတန်မှ အရေးကြီးတယ် ။ " မိတ်ကောင်းဆွေကောင်း " အရေးကြီးသလို ယောနိသော မနသိကာရ - "မှန်ကန်စွာ စဉ်းစားတတ်တဲ့ အသိဉာဏ် " ရှိဖို့လည်း လိုအပ်တယ် ။ အဲဒီနှစ်ရပ် ဟန်ချက်ညီညီ မိမိတို့သန္တာန်မှာ ရှိပြီဆိုရင် လောကကြီးပွားရေးပဲ လုပ်လုပ် , သံသရာကြီးပွားရေးပဲ လုပ်လုပ် , နိဗ္ဗာန်မျက်မှောက်ပြုဖို့ တရားဓမ္မပဲ ကျင့်ကျင့် ဒီပုဂ္ဂိုလ်ဟာ အောင်မြင်မှာ သေချာတယ် ။ အဲဒီတော့ ဘုန်းကြီးတို့တွေ အကျိုးလိုချင်လို့ရှိရင် အကြောင်းကို ဆည်းပူးရတယ် ။ ကောင်းကျိုးချမ်းသာ ရချင်ရင် ကောင်းကျိုးချမ်းသာ ရနိုင်တဲ့ အကြောင်းတရားတွေ လုပ်ဖို့ လိုတယ် ။ --------------------------------------- သံယုတ္တနိကယ် သုတ္တန်မှာ အရှင်အာနန္ဒာ က - ဆရာသမားကလည်း သင်တာပဲ ။ ငါကိုယ်တိုင်လည်း ကြိုးစားတယ် ။ ဒီတော့ ဆရာသမားရဲ့ အထောက်အပံ့က ( ၅၀% ) ငါကိုယ်တိုင် ကြိုးစားတာက ( ၅၀% ) ငါ့ရဲ့ ကြီးပွားမှုဟာ ဆရာနဲ့ငါ ( ၅၀+ ၅၀ ) ပဲ လို့ ဒီလို တွေးတယ် ။ တွေးပြီး " ကလျာဏမိတ္တ ဆိုတဲ့ မိတ်ကောင်းဆွေကောင်းဟာ တစ်ဝက်လောက် အကျိုးပြုတယ် " လို့ မြတ်စွာဘုရားကို လျှောက်တယ် ။ ဒီအခါ မြတ်စွာဘုရားက - " အာနန္ဒာ မင်းပြောတာ မမှန်ဘူး ။ " မြတ်သော အကျင့်ကို ကျင့်ပြီး ထူးခြားတဲ့ တရားဓမ္မကို ရတယ် ဆိုတာ ရာနှုန်း( အပြည့် ) မိတ်ကောင်းဆွေကောင်းရဲ့ အကျိုးပြုမှုပဲ တဲ့ ။ မင်း စဉ်းစားကြည့် အာနန္ဒာ ငါဘုရား မပွင့်ဘူး ဆိုလို့ရှိရင် အခုလိုတရားတွေ သိခွင့် ရပါ့မလား , မရဘူး ။ ဘုရားပွင့်လို့ တရားဟောလို့ ဒါတွေကို သိရတာ ဆိုတော့သိရတဲ့ အသိဟာ အကုန်လုံး ဘုရားအပေါ်မှာ ရာနှုန်းပြည့် တည်နေတာပဲ ။ ---------------------------- ရှင်သာရိပုတ္တရာမထေရ်မြတ်ကို ကြည့် လေ ။ မိတ်ကောင်းဆွေကောင်းကို ရှာမတွေ့နိုင်တဲ့အတွက် အမတ ဆိုတဲ့ တရားကို ရှာတာ မတွေ့ဘူး ။ အရှင်အဿ ဇိ နဲ့ တွေ့တဲ့အခါကျမှ အမတ တရား ရှာတွေ့တယ် ။ ဒါဟာ ( ရာနှုန်းပြည့် ) အရှင်အဿဇိ ရဲ့ အကျိုးပြုမှုပဲ ပေါ့ ။ အကယ်၍ အရှင်အဿဇိ မပါရင် လုံးဝ မသိနိုင်ဘူး ပေါ့ ။ ဒါကြောင့် မိတ်ကောင်းဆွေကောင်းဟာ ရာနှုန်းပြည့် အကျိုးပြုတယ် လို့ ဟောတော်မူတယ် ။ ဒါကို ကြည့်မယ်ဆိုရင် နိဗ္ဗာန်ကို မျက်မှောက်ပြုမယ့်အရေးမှာ ကလျာဏမိတ္တ ဆိုတဲ့ မိတ်ကောင်းဆွေကောင်း ရှိဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထင်ရှားတယ် ။ နိဗ္ဗာန်ချမ်းသာလို သံသရာဝဋ်က လွတ်မြောက်တဲ့ ချမ်းသာသုခမျိုး ရဖို့ ကလျာဏမိတ္တ ဟာ အရေးကြီးသေးတယ် ။ ------------------------- ဒီလောက် အရေးပါတဲ့ ကိစ္စတောင် ကလျာဏမိတ္တ ပါရသေးတယ် ။ သာမန် လောကီရေး ကိစ္စတွေမှာလည်း ကလျာဏမိတ္တ က အကျိုး ပြုမယ် ဆိုတာ အင်မတန် ထင်ရှားတယ် ။ ဒါကြောင့် မိတ်ကောင်းဆွေကောင်းရှိဖို့ လိုတယ် ။ မိတ်ကောင်းဆွေကောင်း ပေါင်းသင်းရမယ်လို့ အသိဉာဏ်ရှိတဲ့ လူတိုင်း လက်ခံကြတယ် ။ " ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ( မိတ်ကောင်းဆွေကောင်း ၊ စာ - ၄- ၂၀ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏ credit :

via အလင်းရောင် ဓမ္မ https://ift.tt/2Zb5Llb

{မျက်ကန်းလမ်းလျှောက်} စိတ်ရဲ့ပင်ကိုသဘောက အင်မတန်ဖြူစင်တောက်ပတယ်။ လောကထဲမှာ ရှိရှိသမျှဘယ်လိုအလင်းရောင်မှ လိုက်မမီအောင် တောက်ပတယ်။ ဒီလောက် အားကြီးတဲ့ အားကောင်းတဲ့ စိတ်အလင်း စိတ်စွမ်းရည်ကို မည်းညစ်အောင် လုပ်ပစ်တာ လောဘ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေပဲ။ ကိလေသာ ဆိုတာ ပူးဝင်လိုက်ပြီ ဆိုတာနဲ့ စိတ်ကိုတစ်ခါတည်း မည်းညစ်သွားစေတော့တာပဲ။ တစ်ဆက်တည်းမှာပဲ စိတ်ကို ပူပန်စေခြင်း ကိုယ်စိတ်နှစ်ပါးလုံးကို နှိပ်စက်ခြင်းတွေ ပယ်ပယ်နယ်နယ် လုပ်တော့တာပဲ။ ကိလေသာ အမွှေခံရတဲ့စိတ်ဟာ မီးကျွမ်းထားတဲ့မီးဒဏ်သင့်အရာဝတ္ထုတွေလိုပဲ မည်းမှောင်သွားတော့တယ်။ မှောင်တော့ ဘာမှ မမြင်တော့ဘူး ဘာမှ မမြင်တော့ ဘာမှ မမြင်တဲ့သူချင်း တိုက်မိခိုက်မိကုန်ရော သူသွားရာ လမ်းတစ်လျှောက် သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် တွေ့သမျှတိုက်မိတော့မှာပဲ မြင်မှ မမြင်တော့ဘဲကိုး။ (မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး) [အညွှန်း။ ။၁၃၅၃ ပျဉ်းမနားလက်လုပ်တောင်သြဝါဒ] share & copy

via အလင်းရောင် ဓမ္မ https://ift.tt/33HWy3b

💢သတိနဲ့ ကိုယ့်စိတ်ကိုကိုယ်သိ💢 🌳🌳🌳 လူတွေဟာ သနားစရာအင်မတန်ကောင်းတယ်။ စိတ်ကူးယဉ်ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်ကဖန်တီးထားတဲ့ပြဿနာကို စိတ်ကဖန်တီးထားတာလို့ အမှန်အတိုင်းမသိတော့ ပျောက်အောင် ဘယ်လိုမှလုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ၊၊ လူ့ဘ၀မှာတွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကိုအရှိဖြစ်အောင်လုပ်တတ်တယ်။ တကယ်ရှိတာမဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာမရှိဘူး။ စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာတွေပါလို့သိပြီးတော့ သူတို့ကိုလက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကိုဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက်သက်သာသွားတယ်။ ဒါကြောင့် စိတ်ကိုသေသေချာချာကြည့်ပြီးတော့ သိဖို့ အားပေးတာတိုက်တွန်းတာပါနော်။ 🌳🌳🌳 လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ပိုင်္ပြီးတော့ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့နေတဲ့အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်းရောက်တယ်။ လောကကြီးကိုကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရားကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာရောက်သွားပြီ။ 🌳🌳🌳 လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီးသိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကိုဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့လိုတယ်။ သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခုဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။့ ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်းနေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ်ဆာင်ရွက်နိုင်တယ်။ 🌳🌳🌳 အတ္တက ဘယ်တော့မှ သူ့မှာပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကိုရှာတယ်။ ငွေကိုအားကိုးတယ်၊ ဂုဏ်ကိုအားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့်မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာမဟုတ်ဘူး။ အတ္တရဲ့သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှမရှိဘူး။ အတ္တရဲ့သဘာဝဟာ အမြဲတမ်းချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာများများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။ အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့သူ့ကိုယ်ကျိုးအတွက်ပဲ။ အတ္တက ဖျက်ဆီးချင်တဲ့သဘော ရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကိုနေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှမဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။ အတ္တရဲ့သဘာဝကို သေသေချာချာစဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှမရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်းစိုးရိမ်နေတယ်။ အမြဲတမ်းကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်းလုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကိုလုပ်မယ့်သူတွေ များအောင်လုပ်မှ ဖြစ်မယ်။ ငါခိုင်းသလိုမလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။ အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက်အဆင်ပြေဖို့ သူများကိုအသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှုမပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှမလွတ်လပ်ဘူး။ 🌳🌳🌳 ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည်နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်းအားထုတ်လို့ အနတ္တကိုသိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက်အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှမချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့မရဘူး။ 🍀ဆရာတော်ဦးဇောတိက🍀 🍂( မဟာမြိုင်တောရ )🍂

via အလင်းရောင် ဓမ္မ https://ift.tt/2TN0Q4S

Sunday, August 18, 2019

ဓုတင်အကြောင်း သိလိုသောဓမ္မမိတ်ဆွေအပေါင်း တို့အတွက် ဓမ္မဒါနအဖြစ် အလင်းရစေရန် ...ဓုတင်...အကြောင်း 🌷🌷🌷 🙏🙏🙏 ဓုတင် ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။ ၁။ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော ပံ့သကူ ဓုတင်၊ ၂။ လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော တိစီဝရိက် ဓုတင်၊ ၃။ လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ် ဓုတင်) ၄။ လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိက ဓုတင်) ၅။ နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက် ဓုတင်) ၆။ နှစ်ခွက်မြောက်သော ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ် ဓုတင်) ၇။ ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ် ဓုတင်) ၈။ ဂါမ၀ါသီ ကျောင်းသင်္ခမ်းကို ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင် ဓုတင်) ၉။ အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိက ဓုတင်) ၁၀။ သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန် ဓုတင်) ၁၁။ အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်) ၁၂။ နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိ ဓုတင်) ၁၃။ အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိ ဓုတင်) တို့ ဖြစ်၏။ ဤဓုတင်များကို ဆောင်ခြင်းဖြင့်- (၁) အသက်မွေး စင်ကြယ်ခြင်း၊ (၂) ချမ်းသာကျိုး ရှိခြင်း၊ (၃) အပြစ်မရှိ၊ (၄) သူတစ်ပါးတို့အား ဒုက္ခမပေး၊ (၅) ဘေးမရှိ၊ (၆) သူတစ်ပါးကို မနှိပ်စက်၊ (၇) အမှန် ကြီးပွား၏၊ (၈) ကုသိုလ်တရား မဆုတ်ယုတ်၊ (၉) မာယာ စဉ်းလဲခြင်း မရှိ၊ (၁၀) သေခြင်းကို စောင့်တတ်၏၊ (၁၁) တောင့်တတိုင်း ပေး၏၊ (၁၂) သတ္တ၀ါ အားလုံးကို ဆုံးမတတ်၏၊ (၁၃) စောင့်စည်းသော အကျိုး ရှိ၏၊ (၁၄) လျောက်ပတ်သော အကျင့် ဖြစ်၏၊ (၁၅) ကိလေသာတို့ မမှီမကပ်နိုင်၊ (၁၆) ကိလေသာမှ လွတ်၏၊ (၁၇) ရာဂကုန်၏၊ (၁၈) ဒေါသကုန်၏၊ (၁၉) မောဟကုန်၏၊ (၂၀) မာန်တက်မှုကို ပယ်၏၊ (၂၁) ၀ိတက်ကို ဖြတ်၏၊ (၂၂) ယုံမှားသင်္ကာမှ ကူးမြောက်၏၊ (၂၃) အပျင်းကို ပယ်ဖျောက်၏၊ (၂၄) မမွေ့လျော်ခြင်းကို ဖျောက်၏၊ (၂၅) သည်းခံတတ်၏၊ (၂၆) အတုမရှိ မြတ်သော အကျင့်တည်း၊ (၂၇) မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊ (၂၈) နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်ခြင်းကြောင့်လည်း ဤ မြတ်သော ဓုတင်အကျင့်များကို ကျင့်ရန် ဆောင်ရန်အပ်သည်။ credit :

via အလင်းရောင် ဓမ္မ https://ift.tt/2KFVhSU

"ပစ္စေကဗုဒ္ဓကတရားမဟောဘူးဆိုတာ မဟုတ်ပါ" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကစ္စေကဗုဒ္ဓဟာ အနောက်တိုင်းက ဘာသာပြန် သလိုSilent Buddha မဟုတ်ပါ.. ပစ္စေကဗုဒ္ဓက တရားမဟောဘူးဆိုတာလည်းမဟုတ်ပါ ပစ္စေကဗုဒ္ဓတွေ ဟောတဲ့တရားတွေ အများကြီးရှိပါတယ်.. အရိန္ဒမဇာတ်မှာ ပစ္စေကဗုဒ္ဓက ဥပမာ ဥပမေးယျနဲ့ တောင် ဟောပါတယ်.. "မြစ်ထဲမှာမျောနေတဲ့ဆင်သေကောင်ကြီးပေါ်မှာ ကျီးကန်းတစ်ကောင်ကရောက်လာပြီးဒီဆင်ကောင် ကို စားရရင်တော့ ငါတစ်သက်လုံး ဟန်ကျပြီ အစာရှာစရာမလိုတော့ဘူး နေစရာလည်းရှိတယ်ဆိုပြီး ဆင်ကောင်ကြီးပေါ်မှာနားမယ် စားမယ်ပြီးရင် ရေသောက်လိုက်မယ် ရေကလည်းဘေးမှာ ကပ်လျက်ပဲ ဆာရင် ဆင်ကောင်ကြီးအသားစားမယ်နေရင်လည်း ဒီကောင်ကြီးပေါ်မှာနေမယ်ဆိုပြီး အေးအေးဆေးဆေး နေသွားတဲ့အခါဆင်ကောင်ကြီး က ပင်လယ်ထဲရောက်ပြီး လှိုင်းလုံးတွေပုတ်တော့ ကျီးကန်းဟာ ရပ်တည်မှုမရတော့ဘူး.. ဟိုဟိုဒီဒီပျံတော့လည်း ကမ်းမတွေ့လို့ပင်လယ်ထဲ မှာပဲ အသက်ဆုံးရှုံးရတယ်.." ဒီဇာတ်လမ်းကို ပစ္စေကဗုဒ္ဓဟောတာ.. အရိန္ဒမမင်းကြီးကို အဲဒီဥပမာပြပြီးကာမဂုဏ် အာရုံတွေထဲမှာ နစ်မြုပ်နေရင် အဲဒီကျီးမိုက်လိုဖြစ်မယ် လို့ဟောပါတယ်.. အဲဒီတော့ ပစ္စေကဗုဒ္ဓတွေဟာ Silent Buddha တော့ မဟုတ်ဘူး.. အကျွတ်တရား တရားထူးတရားမြတ်ရအောင် မဟောနိုင်တာတော့"အာသယာအနုသယနဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်" မရသည့်အတွက်ကြောင့်ပုဂ္ဂိုလ်ရဲ့စရိုက်ကို မသိဘူး..မသိသည့်အတွက်ကြောင့်ဟောတော့ ဟောတယ် မထိရောက်ဘူးလို့ပြောတာ.. ဒါဖြင့် ရှင်သာရိပုတ္တရာတို့ ရှင်မဟာမောဂ္ဂလာန်တို့ ဟောတော့ကျွတ်တယ်.. ပစ္စေကဗုဒ္ဓဟောတာ ဘာကြောင့် မကျွတ်တုန်း ဆိုတော့ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ ဟောတာကျတော့ကိုယ်ပိုင်နည်းစနစ်မဟုတ်ဘူး မြတ်စွာဘုရားဆီက ရတဲ့နည်းနဲ့ ဟောတာ.. ဘယ်သူဟောဟော ဘုရားရဲ့တရားပဲ.. ပစ္စေကဗုဒ္ဓကသူ့ရဲ့ကိုယ်ပိုင်တရားဖြစ်တယ်.. တစ်ခြားပုဂ္ဂိုလ်ဆီက နည်းယူစရာမရှိဘူး.. ပစ္စေကဗုဒ္ဓတွေမှာအာသယနုသယဉာဏ် မရှိဘူး..သတ္တဝါရဲ့စရိုက်နဲ့ ဝါသနာကို မသိပါဘူး.. အဲဒီအချက်အလက်တွေ သမ္မာသမ္မုဒ္ဓနဲ့ပစ္စေက ဗုဒ္ဓတို့ ထူးခြားပါတယ်.. မြတ်စွာဘုရားက တရားဟောပြီဆိုရင် "ဗုဒ္ဓ စက္ခုနာ လောကံ ဝေါလောကေသိ" ဗုဒ္ဓစက္ခုနဲ့ လောကကြီးကို ကြည့်တယ်ကြည့်ပြီးမှ ဟောတယ်.. ဒါကြောင့် မြတ်စွာဘုရားက ဆရာကောင်းတစ် ယောက်နဲ့ အလားတူတယ်.. တပည့်တွေကိုဘယ်လိုသင်ရမလဲ သိတယ်.. အဲ့လိုသိပြီး သင်တဲ့ဆရာလိုပဲ.. ပစ္စေကဗုဒ္ဓက သိတော့သိတယ် မသင်တတ်တဲ့ ဆရာလိုပေါ့.. ဒီလို ကွဲပြားမှုရှိပါတယ်.. ပါချုပ်ဆရာတော်ကြီး ohmarshin

via အလင်းရောင် ဓမ္မ https://ift.tt/30d2HSF

မဂ်စစ်,မစစ် ဖိုလ်နဲစစ် ဝိပဿနာရှုနေရင်း လောကီ ရုပ်,နာမ်နှစ်ပါး စလုံး ချုပ်သွားသဖြင့် မဂ်ဟုတ်သည်-မဟုတ်သည့်ကို အတတ် ဒိဋ္ဌသိလိုလျှင် ဤသို့ ဖြစ်ပြီးသည်နှင့်တပြိုင်နက် မြတ်စွာ ဘုရားကို ရှိခိုးလျက်၊ တပည့်တော်သည် မဂ်ဥာဏ် ဖိုလ် ဥာဏ်ကို ရတာရောက်တာမှန်လျှင် ယခုအကြိမ်တွင် သိသာထင်လျှားအောင် နိဗ္ဗာန်ကို တနာရီ တဆက်တည်း မျက်မှောက် ပြုလျက် နေရပါစေသတည်းဟု နှုတ်ဖြင့် သော်၎င်း စိတ်ဖြင့်သော၎င်း အဓိဋ္ဌာန်ပြုပါ။ ဓိဋ္ဌာန်ပြီးလျှင် ခုနက ဝိပဿနာရှုသလိုပင် ရှု၍နေပါ။ စိတ်ကူးခြင်း ကြံစည်ခြင်း တွေးတောခြင်း ဝမ်းသာခြင်း စသည်တို့ မဖြစ်ပါစေနှင့်။ ဤအတိုင်းရှုနေစဉ် ခုနက ရုပ်နာမ်နှစ်ပါးစလုံး ချုပ်သွားတာသည် မဂ်အစစ် ဟုတ်လျှင် ဓိဋ္ဌာန်ထား သည့်အတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် တနာရီဖြစ် စေ ပို၍ဖြစ်စေ လို၍ဖြစ်စေ နိဗ္ဗာန်ကို မျက်မှောက်ပြုမိ လျက်သား ဖြစ်၍နေလိမ့်မည်။ အကယ်၍ ပထမအကြိမ် ၌ ဓိဋ္ဌာန်သလို မဖြစ်လျှင် ဒုတိယအကြိမ်၌ တပည့်တော် သည် ယခုအကြိမ် ဝိပဿနာရှုနေရင်း နိဗ္ဗာန်ကို တနာရီ ကြာအောင် မျက်မှောက်ပြုလျက် နေရပါလို၏ဟု ဓိဋ္ဌာန်၍ ဝိပဿနာကို ခါတိုင်းလိုပင် ရှုပါ။ ဓိဋ္ဌာန်သလို နိဗ္ဗာန်ကို မျက်မှောက် မပြုရလျှင်လည်း ဒုတိယအကြိမ် က ဓိဋ္ဌာန်သည့်အတိုင်းပင် ထပ်၍ ဓိဋ္ဌာန်ပြီး ဝိပဿနာကို ရှုမြဲတိုင်းပင်ရှုပါ။ ဤကဲ့သို့ အကြိမ်ကြိမ် အဖန်ဖန် ဓိဋ္ဌာန်လို့မှ မရလျှင် ပထမကမဂ်ဟုထင်ခြင်းသည် မဟုတ်သေးဘူးဟူ၍သာ မှတ်ဖို့ရှိတော့သည်။ သို့ရာတွင် အားမလျှော့ပါနှင့် ပထမအကြိမ်က ဤကဲ့သို့ဖြစ်ဖူးသော ယောဂီများမှာ များမကြားမီ မဂ်ဥာဏ် ဖိုဥာဏ်အစစ်ကို ရတတ်ပါသည်။ သို့ဖြစ်၍ နောက်ထပ် အားထုတ်သောအချိန်တိုင်း၌ ဒုတိယအကြိမ်က ဓိဋ္ဌာန်သလို ဓိဋ္ဌာန်ပြီးမှ အားထုတ်ပါ။ ဤအတိုင်းအားထုတ်သွားလျှင် နောက်ထပ် အားထုတ် အားထုတ်သောအကြိမ်များတွင် တကြိမ်ကြိမ်၌ မဂ်ဥာဏ် အစစ်ကို ရတတ်ပါသည်။ သို့ရာတွင် တကြိမ် တကြိမ် ဆိုရာ၌ ခဏမျှကြာသောတကြိမ်မျိုးမဟုတ် တကြိမ်လျှင် အနည်းဆုံး ၂နာရီထက်များမှ သာ၍ကောင်း၏။ တရားအားထုတ်ရင်း မဂ်ဥာဏ်ဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုမိသည်မှန်လျှင် ဤသို့ပြုမိပြီးသည်နှင့် တပြိုင်နက် အဓိဋ္ဌာန်ဖြင့် နိဗ္ဗာန်ကို ချက်ခြင်းအာရုံပြု ရပါလို၏။ တနာရီကြာအောင် အာရုံပြုရပါလို၏ဟု ဓိဋ္ဌာန်ပြီး မူလအတိုင်း ဝိပဿနာကိုရှုနေလျှင် မကြာမီပင် နိဗ္ဗာန်ကို အာရုံပြု၍သွားတတ်သည်။ သို့ရာတွင် တနာရီတိတိဖြစ်စေ ပို၍ လို၍ ဖြစ်စေ ကြာသင့်သလို ကြာလိမ့်မည်။ ဆက်ခါဆက်ခါဓိဋ္ဌာန်၍ နိဗ္ဗာန်ကို အာရုံပြုလျှင်မူကား ဝသီဘော်နိုင်ပြီးသကာလ ဓိဋ္ဌာန်သည့်အတိုင်း တနာရီ တိတိပင်ကြာလိမ်မည်။ ပို၍ လို၍ ဓိဋ္ဌာန်လျှင်လည်း ဓိဋ္ဌာန်သည့်အချိန်အတိုင်း တိတိကျကျရနိုင်သည်။ ဤကဲ့သို့ ဓိဋ္ဌာန်သလို နိဗ္ဗာန်ကို အလိုရှိသလို မျက်မှောက် ပြု၍ရလျှင် မဂ်ဥာဏ်ဖိုလ်ဥာဏ် အစစ်ဖြင့် နိဗ္ဗာန်အစစ်ကို မျက်မှောက်ပြုနိုင်သော သောတာပန် အစစ်ဖြစ်ပြီဆိုတာ စိတ်ချလက်ချ ယုံကြည်ရတော့ပြီ။ ဝိပဿနာပါရဂူကျမ်း CR# phyo may Oo

via အလင်းရောင် ဓမ္မ https://ift.tt/2MnCXzY

🙏🙏🙏မင်္ဂလာနေ့သစ်လေးပါ🙏🙏🙏 🙏🙏🙏၀ဋ်ဆင်းရဲတို့မှ လွတ်မြောက်ရာ 🙏🙏🙏 အကြောင်း (၄) မျိုး 🙏🙏🙏 { အာဠ၀က } ရှင်ဂေါတမ အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူး မြောက်နိုင်ပါအံ့နည်း.. အဘယ်သို့သော အပြားအားဖြင့် ၀ဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာကို ကောင်း စွာ လွန်မြောက်နိုင်ပါအံ့နည်း... အဘယ်သို့သောအကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း.... အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်ကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း..... ဟု မေးလျှောက်၏... . . { ဘုရားရှင် } အို... အာဠ၀ကဘီလူး သဒ္ဓါတရားဖြင့်သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်၏၊ ကုသိုလ်ပြုပြု ကောင်းမှု့ပျော်မွေ့ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာ ပမာထက်ကဲ ၀ဋ်ဆင်းရဲကို လွတ်မြောက်နိုင်၏၊ ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့်၊ဇာတိ.ဇရာ.ဗျာဓိ မရဏ စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို လွတ်စေနိုင်၏၊ ၀ိပဿနာ ပညာဆယ်ပါး ဉာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏ ။ ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠ၀ကကလည်း ပါရမီ သမ္ဘာရ ရှိသသူဖြစ်၍ ရှစ်ပါး.ဆယ်ပါး.တစ်ဆယ်ခြောက်ပါး သော ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေသည် ။ . Thanks; Cr#tzwin ပဋ္ဌာန်းပူဇော်ကြသူများ

via အလင်းရောင် ဓမ္မ https://ift.tt/2N7iYoG

တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ ________________________ "ကံ" ဟာ ကြောက်စရာ ကောင်းသလား "တဏှာ"ဟာ ကြောက်စရာ ကောင်းသလားဆိုတော့ တဏှာက ကြောက်စရာ ကောင်းတာ။ ခင်ဗျားတို့ကတော့ အကုသိုလ်ကံ နှိပ်စက်မှာ ကြောက်လိုက်ကြတာ၊ တဏှာကြောက်တယ်လို့ မပါဘူး။ အကုသိုလ်ကံ အကျိုးပေးလို့ ဒိုင်းကနဲ သေမှာ၊ စီးပွားရေးပျက်သွားမှာပဲ ခင်ဗျားတို့ ကြောက်နေကြတာ။ တစ်သက်လုံး မုဆိုးလုပ်စားနေတဲ့ မုဆိုးကြီးဟာ အကုသိုလ်ကံတွေ မနည်းဘူး လုပ်ထားတာ။ သို့သော်လည်း ဘုရားနဲ့တွေ့လို့ ဘုရားရဲ့ တရားကိုနာပြီး ၀ိပဿနာအလုပ် လုပ်လိုက်တော့ အဲဒီ အကုသိုလ်ကံတွေဟာ အကျိုးဆက် မပေးနိုင်တော့ဘူး။ ဘာပြုလို့လဲ ? #တဏှာချုပ်သွားလို့ ဒီတော့ ခင်ဗျားတို့တတွေ "ကုသိုလ်ကံ"တွေကိုလဲ ဒီလောက်အားကိုးစရာ မလိုပါဘူး။ "အကုသိုလ်ကံ" တွေကိုလည်း ဒီလောက်ကြောက်စရာ မရှိပါဘူး။ ခင်ဗျားတို့ ဘ၀များစွာက ၀ဋ်ထဲလည်မယ့် ၀ဋ်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။ အဲဒီအကုသိုလ်ကံတွေကို မကြောက်ပါနဲ့။ ဘ၀ဆက်တတ်တဲ့ "တဏှာ" သေရင် အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ #အဟောသိကံ ဖြစ်ပါတယ်။ #အကျိုးမပေးတော့ပါဘူး။ တဏှာ ခေါင်းဆောင်တဲ့ ကံကသာ အကျိုးပေးနိုင်တော့ ခေါင်းဆောင်တဏှာကို သတ်လိုက်ရင် "ကံ"က မဆက်နိုင်တော့ပါဘူး။ ဒါကြောင့် “ကံ”ကို မကြောက်ပါနဲ့။ သစ္စာလေးပါးမှာ ကုသိုလ်အကုသိုလ်ကံတွေ ဒီလောက် မဟောပါဘူး။ သမုဒယ=တဏှာသေရင် ပြီးတာပဲလို့ ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်။ တဏှာ=သမုဒယကို မဂ်နဲ့ ပယ်သတ်လိုက်ရင် ဘာမှ ပူစရာ မရှိပါဘူး။ ခင်ဗျားတို့က ကုသိုလ်ကံလေးတွေ ၀င်လာရင် တပြုံးပြုံးနဲ့ အကုသိုလ်ကံလေးတွေဝင်လာရင် တမဲ့မဲ့ တရွဲ့ရွဲ့နဲ့ မဟုတ်လား ? ဒီတော့ ကုသိုလ်ကံကို ၀မ်းမြောက်တာလဲ မှားတယ်။ အကုသိုလ်ကံကို ​ကြောက်တာလည်း မှားတယ်။ သစ္စာနဲ့ ​​ဝေဖန်လိုက်တော့... သမုဒယသစ္စာ တဏှာလောဘကို ကြောက်မှ #အကြောက်မှန်။ ဘုရားက "တဏှာအပ်ချုပ်သမား"လို့သာ ဟောတယ်။ "ကံအပ်ချုပ်သမား"လို့ မဟောခဲ့ဘူး။ ခင်ဗျားတို့ကို တကယ်ဒုက္ခပေးနေတာဟာ ဒီတဏှာပဲ။ ဒုက္ခအပေးဆုံးဖြစ်တဲ့ တဏှာက ... အရှောင်ကောင်း အပုန်းကောင်းဆိုတော့ သူ့ကို ဖမ်းရတာ မလွယ်ဘူး။ #ဥာဏ်နဲ့ဖမ်းမှ မိတယ်။ ဘုရားတောင်မှ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ တဏှာကို "မင်းအကြောင်း ကောင်းကောင်းသိပြီ၊ နောင်​ကို မင်းဘယ်တော့မှ ငါ့ကို ဒုက္ခပေးလို့ မရတော့ဘူး" လို့ ကြွေးကြော်ရဲတာ။ ခင်ဗျားတို့ကတော့ တဏှာကို ခေါင်းငုံ့ပြီး ခံနေတယ်။ မခက်ဘူးလား။ ဒီတော့ ဒီတဏှာကို သတ်ရမယ်။ တဏှာကို သတ်တော့မယ်ဆိုရင် ... ဒီတဏှာ မှီနေတဲ့ ကပ်နေတဲ့ နေရာကိုရှာရမယ်။ ဒီ တဏှာက #ဘယ်နေရာတွေမှာ ကပ်နေသတုံး။ ဒီတဏှာက ... ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ .. မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒွါရခြောက်ပါး(အတွင်းအာယတန ၆-ပါး)မှာ ကပ်နေတယ်။ ပြီးတော့ “ရူပါရုံ”စတဲ့ အာရုံ ၆-ပါး(အပြင်အာယတန ၆-ပါး)မှာလဲ ကပ်နေတယ်။ ပြီးတော့ ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး အသီးသီး တွေ့ဆုံလို့ သိလာတဲ့ “မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်၊ ကြံသိစိတ်”ဆိုတဲ့ စက္ခုဝိညာဏ် စတဲ့ ၀ိညာဏ် ၆-ပါးမှာလဲ ကပ်နေတယ်။ ဒီတော့ တဏှာကပ်နေတဲ့ နေရာဟာ အချုပ်အားဖြင့် ၁၈-ပါးတောင် ရှိနေတာ။ အို ..... တစ်ကိုယ်လုံးကို ဒီ တဏှာက ကပ်နေတာ။ ဒီတော့ ဒီတဏှာကို သတ်ရမယ်။ ဘယ်လိုသတ်မလဲ။ ၀ိပဿနာလုပ်ပြီး သတ်ရမယ်။ ဒီတဏှာနေတဲ့ ၁၈-နေရာကို ၀ိပဿနာဥာဏ်နဲ့ ဖြစ်ပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုရမယ်။ ဒါတွေမြင်သိလာတော့ ဒီ ၁၈-ပါးသော အရာတွေကို သာယာနှစ်သက်မှု မရှိတော့ဘူး။ ရွံ့မုန်းလာမယ်။ မရချင်တော့ဘူး။ ဒါတွေမရှိတာ ကောင်းတယ်လို့ #သိလာတော့ တဏှာဟာ တဖြည်းဖြည်း ပါးပါးသွားပြီး၊ နောက်ဆုံး လုံးဝချုပ်သွားမယ်။ အဲ တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး 🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2Nfdyb1

ဆုံးမရ လွယ်​ကူသူ ═══════════ တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာ နေနေပါတယ်။ တစ်နေ့ တော့ ဆွမ်းခံကပြန်အလာရေကန်တစ်ကန်ထဲဆင်းပြီး ရေချိုးရင်း ကန်ထဲက ပဒုမ္မာကြာကို နမ်းလိုက်ပါတယ်။ ဒါကိုရေကန်စောင့်နေတဲ့ နတ်သမီးကတွေ့ပြီး၊ စိတ်ထဲမှာ မသက်မသာဖြစ်သွားပါတယ်။ ရဟန်းကိုလည်း အပြစ်စကားဆိုလိုက်ပါတယ်။ ●ရဟန်း … ပိုင်ရှင်မပေးဘဲ ကြာပန်းကိုနမ်းတာဟာ “ခိုးခြင်း” အင်္ဂါတွေထဲက တစ်ခုပဲ။ ဒါကြောင့် သင့်ရဟန်းဟာ “နံ့သာသူခိုးပဲ”။ အစောင့်နတ်သမီးရဲ့ပြစ်တင်စွပ်စွဲသံကြားတော့ ရဟန်းကလည်း ပြန်ချေပပါတယ်။ ●နတ်သမီး … ငါဟာကြာပန်းကိုယူလည်းမယူ၊ ချိုလည်းမချိုး၊ အဝေးကပဲနမ်းတာပါ။ ဘာဖြစ်လို့ ငါ့ကို “နံ့သာသူခိုး”လို့ စွပ်စွဲတာလဲ။ စောစောက ငါ့ရှေ့က ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်တွေကိုလည်းခူးတယ်၊ ကြာပန်းတွေကိုလည်း ချိုးဖျက်ယူတယ်။ အဲဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ “ကြာပန်းသူခိုး”လို့ မပြောတာလဲ။ နတ်သမီးက သူပြောမယ်စကားကို ရဟန်း မကြားမှာစိုးလို့ထင်တယ်။ ရှေ့ကို ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့ ပြောလာပါတယ်။ ●“ရဟန်း…. မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အညစ်အကြေးတွေ အထပ်ထပ်ပေကျံနေတဲ့ “လက်နှီးစုတ်”လိုပဲ။ အဲဒီ လက်နှီးစုတ်ဟာ အညစ်အကြေး တစ်ခုခုထပ်ပေကျံပေမယ့် ထူးပြီးမသိသာတော့ဘူး။ ဒီအတိုင်းပဲ “အကုသိုလ်အညစ်အကြေး” မျိုးစုံကပ်နေတဲ့ ပုဂ္ဂိုလ်မှာ နောက်ထပ်အညစ်အကျေးတစ်ခု ထပ်ကပ်လို့လည်း ထူးပြီးမသိသာတော့ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး။ သင်ရဟန်းကိုသာ ပြောချင်တာ။ စင်ကြယ်မှုကိုပဲ ရှာမှီးနေတဲ့ ယောက်ျားမြတ်ဟာ သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက်သဘောထားရတယ်၊ သိရဲ့လား ရဟန်းရဲ့။” ရဟန်းက နတ်သမီး ဥပမာနဲ့ပြောလိုက်တဲ့စကားကို တော်တော်လေး သဘောကျသွားပါတယ်။ ဒါကြောင့် မျက်နှာချိုချိုလေးနဲ့ ပြန်ပြောပါတယ်။ နတ်သမီး … သင့်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ်။ ပြီးတော့ ငါ့ကို သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာရှိခဲ့ရင် အခုလို့ပြောဆိုပေးပါ။ ရဟန်း . . . ငါ့တို့ဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာမဟုတ်ဘူး။ သင့်ရဲ့အခစားလည်း မဟုတ်ဘူး။ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်းဆိုတာ သင့်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်းပဲသွားပါ။ ငါ့ကိုအားမကိုးပါနဲ့။ ရဟန်းက နတ်သမီးရဲ့ စကားရင့်ရင့်ကို လက်ခံသဘောတူတဲ့ အနေနဲ့ ကျေးဇူး စကားပြန်ပြောတယ်။ “ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို သတိပေးတာကိုပဲ။” နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိပေးမဲ့ ပြောလွယ်ဆိုလွယ်ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။ ဘုရားအလောင်းဟာ နတ်သမီးရဲ့ ဆုံးမစကားကို အခြေခံပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကိုလားရောက်ခဲ့ရပါတယ်။ (ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု၊ သိင်္ဃပုပ္ဖဇာတ်။) ■မြောင်းထဲမှာ မြောင်းဖေါ်နေတဲ့သူတစ်ယောက် ရွှံ့တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး။ မြောင်းဘေးကရပ်ကြည့်နေတဲ့သူ ရွှံ့တစ်စက်ပေသွားရင် သိပ်သိသာပါတယ်။ ■မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်လိုလည်း ထူးပြီးမသိသာသွားသလို၊ ပတ်ဝန်းကျင်ကလည်း ထူးပြီးစိတ်မ၀င်စားပါဘူး။ စင်စင်ကြယ်ကြယ်နေတဲ့လူတစ်ယောက် မသင့်လျှော်တာ တစ်ခုခုလုပ်လိုက်ရင် သိပ်ပြီး သိသာနေတတ်ပါတယ်။ နောက်ဥပမာတစ်ခုကတော့ လက်နှီးစုတ်မှာ အိုးမဲတစ်ကွက် ထပ်ပေလို့ ထူးပြီးမသိသာပါဘူး။ အ၀တ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့ သိပ်ပြီး သိသာနေတတ်ပါတယ်။ ကိုယ်က ကိုယ် ၊ သူက သူ၊ ကိုယ့် နဲ့ သူ နှိုင်းယှဉ်ပြီး မနေကောင်းပါဘူး။ သောဝစဿတာ မင်္ဂလာရေးမယ်လုပ်တော့ ငယ်ငယ် ဆရာသမားတွေ ဆုံးမခဲ့တဲ့ ဒီဥပမာ လေး ခေါင်းထဲကို အလိုလိုဝင်လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီဥပမာလေးနဲ့ နွယ်နေတဲ့ သိင်္ဃပုပ္ဖဇာတ်ကလေးကိုပဲရေးပြလိုက်တာပါ။ အသောက ကျောက်စာမှာ … ကာယာနံမေ၀ ဒေခတိ…- “လူတွေဟာ ကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ်” လို့ ဆိုပါတယ်။ ဒီတော့ ကိုယ်ရဲ့အပြစ်၊ ကိုယ့်ရဲ့အားနည်းချက်ကို မမြင်နိုင်တော့ပါဘူး ။အဲဒီလို အခါမျိုးမှာ ကိုယ့်ရဲ့ အပြစ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို ပြောပြနိုင်မယ့်သူ တစ်ယောက်ယောက်ကိုတော့ ကိုယ့်ဝန်းကျင်းမှာ ရှိထားသင့်ပါတယ်။ ပြောပြနိုင်မယ်သူရှိမှလည်း ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီး ပြင်ခွင့်သာမှာပါ။ ပုထုဇဉ်တွေဆိုတာ အပြစ်တို့၊အားနည်းချက်တို့တော့ ရှိနေကြမှာပါ။ ကိုယ်က သိခွင့်ရဖို့ပဲ အရေးကြီးပါတယ်။ ■တစ်ခုတော့ရှိပါတယ်။ ကိုယ်က ပြောဆိုဆုံးမလွယ်သူတော့ ဖြစ်နေဖို့လိုပါတယ်။ ဒါမှလည်း အပြစ်ပြော သူက ပြောချင်စိတ်ရှိမှာပါ။ ဓမ္မပဒမှာ အပြစ်ပြဆုံးမသူကို “ရွှေအိုးပေးသူ”လို့ သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနဲ့အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင် ကောင်လေစွ …”လို့ လည်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ့်အပြစ်၊ ကိုယ်အားနည်းချက်ကို သိချင်စိတ်ရယ်၊ သိပြီး ပြင်ချင်တဲ့စိတ်ရယ်၊ ပြင်ပစ်တဲ့စိတ်ရယ်၊ အဲဒါတွေဟာ စိတ်ဓာတ်အရည်အသွေးမြင့်မားဖို့အတွက် အထောက်အပံ့တွေပါ။ ကိုယ့်ရဲ့စိတ်ဓာတ်အရည်အသွေးဟာ တစ်နှစ်ထက် တစ်နှစ် မြင့်သထက်မြင့်လာပါမှ အဓိပ္ပါယ်ရှိပါတယ်။ မြင့်မြင့်လာအောင်လည်း ကိုယ်က အားထုတ်ရပါမယ်။ ဆိုဆုံးမလွယ်တာ၊ ကိုယ့်အားနည်းချက်ကို သိချင်တာ၊ သိပြီးပြင်ချင်တာတွေဟာ စိတ်ဓာတ်အရည်အသွေး မြင့်မားရာ မြင့်မားကြောင်းတွေပါ။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။ လူတော်တော်များများမှာ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါ ရှိတတ်ကြပါတယ်။ လူငယ်စကားနဲ့ပြောရရင်တော့ “ဆရာကြီးလုပ်ချင်တဲ့ရောဂါ”ပါ။ အဲဒီရောဂါရှိသူတွေရဲ့ဆုံးမမှုမျိုးကိုတော့ သတိထားရပါမယ်။ ရောဂါကို အခြေခံပြီး ဆုံးမလာတဲ့ ဆုံးမမှုမျိုးကတော့ ကိုယ့်စိတ်ဓာတ်အရည်အသွေး မြင့်မလားတဲ့အပြင် ၊ တစ်ခါတလေနိမ့်တောင် သွားဦးမှာပါ။ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါဟာ ကုရတော်တော်လေးခက်ပါတယ်။ အဲဒီလူမျိုးကိုတော့ ဘယ်သူမှ မနှစ်မြို့သလို သူရဲ့ဆုံးမမှုမျိုးကိုလည်း မခံယူချင်ကြပါဘူး။ ဒါသဘာဝပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ကလည်း ၊ ရောဂါတစ်ခုလို လူတစ်ဖက်သားကို ဆုံးမချင်တဲ့စိတ် ရှိမနေဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင် ဆုံးမလွယ်သူဖြစ်ရမှာ ဖြစ်သလို ၊ ရောဂါတစ်ခု အနေနဲ့ မဟုတ်ဘဲ ကိုယ့်ဝန်းကျင်မှာ ပြောပြဖို့ ၊ဆုံးမဖို့ အမှန်တကယ် လိုအပ်လာရင် တာဝန်တစ်ခုအနေနဲ့ကို ပြောပြပေးရမှာပါ။ ဆုံးမပေးရမှာပါ။ အဲဒီလိုပြောပြပေးဖို့၊ ဆုံးမပေးဖို့ အခွင့်ကြုံလာခဲ့ရင်တော့ အောက်ပါ “အင်္ဂါ(၅)ပါး”ကို သတိထားရမယ်လို့ စာမှာဆိုထားပါတယ်။ (၁)။ မသင့်လျော်မလျောက်ပတ်တဲ့အခါ မပြောပြသေးဘဲ၊ မဆုံးမသေးဘဲ သင့်လျော်လျောက်ပတ်တဲ့ အခါကျမှ ပြောပြပေးခြင်း၊ဆုံးမပေးခြင်း။ (၂)။ မဟုတ်မမှန်သောစကားကို ဖယ်ရှားပြီး ၊ ဟုတ်မှန်တဲ့စကားနဲ့သာ ဆုံးမခြင်း။ (၃)။ ကြမ်းတမ်းခက်ထန် နားမခံနိုင်ဘွယ်စကားကို ဖယ်ရှားပြီး သိမ့်မွေ့နူးညံ့တဲ့ စကားနဲ့သာ ဆုံးမခြင်း။ (၄)။ အကျိုးမရှိတဲ့စကားကိုဖယ်ရှားပြီး ၊ အကျိုးရှိတဲ့စကားနဲ့သာ ဆုံးမခြင်း။ (၅)။ အမျက်ဒေါသမပါစေဘဲ ၊မေတ္တာနဲ့သာ ဆုံးမခြင်း။ ဒီအင်္ဂါ(၅)ချက်ကိုချိန်ပြီး ပြောဆိုပါ၊ဆုံးမပါတဲ့။ ဘ၀ခရီးမှာ ဆုံးမတတ်သူ၊ ဆုံးမအပ်သူဆိုပြီး အပြန်အလှန်တော့ တစ်လှည့်စီ ရှိနေကြမှာပါ။ ကြုံလာတဲ့အလှည့်မှာ တာဝန်ကျေဖို့နဲ့ သတိလေးရှိနေဖို့ပါ။ ဘာပဲပြောပြော ဆိုဆုံးမလွယ်သူတဲ့သူကို လူတိုင်းကချစ်ကြပါတယ်။ လူတိုင်းရဲ့ အချစ်ကို ခံချင်တယ်ဆိုရင်တော့… ။ ။ . အပ္ပမာဒေန သမ္ပာဒေထ။ . အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) [မင်္ဂလာအတွေးများ(၂ဂ)- သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ။ ပြောဆိုဆုံးမလွယ်ကူခြင်းသည်မြတ်သောမင်္ဂလာမည်၏။ ကျိုးကြောင်းညွှန်ပြ ဆုံးမစကားကို ပြောကြားလာကနာလွယ်စေ။ Credit _ရဲရင့်

via အလင်းရောင် ဓမ္မ https://ift.tt/2NbS9zK