Tuesday, December 10, 2019

ဘဝဆိုတာ ခဏလေးပါ ******************* ဖတ်ကြည့်နော်… ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လူတကာကြည့်ခွင့်ရအောင် လေဟာပြင်မှာ ဖွင့်ပြခွင့်ရတဲ့ အချိန်က ခဏလေးပါ။ သူ ဒီလို ပြခွင့်ရဖို့ ပြင်ဆင်ခဲ့ရတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့်တွေ အချိန်တွေ ရယူပြီး ဆောင်ရွက်ခဲ့ရတာပါ။ ဒါပေမဲ့… ဒီအနုပညာသမား ကတော့ ကျေနပ်သွားရှာပါတယ်... ဘာလို့ကျေနပ်သွားရတာလဲ ဆိုတော့… သူ့ရဲ့ဒီ Performance ခေါင်းစဉ်ကိုက ဘဝဆိုတာ ခဏလေးပါ တဲ့။ ( တစ်ခုပြီး တစ်ခု အရည်ပျော်ကျသွားတဲ့ အရုပ်လေးတွေကို နှမြော တမ်းတရင်း ထိုင်ကြည့်နေတဲ့ ပရိသတ်တွေရင်ထဲ ဆွေးဆွေး မြည့်မြည့် ကျန်ရစ်ခဲ့တယ် ) အဲဒီလိုပါပဲ။ လူတွေဟာ လူ့ဘဝထဲကို ဝင်လာပြီး ဘယ်ဟာက အဓိက ဘယ်ဟာက သာမည ဆိုတာ မသိပဲ ခဏတာနေပြီး ပြန်ထွက်သွားကြတယ်။ အပြန်ခရီးမှာ ငါ ဘာပါခဲ့သလဲ-? ငါ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲ-? အများအကျိုးအတွက် ဆိုတာလေးတွေကို သံဝေဂတရား ရနိုင်ကြပါစေလို့… Credit > ဈာန် မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )


via အလင်းရောင် ဓမ္မ https://ift.tt/2sVMW6T