အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 9, 2019
လူ့အသိ ရှိခဲ့ရင် __________________ မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို ရှေးဘုန်း , ရှေးကံ ရှိတဲ့ ပုဂ္ဂိုလ်တွေသာ နာနိုင်တယ် ရှေးဘုန်း , ရှေးကံ မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တရားကို မနာနိုင်ဘူး ဒါကြောင့်မို့ ဒကာ , ဒကာမတို့ တရားကို နာနေရတာဟာ ရှေးကုသိုလ် ကံတရားရှိလို့ ဟုတ်ပြီလား ? အတိတ်ကုသိုလ်ကံတရားရှိလို့ ဒီတရားတွေကို နာရတာ ကျင့်နိုင်တာ , အတိတ်ကုသိုလ်ကံ မပါရင် ဒီတရားတွေ မနာနိုင်ဘူး , ကျင့်ချင်တဲ့ စိတ်လည်း မပေါ်ဘူး မကျင့်နိုင်ဘူး ။ ကုသိုလ်မျိုးစေ့ရှိမှ ဒီကုသိုလ်တွေ လုပ်ခွင့် ရှိတာပါ ဟုတ်လား ? ( တင်ပါ့ဘုရား ) ဘုရားရှင်ရဲ့ အဆုံးအမတော်တွေဟာ အပြင်လောကကို ကြည့်ဟောတာလား ခန္ဓာကြည့်ဟောတာလား ? ( ခန္ဓာ ကြည့်ဟောတာပါ ဘုရား ) ခန္ဓာဖြစ်စဉ်ကို ဟောတဲ့အခါ ဦးစွာ ပထမ ဒကာ , ဒကာမတို့ တခြားမှာ တွေ့တာလား ? သာသနာတွင်းမှာ တွေ့တာလား ? ( သာသနာတွင်းမှာ တွေ့တာပါ ဘုရား ) ဒါဆို သာသနာတွင်းမှာ လူ့ဘဝကြီး ရခဲ့တာပေါ့ ။ လူ့ဘဝ ရဖို့ဆိုတာ လွယ်သလား , ခက်သလား ? ( ခက်ပါတယ် ဘုရား ) ဒီလိုဆို ပုခုံးနှစ်ဖက်ကြား ခေါင်းပါတိုင်း " လူ " လို့ ပြောရပါ့မလား ? လူ့အသိတရားတွေ ရရှိထားမှ "လူ" လို့ ခေါ်တယ်။ ဘုရားရှင်ကတော့ ကုသိုလ်တရား နဲ့ အကုသိုလ်တရားကို ခွဲခြားသိတတ်တဲ့ ပုဂ္ဂိုလ်ကိုမှ " လူ " လို့ ခေါ်ပါတယ် နော် ။ အေး . . .အကုသိုလ်မှန်သမျှတွေကို ကျူးလွန်မိလို့ရှိရင် ဒီ ပစ္စုပ္ပန်ဘဝရော , တစ်သံသရာလုံးရော ဆင်းရဲမှာလား ချမ်းသာမှာလား ? ( ဆင်းရဲမှာပါ ဘုရား ) ဆင်းရဲမယ် ဆိုကတည်းက ကောင်းတဲ့ အာရုံလား , မကောင်းတဲ့ အာရုံလား ? ( မကောင်းတဲ့ အာရုံပါ ဘုရား ) မကောင်းတဲ့ အာရုံ ဆိုမှတော့ စင်ကြယ်တယ် လို့ပြောတာလား မည်းညစ်တယ် လို့ ပြောတာလား ? ( မည်းညစ်တယ် လို့ ပြောတာပါဘုရား ) အဲဒီ မည်းညစ်တဲ့စိတ် , တနည်း မည်းညစ်တဲ့ နာမ်တရားတွေနဲ့ နေသွားတဲ့ ပုဂ္ဂိုလ်များရဲ့ သွားရာ လမ်းခရီးသည် ကောင်းတဲ့လမ်းလား , မကောင်းတဲ့ လမ်းလား ? ( မကောင်းတဲ့ လမ်းပါ ဘုရား ) လူဖြစ်လာပေမယ့် လူ့အသိ မရရှိခဲ့ခြင်းကြောင့် ဒီပုဂ္ဂိုလ်ရဲ့ လူ့ဘဝရပြီးတော့ နေခဲ့ရခြင်းသည် ရှုံးမှာလား , မြတ်မှာလား ? ( ရှုံးမှာပါ ဘုရား ) ဒါ့ကြောင့် မြတ်စွာဘုရားရှင်က ဘုန်းကြီးတို့ဘဝ , ဒကာ ဒကာမတို့ရဲ့ ဘဝများကို ရုပ်လုံး ဖော်ပြတဲ့အနေနဲ့ ကံ နှစ်ခုကို ဟောတယ်နော် ။ ကုသိုလ်ကံ ရယ် အကုသိုလ်ကံ ရယ် မှတ်လိုက်ပါ ဟုတ်လား ? ဒီကုသိုလ်ကံ , အကုသိုလ်ကံ နှစ်ခုတို့ရဲ့ စွမ်းအားကြောင့် လူတွေဟာ သုဂတိဘဝ နဲ့ ဒုဂ္ဂတိ ဘဝဆိုပြီး လည်နေရတယ် ။ အကုသိုလ်ကံ ကျူး လွန်တဲ့ ပုဂ္ဂိုလ်တွေက ဒုဂ္ဂတိဘဝတွေနဲ့ လည်နေရသလို လူ့အသိရှိရှိ နေထိုင်ပြီး ဝိပဿ နာစွမ်းအားတွေ ကြိုးစားပြီး နေထိုင်ရင်တော့ သုဂတိကနေ >> မဂ်ဖိုလ်ကို ရအောင် ယူနိုင်ပါတယ်နော် ။ ဘာတဲ့လဲ >> (လူ့အသိ ရှိခဲ့ရင် ဟုတ်လား )။ " မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ သြဝါဒ" 🙏🙏🙏🙏🙏 https://ift.tt/2Vr9LK7 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏 Share& Save & Copy.
via အလင်းရောင် ဓမ္မ https://ift.tt/2LWZ7r6
Newer Post
Older Post
Home