Thursday, December 12, 2019

တရားမပါသော နေ့တစ်နေ့ 🙏🙏🙏🙏🙏🙏🙏 ☆တရားမသိဘဲ တစ်ရက် အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမသိဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွန့်တက်တယ်။ အာရုံတစ်ခုခုကို တရားနဲ့ယှဉ်စပ် သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိချေလျှင် သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ပါတယ်▲▲။ မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး ပြစ်မှားကျူးလွန်မိတတ်ပါတယ်။ မသိမှုဖုံးအုပ်ခံရပြီးတော့လည်း ပြစ်မှားကျူးလွန် မိတတ်ပါတယ်။ #သာယာမှုနဲ့ပြစ်မှားနေရင် ဘေးကမသိသော်လည်း မိမိကိုယ်တိုင်တော့ သိလောက်ပါတယ်။ #မုန်းငြိုးမှုနဲ့ပြစ်မှားနေပြန်ရင်တော့ ဘေးကသိလွယ်မြင်လွယ်ပါတယ်။ #မသိမှုနဲ့ပြစ်မှားနေရင်တော့ ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင် မသိလိုက်ရတော့ပါဘူး။ တရားမပါတဲ့ ..နေ့တစ်နေ့ ဘယ်လောက်အပြစ်ကြီးနေပြီလဲ။ အယုတ်အလတ် အမြတ်တို့ အပေါ် ပြစ်မှားခဲ့သမျှ ကိန်းဂဏန်းချကြည့်ရင် အကြွေးစာရင်းက ကြောက်ဖွယ်လိလိ တရားဆိုတဲ့ အသိမရမချင်း တစ်သံသရာလုံး ကြွေးဆပ်နေရလိမ့်မယ်နော်▲▲▲။ ☆☆☆မဟာဗောဓိမြိုင်ဆရာတော်ကြီး [သာစည်ရွှေကျောင်းကုန်းတောင် သြဝါဒ] Cr# အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/2Pgtc6Z