Friday, December 13, 2019

ဝိပဿနာထိုက်ရန် နည်းလမ်းညွှန် ••••••••••••••••••••••••••••••••• 🌹 ခန္ဓာကိုယ်ထဲမှာ ... လေလေး ဝဝလင်လင် ရှူပြီး ခန္ဓာကိုယ်ကြီးကို အကဲခတ်လိုက်တဲ့အခါ .. ပထမက "ဝင်လေ - ထွက်လေ" "ဝင်လေ - ထွက်လေ" တော်တော်လေး မှတ်လို့ ရလာပြီဆိုရင် ... အဲဒီ ဝင်လေ- ထွက်လေကို "ဝိပဿနာ ထိုက်အောက် မှတ်ရမယ်" 🌹ရှူသွင်းတဲ့လေလေးဟာ ဖျတ်ခနဲ မပေါ်လာဘူးလား ? ( ပေါ်လာပါတယ် ဘုရား ) ပေါ်လာပြီး ဘာဖြစ်သွားပါလိမ့် ... ( ပျက်သွားပါတယ်ဘုရား ) 🌹 ဘုန်းကြီးတို့ ဒီမဟာသမယသုတ္တန်မှာ ... "ပေါ်တာ , ပျောက်တာကိုသာ မြင်အောင် ကြည့် " ဒီလို ပြောတာ နော်... "တခြား မကြည့်ပါနဲ့ကွာ ခယဓမ္မ၊ ဝယဓမ္မ ပေါ်တာ ပျောက်တာပဲ မြင်အောင် ကြည့်ရင် မင်း တရားရမှာပါ" လို့ သကြားမင်းကို ဟောတယ်...။ 🌹 ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ... တို့ခန္ဓာကို ကြည့်တဲ့အခါ ဘာကို ကြည့်ရမှာလဲ .. မေးရင် ... "ပေါ်တာ , ပျောက်တာ" ကို ကြည့်ရမှာ နော် ပေါ်တာလည်း မတွေ့ဘူး , ပျောက်တာလည်း မတွေ့ဘူး ဆို "ဝိပဿနာဉာဏ်" * ဖြစ်ပါ့မလား .. ( မဖြစ်ပါဘုရား ) စောင့်ကြည့်ရင် ... * တစ်ကြိမ်တစ်ခါလား * အဖန်ဖန်အထပ်ထပ်လား ဆိုရင် ... * အဖန်ဖန်အထပ်ထပ် စောင့်ကြည့်ရမယ်တဲ့ ဟုတ်လား ...? 🌹 အကြိမ်ပေါင်းများစွာ စောင့်ကြည့်ဖန်များလာရင် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လိုက် ပျောက်လိုက် , ပေါ်လိုက် ပျောက်လိုက်နဲ့ * မှတ်ဖန် များလာတော့မှ .... * ရုပ်သဘော ၊ * နာမ်သဘောလေးကို... * ရုပ်, * နာမ်တရားရဲ့ ပြောင်းလဲမှုသဘောကို * ဉာဏ်ထဲမှာ မြင်လာသည်ရှိသော်... ဒုက္ခရဲ့အဆုံးကို မျက်မှောက်ပြုသွားလိမ့်မယ် တဲ့...။ 🌹ဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ တရားမှတ်ရင် * နံပါတ်(၁) သတိနဲ့ စောင့်ကြည့်ရမယ် ဘယ်ပေါ်မှာလဲ ဆိုရင် * (နှာသီးဝ) ပေါ်မှာ၊ ဒါ ဘုရားရှင်အလိုတော်အရ နော်... *ပညတ်ပေါ်မှာ *ပရမတ် ထင်အောင် ရှုမှတ်ရမယ် ဖြစ်ပျက်ကို *တွေ့ရမယ် ဝင်လေ ဆိုရင် ဝင်လေရဲ့* ဖြစ်တာ,ပျက်တာ တွေ့ရမယ် ထွက်လေဆို ထွက်လေရဲ့* ဖြစ်တာ,ပျက်တာ တွေ့ရမယ် ဖျတ်ဆို "သူ့ဟာသူ ပေါ်ပြီး သူ့ဟာသူ ပျက်သွားတာ" * ဉာဏ်က တွေ့ရမယ်...။ * ဖော်ပြမယ့်အလုပ်က * ခန္ဓာရဲ့အလုပ် * မြင်ရမယ့်အလုပ်က * ဉာဏ်ရဲ့အလုပ် * ခန္ဓာ့ကိစ္စက * ဖောက်ပြန်ပျက်စီး တာ * လှမ်း ပြီးတော့ တွေ့ထိရမယ့် ကိစ္စက * ဉာဏ်ရဲ့ကိစ္စ * ကိစ္စဉာဏ် ဖြစ်သွားပြီ ....။ 🌹 ဘုန်းကြီးတို့ သူတော်ကောင်းများ ... ကိစ္စဉာဏ် ဆိုတာ "ဝိပဿနာဉာဏ်" ကို ခေါ်တာ၊ ဝိပဿနာဉာဏ် ဖြစ်ဖို့အတွက် ... ဝင်လေ ထွက်လေ၊ ဖောင်းတယ် ပိန်တယ် စတဲ့ ကမ္မဋ္ဌာန်းတွေကို မှတ်ရတာ...။ 🌹 ဒီလို မှတ်ရင်းနဲ့ ... ခန္ဓာကိုယ်ထဲက တမွမွ တရွရွတွေ ... တခါတရံ စူးတွေနဲ့ ထိုးသလို ... တခါတရံ လဲကျမတတ် ဖောက်ပြန်သွားတတ်တယ်.. အဲဒီအချိန် ယောဂီက ..."သြော် ဖောက်ပြန်နေပါပေါ့လား" ဆိုပြီး အဲဒီ ဖောက်ပြန်တဲ့နေရာကို * ဉာဏ်ကလေးနဲ့ အကဲခတ်ထားမယ် "နာတယ် - နာတယ်" လို့ သွားမမှတ်နဲ့ ဖောက်ပြန်နေတာကို ဖောက်ပြန်မှန်းသာ * သိ ဟုတ်တယ် နော် ...။ "နာတယ်" ဆိုတာ * လောကအခေါ် ၊ တကယ်မရှိဘူး ၊ တကယ် ရှိတာက ဖောက်ပြန်တာ။ * ရုပ်တို့မည်သည်မှာ * ဖောက်ပြန်တတ်တဲ့ သဘော ဖောက်ပြန်နေပါပေါ့လား ဆိုပြီး အဲဒီ ဖောက်ပြန်တဲ့ နေရာလေးကို စိုက်ပြီးကြည့်ရင် တသမတ်တည်း * မြဲမံနေသလား ...? * တိုးတိုးလာသလား , * လျော့လျော့လာသလား ဆိုပြီး မတူတဲ့ လက္ခဏာကို ကြည့်ရမယ်။ 🌹 ဝိပဿနာဉာဏ်ဖြင့် ဘာကို မြင်ရမလဲ ဆိုရင်.. မတူတဲ့သဘောကိုနော်... တစ်စိတ်နဲ့တစ်စိတ်မတူ တအာရုံနဲ့ တအာရုံ မတူတဲ့ * သဘောကို ကြည့်ရမယ်။ 🌹 ကျင်တာလေး ပေါ်တဲ့ခဏမှာ ... အဲဒီ ကျင်တာလေးကို * ဉာဏ်နဲ့ အကဲခတ်ထားပါ ကျင်တဲ့ဝေဒနာသည် များများ ပေါ်နေမယ်ဆိုရင်.. လေရှူတာ အောင့်ထားတတ်တယ်။ ဝင်လေ ထွက်လေဟာ ပုံမှန်မရှိပဲ အောင့်ပြီး ထားနေတတ်တယ်။ ပြီးရင် ဝေဒနာကို အောင့်အီးပြီး ရှုမှတ်နေတတ်တယ်၊ အဲဒီလိုအချိန်မျိုးမှာ ကိုယ်ရောစိတ်ပါ လျော့ချပြီး သက်တောက့်သက်သာ အနေအထားမျိုး ဖြစ်အောင် ကြိုးစားပြီးမှ အကဲခတ်ရမယ်...။ မဟုတ်ရင် ရှုမှတ်, ရှုကွက်ဟာ လွဲနေတတ်တယ်၊ တချို့ဆို လေရှူတာ အသံကြီးတွေတောင် ထွက်နေတတ်တယ်၊ အဲဒါက မှတ်စိတ်တွေ မှတ်ကွက်တွေ လွဲနေလို့နော်.. 🌹 ဒီ ကြမ်းတမ်းစွာ ရှူရှိုက်မှုကို အရင်ပြုပြင်ရမယ်.. * သတိနဲ့ ပြုပြင်ရမယ် လေသံ မထွက်စေနဲ့ , ပုံမှန်လေးပေါ့ ဟုတ်လား ကိုယ်က ကြမ်းကြမ်းတမ်းတမ်း ရှူရှိုက်မှ သမာဓိဖြစ်တယ် ဆိုဦးတော့ ...အဲဒီအသံကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေတတ်တယ်, ဟုတ်လား.... 🌹 တရားအလုပ်ဆိုတာ ဒကာ,ဒကာမတွေ .. သိပ်သိမ်မွေ့တယ်နော် ၊ အသံကြီးတွေ သိပ်ပြီး ရှူးရှူးရှဲရှဲ လုပ်တာဟာ တရားမဟုတ်ဘူး ၊ ဒီလို မှတ်ရင်ရော တရား မရဘူးလား ဆိုတော့ တရား ရချင်တော့ ရမှာပေါ့ 🌸 ဘုန်းကြီးတို့ ရိပ်သာတစ်ခုမှာ တရားစခန်းသွားဝင်တယ်၊ ငယ်ငယ်တုန်းက.. အဲဒီမှာ (၇)ရက်နဲ့ ပြန်ပြေးလာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးက ... 🌸 ဆရာတော်ကြီးက ... ရှူးရှူးရှဲရှဲ မှတ်ခိုင်းတဲ့အခါ နှာခေါင်းထဲက အရည်တွေ တအား ထွက်လာတယ် ၊ ထွက်လာတော့လည်း မသုတ်ရဘူး... ဆက်မှတ်, ဆက်မှတ်နဲ့ အတင်း မှတ်ခိုင်းတာ ဘေးနားကတစ်ယောက်ကလည်း မှတ်ရင်းနဲ့ ဘိုင်း ဆို လဲသွားတယ်၊ လဲသွားလဲ မထရဘူး ၊ လှဲနေရင်း ... ဆက်မှတ် ဆက်မှတ်နဲ့ အတင်းမှတ်ခိုင်းတယ် ..၊ အသက်(၇၀)လောက်ရှိတဲ့ ဒကာကြီးတစ်ယောက်ကလဲ ဘေးကို ကိုင်းသွားတာ ... အဲဒါလည်း ဆက်မှတ်ရတယ်... အဲဒါနဲ့ ဘုန်းကြီးက ပြန်ပြေးလာခဲ့တယ်၊ 🌹 အဲဒီတော့ ဒကာ,ဒကာမများ ... တရားဆိုတာ သိမ်မွေ့နက်နဲလှပါတယ်... ပရမတ်ဆိုတာ သိမ်မွေ့တယ် ဒကာ,ဒကာမများရဲ့ ဘုန်းကြီးတို့ ဒကာ,ဒကာမများ လိုလားတောင့်တအပ်သော * နိဗ္ဗာန်ဆိုတာ * အလွန် သိမ်မွေ့လှပါတယ် အဲဒီ သိမ်မွေ့နက်နဲလှစွာသော နိဗ္ဗာန်ဓာတ် ကို တွေ့ဖို့ဆိုတာ... * ကိုယ်အမူအရာ * နှုတ်အမူအရာ , * စိတ်အမူအရာတွေကို ***သိမ်မွေ့အောင် ကြိုးစားရမယ်၊ 🌹 ရုပ်ဟာ ခပ်ကြမ်းကြမ်းလည်း ပေါ်တတ်တယ် ဒီရုပ်ကြမ်းကို * သတိနဲ့ * ရှုမှတ်ဖန့်များတဲ့အခါ သိမ်မွေ့လာတယ်၊ ကြမ်းတမ်းမှုကို လိုက်ပြီး ရှူးရှဲ လုပ်နေမယ် ဆိုရင် ဘယ်လိုမှ မရဘူး ... ကြိုးစားစေချင်ပါတယ်...။ 🌷 တခါတခါ မှတ်ရင်းနဲ့ ဉာဏ်ပိုင်းကလည်း စကားပြောလာတယ် ဒကာ,ဒကာမများ... 🌷 သာသနာတော်ကလည်း အမြီးဖျား ရောက်လာတယ်နော် ... လူတွေဟာ တရားတွေ အားထုတ်ပင်ငြားသော်လည်း တရား မတက်နိုင်တာ ဘာကြောင့်လဲ ဆိုတော့ 🌷 ဉာဏ်ကို ထက်မြက်စေတတ်တဲ့ အစားအစာဟာလည်း မရှိတော့ဘူး... 🌷 အစားအစာ အာဟာရတွေက ဒီခေတ်မှာ မဆန်းကျယ်ဘူးလား ဒကာ,ဒကာမတို့.... အသီးတစ်လုံးဟာလည်း အကြီးကြီးဖြစ်အောင် မဖန်တီးထားဘူးလား ...? 🌷 အဲဒီလို ဓာတ်အမျိုးမျိုး ဖန်တီးပြီး ဖြစ်ပေါ်လာသော ဒီအာဟာရတွေကို * စားသုံးခြင်းကြောင့် ... * စိတ်ပိုင်းဆိုင်ရာ, * ဉာဏ်ပိုင်းဆိုင်ရာဟာ မထက်မြက်နိုင်တော့ဘူး... * လောဘတွေကို လွန်ကဲစေတတ်တယ် * ဒေါသတွေကို လွန်ကဲစေတတ်တယ် * ရာဂတွေကို လွန်ကဲစေတတ်တယ် အဲဒါကြောင့် သာသနာတော် နောက်ပိုင်းမှာ တရား အားထုတ်ရတာဟာ * ခက်ခဲလာတယ်....။ 🌷အဲဒါမှာ သက်သတ်လွတ်စားတဲ့ သူတွေမှာဆိုရင် ပိုတောက် ဆိုးသေးတယ်၊ ဘာဖြစ်လို့ ဆိုးလာသလဲဆိုရင် ... လောလောဆယ်တော့ ပေါ့ပါတယ် 🌷 ဒါပေမယ့် ခန္ဓာကိုယ်ကို ဉာဏ်သွင်းတဲ့အခါမှာ အထက်ပိုင်း ရောက်တဲ့အခါ မဂ်ဉာဏ်, ဖိုလ်ဉာဏ်နား ရောက်တဲ့အခါ လိုက်မမှီနိုင်ဘူး...။ 🌷 ဘာကြောင့်လဲ ဆိုတော့ ... စိုက်ပျိုးရေးလုပ်ငန်းမှာ ဆေးမျိုးစုံ သုံးထားတော့ အဲဒါတွေက * ဉာဏ်ကို ထုံထိုင်းစေတယ်။ * အလောဘဓာတ်၊ * အဒေါသဓာတ်ကို ထိုင်းမှိုင်းစေတယ် * အမောဟ ဉာဏ်ပိုင်းဆိုင်ရာကို ဆုတ်ယုတ်စေတယ်၊ ဟုတ်လား....? 🌹 ဒါကြောင့် ဆရာသမားများကသာ အနီးကပ် ပြုပြင်မှု မရှိဘူးဆိုရင်.... * အချိန်တွေ မြောက်များစွာသာ ကုန်ပြီး * တရားက ဝေးရင်း ဝေးရင်း ကြာလေ ဝေးလေ ဖြစ်သွားတာပေါ့ .....။ 🌹 ဒါကြောင့် 🌹 ဉာဏ်ရည်ဉာဏ်သွေး ကောင်းတဲ့အခါ အားထုတ်ရတယ် 🌹 ဝီရိယတွေ တင်လို့ ကောင်းတဲ့အချိန် 🌹 ဇွဲတင်လို ရတဲ့အချိန် အဲဒီအချိန်တွေ ကြိုးစားပြီး အားထုတ်ထားရတယ်...။ <<<< ခန္ဓာကြီးကို ခိုင်းလို့ရတုန်း * များများခိုင်းနိုင်ပါမှ တရား အသင့်အတင့် တိုးတက်လာနိုင်မယ်..>>>>> မြောက်ဦးဆရာတော်ဘုရား [ ဝိပဿနာထိုက်ရန် နည်းလမ်းညွှန်၊ စာ- ၃၁-၅၀ ] ဓမ္မ နှစ်သက်သူ


via အလင်းရောင် ဓမ္မ https://ift.tt/2PH2WkZ