အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 8, 2019
(unicode) ဘဝ ရရအုံးမယ့် အတူတူကတော့ ကောင်းတဲ့ဘဝကို ရတာ ကောင်းတယ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဘဝကို အကောင်းထင်ပြီးတော့ ဘဝထဲမှာ နေချင်သေးတယ်။ အဲဒီ နေချင်သေးတယ်၊ ဖြစ်ချင်သေးတယ်ဆိုတာကြောင့်ပဲ ဆက်ပြီးတော့ ဖြစ်လိမ့်မယ်၊ဆက်ပြီးတော့ နေရလိမ့်မယ်။ နေခြင်းတရားဆိုတာလည်းပဲ သေခြင်းတရားနဲ့ အဆုံးသတ်ရတာပဲလေ။ နေခြင်းနဲ့သေခြင်းဆိုတာ ခွဲလို့ မရဘူး။ အခု နေပြီးရင် သေရမယ်။ သေပြီးရင်တော့ ဘဝတစ်ခုမှာ ဆက်ပြီးတော့ နေရလိမ့်မယ်။ ဘဝတစ်ခုခုတော့ သေချာပေါက် ရလိမ့်မယ်။ ကောင်းတဲ့ဘဝကို ရမလား၊ ဆိုးတဲ့ဘဝကို ရမလားဆိုတာကတော့ ကိုယ့်ရဲ့ ကံတရားပေါ်မှာ မူတည်တယ်။ ကံတရားဆိုတာ ကိုယ့်ရဲ့ အလုပ်ပေါ့နော်။ ကောင်းတာ အလုပ်များတယ်ဆိုရင်တော့ ကောင်းတဲ့အလုပ်ရဲ့ အကျိုးဆက် ကောင်းတဲ့ဘဝကို ရမယ်။ မကောင်းတာ အလုပ်များတယ်ဆိုရင်တော့ မကောင်းတဲ့ အလုပ်ရဲ့ အကျိုးဆက် မကောင်းတဲ့ဘဝကို ကိုယ် ရမယ်။ အဲတော့ ဒီနေရာမှာ စဉ်းစားစရာ ရှိတာက ဘဝကို ရရတာခြင်း အတူတူကတော့ မကောင်းတဲ့ဘဝကို ရတာထက် ကောင်းတဲ့ဘဝကို ရတာက ပိုကောင်းတာပေါ့။ တကယ်တန်းကတော့ ကောင်းတဲ့ ဘဝပဲဖြစ်ဖြစ် မကောင်းတဲ့ဘဝပဲ ဖြစ်ဖြစ် ဒုက္ခသစ္စာဆိုတာလောက်တော့ ပရိသတ်တို့က သိပြီးသားပါ။ သို့သော် ဒုက္ခသစ္စာခြင်း တူပေမယ်လို့ မတူတဲ့ အပိုင်းတွေလည်း အများကြီး ရှိတယ်ဗျ။ တိရစ္ဆာန် ဒုက္ခသစ္စာနဲ့ လူ့ဒုက္ခသစ္စာ မတူဘူးဗျ။ တိရစ္ဆာန်လည်းပဲ ရုပ်နာမ် ဖြစ်ပျက် ဒုက္ခသစ္စာ မှန်တယ်။ လူလည်းပဲ ရုပ်နာမ် ဖြစ်ပျက် ဒုက္ခသစ္စာ မှန်တယ်။ သို့သော် တိရစ္ဆာန် ဒုက္ခသစ္စာဆိုတာက သူတို့က သူတို့ ဒုက္ခက လွတ်မြောက်အောင် ရုန်ကန်နိုင်တဲ့ အခွင့်အလမ်း သူတို့မှာ မရှိဘူး။ ဒါယကာ ဒါယိကာမတို့ လူတွေ နတ်တွေရဲ့ ဒုက္ခသစ္စာဆိုတာက ဒီဒုက္ခက ကိုယ်က လွတ်ချင်တယ်ဆိုရင် ရုန်ကန်နိုင်တဲ့ အခွင့်အလမ်း အပြည့်အဝ ရှိတယ်။ ကိုင် ဘယ်လောက် ကွာခြားတုန်း။ ဒါကြောင့် ပရိသတ်အပေါင်း သူတော်ကောင်းတို ဘဝ ရရအုံးမယ့် အတူတူကတော့ ကောင်းတဲ့ဘဝကို ရတာ ကောင်းတာပေါ့။ သစ္စာရွှေစည်ဆရာတော် ၁၃၇၆-ဝါခေါင်လပြည့်ကျော်(၁၀)ရက် (zawgyi) ဘဝ ရရအုံးမယ့္ အတူတူကေတာ့ ေကာင္းတဲ့ဘဝကို ရတာ ေကာင္းတယ္ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဘဝကို အေကာင္းထင္ၿပီးေတာ့ ဘဝထဲမွာ ေနခ်င္ေသးတယ္။ အဲဒီ ေနခ်င္ေသးတယ္၊ ျဖစ္ခ်င္ေသးတယ္ဆိုတာေၾကာင့္ပဲ ဆက္ၿပီးေတာ့ ျဖစ္လိမ့္မယ္၊ဆက္ၿပီးေတာ့ ေနရလိမ့္မယ္။ ေနျခင္းတရားဆိုတာလည္းပဲ ေသျခင္းတရားနဲ႕ အဆုံးသတ္ရတာပဲေလ။ ေနျခင္းနဲ႕ေသျခင္းဆိုတာ ခြဲလို႔ မရဘူး။ အခု ေနၿပီးရင္ ေသရမယ္။ ေသၿပီးရင္ေတာ့ ဘဝတစ္ခုမွာ ဆက္ၿပီးေတာ့ ေနရလိမ့္မယ္။ ဘဝတစ္ခုခုေတာ့ ေသခ်ာေပါက္ ရလိမ့္မယ္။ ေကာင္းတဲ့ဘဝကို ရမလား၊ ဆိုးတဲ့ဘဝကို ရမလားဆိုတာကေတာ့ ကိုယ့္ရဲ႕ ကံတရားေပၚမွာ မူတည္တယ္။ ကံတရားဆိုတာ ကိုယ့္ရဲ႕ အလုပ္ေပါ့ေနာ္။ ေကာင္းတာ အလုပ္မ်ားတယ္ဆိုရင္ေတာ့ ေကာင္းတဲ့အလုပ္ရဲ႕ အက်ိဳးဆက္ ေကာင္းတဲ့ဘဝကို ရမယ္။ မေကာင္းတာ အလုပ္မ်ားတယ္ဆိုရင္ေတာ့ မေကာင္းတဲ့ အလုပ္ရဲ႕ အက်ိဳးဆက္ မေကာင္းတဲ့ဘဝကို ကိုယ္ ရမယ္။ အဲေတာ့ ဒီေနရာမွာ စဥ္းစားစရာ ရွိတာက ဘဝကို ရရတာျခင္း အတူတူကေတာ့ မေကာင္းတဲ့ဘဝကို ရတာထက္ ေကာင္းတဲ့ဘဝကို ရတာက ပိုေကာင္းတာေပါ့။ တကယ္တန္းကေတာ့ ေကာင္းတဲ့ ဘဝပဲျဖစ္ျဖစ္ မေကာင္းတဲ့ဘဝပဲ ျဖစ္ျဖစ္ ဒုကၡသစၥာဆိုတာေလာက္ေတာ့ ပရိသတ္တို႔က သိၿပီးသားပါ။ သို႔ေသာ္ ဒုကၡသစၥာျခင္း တူေပမယ္လို႔ မတူတဲ့ အပိုင္းေတြလည္း အမ်ားႀကီး ရွိတယ္ဗ်။ တိရစ္ဆာန္ ဒုကၡသစၥာနဲ႕ လူ႕ဒုကၡသစၥာ မတူဘူးဗ်။ တိရစ္ဆာန္လည္းပဲ ႐ုပ္နာမ္ ျဖစ္ပ်က္ ဒုကၡသစၥာ မွန္တယ္။ လူလည္းပဲ ႐ုပ္နာမ္ ျဖစ္ပ်က္ ဒုကၡသစၥာ မွန္တယ္။ သို႔ေသာ္ တိရစ္ဆာန္ ဒုကၡသစၥာဆိုတာက သူတို႔က သူတို႔ ဒုကၡက လြတ္ေျမာက္ေအာင္ ႐ုန္ကန္နိုင္တဲ့ အခြင့္အလမ္း သူတို႔မွာ မရွိဘူး။ ဒါယကာ ဒါယိကာမတို႔ လူေတြ နတ္ေတြရဲ႕ ဒုကၡသစၥာဆိုတာက ဒီဒုကၡက ကိုယ္က လြတ္ခ်င္တယ္ဆိုရင္ ႐ုန္ကန္နိုင္တဲ့ အခြင့္အလမ္း အျပည့္အဝ ရွိတယ္။ ကိုင္ ဘယ္ေလာက္ ကြာျခားတုန္း။ ဒါေၾကာင့္ ပရိသတ္အေပါင္း သူေတာ္ေကာင္းတို ဘဝ ရရအုံးမယ့္ အတူတူကေတာ့ ေကာင္းတဲ့ဘဝကို ရတာ ေကာင္းတာေပါ့။ သစၥာေ႐ႊစည္ဆရာေတာ္ ၁၃၇၆-ဝါေခါင္လျပည့္ေက်ာ္(၁၀)ရက္
via အလင္းေရာင္ ဓမၼ https://ift.tt/2AU9llM
Newer Post
Older Post
Home