Saturday, December 14, 2019

သုဘလုလင်မေးသော မေးခွန်း(၁၄) ခု 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 * သုဘလုလင်အမေး ၁။ လူချင်းတူပါလျက်အချို့မှာ အသက်တိုပြီး ၂။ အချို့မှာ အသက်ရှည်ရသနည်း။ မြတ်ဗုဒ္ဓ အဖြေ ၁။ အချို့မှာ အသက်တိုရခြင်း ဤလောက၌ အချို့သော ယောင်္ကျား မိန်းမတို့သည် သတ္တဝါတို့ကို သနားကြင်နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ ထိုသူတို့သည် သေသောအခါ ငရဲသို့ ကျရောက်ရသည်။ ရှေးကုသိုလ်ကံ တစ်ခုခု ထောက်မမှုကြောင့် လူ့ပြည်သို့ ရောက်ပြန်လျှင်လ ည်း ကြာရှည်စွာ နေခွင့်မရ၊ အသက်တိုလေ့ရှိသည်။ ၂။ အချို့မှာ အသက်ရှည်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် သတ္တဝါတို့ကို သနားကြင်နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ ထိုသူတို့သည် သေသောအခါ နတ်ပြည်သို့ ရောက်ကြသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသက်ရှည်စွာ နေရသည်။ ...................................................................... သုဘလုလင်အမေး ၃။ လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး ၄။ အချို့မှာ အနာရောဂါကင်းရသနည်း။ မြတ်ဗုဒ္ဓအဖြေ ၃။ အချို့မှာ အနာရောဂါ များရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ, တုတ်, ဓား စသော လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင်လည်း အနာရောဂါ ထူပြောလေ့ရှိသည်။ ၄။ အချို့မှာ အနာရောဂါ ကင်းရှင်းရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ, တုတ်,ဓား စသော လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင် လည်း အနာရောဂါ ကင်းရှင်းကြပေသည်။ ......................................................... သုဘလုလင်အမေး ၅။ လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး ၆။ အချို့မှာ အဆင်းလှပါသနည်း။ မြတ်ဗုဒ္ဓအဖြေ ၅။ အချို့မှာ ရုပ်ဆိုးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သော စကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။ ၆။ အချို့မှာ အဆင်းလှရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဒေါသမထွက်၊ သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့ သိမ်မွေ့သူများ ဖြစ်သည်။ ထိုသူတို့ သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ .......................................... သုဘလုလင်အမေး ၇။ လူချင်းတူပါလျက်အချို့မှာ အခြွေအရံတန်ခိုး အာဏာ နည်းပါးပြီး ၈။ အချို့မှာ အခြွေအရံတန်ခိုးအာဏာ ကြီးမားရသနည်း။ မြတ်ဗုဒ္ဓ၏ အဖြေ ၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဣသာ (ငြူစူခြင်း) တရား အားကြီးကြသည်။ ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံ တန်ခိုးအာဏာ နည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည်ကံ, ဉာဏ်, ဝိရိယ အားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ် ကြီးမားခြင်း၊ ထင်ရှားကျော်စော ခြင်း၊ တတ်သိ လိမ္မာခြင်းတို့ကို မနာလိုမှု၊ မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့ကို နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။ ၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဣသာ (ငြူစူခြင်း) တရား မရှိ၏ကြပေ။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ များပြားရလေသည်။ .................................................. သုဘလုလင်အမေး ၉။ လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရပြီး ၁၀။ အချို့မှာ ဥစ္စပစ္စည်းကုံလုံ ကြွယ်၀ရသနည်း။ မြတ်ဗုဒ္ဓ၏ အဖြေ ၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ မစ္ဆေရ (၀န်တိုခြင်း) တရား အလွန်အားကြီးကြ ကုန်၏။ ထိုသူတို့သေသာအခါ ငရဲသို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏ ။ မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးတို့နှင မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏ စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတိုိ့ကို မစ္ဆေရ ဟုခေါ်သည်။ ၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝြခင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း၊ မစ္ဆေရ (၀န်တိုခြင်း) တရား မရှိကြကုန်။ ထိုသူတို့ သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝြခင်းနှင့် ပြည့်စုံကြကုန်၏။ ............................................................................ သုဘလုလင်အမေး ၁၁။ လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး ၁၂။ အချို့မှာ အမျိုးမြတ်ရသနည်း။ မြတ်ဗုဒ္ဓ၏အဖြေ ၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင် သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ ရိုသေ လေးစားထိုက်သော သူတို့ကို ရိုသေ လေးစားရမှန်း မသိပေ။ ထိုသူတို့ သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အောက်ကျနောက်ကျြ ပီး ယုတ်ညံ့သော အမျိုးတွင် ဖြစ်ရလေသည်။ ၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့ကို ရိုသေလေးစားကြကုန်၏။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... သုဘလုလင်အမေး ၁၃။ လူချင်းတူပါလျက်အချို့မှာ အသိဥာဏ်ပညာနည်းပါးပြီး ၁၄။ အချို့မှာ အသိဥာဏ်ပညာကြီးမားရသနည်း။ မြတ်ဗုဒ္ဓ၏ အဖြေ ၁၃။ အချို့မှာ အသိပညာဉာဏ် နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာ၀ယ် အကျိုးပေး မပေးကို လည်းကောင်း မေးမြန်းလေ့ မရှိ။ မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင သေလွန်သည့်အခါ ငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသိပညာ ကင်းမဲ့သော လူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။ ၁၄။ အချို့မှာ အသိပညာဉာဏ် ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း ၊ နောင်သံသရာ၀ယ် အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။ မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေလွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန် ရောက်လာ လျှင်လည်း အသိပညာဉာဏ်ကြိးမ ားရလေသည်။ (ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ဝိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ ဝိဘင်္ဂသုတ်) crd-----


via အလင်းရောင် ဓမ္မ https://ift.tt/35lBW18