Monday, December 9, 2019

ရယူခဲ့လို့ ပေးဆပ်ကြရတာ ▬▬▬▬▬▬▬▬▬▬▬▬▬▬ လောကကြီးက အကြောင်းကင်းပြီးတော့ ဘာမှ မဖြစ်ဘူးဆိုတာကို မှန်မှန်ကန်ကန် နားလည်ပြီးတော့ အထူးသဖြင့် မကောင်းတဲ့ လောကဓံတွေနဲ့ တွေ့လာတဲ့အခါမှာ စိတ်ထဲမှာ ကျေနပ်မူ ရအောင် တွေးတတ်ဖို့ လိုတယ်။ ဆိုကြပါစို့… ဟာ လူတစ်ယောက် အသတ်ခံရတော့မယ်။ ဟာ သူက ရာဇဝတ်မူတွေကို ရက်ရက်စက်စက် လွန်ကျုးလို့ အသတ်ခံရတာတဲ့လို့ သူ ရာဇဝတ်မူ လွန်ကျုးခဲ့တာကို သိနိုင်မယ် မြင်နိုင်မယ်ဆိုရင် လောလောဆယ် သူ အပြစ်ဒဏ်ခံရတာကို သိပ်ပြီးတော့ စိတ်ထဲမှာ ခံစားချက် ပြင်းထန်မယ် မဟုတ်ဘူး။ ဘာမှ မဟုတ်ဘဲနဲ့ အသားလွတ်ခံရတာဆိုရင်တော့ ဒါ မကျေနပ်စရာကြီးပေါ့။ အဲသလိုပဲ ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့ရဲ့ ဘဝမှာ ဘာမှ အသားလွတ် ခံရတယ်ဆိုတာ မရှိပါဘူး ဟုတ်ရဲ့လား။ လောကကြီးက အလွန် တရားမျှတတယ်။ မသိနိုင် မမြင်နိုင်ကြလို့သာ မကောင်းတာတွေနဲ့ တွေ့လာတဲ့အခါမှာ မကျေနပ်မူ ဖြစ်ကြရတာ။ အားလုံးဟာ ပေးဆပ်ကြရတယ်။ ဘာကြောင့် ပေးဆပ်ကြရသလဲ? ရယူခဲ့လို့ ပေးဆပ်ကြရတာ။ သစ္စာရွှေစည်ဆရာတော် "လောကဓံတရားတော်"မှ ကောက်နုတ်ချက် ဖြစ်ပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2LyfrOn