အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 11, 2019
ဝိပဿနာကျင့်စဉ် မကျင့်ပဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိ။ 🌷🙏🌷🙏🌷🙏🌷 ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။ အားမကိုးထိုက်ဘူး မဟုတ်ဘူး။ သို့သော် အပါယ်တံခါးပိတ်သလားလို့ မေးရင်တော့ အပါယ်တံခါးပိတ်တယ် ဆိုတာ နိဗ္ဗာန်တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန်တံခါးကို ဘာနဲ့ဖွင့်မလဲ။ နိဗ္ဗာန်တံခါးဖွင့်ချင်တယ် ဆိုလို့ရှိရင်တော့ ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။ ဝိပဿနာကျင့်စဉ် မကျင့်ပဲနဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ လောကမှာ မရှိဘူးတဲ့။ - ဆရာတော်ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ Posted by Words of Buddha
via အလင်းရောင် ဓမ္မ https://ift.tt/2YDkpyT
Newer Post
Older Post
Home