အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 7, 2019
သဒ္ဓါပျက်လာရင် ရတနာအပေါ် မျက်လာတတ်တယ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘယ်ဘုရားတော့ မသွားချင်ဘူး ဘာဖြစ်လို့၊ ဘယ်သူတည်တာမို့ဆိုတဲ့ အတွေးဟာ ဘုရားနဲ့ မဆိုင်ဘူး ကိုယ့်သဒ္ဓါတရားနဲ့ပဲဆိုင်တယ်။ ပဋိစ္စသမုပ္ပါဒ်တရား၊ ဝိပဿနာ တရားမဟုတ်ရင် သုတ္တန်တရားတွေ နားရတာ ပေါ့ပျက်ပျက်နဲ့ နာလို့မရဘူးဆိုတာဟာ တရားကြောင့်မဟုတ်ဘူး။ ကိုယ့်သဒ္ဓါတရားကြောင့်ပါပဲ။ ဘယ်ဘုန်းကြီးဆို မကြည်ညိုဘူး၊ ဆွမ်းမလောင်းဘူး၊ ဒီလိုဘုန်းကြီးမျိုးမှ ကြည်ညိုလို့ ရတယ်ဆိုတာ ဘုန်းကြီးနဲ့မဆိုင်ဘူး။ ကိုယ့်သဒ္ဓါနဲ့ပဲဆိုင်တယ်။ သဒ္ဓါပျက်လာရင် ရတနာအပေါ် မျက်လာတတ်တယ်။ အသိဉာဏ်နည်းလွန်းရင် အယူလွဲတွေ ဖြစ်တတ်သလို သဒ္ဓါနည်းလွန်းရင်လည်း အယုံအကြည်နည်းကာ စဉ်းလဲကောက်ကျစ်တာတွေလည်း ဖြစ်လာတတ်တယ်။ ဒီနေ့ခေတ်မှာ သံဃာကို အပုတ်ချဖို့ ဝန်မလေးတဲ့ ပညာတတ်ဆိုသူတွေ များနေသလို သာသနာတော်ရဲ့ပုံရိပ် သံဃာရဲ့ပုံရိပ် ကျလာတာကို ဝမ်းသာနေကြတဲ့ ဗုဒ္ဓဘာသာ အမည်ခံသူတွေလည်း များလာကြတယ်။ အသိဉာဏ်လည်းနည်း၊ သဒ္ဓါလည်းနည်းတော့ အလွဲကိုပဲ တလွဲအတွေးနဲ့ ပညာတတ်ယောင်ယောင်၊ သူတော်ကောင်းယောင်ယောင် အသွင်ဆောင်တဲ့သူတွေလည်း များလာကြတယ်။ ရဟန်းတစ်ပါး မကောင်းတာ သံဃာနဲ့မဆိုင်ဘူး။ ကိုယ့်သဒ္ဓါတရားပြောင်းတာ ကိုယ်နဲ့ဆိုင်တယ်။ ကိုယ့်သဒ္ဓါတရားခိုင်ရင် ရတနာဟာ ကိုယ်နဲ့ဆိုင်တယ်။ ကိုယ့်သဒ္ဓါတရားပျက်ရင် ရတနာဟာ ကိုယ့်အတွက်အမျက်ပဲ။ မျက်နေတဲ့စိတ်ဟာ ကုသိုလ်ဖြစ်ဖို့မရှိဘူး။ အမျက်ဆိုတာ အပျက်ကိုပဲ ဖြစ်စေတတ်တယ်။ အပျက်တကာ အပျက်ထဲမှာ သဒ္ဓါပျက်တာ အဆိုးဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်၊ ရမ်းမပစ်မိပါစေနဲ့ မိတ်ဆွေ။ မေတ္တာဖြင် မနာပ ဒါယီ အရှင်ဝိစိတ္တ သဒ်ဓါပကြျလာရငျ ရတနာအပေါျ မကြျလာတတျတယျ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘယျဘုရားတော့ မသှားခငြျဘူး ဘာဖွဈလို့၊ ဘယျသူတညျတာမို့ဆိုတဲ့ အတှေးဟာ ဘုရားနဲ့ မဆိုငျဘူး ကိုယ့ျသဒ်ဓါတရားနဲ့ပဲဆိုငျတယျ။ ပဋိစ်စသမုပ်ပါဒျတရား၊ ဝိပူနာ တရားမဟုတျရငျ သုတ်တနျတရားတှေ နားရတာ ပေါ့ပကြျပကြျနဲ့ နာလို့မရဘူးဆိုတာဟာ တရားကွောင့ျမဟုတျဘူး။ ကိုယ့ျသဒ်ဓါတရားကွောင့ျပါပဲ။ ဘယျဘုနျးကွီးဆို မကွညျညိုဘူး၊ ဆှမျးမလောငျးဘူး၊ ဒီလိုဘုနျးကွီးမြိုးမှ ကွညျညိုလို့ ရတယျဆိုတာ ဘုနျးကွီးနဲ့မဆိုငျဘူး။ ကိုယ့ျသဒ်ဓါနဲ့ပဲဆိုငျတယျ။ သဒ်ဓါပကြျလာရငျ ရတနာအပေါျ မကြျလာတတျတယျ။ အသိဉာဏျနညျးလှနျးရငျ အယူလှဲတှေ ဖွဈတတျသလို သဒ်ဓါနညျးလှနျးရငျလညျး အယုံအကွညျနညျးကာ စဉျးလဲကောကျကစြျတာတှလေညျး ဖွဈလာတတျတယျ။ ဒီနေ့ခတျေမှာ သံဃာကို အပုတျခဖြို့ ဝနျမလေးတဲ့ ပညာတတျဆိုသူတှေ မြားနသေလို သာသနာတောျရဲ့ပုံရိပျ သံဃာရဲ့ပုံရိပျ ကလြာတာကို ဝမျးသာနကွေတဲ့ ဗုဒ်ဓဘာသာ အမညျခံသူတှလေညျး မြားလာကွတယျ။ အသိဉာဏျလညျးနညျး၊ သဒ်ဓါလညျးနညျးတော့ အလှဲကိုပဲ တလှဲအတှေးနဲ့ ပညာတတျယောငျယောငျ၊ သူတောျကောငျးယောငျယောငျ အသှငျဆောငျတဲ့သူတှလေညျး မြားလာကွတယျ။ ရဟနျးတဈပါး မကောငျးတာ သံဃာနဲ့မဆိုငျဘူး။ ကိုယ့ျသဒ်ဓါတရားပွောငျးတာ ကိုယျနဲ့ဆိုငျတယျ။ ကိုယ့ျသဒ်ဓါတရားခိုငျရငျ ရတနာဟာ ကိုယျနဲ့ဆိုငျတယျ။ ကိုယ့ျသဒ်ဓါတရားပကြျရငျ ရတနာဟာ ကိုယ့ျအတှကျအမကြျပဲ။ မကြျနတေဲ့စိတျဟာ ကုသိုလျဖွဈဖို့မရှိဘူး။ အမကြျဆိုတာ အပကြျကိုပဲ ဖွဈစတေတျတယျ။ အပကြျတကာ အပကြျထဲမှာ သဒ်ဓါပကြျတာ အဆိုးဆုံးပဲ။ ကိုယ့ျကိုယျကိုယျ ဆနျးစဈ၊ ရမျးမပဈမိပါစနေဲ့ မိတျဆှေ။ မတေ်တာဖွငျ မနာပ ဒါယီ အရှငျဝိစိတ်တ
via အလင်းရောင် ဓမ္မ https://ift.tt/2Vox6Mf
Newer Post
Older Post
Home