အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 12, 2019
ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေပိတ်ထိုင် ပြီးတော့… ကျယ်လောင် ကျယ်လောင် မျက်စုံမှိတ်လို့ ဘုရားရှိခိုးကြတယ်။ တကယ်ဆို... ! ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာ,မေ့မှာစိုးလို့ ဘုရားရှေ့သွား စာပြန်နေတာနဲ့ တူနေတယ်။ ဘာလို့လဲဆို ပါးစပျကသာ ဆိုနတော... စိတ်အာရုံက...ဘုရားဆီ ...ရောက်မှမရောက်ပဲ။ နှုတ်တက်ရနေလို့သာ စာကဆုံးသွားတာ ဒီတော့ .... စာပြန်နေတာနဲ့အတူတူပဲ။ ပြီးတော့ ... ဆုကတောင်းကြသေးတာ။ ဒီလို.... ! ဘုရားရှိခိုးရတဲ့ အတွက်ကြောင့် ... ပဋိသန္ဓေ အို နာ သေဘေးက လွတ်ရပါလို၏ လွတ်ပါရစေ..တဲ့။ ဒီဆုမျိုးကို ဘယ်ဘုရားက ပေးလိမ့်မလဲ။ ဘုရားက...ပေးနိုင်တာမှမဟုတ်ပဲ။ ဒါကို ... ! ခင်ဗျားတို့ဇွတ်တောင်းတယ်။ ဘုရားကို ...နားပူနားဆာလုပ်တယ်။ ရုပ်ထုတော်...ချည်း မို့လို့သာပေါ့ဗျာ။ သက်တော်ထင်ရှား ဘုရားသာဆို "နားငြီးတယ်"ဆိုရင်း ခြေထောက်နဲ့ဆီးပြီးကန်ချင်စရာ။ အဲ့တော့ ...ခင်ဗျားတို့ဟာ အင်မတန်မှ အတောင်းအရမ်းထူတဲ့လူတွေ။ အတောင်းအရမ်း ထူတဲ့လူဆိုတာ ဘာအမျိုးတုံးဆို - သူတောင်းစားမျိုး ဗျ။ ဒါမျိုးက ... ! ဆုတောင်းယူလို့ ရတာမဟုတ်ဘူး။ လုပ်ယူ ...ကြိုးစားယူမှ ရပါတယ်။ ဒါ့ကြောင့်… တစာစာ.... တောင်းမနေကြပါနဲ့။ တန်ရာတန်ကြေး လုပ်အားပေးပြီးယူကြပါ။ ( မိုးကုတ်ဆရာတော်ဘုရားကြီး ) credit to original writer Copy by Hades
via အလင်းရောင် ဓမ္မ https://ift.tt/35fFjXk
Newer Post
Older Post
Home