အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 6, 2019
❝ မမုန်းပါဘူး ❞ ကိုယ့်ကို ကျောခိုင်းသွားတဲ့ လူတွေ၊ ကိုယ့်ကို လမ်းခွဲသွားတဲ့ လူတွေ၊ ကိုယ့်ကို စွန့်ပစ်ထားသွားတဲ့ လူတွေ။ ကိုယ့်ကို မနာလိုနေတဲ့ လူတွေ၊ ကိုယ့်ကို အထင်သေးနေတဲ့ လူတွေ၊ ကိုယ့်ကို မကောင်းကြောင်း ပြောနေတဲ့ လူတွေ။ ကိုယ့်ကို ကဲ့ရဲ့ဝေဖန်နေတဲ့ လူတွေ၊ ကိုယ့်ကို နာကျင်အောင် လုပ်သွားတဲ့ လူတွေ၊ ကိုယ့်ကို လဲပြိုစေချင်တဲ့ လူတွေ။ အဲဒီလူတွေအားလုံးဟာ ကိုယ့်ဘဝမှာ… မုန်းစရာလူတွေမဟုတ်သလို အပြစ်တင်စရာ ရန်ဖြစ်စရာလူတွေလည်း မဟုတ်ပါဘူး …။ တကယ်တန်းကျတော့ အဲဒီလူတွေဟာ … ကိုယ့်ကို တစ်ယောက်တည်း နေတတ်လာအောင်၊ ကိုယ့်ကိုယ်ကို အားကိုးတတ်လာအောင်၊ ကိုယ့်ကိုယ်ကို ကြိုးစားရုန်းကန်တတ်လာအောင်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာအောင်၊ ကိုယ့်ကိုယ်ကို ကောင်းမြတ်တဲ့စိတ်တွေ ထားတတ်လာအောင်၊ ကိုယ့်ကိုယ်ကို အေးအေးချမ်းချမ်းနဲ့နေတတ်အောင်။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာအောင်၊ ကိုယ့်ကိုယ်ကို ကောင်းတဲ့ဘက်က မြင်ပေးတတ်တဲ့ စိတ်လေးတွေ မွေးပေးလာအောင်။ ကိုယ့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသင်ခန်းစာတွေ ရလာအောင် … သင်ပေးနေတယ် လေ့ကျင့်ပေးနေတယ်လို့ပဲ ခံယူမိပါတယ်။ ဘယ်သူ့ကိုမှ မမုန်းပါဘူး ……။ မျိုးဆက်သစ်အရှင် (ဖိုလေးလုံး) ** ဓမ္မလက်ဆောင် ❝ မမုန္းပါဘူး ❞ ကိုယ့္ကို ေက်ာခိုင္းသြားတဲ့ လူေတြ၊ ကိုယ့္ကို လမ္းခြဲသြားတဲ့ လူေတြ၊ ကိုယ့္ကို စြန့္ပစ္ထားသြားတဲ့ လူေတြ။ ကိုယ့္ကို မနာလိုေနတဲ့ လူေတြ၊ ကိုယ့္ကို အထင္ေသးေနတဲ့ လူေတြ၊ ကိုယ့္ကို မေကာင္းေၾကာင္း ေျပာေနတဲ့ လူေတြ။ ကိုယ့္ကို ကဲ့ရဲ႕ေဝဖန္ေနတဲ့ လူေတြ၊ ကိုယ့္ကို နာက်င္ေအာင္ လုပ္သြားတဲ့ လူေတြ၊ ကိုယ့္ကို လဲၿပိဳေစခ်င္တဲ့ လူေတြ။ အဲဒီလူေတြအားလုံးဟာ ကိုယ့္ဘဝမွာ… မုန္းစရာလူေတြမဟုတ္သလို အျပစ္တင္စရာ ရန္ျဖစ္စရာလူေတြလည္း မဟုတ္ပါဘူး …။ တကယ္တန္းက်ေတာ့ အဲဒီလူေတြဟာ … ကိုယ့္ကို တစ္ေယာက္တည္း ေနတတ္လာေအာင္၊ ကိုယ့္ကိုယ္ကို အားကိုးတတ္လာေအာင္၊ ကိုယ့္ကိုယ္ကို ႀကိဳးစား႐ုန္းကန္တတ္လာေအာင္။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြရွိလာေအာင္၊ ကိုယ့္ကိုယ္ကို ေကာင္းျမတ္တဲ့စိတ္ေတြ ထားတတ္လာေအာင္၊ ကိုယ့္ကိုယ္ကို ေအးေအးခ်မ္းခ်မ္းနဲ႕ေနတတ္ေအာင္။ ကိုယ့္ကိုယ္ကို ေအာင္ျမင္တဲ့လူတစ္ေယာက္ ျဖစ္လာေအာင္၊ ကိုယ့္ကိုယ္ကို ေကာင္းတဲ့ဘက္က ျမင္ေပးတတ္တဲ့ စိတ္ေလးေတြ ေမြးေပးလာေအာင္။ ကိုယ့္ဘဝအတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ အေတြ႕အႀကဳံသင္ခန္းစာေတြ ရလာေအာင္ … သင္ေပးေနတယ္ ေလ့က်င့္ေပးေနတယ္လို႔ပဲ ခံယူမိပါတယ္။ ဘယ္သူ႕ကိုမွ မမုန္းပါဘူး ……။ မ်ိဳးဆက္သစ္အရွင္ (ဖိုေလးလုံး) ** ဓမၼလက္ေဆာင္
via အလင္းေရာင္ ဓမၼ https://ift.tt/2VhPXZg
Newer Post
Older Post
Home