Sunday, December 8, 2019

သစ္စာရွှေစည်ဆရာတော် ၏ ဘုရားရှိခိုး ဂါထာတော် ⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️ ကရုဏာ သီတလဟဒယံ၊ ပညာပဇ္ဇောတ ဝိဟတမောဟတမံ။ သနရာမရလောကဂရုံ၊ ၀န္ဒေ သုဂတံ ဂတိဝိမုတ္တံ။ (ဒီဃနိကာယ၊သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ဂန္ထာရမ ္ဘကထာ) ကရုဏာသီတလဟဒယံ၊မဟာကရုဏာတော်ဖြင့် အေးမြသောစိတ်နှလုံးလည်း ရှိတော်မူတတ်ပါပေထသော။ ပညာပဇ္ဇောတဝိဟတမောဟတမံ၊အရဟတ္တမဂ်တည်း ဟူသော အရောင်အလင်းဖြင့် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ခွာတော်မူပြီးထသော။ သနရာမရလောကဂရုံ၊လူနတ်ဗြဟ္မာသတ္တဝါတို့၏ ကျောက်ထည်းတန္တု အလေးအမြတ်ပြုရာ ဆရာတစ်ဆူလည်းဖြစ်တော်မူပါပေထသော။ ဂတိဝိမုတ္တံ၊ဒေဝမနုဿ နိရယနှင့် ပေတတိရိစ္ဆာန် လားရန်အရှိ ငါးတန်သောဂတိတို့မှလည်း ကင်းလွတ်တော်မူပါပေထသော။ သုဂတံ၊သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွတ်ဆိုတော်မူပါပေထသော။ ဗုဒ္ဓံ၊ သစ္စာလေးရပ် တရားမြတ်ကို လက်ပေါ်တင်ထား ပတ္တမြားကဲ့သို့ ပြတ်သားထင်ထင် သိမြင်ပေတတ် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။ အဟံ၊တရားဟောပုဂ္ဂိုလ် တရားနာပုဂ္ဂိုလ် ခေါ်ဆိုပညတ်ပရတ်မှာမူ ရုပ်နှာမ်နှစ်ဖြာ ဖြစ်ကြပါသော ဘုရားတပည့်တော် တပည့်တော်မတို့သည်။ ဝန္ဒေ ဝန္ဒာမိ၊ကာယဝစီ မနောချီ၍ သုံးလီဒွါရ ပဏာမဖြင့် တုပ်ကွရိုကျိုး လက်စုံမိုးကာ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား။ သစ္စာရွေစည်ဆရာတော် ပေ့မှကူးယူဖော်ပြပါသည် အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/2YqISaB