Monday, December 9, 2019

သဲအင်းဂူဆရာတော်ကြီး 🙏🙏🙏🙏🙏🙏 လူ့ဘဝနာမည်-ဦးအောင်ထွန်း(လူဆိုးဓါးပြဗိုလ်)ထောင်(၇)နှစ်ကျဘူး (အင်္ဂလိပ်အစိုးရလက်ထက်)။ဂျပန်တွေ မန္တလေးမြို့ကိုဗုံးကြဲမှ ထောင်သားတွေ မန္တလေးထောင်မှလွှတ်ပေးတဲ့အထဲပါဝင်ခဲ့။ ဂျပန်ခေတ် ဦးနုခေတ် ဦးနေဝင်းခေတ်အထိ နင်းကန်တိုက်ခဲ့တဲ့ ဓါးပြဗိုလ်ကြီး။ဦးနေဝင်းလက်ထက် အင်းစိန်ထောင်မှာပြန်အနှိပ်စက်ခံရ။ မိန်းမ ၄ယောက်ရှိခဲ့။ပထမဇနီး၂ယောက်ဆုံး ။ဒုတိယဇနီး၂ယောက်ရှိ။ ရန်ကုန် ကမာရွတ်မှာတစ်ယောက်----- မှော်ဘီ---နှောကုန်းတောရွာမှာတစ်ယောက်---- အံမယ်-ဆော်ကြည်ဘဲ---- လို့ပြောရမလား? မြို့မှာ တစ်လ- တောမှာ တစ်လ--------- အချိန်တလှည့်စီနေတယ်။ပြန်ပေးဆွဲလိုက်- လောင်းကစားလုပ်လိုက်-- ဓါးပြတိုက်လိုက်နဲ့ ကြာလာတော့ သတိသံဝေဂဝင်လာတယ်။ သူသေရအုံးမယ်ဆိုတာ သူသိလာတယ်။ ဆရာတော်ကြီးတွေဟောထားတဲ့ ဒါနပြုရင် နတ်ပြည်ခြောက်ထပ် ရောက်မယ်ဆိုတာကြားဖူးနားဝရှိတော့ ဓါးပြနင်းကန်တိုက်တာပဲ။တိုက်လို့ရတဲ့ သုံးပုံ ထဲက နှစ်ပုံကို လှူတယ်။တစ်ပုံကို သူကြိတ်တယ်- အံမယ် လူဆိုးက နတ်ပြည်ရောက်ချင်တာ။ တနေ့တော့ ကမာရွတ်က ဇနီးက ဗဟန်းစျေးကနေ စွန်းလွန်းထေရုပ္ပတ္တိ စာအုပ်လေးဝယ်လာပီး သူကရဟန္တာတဲ့ ရှင်ကြည့်ပါလားဆိုတာနဲ့ လူဆိုးစိတ်ဝင်စားလာတယ်။ရဟန္တာဆိုတဲ့ အသံကြားရုံနဲ့ ပီတိဖြစ်သွားရော-လူဆိုးဇာတ်လမ်းစပီ။ စွန်းလွန်းထေရုပ္ပတ္တိစာအုပ်က ပုံလေးတွေကြည့်ပီး---- သူတောင်စာမတတ်ပေမတတ်နဲ့ ရဟန္တာဖြစ်သေးတာ ငါလည်း ဘာလို့မဖြစ်ရမှာလဲလို့ အတွေးဝင်သွားပီ။ စွန်းလွန်းဆရာတော်ကြီးရဲ့ ရဟန္တာဖြစ်စဉ် နောက်ဆုံးစာမျက်နှာ (သတိပဌာန်တရားကြောင်း)ကိုလက်နဲ့ထောက်လိုက်တဲ့အခါ လူဆိုးခန္ဓာကိုယ်တခုလုံး ရှိန်ဖိန်းကြက်သီးထဖွယ်ဖြစ်လာခဲ့----- လူဆိုးဆုံးဖြတ်ချက်ချလိုက်ပီ--- ရဟန္တာမဖြစ် ဖြစ်အောင် တရားကျင့်မယ်--ဒါပေမယ့် စခဲ့တယ် ကံတရားတွေကရှိနေတော့ သူရဲ့ ဇနီးမယား ၂ယောက်အတွက် ငွေတစ်သိန်းလောက်စီချန်ထားခဲ့မယ်--စားလောက်သောက်လောက်အောင် ဒီတခါ အချီကြီးဓါးမြတိုက်ဖို့-တိုက်လာတာ လူဆိုးတခါမှ မခံရဘူး-- ဒီတခါတော့ နားကားပီ။ တပည့်လေးယောက် စတင်းဂန်းတစ်လက် ရိုင်ဖယ်တစ်လက် ခြောက်လုံပြူးသေနတ်လွယ်အိပ်ထဲထည့်ပီး ဝင်စီးတိုက်ဖို့ ညထွက်ပီ။ ဒီတခါ သတိလက်လွှတ်ဖြစ်ပီး အိမ်ပေါ်အတက် တံခါးလည်းဖွှင့်ရော ဂေါင်းဓါးနဲ့ ခုတ်ခံရ-- တခါတည်းပုံလဲကျသွားပါပေရော--သူ့တပည့်တွေက ဓါးနဲ့ခုတ်တဲ့အိမ်ရှင်ကို သေနတ်တွေနဲ့ထိုးချိန်ပစ်သတ်ဖို့လုပ်ပီ--- ဒါပေမယ့်သူက မသတ်ခိုင်းဘူး သူ့ကိုတာ အပြင်ဆွဲထုတ်ဖို့ တပည့်တွေကို အမိန့်ပေးတာ။ လမ်းမှာ မိုက်ခနဲ မိုက်ခနဲ့ ဖြစ်ပီ ဂေါင်းမှာ စမ်းကြည့်တော့ လက်တဆစ်လောက်ဝင်သွားပီ- သူအကြီးအကျယ် နောင်တရပီ-- ဓါးခုတ်ခံရတဲ့ ဦးဂေါင်းဒဏ်ရာကို ရန်ကုန် ကမာရွတ်က အိမ်မှာ လူအသိမခံပဲ ဆရာဝန်ကိုငွေအမြှောက်အများပေးပီး ၇ရက်ကုသလိုက်ရ၏။ အဲ့ကနေ လွယ်အိတ်ထဲ စွန်းလွန်းထေရုပ္ပတ္တိ စာအုပ်ထည့်ပီး တောရွာသို့ ခရီးနှင်ခဲ့တော့၏။ မြို့ကဇနီး ရော တောကဇနီးပါ မနေနိုင်လို့နောက်အိမ်ထောင်ပြုချင်လည်းပြု မပြုချင်လည်းနေ ရှိတဲ့ဟာနဲ့ရင်းနှီးစားသောက်လို့ရပီ ငါကတော့ရဟန်းဝတ်မှာ---- ငါ့ကိုမမျှော်တော့နဲ့----အေး--အဖေလို အကိုလို ငါတရားအားထုတ်တဲ့ဆီ လာစောင့်ရှောက်ချင်လည်းစောင့်ရှောက် မစောင့်ရှောက်ချင်လည်းနေလို့ အပြတ်ချတာ--- လူဝတ်ကြောင် ပိတ်ဖြူဝတ်နဲ့ မဂ်အဆင့်ဆင့်ကို ရသွားတာဗျ။ ဗြဟ္မာကြီးတွေ သကြားတွေကနေ အကြိမ်ကြိမ်အခါခါ သင်္ကန်းစီးဖို့ လာလျှောက်တာတောင် နှင်ထုတ်ပစ်တာ။ နောက်ဆုံး အခန်းထဲမှာ သင်္ကန်း ၁၂စုံ သူ့အလိုလိုရောက်နေတဲ့အခါမှ သင်္ကန်းစီးဖို့ ဆုံးဖြတ်ချက်ချခဲ့တာ။ ဒါတောင် ဗြဟ္မာကြီးတွေက သင်္ကန်းလာပို့ပီး မရမက တောင်းပန်လို့။ ဒါကတော့ ရဟန္တာကြီးဖြစ်သွားတဲ့ လူဆိုးဓါးပြဗိုလ် ဦးအောင်ထွန်း (ခ) သဲအင်းဂူဆရာတော်ကြီးရဲ့ ဘဝဖြစ်စဉ် အကျဉ်းလေးပါ။ သူကဓါးပြတာ တိုက်တာ လူမသတ်ခဲ့။တိုက်လို့ရတာ သုံးပုံထဲက နှစ်ပုံပြန်လှူ။ သူ့ကို အသေခုတ်သတ်တဲ့ အိမ်ရှင်ကိုတောင် မသတ်ခဲ့။ ဓါးနဲ့ခုတ်တဲ့သူကို ကျေးဇူးတောင်တင်လိုက်သေးတယ်----သူကြောင့်တရားကျင့်ဖြစ်ခဲ့လို့----------- >>>> လူသေချင်သေ မသေရင် တရားရ ဆိုပီး ၂၁ လ ကျင့်ခဲ့ရကြောင်းပါ။ လူဆိုးလူမိုက်ပင်ဖြစ်လင့်ကစား တကယ်လုပ်ရင် အဟုတ်ပင် ကျွတ်တန်းဝင်နိုင်ကြောင်း ဒီဘက်ခေတ်မှာ သက်သေပြသွားတာပါပဲ။ (သဲအင်းဂူဆရာတော်ကြီး၏ MP3 မူရင်းအသံဖိုင်တရားတော်များမှ နာယူပီး လူအပိုင်းနှင့် ရဟန်းအပိုင်းကို စာစီပူဇော်ရတဲ့အတွက် လိုအပ်ချက်ရှိခဲ့သော်----နားလည်ခွှင့်လွှတ်ပေးပါရန်) Credit to Thant Zin & original uploader အလင်းရောင်ဓမ္မ


via အလင်းရောင် ဓမ္မ https://ift.tt/38hPFYA