အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 11, 2019
#ဝိပဿနာတရားကိုအားထုတ်ကြပါ 🔘🔘🔘🔘🔘🔘🔘🔘🔘🔘 . သောတာပန် အရိယာ ဖြစ်ဖို့ဆိုတာ ... ခဲယဉ်းတယ် ထင်နေကြတယ်။ . ခဲယဉ်းတယ် မထင်ကြနဲ့။ မခဲယဉ်းဘူး။ . မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက တထိုင်ထဲနဲ့လဲ တရားထူး တရားမြတ် ရနိုင်တယ်လို့ ဟောထားခဲ့တယ်မဟုတ်လား။ . မဖြစ်နိုင်ဘဲနဲ့တော့ ... မဟောခဲ့ဘူး။ ဖြစ်နိုင်လို့ ... ဟောခဲ့တာ။ . စိတ်သာချ ... ယုံယုံ ကြည်ကြည်နဲ့ အားထုတ် လိုသလောက် မဖြစ်သော်လည်း လုပ်သလောက်တော့ ဖြစ်တယ်။ . ကိုယ့်ပါရမီ ... ကိုယ်မသိနိုင်ဘူး။ မီးခဲ ပြာဖုံးတွေ ... အများကြီး ရှိတယ်။ . ကျွတ်တမ်းဝင်မဲ့ ပုဂ္ဂိုလ်တွေ ... အများကြီး ရှိတယ်။ . မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက သာသနာ ငါးထောင် ထားခဲ့တာ အလကား ထားခဲ့တာ မဟုတ်ဘူး။ . ငါ ဘုရား ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် ကျွတ်တန်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အများ အပြား ရှိနေကြသေးတယ် ဆိုတာကို မြင်တော်မူလို့ ... သိတော်မူလို့ ... သာသနာ ငါးထောင် ထားခဲ့တာဗျ။ . အားမငယ်ကြနဲ့ ... ကိုယ့်ကိုကိုယ် ... အထင်မသေးကြနဲ့။ . လူတိုင်း ... သဒ္ဒါ ... ဝီရိယနဲ့သာ အားထုတ်ပါ။ . လိုသလောက် မရသော်လည်း လုပ်သလောက်တော့ မုချ ရနိုင်ပါတယ်။ . ဒါကြောင့် ... ကိုယ့်ကိုကိုယ် ... အထင်မသေးကြပါနဲ့။ . တကယ် အပယ်ဘေးက လွတ်ချင်ရင် ဝိပဿနာ တရားများကို တကယ် အားထုတ်ကြစမ်းပါ။ . မိမိတို့ ပါရမီအလိုက် ... သောတာပန် ... သကဒါဂါမ် ... အနာဂါမ် ... စသဖြင့် ... ရဟန္တာအထိ ဖြစ်နိုင်ပါတယ်။ . အယုတ်သဖြင့် ... အပယ်ဘေးကတော့ မုချ လွတ်နိုင်ပါတယ်။ :::::::::::::::::::::::::::::::: . ကျေးဇူးတော်ရှင် တေဝိဇ္ဇ ပတ္တ ရဟန္တာအရှင်မြတ် မူလပထမ သဲအင်းဂူဆရာတော်ဘုရားကြီး #အရှင်ဥက္ကဋ္ဌ👏 🙏🙏🙏 . ဓမ္မဒါန မေတ္တာဖြင့် သဲအင်းဂူဆရာတော်ဘုရားကြီး အရှင်ဥက္ကဋ္ဌ၏ တရားတော်များ . https://ift.tt/36l7Pa6
via အလင်းရောင် ဓမ္မ https://ift.tt/2se2uTm
Newer Post
Older Post
Home