အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, December 11, 2019
ဆဲတဲ့အကျင့်လေးတွေ ဖျောက်နိုင်ကြပါစေ ။ " ပါးစပ်က ထွက်သော ထိုစကားကြောင့် " တဲ့ တစ်ခါက ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးက မေးတယ်။ အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့ ဘာ့ကြောင့်အိမ်ထောင် မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။ သူဟာ ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောင်္ကျားက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန်မဟုတ်ဘူး ဆိုပြီး နှင်ချလိုက်တယ်။ ဗိုက်တစ်လုံးနဲ့ ထွက်သွားခဲ့ရတယ်။ ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကိုဇရပ်မှာ ခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်က စွန့်ပစ်ထားတဲ့ ကလေးဆိုပြီး ယူသွားတယ်။ ဒီလိုနဲ့ စိတ်လေပြီး လျောက်သွားနေတုန်း ဓါးပြဗိုလ်ကြီးနဲ့တွေ့ပြီး ပေါင်းသင်းခဲ့ပြန်တယ်။ မိန်းခလေးတစ်ယောက် မွေးတယ်။ တစ်နေ့ ကလေးပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့ ယောင်္ကျားကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။ အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။ အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာဘဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေး တစ်ယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရ ပြန်တယ်။ တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။ သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။ ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့ ပြောပြခဲ့ပါတယ်။ အဲဒါဟာ သူ " မအေ " နဲ့တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်ပါသလဲ...? ညီမလေးတို့ ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ် ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ။ သူတစ်ပါးကို " မအေ" နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။ ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။ ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။ ဘုရားရှင်က " ပါးစပ် " က ထွက်တဲ့ စကားလုံးတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက်မသွားပါဘူး " တဲ့။ ပါးစပ် စည်းကမ်း ရှိနိုင်ကြပါစေ။ #Credit to ......(ဦးတိလောက) ပြန်လည်မျှဝေပါသည်......ဦးသိန်း Copy > U Thein Hlaing -acc အညတရ အရှင်သောပါကမြိုင်
via အလင်းရောင် ဓမ္မ https://ift.tt/2E3PbHx
Newer Post
Older Post
Home