အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, December 9, 2019
လူတော် လူကောင်း 🙏🙏🙏🙏🙏🙏 “တော်” တယ်ဆိုတာ ပညာအရည်အချင်းကိုပြောတာ၊ “ကောင်း” တယ်ဆိုတာ အကျင့်စာရိတ္တပိုင်း ဆိုင်ရာကောင်းတာကို ပြောတာ၊ လူတွေက လူတစ်ယောက်ကို “လူတော်” လို့ပြောတာ သူ့ရဲ့ပညာအရည်အချင်းကို ရည်ညွှန်းပြီးပြောတာ၊ “လူကောင်း” လို့ ပြောတာကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ၊ပညာလည်းတော်တယ်၊ ကိုယ်ကျင့်တရား လည်း ကောင်းတယ်ပေါ့။ သို့သော်လူတွေထဲမှာ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ ကိုယ်ကျင့်တရားကောင်း တယ်၊ ပညာမတော် ဘူးဆို သူတွေလည်းရှိနိုင်တယ်၊ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာ မတော်ဘူး၊ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင်တစ်ခြမ်းပဲ့နေတယ်၊ မပြည့်စုံဘူး။ ♣ အရည်အချင်း(၂) ရပ် ♣ အဲဒီတော့ ဒီ (၂) ခုဟာ လူတစ်ဦးတစ်ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့်အရည်အချင်း ဖြစ်တယ်၊ ဒီ (၂)ခုအောက် လျော့လို့မဖြစ်ဘူး၊ သို့သော် မဖြစ်မနေတစ်ခုကိုသာရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းဖို့ကပိုပြီးအဓိကကျတယ်၊ “သီလမေ၀ သုတာ သေယျော”တဲ့၊ ကိုယ်ကျင့်သီလက အကြားအမြင်ပညာထက် ပိုပြီးချီးမွမ်း ထိုက်တယ်လို့ ဆိုတယ်။ သို့သော်ကိုယ်ကျင့်တရားကောင်းသော်လည်း အသိပညာနည်းပါးသူဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်းသိပ်မရှိဘူး။ပညာအရည်အချင်းက တော်ပါရဲ့၊ ကိုယ်ကျင့်တရားက မကောင်းဘူး ဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်။ အဲဒါကြောင့် သီလနှင့် ပညာလို့ဆိုတဲ့ ဒီအရည်အသွေး(၂)မျိုး လုံးရှိရမယ်။ ဒီအရည်အသွေး (၂) မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူဖြစ်တာပေါ့။ ဒီအရည်အသွေး(၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့မရဘူး၊ သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်၊ သီလပရိဓောတာ ပညာ-ပညာကိုသီလနဲ့ဆေးကြောရတယ်၊ ပညာပရိဓောတံ သီလံ-သီလကိုပညာနဲ့ ဆေးကြောရတယ်။ အေး သူတော်ကောင်းဆိုတာကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလလည်းကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊သို့သော် အဆင့်အမြင့်ဆုံးသူတော်ကောင်းဆိုတာကတော့ ဘုရား ရဟန္တာသာ ဖြစ်တယ်။ အခြေခံအားဖြင့်သီလနဲ့ပညာရှိသူကို သူတော်ကောင်းလို့ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀)ပါးကို ကျင့်သုံးခြင်းပဲ၊ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်၊ ကံကံ၏အကျိုးကို သိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ၄င်း သမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဥာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့် အဆင့်ရောက်တယ်။ ဒါ အခြေခံစံအားဖြင့်ဒီလို သတ်မှတတာ။ ♣ နတ်တွေပြောတဲ့ သူတော်ကောင်း♣ သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကို တာ၀တိ ံသာနတ်တွေကအမျိုးမျိုးဖွင့်ဆို သတ်မှတ်ကြသေး တယ်၊ နတ်တွေက သတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်းတယ်။ တာ၀တိ ံသာနတ်တွေကသူတော်ကောင်းလို့ ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ၊ အရည်အသွေး (၇) ရပ်ကို သူတို့က ထုတ်ဖော်သတ်မှတ်ပြထားတာ၊ ဒီအရည်အသွေး (၇) ရပ်ကိုပြပြီး ပြဋ္ဌာန်း ပြောဆိုတာလည်း သူတို့နတ်တို့ရဲ့ဘုရင်နတ်တို့ရဲ့ခေါင်းဆောင် သိကြားမင်းကိုယ်တိုင် လူ့ဘ၀ တုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်၀တ်တွေကိုရည်ညွှန်းတာပါ။ သိကြားမင်းကြီးလူ့ဘ၀တုန်းက ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ ကျင့်၀တ်တရားတွေကို ကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့တာ၀တိ ံသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါဘာတုန်းဆိုရင်… (၁) လူ့ဘဝရောက်လာတဲ့အခါလူတွေရဲ့ ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖေပဲ။ မိဘနှစ်ပါးဟာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ၊ အဲဒီကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို ကျေးဇူး ဆပ်တတ်လို့ရှိရင်ဒါ သူတော်ကောင်းပဲ၊ မာတာ ပေတ္တိဘရော- အသက်ထက်ဆုံး မိဘ နှစ်ပါးကို လေးလေး စားစားနဲ့ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့ တာ၀တိ ံသာ နတ်တွေက သတ်မှတ်တယ်၊ ဒါတင်မကဘူး၊ (၂) ကုလေ ဇေဋ္ဌာပစာယီ – ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့အမျိုးတွေ၊အဖေ့ဘက်က တော်တဲ့အမျိုးတွေရှိတယ်၊ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေအမတွေ ဆိုတာ ရှိတယ်၊ အဲဒီကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်းပဲ။ အဲဒီမှာ အပြန်အားဖြင့်ပြောမယ်ဆိုရင် အမေအဖေကို မပြုစုဘူးဆိုရင် သူယုတ်မာ၊ ၀သလသုတ္တန် မှာ ဒီလိုပဲဟောထားတယ်၊ သူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်က သူယုတ်မာ၊အမေအဖေ ပြုစုမယ်ဆိုရင် သူတော်ကောင်း၊ ဆွေထဲမျိုးထဲက ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့ အဲဒီပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲတဲ့။ အဲဒီတော့ သူတော်ကောင်းလို့သတ်မှတ်တဲ့ အဂါင်္ (၂)ချက်ရတယ်၊ နောက်တစ်ခုကဘာတုန်းဆိုရင် (၃) စကားပြောတဲ့အခါမှာယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲ။ နူးညံ့ သိမ်မွေ့တဲ့စကားပြောရမယ်တဲ့။ ကြမ်းတမ်းတဲ့စကားမျိုးကို ဖရုသဝါစာ လို့ခေါ်တယ်။ ဖရုသဝါစာ ပြောလို့ရှိရင် မိစ္ဆာဝါစာ ဖြစ်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုးမပြောရဘူးတဲ့။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။ ဘယ်လိုစကားမျိုးပြောရတုန်းဆိုလို့ရှိရင် ယာသာဝါစာ နေလာ-ကိုယ်ပြောလိုက်တဲ့ စကား တစ်ခု ဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရမယ်။ ကဏ္ဏသုခါ- ကြားလိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့နားမှာချမ်းသာရမယ်။ နားချမ်းသာတယ်ဆိုတာ တင်စားပြီး တော့ပြောတာ။ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။ ပေမနီယာ- ဒီစကားကို လူတိုင်းက နှစ်မြို့ကြတယ်။ဟ ဒယင်္ဂမာ- စိတ်နှလုံးထဲမှာ ရောက်သွားတယ်။ ဗဟုဇနကန္တာ- လူအများက ကြိုက်တယ်။ ပေါရီ – တကယ်ယဉ်ကျေးတဲ့ မြို့သူမြို့သားတွေ သုံးတဲ့စကားလုံးဖြစ်တယ်။ အဲဒီလို စကားပြော လို့ရှိရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ နားထောင်ရတဲ့သူ နားချမ်းသာတယ်လို့ စိတ်ထဲနှလုံးထဲမှာ စိမ့်၀င်သွားတဲ့စကားမျိုးတဲ့၊ ဒါက ချွဲချွဲပျစ်ပျစ်ပြောတာမျိုးမဟုတ်ဘူးတဲ့။ အဲဒါမျိုးကိုပြောတာပေါ့။ သူပြောတဲ့ စကားလေးက တန်ဖိုးရှိလိုက်တာ၊တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့စကားကလည်း တန်ဖိုးရှိ တယ်။ အနှစ်သာရရှိတယ်။ဒီစကားမျိုးကိုဆိုလိုတာ။ အဲဒီစကားမျိုးကိုပြောလို့ရှိရင် ဖရုသဝါစာ ကင်းသည့်အတွက်ကြောင့် သဏှာ-သိမ်မွေ့တယ်။ သခိလာ-ပြေပြေပြစ်ပြစ် ပြောတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း တာ၀တိ ံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။ နောက်တစ်ခုက… (၄) အရပ်ထဲမှာနေလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက အရပ်ထဲကလူတွေ တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊မိသားစုတစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတာ အားလုံးသိတယ်နော်။ လူနှစ်ယောက်ဆုံမိလုိ့ရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။ ပြောတယ် ဆိုတာ အကောင်းပြောတာထက်အဆိုးပြောတာက ပိုများတတ်တယ်နော်။ ဒါ လူ့ရဲ့သဘာ၀ကို ပြောတာ။ အဲဒီလိုပြောတဲ့အခါမှာ ဒါအတင်းအဖျင်းပြောတယ်ခေါ်တာပေါ့။ သူတို့နှစ်ယောက်ကကျန်တဲ့သူတစ်ယောက်ရဲ့အတင်းတွေ ပြောပြီးတော့တစ်ယောက်က သွားစရာ ရှိလို့ထသွားလို့ရှိရင်ကျန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆိုလို့ရှိရင် မေးငေါ့လိုက်တယ်။ သူလည်း တူတူပါပဲတဲ့။ အဲဒီတော့ လူတွေရဲ့အကျင့်ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက်မတည့်အောင် လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေ။ အဲဒီလို စိတ်ဓာတ်မျိုးကင်းပြီဆို လို့ရှိရင်သူတော်ကောင်းတဲ့။ အေး အဆင်မပြေလို့တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေလွဲပြီး မတည့်ဘူးဆိုရင် ဘိန္နာနံသန္ဓာတာ- ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။ ညီညွတ်အောင် လုပ်ပေးတယ်။သံဟိတာနံ အနုပ္ပဒါတာ- ခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးခင်မင်အောင် ရင်းနှီးအောင် လုပ်ပေးတယ်။ သမဂ္ဂကရဏိ ံဝါစံ ဘာသိကာ- ညီညွတ်တဲ့ စကားလုံးတစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာ ပြော ပေးတယ်၊ ကွဲမယ့်ပြဲမယ့်စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက်အထင်လွဲမယ့်စကားမျိုး ဘယ်တော့ မှ မပြောဘူးတဲ့။ သိကြားမင်းကြီးကိုယ်တိုင်လူ့ဘ၀လူ့လောကမှာနေတုန်းက ဒီကျင့်၀တ် တရားတွေကို တလေး တစား လိုက်နာကျင့်သုံးခဲ့တယ်။ အို အရပ်ထဲမှာဆိုလို့ရှိရင်အတင်းအဖျင်းပြောပြီး တစ်ယောက်နှင့်တစ်ယောက် မတည့်အောင် လုပ်တဲ့ပုဂ္ဂိုလ်မျိုးရှိရင်ညီညွတ်ရေးပျက်ပြားစေတာပေါ့၊ အဖွဲ့အစည်းတစ်ခုမှာလည်း ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေး ပျက်ပြားစေတာပေါ့။ညီညွတ်မှုပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားစေတာပဲ။ ရင်ထဲ နှလုံးထဲကမေတ္တာတွေ ခန်းခြောက်သွားတယ်။ မေတ္တာခန်းခြောက်သွားတော့ တစ်ယောက် နှင့် တစ်ယောက် အကောင်းမမြင်တော့ဘူးလေ၊အဲဒါမျိုးမဖြစ်ရအောင် ညီညွတ်တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ် စေတာ၊ အဲဒါဟာ သူတော်ကောင်းပဲတဲ့၊ဒါ တာ၀တိ ံသာနတ်တွေက အသိအမှတ်ပြုတဲ့ သူတော်ကောင်း။ (ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) သူတော်ကောင်းတို့၏ စိတ်နေသဘောထား စာအုပ်မှကောက်နှုတ်ချက် လူတောျ လူကောငျး +++++++++++++ “တောျ” တယျဆိုတာ ပညာအရညျအခငြျးကိုပွောတာ၊ “ကောငျး” တယျဆိုတာ အကငြျ့စာရိတ်တပိုငျး ဆိုငျရာကောငျးတာကို ပွောတာ၊ လူတှကေ လူတဈယောကျကို “လူတောျ” လို့ပွောတာ သူ့ရဲ့ပညာအရညျအခငြျးကို ရညျညှှနျးပွီးပွောတာ၊ “လူကောငျး” လို့ ပွောတာကတြော့ အကငြျ့စာရိတ်တပိုငျးကို ရညျညှှနျးတာ၊ပညာလညျးတောျတယျ၊ ကိုယျကငြျ့တရား လညျး ကောငျးတယျပေါ့။ သို့သောျလူတှထေဲမှာ ပညာတောျတယျ၊ ကိုယျကငြျ့တရားမကောငျးဘူး၊ ကိုယျကငြျ့တရားကောငျး တယျ၊ ပညာမတောျ ဘူးဆို သူတှလေညျးရှိနိုငျတယျ၊ကိုယျကငြျ့တရားကောငျးတယျ၊ ပညာ မတောျဘူး၊ ပညာတောျတယျ၊ ကိုယျကငြျ့တရားမကောငျးဘူးဆိုရငျတဈခွမျးပဲ့နတေယျ၊ မပွညျ့စုံဘူး။ ♣ အရညျအခငြျး(၂) ရပျ ♣ အဲဒီတော့ ဒီ (၂) ခုဟာ လူတဈဦးတဈယောကျအတှကျ အခွခေံအားဖွငျ့ရှိရမယျ့အရညျအခငြျး ဖွဈတယျ၊ ဒီ (၂)ခုအောကျ လြော့လို့မဖွဈဘူး၊ သို့သောျ မဖွဈမနတေဈခုကိုသာရှေးခယြျရမယျဆိုရငျ ကိုယျကငြျ့တရားကို ရှေးရမှာဖွဈတယျ၊ ကိုယျကငြျ့တရားကောငျးဖို့ကပိုပွီးအဓိကကတြယျ၊ “သီလမေ၀ သုတာ သယြေော”တဲ့၊ ကိုယျကငြျ့သီလက အကွားအမွငျပညာထကျ ပိုပွီးခြီးမှမျး ထိုကျတယျလို့ ဆိုတယျ။ သို့သောျကိုယျကငြျ့တရားကောငျးသောျလညျး အသိပညာနညျးပါးသူဟာ အမြားအကြိုးအတှကျ လုပျနိုငျစှမျးသိပျမရှိဘူး။ပညာအရညျအခငြျးက တောျပါရဲ့၊ ကိုယျကငြျ့တရားက မကောငျးဘူး ဆိုရငျတော့ ဒီပုဂ်ဂိုလျမြိုးကအန်တရာယျမြားတဲ့ ပုဂ်ဂိုလျဖွဈလာတတျတယျ။ အဲဒါကွောငျ့ သီလနှငျ့ ပညာလို့ဆိုတဲ့ ဒီအရညျအသှေး(၂)မြိုး လုံးရှိရမယျ။ ဒီအရညျအသှေး (၂) မြိုးလုံး ရှိတယျဆိုရငျ အလှနျတနျဖိုးရှိတဲ့လူဖွဈတာပေါ့။ ဒီအရညျအသှေး(၂)ခုထဲမှာ တဈခုမှ လြှော့ပဈလို့မရဘူး၊ သီလရှိမှ ပညာရှိနိုငျတယျ၊ ပညာရှိမှ သီလရှိနိုငျတယျ၊ သီလပရိဓောတာ ပညာ-ပညာကိုသီလနဲ့ဆေးကွောရတယျ၊ ပညာပရိဓောတံ သီလံ-သီလကိုပညာနဲ့ ဆေးကွောရတယျ။ အေး သူတောျကောငျးဆိုတာကိုယျကငြျ့တရားလို့ခေါျတဲ့ သီလလညျးကောငျးတယျ၊ ပညာလညျး တောျတယျဆိုတဲ့ ပုဂ်ဂိုလျမြိုးပဲ၊သို့သောျ အဆငျ့အမွငျ့ဆုံးသူတောျကောငျးဆိုတာကတော့ ဘုရား ရဟန်တာသာ ဖွဈတယျ။ အခွခေံအားဖွငျ့သီလနဲ့ပညာရှိသူကို သူတောျကောငျးလို့ပွောရတယျ၊ ဒီနရောမှာ သီလဆိုတာ သုစရိုကျတရား (၁၀)ပါးကို ကငြျ့သုံးခွငျးပဲ၊ သုစရိုကျတရား ကငြျ့သုံးတဲ့သူကို လူကောငျးလို့ ပွောရမယျ၊ ကံကံ၏အကြိုးကို သိမွငျတဲ့ ကမ်မူကတာ သမ်မာဒိဋ်ဌိ၊ ၄ငျး သမ်မာဒိဋ်ဌိထကျ အဆငျ့မွငျ့တဲ့ ဝိပူနာ သမ်မာဒိဋ်ဌိဆိုတဲ့ အသိဉာဏျမြိုးရှိရငျတော့ “လူတောျ” လို့ ပွောရမယျ့ အဆငျ့ရောကျတယျ။ ဒါ အခွခေံစံအားဖွငျ့ဒီလို သတျမှတတာ။ ♣ နတျတှပွေောတဲ့ သူတောျကောငျး♣ သူတောျကောငျးဆိုတဲ့ အဓိပ်ပါယျကို တာ၀တိ ံသာနတျတှကေအမြိုးမြိုးဖှငျ့ဆို သတျမှတျကွသေး တယျ၊ နတျတှကေ သတျမှတျတဲ့ အရညျအသှေးတှဟော မှတျသားစရာကောငျးတယျ။ တာ၀တိ ံသာနတျတှကေသူတောျကောငျးလို့ ဘယျပုဂ်ဂိုလျမြိုးကိုခေါျတာလဲ၊ အရညျအသှေး (၇) ရပျကို သူတို့က ထုတျဖောျသတျမှတျပွထားတာ၊ ဒီအရညျအသှေး (၇) ရပျကိုပွပွီး ပွဋ်ဌာနျး ပွောဆိုတာလညျး သူတို့နတျတို့ရဲ့ဘုရငျနတျတို့ရဲ့ခေါငျးဆောငျ သိကွားမငျးကိုယျတိုငျ လူ့ဘ၀ တုနျးက ကငြျ့သုံးခဲ့တဲ့ ကငြျ့၀တျတှကေိုရညျညှှနျးတာပါ။ သိကွားမငျးကွီးလူ့ဘ၀တုနျးက ကိုယျတိုငျ ကငြျ့သုံးခဲ့တဲ့ ကငြျ့၀တျတရားတှကေို ကငြျ့တဲ့ပုဂ်ဂိုလျကို သူတောျကောငျးလို့တာ၀တိ ံသာနတျတှကေ သတျမှတျကွတာ။ အဲဒါဘာတုနျးဆိုရငျ… (၁) လူ့ဘဝရောကျလာတဲ့အခါလူတှရေဲ့ ပထမဆုံးကြေးဇူးရှိတဲ့ပုဂ်ဂိုလျ ဘယျသူတုနျးဆိုရငျ အမနှေငျ့အဖပေဲ။ မိဘနှဈပါးဟာကြေးဇူးအရှိဆုံးပုဂ်ဂိုလျတှေ၊ အဲဒီကြေးဇူးအရှိဆုံး ပုဂ်ဂိုလျတှကေို ကြေးဇူး ဆပျတတျလို့ရှိရငျဒါ သူတောျကောငျးပဲ၊ မာတာ ပတေ်တိဘရော- အသကျထကျဆုံး မိဘ နှဈပါးကို လေးလေး စားစားနဲ့ပွုစုစောငျ့ရှောကျတတျတဲ့ သားသမီးကို သူတောျကောငျးလို့ တာ၀တိ ံသာ နတျတှကေ သတျမှတျတယျ၊ ဒါတငျမကဘူး၊ (၂) ကုလေ ဇဋေ်ဌာပစာယီ – ဆှထေဲမြိုးထဲမှာ အမေ့ဘကျကတောျတဲ့အမြိုးတှေ၊အဖေ့ဘကျက တောျတဲ့အမြိုးတှရှေိတယျ၊ ကိုယျ့မိသားစုထဲမှာ ကိုယျ့ထကျအသကျကွီးတဲ့ အကိုတှအေမတှေ ဆိုတာ ရှိတယျ၊ အဲဒီကိုယျ့အမြိုးထဲက ရိုသလေေးစားထိုကျတဲ့ ပုဂ်ဂိုလျတှကေို လေးစားတာလညျး သူတောျကောငျးပဲ။ အဲဒီမှာ အပွနျအားဖွငျ့ပွောမယျဆိုရငျ အမအေဖကေို မပွုစုဘူးဆိုရငျ သူယုတျမာ၊ ၀သလသုတ်တနျ မှာ ဒီလိုပဲဟောထားတယျ၊ သူတောျကောငျးရဲ့ ဆနျ့ကငြျဘကျက သူယုတျမာ၊အမအေဖေ ပွုစုမယျဆိုရငျ သူတောျကောငျး၊ ဆှထေဲမြိုးထဲက ကွီးတဲ့ပုဂ်ဂိုလျကို ရိုသလေေးစားတဲ့ အဲဒီပုဂ်ဂိုလျဟာလညျး သူတောျ ကောငျးပဲတဲ့။ အဲဒီတော့ သူတောျကောငျးလို့သတျမှတျတဲ့ အဂါငျ် (၂)ခကြျရတယျ၊ နောကျတဈခုကဘာတုနျးဆိုရငျ (၃) စကားပွောတဲ့အခါမှာယဉျယဉျကြေးကြေးသိမျသိမျမှေ့မှေ့ ပွောတဲ့ ပုဂ်ဂိုလျဟာလညျး သူတောျ ကောငျးပဲ။ နူးညံ့ သိမျမှေ့တဲ့စကားပွောရမယျတဲ့။ ကွမျးတမျးတဲ့စကားမြိုးကို ဖရုသဝါစာ လို့ခေါျတယျ။ ဖရုသဝါစာ ပွောလို့ရှိရငျ မိစ်ဆာဝါစာ ဖွဈတယျ။ ဒါကွောငျ့မို့ ကွမျးတမျးတဲ့စကားမြိုးမပွောရဘူးတဲ့။ ဒါကွောငျ့မို့ ကွမျးတမျးတဲ့စကားမြိုး မပွောရဘူးတဲ့။ ဘယျလိုစကားမြိုးပွောရတုနျးဆိုလို့ရှိရငျ ယာသာဝါစာ နလော-ကိုယျပွောလိုကျတဲ့ စကား တဈခု ဟာ အပွဈမပါဘူး၊ အပွဈကငျးရမယျ။ ကဏ်ဏသုခါ- ကွားလိုကျရတဲ့ ပုဂ်ဂိုလျရဲ့နားမှာခမြျးသာရမယျ။ နားခမြျးသာတယျဆိုတာ တငျစားပွီး တော့ပွောတာ။ စိတျခမြျးသာမှုကို ဖွဈစတေယျ။ ပမေနီယာ- ဒီစကားကို လူတိုငျးက နှဈမွို့ကွတယျ။ဟ ဒယငျ်ဂမာ- စိတျနှလုံးထဲမှာ ရောကျသှားတယျ။ ဗဟုဇနကန်တာ- လူအမြားက ကွိုကျတယျ။ ပေါရီ – တကယျယဉျကြေးတဲ့ မွို့သူမွို့သားတှေ သုံးတဲ့စကားလုံးဖွဈတယျ။ အဲဒီလို စကားပွော လို့ရှိရငျ ယဉျယဉျကြေးကြေး သိမျသိမျမှေ့မှေ့နဲ့ နားထောငျရတဲ့သူ နားခမြျးသာတယျလို့ စိတျထဲနှလုံးထဲမှာ စိမျ့၀ငျသှားတဲ့စကားမြိုးတဲ့၊ ဒါက ခြှဲခြှဲပစြျပစြျပွောတာမြိုးမဟုတျဘူးတဲ့။ အဲဒါမြိုးကိုပွောတာပေါ့။ သူပွောတဲ့ စကားလေးက တနျဖိုးရှိလိုကျတာ၊တဈဖကျသား စိတျခမြျးသာစရာဖွဈတယျ။ ကွားလိုကျရတဲ့စကားကလညျး တနျဖိုးရှိ တယျ။ အနှဈသာရရှိတယျ။ဒီစကားမြိုးကိုဆိုလိုတာ။ အဲဒီစကားမြိုးကိုပွောလို့ရှိရငျ ဖရုသဝါစာ ကငျးသညျ့အတှကျကွောငျ့ သဏှာ-သိမျမှေ့တယျ။ သခိလာ-ပွပွေပွေဈပွဈ ပွောတတျတယျ။ အဲဒီလို ပုဂ်ဂိုလျမြိုးကိုလညျး တာ၀တိ ံသာနတျတှကေ သူတောျကောငျးလို့ သတျမှတျတယျ။ နောကျတဈခုက… (၄) အရပျထဲမှာနလေို့ရှိရငျ အခြို့ပုဂ်ဂိုလျတှကေ အရပျထဲကလူတှေ တဈယောကျနှငျ့တဈယောကျ၊ တဈအိမျနှငျ့တဈအိမျ၊မိသားစုတဈဦးနှငျ့တဈဦး မတညျ့အောငျ အတငျးအဖငြျးပွောတတျတဲ့ အလေ့အထ ရှိတယျဆိုတာ အားလုံးသိတယျနောျ။ လူနှဈယောကျဆုံမိလို့ရှိရငျ နောကျတဈယောကျအကွောငျးကို ပွောမိတတျကွတယျ။ ပွောတယျ ဆိုတာ အကောငျးပွောတာထကျအဆိုးပွောတာက ပိုမြားတတျတယျနောျ။ ဒါ လူ့ရဲ့သဘာ၀ကို ပွောတာ။ အဲဒီလိုပွောတဲ့အခါမှာ ဒါအတငျးအဖငြျးပွောတယျခေါျတာပေါ့။ သူတို့နှဈယောကျကကနြျတဲ့သူတဈယောကျရဲ့အတငျးတှေ ပွောပွီးတော့တဈယောကျက သှားစရာ ရှိလို့ထသှားလို့ရှိရငျကနြျရဈတဲ့သူတဈယောကျက ဘာလုပျတုနျးဆိုလို့ရှိရငျ မေးငေါ့လိုကျတယျ။ သူလညျး တူတူပါပဲတဲ့။ အဲဒီတော့ လူတှရေဲ့အကငြျ့ဟာ အတငျးအဖငြျးပွောတာမြိုး၊ ကုနျးတိုကျတာမြိုး၊ တဈယောကျနဲ့တဈယောကျမတညျ့အောငျ လုပျခငြျတဲ့စိတျဓာတျမြိုးတှေ။ အဲဒီလို စိတျဓာတျမြိုးကငျးပွီဆို လို့ရှိရငျသူတောျကောငျးတဲ့။ အေး အဆငျမပွလေို့တဈယောကျနဲ့ တဈယောကျ အထငျအမွငျတှလှေဲပွီး မတညျ့ဘူးဆိုရငျ ဘိန်နာနံသန်ဓာတာ- ကှဲနတေဲ့သူတှကေို စေ့စပျပေးတယျ။ ညီညှတျအောငျ လုပျပေးတယျ။သံဟိတာနံ အနုပ်ပဒါတာ- ခငျခငျမငျမငျရှိနတေဲ့ပုဂ်ဂိုလျတှေ ပိုပွီးခငျမငျအောငျ ရငျးနှီးအောငျ လုပျပေးတယျ။ သမဂ်ဂကရဏိ ံဝါစံ ဘာသိကာ- ညီညှတျတဲ့ စကားလုံးတဈဦးနှငျ့တဈဦး ညီညှတျအောငျသာ ပွော ပေးတယျ၊ ကှဲမယျ့ပွဲမယျ့စကားမြိုး၊ တဈယောကျနဲ့တဈယောကျအထငျလှဲမယျ့စကားမြိုး ဘယျတော့ မှ မပွောဘူးတဲ့။ သိကွားမငျးကွီးကိုယျတိုငျလူ့ဘ၀လူ့လောကမှာနတေုနျးက ဒီကငြျ့၀တျ တရားတှကေို တလေး တစား လိုကျနာကငြ့ျသုံးခဲ့တယျ။ အို အရပျထဲမှာဆိုလို့ရှိရငျအတငျးအဖငြျးပွောပွီး တဈယောကျနှငျ့တဈယောကျ မတညျ့အောငျ လုပျတဲ့ပုဂ်ဂိုလျမြိုးရှိရငျညီညှတျရေးပကြျပွားစတောပေါ့၊ အဖှဲ့အစညျးတဈခုမှာလညျး ဒီလိုပုဂ်ဂိုလျပါရငျ ညီညှတျရေး ပကြျပွားစတောပေါ့။ညီညှတျမှုပကြျစီးသှားတာဟာ မတေ်တာပကြျစီးသှားစတောပဲ။ ရငျထဲ နှလုံးထဲကမတေ်တာတှေ ခနျးခွောကျသှားတယျ။ မတေ်တာခနျးခွောကျသှားတော့ တဈယောကျ နှငျ့ တဈယောကျ အကောငျးမမွငျတော့ဘူးလေ၊အဲဒါမြိုးမဖွဈရအောငျ ညီညှတျတဲ့စိတျဓာတျကို ဖွဈပေါျ စတော၊ အဲဒါဟာ သူတောျကောငျးပဲတဲ့၊ဒါ တာ၀တိ ံသာနတျတှကေ အသိအမှတျပွုတဲ့ သူတောျကောငျး။ (ဆရာတောျ ဒေါကျတာနန်ဒမာလာဘိဝံသ) သူတောျကောငျးတို့၏ စိတျနသေဘောထား စာအုပျမှကောကျနှုတျခကြျ
via အလင်းရောင် ဓမ္မ https://ift.tt/2LAPqhC
Newer Post
Older Post
Home