Saturday, December 14, 2019

တစ်ဘဝ အလကား မဖြစ်စေနဲ့ ~~~~~~~~~~~~~~~ အလုပ်တွေပြီးမှ တရားအားထုတ်မယ်ဆိုရင် အလုပ်က ဘယ်တော့ပြီးမှာလဲ အိမ်အလုပ်ဆိုသည်မှာ အိမ်ရှိသမျှ ရှုပ်နေဦးမှာပဲ... ရုံးအလုပ်ဆိုသည်မှာ ရုံးရှိသမျှ ရှုပ်နေဦးမှာပဲ... ကျောင်းအလုပ်ဆိုသည်မှာ ကျောင်းရှိသမျှ ရှုပ်နေဦးမှာပဲ... အပူဆိုသည်မှာ ခန္ဓာကြီးရှိနေသမျှ ရှိနေဦးမှာပဲ... အိမ်...အလုပ် စတာတွေ ဦးစားပေးလို့ ဘယ်ဖြစ်မလဲ... ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက် ဘယ်တုန်းကများ အနားပေးဖူးပါသလဲ... နာခြင်း...သေခြင်းတွေ လက်ဦးသွားရင် တစ်ဘဝ အလကား ဖြစ်သွားမှာပေါ့... ( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး ) Credit -original uploader


via အလင်းရောင် ဓမ္မ https://ift.tt/2PNpfW8