အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, December 13, 2019
❀ သီလစောင့်တဲ့အခါမှာ 🙏🙏🙏 ၁။ ပြင်ပပစ္စည်းတွေကို အပျက်ခံပြီးတော့ ဆောက်တည်တဲ့သီလကို သီလပါရမီလို့ခေါ်တယ်။ ❀ ၂။ ခန္ဓာကိုယ်နဲ့ ကိုယ်လက်အင်္ဂါတွေကို အပျက်စီးခံပြီး ဆောက်တည်တဲ့သီလကို သီလဥပပါရမီလို့ ခေါ်တယ်။ ❀ ၃။ အသက်အသေခံပြီး စောင့်တည်တဲ့သီလကို သီလပရမတ္ထပါရမီလို့ ခေါ်တယ်။ ❀ ဘူရိဒတ္တ နဂါးမင်းကြီးဆောက်တည်တဲ့ သီလကိုတော့ သီလပရမတ္ထပါရမီလို့ ခေါ်တယ်။ အဆင့်အမြင့်ဆုံးသီလကို ဆောက်တည်တယ်။ `အကယ်၍များ ငါ့ရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ငါ့ရဲ့အသက်ကို ရန် ရှာမယ်ဆိုလည်း ငါဒီနေ့စောင့်တဲ့သီလကို လုံးဝ မစွန့်လွှတ်ဘူး၊ လုံးဝ မဖောက်ဖျက်ဘူး၊ ခန္ဓာကိုယ်ကြီး သေချင်သေပါစေ´ ဆိုပြီး တောင်ကုန်းတစ်ခုပေါ်မှာ ခွေပြီးတော့ ဘူရိဒတ္တ နဂါးမင်းကြီးက သီလစောင့်တယ်။ ❀ အားလုံးသိကြတဲ့အတိုင်းပဲ မြွေအလမ္ပာယ်သမားက ဖမ်းပြီး ညှင်းဆဲတဲ့အခါမှာ မြွေအလမ္ပာယ်သမားကို သူ အန္တရာယ်ပြုချင်ရင် လွယ်လွယ်လေးပဲ၊ နဂါးရဲ့အဆိပ်က အင်မတန်မှ ပြင်းတယ်နော်။ `ဖူး´လို့ တစ်ချက်မှုတ်လိုက်တာနဲ့ ဟိုလူ ပြာဖြစ်သွားမှာနော်။ သူ့မှာ အဲဒီလောက်ထိအောင် ပြင်းထန်တဲ့ အစွမ်းလက်နက်ရှိသော်လည်း သီလပျက်မှာစိုးလို့ လုံးဝ မလုပ်ဘူး၊ `အသေခံပြီးသီလစောင့်မယ်´လို့ အဓိဋ္ဌာန်ထားတဲ့အတိုင်းကိုယ်ကျင့်တရားကို မဖျက်ဘဲနဲ့ သီလဆောက်တည်တယ်။ ❀ ဒါ ဘာကြောင့် ဒီလိုလုပ်နိုင်တာတုန်းဆို `အနှစ်နဲ့အကာ´ကို ခွဲခြားသိလို့ ၊ ရုပ်ခန္ဓာကြီးဟာ အနှစ်မဟုတ်ဘူး၊ အကာကြီး၊ တစ်နေ့ကျတော့ သူ့ဘာသူ ပျက်စီးသွားမှာပဲ၊ အဲဒီအခါကျတော့ ဘာမှ ရလိုက်မှာမဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးမှာ ဖြစ်နေတဲ့ နာမ်တရားကို မှီနေတဲ့ ကိုယ်ကျင့်တရားလေးကသာ အနှစ်။ ဒီအနှစ်လေးကိုတော့ ငါ အပျက်မခံဘူး လို့ ဆောက်တည်တာနော်။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်🙏🙏🙏 ❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊ တရားအသိဉာဏ်ပေးလှူခြင်း သက်သက်ဖြစ်ပါ၍ တရားဓမ္မကို လိုလားသော, တရားဓမ္မကို ဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။ ❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား 🙏🙏🙏 🇲🇲🇲🇲🇲🇲 မေတ္တာဖြင့် 🇲🇲🇲🇲🇲🇲 🙏🙏🙏 Crd / Shr 🙏🙏🙏 📖📖📖 အရှင်သု 📖📖📖
via အလင်းရောင် ဓမ္မ https://ift.tt/2EaULrF
Newer Post
Older Post
Home