အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 13, 2019
ဘာယူရမလဲ ကြည့်နေတဲ့ မျက်လုံးတွေက ဘာပေးရမလဲ တွေးနေတဲ့ နှလုံးသားကို မမြင်တတ်ကြဘူး ။ ဘယ်လိုပြောရမလဲ ပြင်နေတဲ့ ပါးစပ်တွေက ဘယ်လောက်နာကျင်သွားမလဲ ဆိုတဲ့ တစ်ဖက်လူကို မစာနာတတ်ကြဘူး ။ ဘယ်အထိ ကိုယ့်အတွက်ကျန်မလဲ တွက်နေတဲ့ အတ္တတွေက ဘယ်လို ဒုက္ခရောက်သွားမလဲ ဆိုတဲ့ ဘဝတွေကို မသနားတတ်ကြပါဘူး ။ မမေ့စေချင်တာကတော့ ကံကြမ္မာ ဆိုတာ တစ်ပတ်လည် တတ်တဲ့ အရာပါ ။ ဘာတွေမှ ပြန်မလာရင် တောင် ကိုယ်ပြုတဲ့ ကံတွေဟာ ကိုယ့်ဆီကို ပြန်လာစမြဲပါပဲ ။ တစ်ဘဝစံပြီး တစ်သံသရာလုံး ခံမလား။ တစ်ခဏရှုံးပြီး တစ်သံသရာလုံးပြုံးမလား။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်လုပ်ရပ်သည်သာ ကိုယ့် ကံ ကြ မ္မာ ပါ ။ အေး ချမ်း ကြပါ စေ ။ Ashin Vicitta.. Credit.. copy
via အလင်းရောင် ဓမ္မ https://ift.tt/34iwcni
Newer Post
Older Post
Home