Sunday, November 17, 2019

နာမည်ကြီးအကုသိုလ်နဲ့ အပြစ်ကြီးအကုသိုလ် ********************* မောင်ဂင်္ဂါရ နာမည်ကြီးတဲ့အကုသိုလ်နဲ့အပြစ်ကြီးတဲ့ အကုသိုလ်က မတူဘူးဗျ၊ တို့ဗုဒ္ဓဘာသာတွေက အကုသိုလ်မှာဆို "ပဉ္စာနန္တရိယကံကြီးငါးပါး"လောက်ပဲ ကြောက်ရကောင်းမှန်းသိကြတာ၊ တကယ်တန်းက ပဉ္စာနန္တရိယကံက ပြစ်ဒဏ်ပြီးရင် လွတ်ခွင့်ဆိုတာ ရှိတယ်၊ အလွန်ကြီးလေးလို့ ဘဝငါးရာပဲဖြစ်ဖြစ်ပေါ့၊ ပြီးသွားရင် ပြတ်တယ်။ စဉ်းစားကြည့်လေ လောသကတိဿရဟန်းကြီးဟာ ရဟန္တာအရှင်မြတ်ကိုလှူခိုင်းတဲ့ဆွမ်းကို ဣဿာမစ္ဆေရလွှမ်းမိုးပြီး မလှူဘဲ မီးပုံထဲ လောင်းချပစ်တာမို့လား။ ထိခိုက်မှုက မပြင်းလှပါဘူး၊ ရဟန္တာမထေရ်မြတ်ကြီးကလဲ သူ့စိတ်ဓာတ်သိလို့ ခရီးဆက်သွားတာဆိုတော့ တစ်ခြားနေရာမှာ ဆွမ်းလည်း ဘုဉ်းပေးရမှာပါပဲ။ ဒါပေမယ့် အပြစ်ကတော့ နဲလား၊ ဘဝငါးရာအပါယ်ကျရာမှာ အစာသုံးနပ်ပဲ အဝစားရတယ်၊ စားရတဲ့အစာကလဲ အံဖတ်နဲ့မီးနေသွေးတဲ့။ ရဟန်းတရားပါရမီဓာတ်ခံကြောင့် တို့ဘုရားလက်ထက်မှာလူလာဖြစ်ခဲ့ရ၊ မွေးမိဘကစ သူနဲ့စပ်သမျှ အကုန်ငတ်ပဲ။ ပါရမီဓာတ်ရဲ့သတ္တိလေးကျန်သေးလို့ မိဘအပါအဝင် တလောကလုံးကဝိုင်းပယ် ခံရချိန်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က သင်္ကန်းခေါ်ဝတ်ပေးပေမယ့် သူနဲ့အတူဆွမ်းခံတဲ့နေ့ မထေရ်မြတ်ကြီးပါ ဆွမ်းလောင်းသူမဲ့တယ်။ နောက်ဆုံး ပါရမီဓာတ်က ရဟန္တာအဖြစ်ပို့ပေးနိုင်ခဲ့ပေမယ့် ဣဿာမစ္ဆေရအကျိုးဆက်က မကုန်ဘူး၊ တစ်နေ့မှ ဆွမ်းဝဝစားမသွားရှာဘူး။ နောက်ဆုံးပရိနိဗ္ဗာန်စံမယ့်နေ့ရောက်မှ အရှင်သာရိပုတ္တရာမထေရ်ကြီးကိုယ်တိုင် စတုမဓာကို ပါးစပ်အထိကပ်ထည့်ပေးလို့ အာဟာရပြည့်စားခွင့်ရပြီး ပရိနိဗ္ဗာန်ပြုခွင့် ရတာလေ.. စဉ်းစားကြည့်! နာမည်ကြီးကံကြီးငါးပါးထက် အကျိုးပေးက ရက်ရက်စက်စက်ကို ထက်မျက်ပြင်းထန်လွန်းတယ်။ ကျေးဇူးရှင်ပြစ်မှားမိတာကလဲ အလားတူပဲ၊ အဖသတ်သူ၊ဘုရားသွေးစိမ်းတည်စေသူ အဇာတသတ်တို့,ရှင်ဒေဝဒတ်တို့က အာမခံနှစ်တွေ နှစ်ဆယ်အစိတ်ရသေးတယ်။ အသက်ကယ်တဲ့ မျောက်မင်းတို့,ဆင်မင်းတို့ကို သေကြောင်းကြံတဲ့ဒေဝဒတ်အလောင်းက မျင်စေ့တစ်ဆုံးလွန်တာနဲ့ ချက်ချင်းမြေမျိုတာမို့လား။ အဝီစိရောက်တာချင်းတူပေမယ့် ရှင်ဒေဝဒတ်ထက်မြန်တယ်လေ.. အဲဒါကြောင့်ပြောတာပေါ့ "နာမည်ကြီးမှ ကြောက်ရမှာမဟုတ်ဘူး၊ အပြစ်ကြီးတာတွေက ပိုကြောက်စရာ ကောင်းတယ်.."လို့။ အပ်ပမာဒနေ အတိအဘိအပ်ပမာဒနေ သမ်ပာဒထေ...!!! ၁၃.၁၁.၁၈ ရွှေစေတီ၊တောင်စွန်း နာမည္ႀကီးအကုသိုလ္နဲ႕ အျပစ္ႀကီးအကုသိုလ္ ********************* ေမာင္ဂဂၤါရ နာမည္ႀကီးတဲ့အကုသိုလ္နဲ႕အျပစ္ႀကီးတဲ့ အကုသိုလ္က မတူဘူးဗ်၊ တို႔ဗုဒၶဘာသာေတြက အကုသိုလ္မွာဆို "ပၪၥာနႏၱရိယကံႀကီးငါးပါး"ေလာက္ပဲ ေၾကာက္ရေကာင္းမွန္းသိၾကတာ၊ တကယ္တန္းက ပၪၥာနႏၱရိယကံက ျပစ္ဒဏ္ၿပီးရင္ လြတ္ခြင့္ဆိုတာ ရွိတယ္၊ အလြန္ႀကီးေလးလို႔ ဘဝငါးရာပဲျဖစ္ျဖစ္ေပါ့၊ ၿပီးသြားရင္ ျပတ္တယ္။ စဥ္းစားၾကည့္ေလ ေလာသကတိႆရဟန္းႀကီးဟာ ရဟႏၱာအရွင္ျမတ္ကိုလႉခိုင္းတဲ့ဆြမ္းကို ဣႆာမစ္ေဆရလႊမ္းမိုးၿပီး မလႉဘဲ မီးပုံထဲ ေလာင္းခ်ပစ္တာမို႔လား။ ထိခိုက္မႈက မျပင္းလွပါဘူး၊ ရဟႏၱာမေထရ္ျမတ္ႀကီးကလဲ သူ႕စိတ္ဓာတ္သိလို႔ ခရီးဆက္သြားတာဆိုေတာ့ တစ္ျခားေနရာမွာ ဆြမ္းလည္း ဘုဥ္းေပးရမွာပါပဲ။ ဒါေပမယ့္ အျပစ္ကေတာ့ နဲလား၊ ဘဝငါးရာအပါယ္က်ရာမွာ အစာသုံးနပ္ပဲ အဝစားရတယ္၊ စားရတဲ့အစာကလဲ အံဖတ္နဲ႕မီးေနေသြးတဲ့။ ရဟန္းတရားပါရမီဓာတ္ခံေၾကာင့္ တို႔ဘုရားလက္ထက္မွာလူလာျဖစ္ခဲ့ရ၊ ေမြးမိဘကစ သူနဲ႕စပ္သမွ် အကုန္ငတ္ပဲ။ ပါရမီဓာတ္ရဲ႕သတၱိေလးက်န္ေသးလို႔ မိဘအပါအဝင္ တေလာကလုံးကဝိုင္းပယ္ ခံရခ်ိန္မွာ အရွင္သာရိပုတၱရာမေထရ္ျမတ္က သကၤန္းေခၚဝတ္ေပးေပမယ့္ သူနဲ႕အတူဆြမ္းခံတဲ့ေန႕ မေထရ္ျမတ္ႀကီးပါ ဆြမ္းေလာင္းသူမဲ့တယ္။ ေနာက္ဆုံး ပါရမီဓာတ္က ရဟႏၱာအျဖစ္ပို႔ေပးနိုင္ခဲ့ေပမယ့္ ဣႆာမစ္ေဆရအက်ိဳးဆက္က မကုန္ဘူး၊ တစ္ေန႕မွ ဆြမ္းဝဝစားမသြားရွာဘူး။ ေနာက္ဆုံးပရိနိဗၺာန္စံမယ့္ေန႕ေရာက္မွ အရွင္သာရိပုတၱရာမေထရ္ႀကီးကိုယ္တိုင္ စတုမဓာကို ပါးစပ္အထိကပ္ထည့္ေပးလို႔ အာဟာရျပည့္စားခြင့္ရၿပီး ပရိနိဗၺာန္ျပဳခြင့္ ရတာေလ.. စဥ္းစားၾကည့္! နာမည္ႀကီးကံႀကီးငါးပါးထက္ အက်ိဳးေပးက ရက္ရက္စက္စက္ကို ထက္မ်က္ျပင္းထန္လြန္းတယ္။ ေက်းဇူးရွင္ျပစ္မွားမိတာကလဲ အလားတူပဲ၊ အဖသတ္သူ၊ဘုရားေသြးစိမ္းတည္ေစသူ အဇာတသတ္တို႔,ရွင္ေဒဝဒတ္တို႔က အာမခံႏွစ္ေတြ ႏွစ္ဆယ္အစိတ္ရေသးတယ္။ အသက္ကယ္တဲ့ ေမ်ာက္မင္းတို႔,ဆင္မင္းတို႔ကို ေသေၾကာင္းႀကံတဲ့ေဒဝဒတ္အေလာင္းက မ်င္ေစ့တစ္ဆုံးလြန္တာနဲ႕ ခ်က္ခ်င္းေျမမ်ိဳတာမို႔လား။ အဝီစိေရာက္တာခ်င္းတူေပမယ့္ ရွင္ေဒဝဒတ္ထက္ျမန္တယ္ေလ.. အဲဒါေၾကာင့္ေျပာတာေပါ့ "နာမည္ႀကီးမွ ေၾကာက္ရမွာမဟုတ္ဘူး၊ အျပစ္ႀကီးတာေတြက ပိုေၾကာက္စရာ ေကာင္းတယ္.."လို႔။ အပ္ပမာဒေန အတိအဘိအပ္ပမာဒေန သမ္ပာဒေထ...!!! ၁၃.၁၁.၁၈ ေ႐ႊေစတီ၊ေတာင္စြန္း


via အလင္းေရာင္ ဓမၼ https://ift.tt/2qZd7c5