အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 13, 2019
"အဆင့်အတန်းဆိုတာ" အဆင့်အတန်း ဆိုတာ အပြင်ပန်းနဲ့ သတ်မှတ်လို့ မရဘူး ကြည့်တဲ့သူက သူ့အမြင်နဲ့သူ သူ့စံနဲ့သူ သတ်မှတ်မှာပဲ ဘယ်သူတွေက ဘယ်လောက်ပဲ အဆင့်အတန်း ခွဲခြားပါစေ ကိုယ့်အဆင့်အတန်း ကွဲပြားဖို့ပဲ လိုတယ် ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေနဲ့ သတ်မှတ်တဲ့အဆင့်အတန်းဟာ အပြင်ပိုင်း သတ်မှတ်ချက် ဖြစ်ပြီး အနှစ်သာရအားဖြင့် တန်ဖိုး ရှိချင်မှ ရှိမယ် အကျင့်စာရိတ္တပိုင်းနဲ့ သတ်မှတ်တဲ့ အဆင့်အတန်း ကတော့ အသွင်မလှပေမယ့် ဘဝင်ကျစေ၊အနှစ်ရစေ၊ တန်ဖိုးတက်စေတယ် "မရှိပေမယ့် မခိုးဘူး မလှပေမယ့် မညှိုးဘူး မသိပေမယ့် မလိမ်ဘူး မဟုတ်ပေမယ့် မယုတ်ဘူး " စသဖြင့် ခဏ အဆင်ပြေဖို့ အတွက် အကျင့်မဖျက်တာမျိုးမှသာ အဆင့်ရှိတယ်လို့ ပြောရမှာပါ (မနာပဒါယီ အရှင်ဝိစိတ္တ) 🌼Nge Nge Myat Aung🌼 acc မှ ကူးယူဖော်ပြသည်
via အလင်းရောင် ဓမ္မ https://ift.tt/2taD35n
Newer Post
Older Post
Home