အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, December 9, 2019
တရားက ... ရတာမဟုတ်ဘူး။ အလိုတွေ ... ကုန်သွားတာ။ ကိလေသာတွေ ... ပါးသွားတာ။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့စိတ်တွေ ... ကုန်သွားတာကို မိမိတို့က ... နားမလည်နိူင်ဘူး။ ဗုဒ္ဓတရားက ... အန်ဆေးကြီး … အားလုံးကို အန်ထုတ်တာ။ . အရင်တုန်းက အကောင်းတွေထင်ပြီး မျိုထား ... သိမ်းထား ... စွဲထားတာတွေ အကုန်လုံး ... ကုန်ကုန်လာတာ။ နောက်ဆုံး ... အားလုံး ကုန်သွားတော့မှ ... သြော် … ငါကုန်ပါပြီလားလို့ သိလာကြပါလိမ့်မယ်။ တရားက ... ရတယ်ဆိုတာ မရှိပါဘူး။ ရတယ်ဆိုတာက ... အလိုတွေပါ။ တစိုက်မတ်မတ် ... ကျင့်ရင်း ... ကျင့်ရင်းနဲ့ မိမိတို့အလိုတွေ ... မကောင်းတဲ့ စိတ်တွေ ... ကိလေသာတွေ ... တဖြေးဖြေးနဲ့ ပါးလာ ... ကုန်ဆုံးလာတာကို ... သိလာပါလိမ့်မယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ ပြည်မြို့ မူရင်း ... Source ... ဓမ္မဒါနဖြင့် ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ သာသနာပြုအဖွဲ့ (စင်္ကာပူ) 🙏 ထပ်ဆင့် ကူးယူ ပူဇော်ပါတယ် 🙏
via အလင်းရောင် ဓမ္မ https://ift.tt/3447OG6
Newer Post
Older Post
Home