အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 6, 2019
(unicode/zawgyi) ခန္ဓာကိုယ်၌ ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီးတော့ သည်းခံပြီးတော့ စိတ်၌ဖြစ်တဲ့ရောဂါကို ကုပေးပါ။ စိတ်၌ဖြစ်တဲ့ရောဂါဆိုတာ ကိလေသာတွေပဲ၊ ကိလေသာတွေကို ရောဂါလို့ဆိုတယ်၊ စိတ်ရောဂါလို့ဆိုတယ်၊ အဲဒီရောဂါတွေကို ကုပေးပါ၊ ကုသဖို့ ဘုန်ကြီးတို့ ဗုဒ္ဓသာသနာတော်မှာ အများအပြား နည်းလမ်းတွေ ရှိပါတယ်။ စိတ္တေ - စိတ်သည် နိရာမယေ - ကိလေသာဆိုတဲ့ ရောဂါကင်းနေသည်ရှိသော် ကာယရောဂံပိ - ခန္ဓာကိုယ်၌ ရောဂါစွဲကပ်နေတဲ့ ပုဂ္ဂိုလ်သော်လဲ သုခိတော - ချမ်းသာမြဲ ချမ်းသာပေသည်၊ ဟောတိ - မုချမသွေ ဖြစ်ပါပေသတည်း။ -သပြေကန်ဆရာတော်ဘုရားကြီး၏ တရားပေါင်းချုပ်စာအုပ်မှ- ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ် သီတင်းကျွတ်လဆန်း(၈)ရက် တနင်္ဂနွေနေ့သည် ဗုဒ္ဓဘာသာဝင်တို့ ၏ မြင့်မြတ်သောဝါတွင်းဥပုသ်နေ့ ဖြစ်ပါသည်။ ဥပုသ်သီလ ဆောက်တည်နိုင်ကြပါစေ... ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြပါစေ... ချမ်းသာကိုယ်စိတ် မြဲပါစေ ... ဥပါဒ် ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ... ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ... (zawgyi) ခႏၶာကိုယ္၌ ေရာဂါျဖစ္ေနရင္ အဲဒီေရာဂါကို အသာထားၿပီးေတာ့ သည္းခံၿပီးေတာ့ စိတ္၌ျဖစ္တဲ့ေရာဂါကို ကုေပးပါ။ စိတ္၌ျဖစ္တဲ့ေရာဂါဆိုတာ ကိေလသာေတြပဲ၊ ကိေလသာေတြကို ေရာဂါလို႔ဆိုတယ္၊ စိတ္ေရာဂါလို႔ဆိုတယ္၊ အဲဒီေရာဂါေတြကို ကုေပးပါ၊ ကုသဖို႔ ဘုန္ႀကီးတို႔ ဗုဒၶသာသနာေတာ္မွာ အမ်ားအျပား နည္းလမ္းေတြ ရွိပါတယ္။ စိေတၱ - စိတ္သည္ နိရာမေယ - ကိေလသာဆိုတဲ့ ေရာဂါကင္းေနသည္ရွိေသာ္ ကာယေရာဂံပိ - ခႏၶာကိုယ္၌ ေရာဂါစြဲကပ္ေနတဲ့ ပုဂၢိုလ္ေသာ္လဲ သုခိေတာ - ခ်မ္းသာၿမဲ ခ်မ္းသာေပသည္၊ ေဟာတိ - မုခ်မေသြ ျဖစ္ပါေပသတည္း။ -သေျပကန္ဆရာေတာ္ဘုရားႀကီး၏ တရားေပါင္းခ်ဳပ္စာအုပ္မွ- ယေန႕ ျမန္မာသကၠရာဇ္ ၁၃၈၁ခုႏွစ္ သီတင္းကြၽတ္လဆန္း(၈)ရက္ တနဂၤႏြေေန႕သည္ ဗုဒၶဘာသာဝင္တို႔ ၏ ျမင့္ျမတ္ေသာဝါတြင္းဥပုသ္ေန႕ ျဖစ္ပါသည္။ ဥပုသ္သီလ ေဆာက္တည္နိုင္ၾကပါေစ... ကုသိုလ္ေကာင္းမႈ အထူးျပဳနိုင္ၾကပါေစ... ခ်မ္းသာကိုယ္စိတ္ ၿမဲပါေစ ... ဥပါဒ္ ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ ... ေကာင္းက်ိဳးလိုရာ ဆႏၵျပည့္ဝၾကပါေစ...
via အလင္းေရာင္ ဓမၼ https://ift.tt/2AOOm3X
Newer Post
Older Post
Home