Sunday, November 17, 2019

ဘုန်းကံနည်းပါးရခြင်း အကြောင်း ✴️✴️✴️✴️✴️✴️✴️✴️✴️✴️ သူ့ဂုဏ်ကိုနှိမ့် ကိုယ့်ဂုဏ်နိမ့်၏။ သူ့ဂုဏ်ကိုမြောက် ကိုယ့်ဂုဏ်မြောက်၏။ သူကလည်း သူ့ကံအားလျော်စွာ သူ့စီးပွားရေး အခွင့်အလမ်းတွေ ဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်။ အဲဒါကို မိမိကထိုင်ပြီးတော့ မကြည်ဖြူနိုင်ဘူး မနာလိုနိုင်ဘူး။ ဟိုလူ့ သွားတို့ ဒီလူ့ သွားတို့ ဟိုနေရာ သွားတိုင်လိုက် ဒီနေရာ သွားတို့လိုက် လုပ်ပြန်တယ်။ တို့လိုက်တဲ့အခါကြတော့ အဲဒီကံလေးတွေက ခုလိုဘ၀မှာ လာပြီး အကျိုးပေးတာပဲ။ မိမိနားမှာပြုစုမဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး။ အနားကပ်ပြီး နေချင်တဲ့ ပုဂ္ဂိုလ်လည်း တစ်ယောက်မှာ မရှိဘူး။ ဘုန်းကံနည်းပါးရခြင်းသည် ဘာကို အခြေခံသလဲ။ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားကို အခြေခံတယ်။ ငြူစူ စောင်းမြောင်းတဲ့စိတ်ထားကို မွေးမြူခြင်းသည် အခြွေအရံ နည်းပါး စေတတ်တဲ့့ ကျင့်၀တ်ကို ကျင့်နေခြင်းပဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။ သူတစ်ပါးတွေမှာ အခြွေအရံ များပြားနေတာ ကို မကြည့်လိုတဲ့ စိတ်ထားက မိမိအခြွေအရံ နည်းပါးဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ သူတစ်ပါး အရိုအသေ အလေးအစားခံရမှု အမြတ်နိုးခံရမှု အပူဇော်ခံရမှုကို မကြည့် လိုတဲ့ စိတ်ထားက… မိမိကိုလည်း ရိုသေလေးစားမည့်သူ မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးမည့်သူ မရှိဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ စိတ်ထားမတတ်လို့ရတဲ့ အကျိုးတရားဖြစ်ပါတယ်။ သူလည်း သူ့ကံကြောင့် ဘုန်းကံကြီးမား ရတယ်။ အခြွေအရံတွေ များပြားရတယ်။ ငါလည်း ငါ့ကံကြောင့် အခြွေအရံ နည်းပါးရတယ်။ များပြားရတယ်။ ဒီလို ကံကံ၏အကျိုးတရားကို နှလုံးသွင်း တယ်။ ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ။ တစ်ပြားမှမကုန်ဘူး။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလိုက်တဲ့ အတွက် ဘ၀အဆင့်အတန်းတွေ မြင့်မသွားဘူးလား။ မြင့်သွားတယ်။ ဖားအောက်တောရဆရာတော် #Via - Parallel ဘုန္းကံနည္းပါးရျခင္း အေၾကာင္း ✴️✴️✴️✴️✴️✴️✴️✴️✴️✴️ သူ႕ဂုဏ္ကိုႏွိမ့္ ကိုယ့္ဂုဏ္နိမ့္၏။ သူ႕ဂုဏ္ကိုေျမာက္ ကိုယ့္ဂုဏ္ေျမာက္၏။ သူကလည္း သူ႕ကံအားေလ်ာ္စြာ သူ႕စီးပြားေရး အခြင့္အလမ္းေတြ ေျဖာင့္တန္းၿပီးေတာ့ ခ်မ္းသာေနတယ္။ အဲဒါကို မိမိကထိုင္ၿပီးေတာ့ မၾကည္ျဖဴနိုင္ဘူး မနာလိုနိုင္ဘူး။ ဟိုလူ႕ သြားတို႔ ဒီလူ႕ သြားတို႔ ဟိုေနရာ သြားတိုင္လိုက္ ဒီေနရာ သြားတို႔လိုက္ လုပ္ျပန္တယ္။ တို႔လိုက္တဲ့အခါၾကေတာ့ အဲဒီကံေလးေတြက ခုလိုဘ၀မွာ လာၿပီး အက်ိဳးေပးတာပဲ။ မိမိနားမွာျပဳစုမဲ့ ပုဂၢိုလ္တစ္ေယာက္မွ မရွိဘူး။ အနားကပ္ၿပီး ေနခ်င္တဲ့ ပုဂၢိုလ္လည္း တစ္ေယာက္မွာ မရွိဘူး။ ဘုန္းကံနည္းပါးရျခင္းသည္ ဘာကို အေျခခံသလဲ။ ျငဴစူေစာင္းေျမာင္းတဲ့ စိတ္ထားကို အေျခခံတယ္။ ျငဴစူ ေစာင္းေျမာင္းတဲ့စိတ္ထားကို ေမြးျမဴျခင္းသည္ အေႁခြအရံ နည္းပါး ေစတတ္တဲ့့ က်င့္၀တ္ကို က်င့္ေနျခင္းပဲ ျဖစ္တယ္ဆိုတာကို သေဘာေပါက္ပါ။ သူတစ္ပါးေတြမွာ အေႁခြအရံ မ်ားျပားေနတာ ကို မၾကည့္လိုတဲ့ စိတ္ထားက မိမိအေႁခြအရံ နည္းပါးဖို႔ရန္ အေၾကာင္းတစ္ခုျဖစ္တယ္။ သူတစ္ပါး အရိုအေသ အေလးအစားခံရမႈ အျမတ္နိုးခံရမႈ အပူေဇာ္ခံရမႈကို မၾကည့္ လိုတဲ့ စိတ္ထားက… မိမိကိုလည္း ရိုေသေလးစားမည့္သူ ျမတ္ျမတ္နိုးနိုး ျပဳစုလုပ္ေကြၽးမည့္သူ မရွိဖို႔ရန္ အေၾကာင္းတစ္ခုျဖစ္တယ္။ စိတ္ထားမတတ္လို႔ရတဲ့ အက်ိဳးတရားျဖစ္ပါတယ္။ သူလည္း သူ႕ကံေၾကာင့္ ဘုန္းကံႀကီးမား ရတယ္။ အေႁခြအရံေတြ မ်ားျပားရတယ္။ ငါလည္း ငါ့ကံေၾကာင့္ အေႁခြအရံ နည္းပါးရတယ္။ မ်ားျပားရတယ္။ ဒီလို ကံကံ၏အက်ိဳးတရားကို ႏွလုံးသြင္း တယ္။ ပိုက္ဆံ ဘယ္ႏွစ္ျပားကုန္သလဲ။ တစ္ျပားမွမကုန္ဘူး။ စိတ္ဓာတ္ကို ျပဳျပင္ေျပာင္းလဲလိုက္တဲ့ အတြက္ ဘ၀အဆင့္အတန္းေတြ ျမင့္မသြားဘူးလား။ ျမင့္သြားတယ္။ ဖားေအာက္ေတာရဆရာေတာ္ #Via - Parallel


via အလင္းေရာင္ ဓမၼ https://ift.tt/33VfLOy