Wednesday, October 9, 2019

❝ တဏှာ သင်္ခါရသုတ် ❞ ✰ အခါတပါး၌ သိကြားမင်းသည် မြတ်စွာဘုရားအား ဖူးမြှော်ပြီး အရှင်ဘုရား တဏှာကုန်ရာ နိဗ္ဗာန်သို့ မြန်မြန် ရောက်ရန် မည်သို့ရှု့ရပါမည်လဲအရှင်ဘုရား••• ✰ အသင်သိကြားမင်း ••• ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရားမလိုက်စေနဲ့ ( သံသယာကိုချဲ့တတ်တဲ့ တဏှာ မာနဒိဋ္ဌိ မလိုက်စေနဲ့ ) ✰ ထိုအခါသိကြားမင်းက မှန်ပါမြတ်စွာဘုရား ရှု့တော့ရှု့တာပဲဘုရား သို့သော် ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရား တခုမဟုတ်တခုလိုက်နေတော့ မလိုက်အောင် မည်သို့ရှု့ရပါမည်လဲအရှင်ဘုရား အသင်သိကြားမင်း ခယ ဝယ မြင်အောင်ရှု့ ( ကုန်တာပျောက်တာ မြင်အောင်ရှု့ ) ✰ ကုန်တာပျောက်တာက အနိစ္စ တွေ့တာက မဂ္ဂ ✰ ရုပ်ရှု့တဲ့အခါ ရုပ်မတွေ့ပဲ ကုန်တာပျောက်တာတွေ့အောင်ရှု့ ဝေဒနာရှု့တဲ့အခါ ဝေဒနာမတွေ့ပဲ ကုန်တာပျောက်တာ တွေ့အောင်ရှု့ စိတ်ရှု့တဲ့အခါ စိတ်မတွေ့ပဲ ကုန်တာပျောက်တာ တွေ့အောင်ရှု့ ✰ ကုန်တာပျောက်တာ ( ဖြစ်တာ ပျက်တာ )မြင်အောင်ရှု့ နေရင် ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရားတွေမလိုက်ဘူး ✰ ရုပ်ရှု့တဲ့အခါ ရုပ်ကအရှု့ခံ ရှု့တဲ့ဥာဏ်က ၅ ပါး အဲ့ဒိ့ ၅ ပါးက သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ ရုပ်တရားကအရှု့ခံ ဥာဏ် ၅ ပါးကအရှု့ဥာဏ် ရုပ်တရားက အဖြစ်အပျက် ရှု့တဲ့ဥာဏ်ကမဂ် အဖြစ်အပျက်က ဒုက္ခသစ္စာ ရှု့တဲ့ဥာဏ်ကမဂ္ဂသစ္စာ ✰ ဖြစ်ပျက် မဂ်မြင်နေတဲ့ ပုဂ္ဂိုလ်သန္တန်မှာ လောဘ ဒေါသ တဏှာ မလာဘူး စိတ်က တချိန်တည်းမှာ ၂ စိတ်မဖြစ် မဂ်စိတ် ပေါ်နေချိန်မှာ လောဘ တဏှာစိတ်ဖြစ်လို့မရဘူးနော် လောဘ တဏှာနေရာကို မဂ်က နေရာဝင်ယူထားတာ ခန္ဓာပေါ်မှာ ဖြစ်ပျက် မြင်နေလို့ တဏှာဝင်လာလို့မရ တဏှာလာလို့မရလို့ တဏှာကြောင့်ဖြစ်မည့် ဥပါဒါဏ်လာလို့မရ ဥပါဒါဏ် မဖြစ်လို့ ဥပါဒါဏ်ကြောင့်ဖြစ်မည့် ကမ္မဘဝလာလို့မရ ✰ တဏှာ ဥပါဒါဏ် ကမ္မဘဝက သမုဒယသစ္စာ သမုဒယသစ္စာ မလာလို့ ဇာတိ ဇရာ မရဏာ ဒုက္ခသစ္စာမပေါ် ဇာတိ နောင်ခန္ဓာမလာတာက နိဂြောဓသစ္စာ ရှု့ဥာဏ်က မဂ္ဂသစ္စာ ► ဖြစ်ဖြစ်လာတာမြင်ရင် ဥစ္ဆေဒ ဒိဌိစင် ► ပျက်ပျက်ကုန်တာမြင်ရင် ဿတ ဒိဌိစင် ► ဖြစ်တာပျက်တာ ပုဂ္ဂိုလ်သတ္တဝါ တွေမဟုတ် ► ဓမ္မတွေလို့ ဥာဏ်မှာမြင်လာရင် သက္ကာယဒိဌိစင် ✰ ဒိဌိနိရောဓါ ဝီစိကိစ္စာဥပစ္စေတိ ဒိဋ္ဌိပြုတ်ရင် ဝီစိကိစ္စာပါကင်းရှင်းတယ် 【ဆရာတော် ဦးဃောသိတ 】 ❝ အပ်ပမာဒနေ သမ်မာဒထေ ❞ ☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘ Khaing Arly ❝ တဏွာ သင်္ခါရသုတ် ❞ ✰ အခါတပါး၌ သိကြားမင်းသည် မြတ်စွာဘုရားအား ဖူးမြှော်ပြီး အရှင်ဘုရား တဏှာကုန်ရာ နိဗ္ဗာန်သို့ မြန်မြန် ရောက်ရန် မည်သို့ရှု့ရပါမည်လဲအရှင်ဘုရား••• ✰ အသင်သိကြားမင်း ••• ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရားမလိုက်စေနဲ့ ( သံသယာကိုချဲ့တတ်တဲ့ တဏှာ မာနဒိဋ္ဌိ မလိုက်စေနဲ့ ) ✰ ထိုအခါသိကြားမင်းက မှန်ပါမြတ်စွာဘုရား ရှု့တော့ရှု့တာပဲဘုရား သို့သော် ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရား တခုမဟုတ်တခုလိုက်နေတော့ မလိုက်အောင် မည်သို့ရှု့ရပါမည်လဲအရှင်ဘုရား အသင်သိကြားမင်း ခယ ဝယ မြင်အောင်ရှု့ ( ကုန်တာပျောက်တာ မြင်အောင်ရှု့ ) ✰ ကုန်တာပျောက်တာက အနိစ္စ တွေ့တာက မဂ္ဂ ✰ ရုပ်ရှု့တဲ့အခါ ရုပ်မတွေ့ပဲ ကုန်တာပျောက်တာတွေ့အောင်ရှု့ ဝေဒနာရှု့တဲ့အခါ ဝေဒနာမတွေ့ပဲ ကုန်တာပျောက်တာ တွေ့အောင်ရှု့ စိတ်ရှု့တဲ့အခါ စိတ်မတွေ့ပဲ ကုန်တာပျောက်တာ တွေ့အောင်ရှု့ ✰ ကုန်တာပျောက်တာ ( ဖြစ်တာ ပျက်တာ )မြင်အောင်ရှု့ နေရင် ခန္ဓာ ၅ ပါးနောက်က ပပဉ္စတရားတွေမလိုက်ဘူး ✰ ရုပ်ရှု့တဲ့အခါ ရုပ်ကအရှု့ခံ ရှု့တဲ့ဥာဏ်က ၅ ပါး အဲ့ဒိ့ ၅ ပါးက သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ ရုပ်တရားကအရှု့ခံ ဥာဏ် ၅ ပါးကအရှု့ဥာဏ် ရုပ်တရားက အဖြစ်အပျက် ရှု့တဲ့ဥာဏ်ကမဂ် အဖြစ်အပျက်က ဒုက္ခသစ္စာ ရှု့တဲ့ဥာဏ်ကမဂ္ဂသစ္စာ ✰ ဖြစ်ပျက် မဂ်မြင်နေတဲ့ ပုဂ္ဂိုလ်သန္တန်မှာ လောဘ ဒေါသ တဏှာ မလာဘူး စိတ်က တချိန်တည်းမှာ ၂ စိတ်မဖြစ် မဂ်စိတ် ပေါ်နေချိန်မှာ လောဘ တဏှာစိတ်ဖြစ်လို့မရဘူးနော် လောဘ တဏှာနေရာကို မဂ်က နေရာဝင်ယူထားတာ ခန္ဓာပေါ်မှာ ဖြစ်ပျက် မြင်နေလို့ တဏှာဝင်လာလို့မရ တဏှာလာလို့မရလို့ တဏှာကြောင့်ဖြစ်မည့် ဥပါဒါဏ်လာလို့မရ ဥပါဒါဏ် မဖြစ်လို့ ဥပါဒါဏ်ကြောင့်ဖြစ်မည့် ကမ္မဘဝလာလို့မရ ✰ တဏှာ ဥပါဒါဏ် ကမ္မဘဝက သမုဒယသစ္စာ သမုဒယသစ္စာ မလာလို့ ဇာတိ ဇရာ မရဏာ ဒုက္ခသစ္စာမပေါ် ဇာတိ နောင်ခန္ဓာမလာတာက နိဂြောဓသစ္စာ ရှု့ဥာဏ်က မဂ္ဂသစ္စာ ► ဖြစ်ဖြစ်လာတာမြင်ရင် ဥစ်ဆေဒ ဒိဌိစင် ► ပျက်ပျက်ကုန်တာမြင်ရင် ဿတ ဒိဌိစင် ► ဖြစ်တာပျက်တာ ပုဂ္ဂိုလ်သတ္တဝါ တွေမဟုတ် ► ဓမ္မတွေလို့ ဥာဏ်မှာမြင်လာရင် သက္ကာယဒိဌိစင် ✰ ဒိဌိနိရောဓါ ဝီစိကိစ္စာဥပစ္စေတိ ဒိဋ္ဌိပြုတ်ရင် ဝီစိကိစ္စာပါကင်းရှင်းတယ် 【ဆရာတော် ဦးဃောသိတ 】 ❝ အပ်ပမာဒနေ သမ်မာဒထေ ❞ ☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘ Khaing Arly


via အလင်းရောင် ဓမ္မ https://ift.tt/2IuuyHl