Wednesday, October 9, 2019

======= ထီပေါက်တဲ့ ကံ ======= ထီပေါက်တဲ့ကံ ဘာကံလဲလို့မေးရင်တော့ ဥပထမ္ဘကကံ=အားပေးထောက်ပံ့တတ်တဲ့ကံ"လို့ ဖြေရမှာပါ... ဒီဥပထမ္ဘကကံဆိုတာက မူလပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်တဲ့ ဇနကကံရဲ့ အကျိုးတရားကို အရှည်ခိုင်ခံ တည်တံရေးအတွက် အားပေးထောက်ပံနေတဲ့ ကံတစ်မျိုးဖြစ်ပါတယ်... တစ်ခုခုသော ကုသိုလ်ကံကြောင့် လူဖြစ်လာရတဲ့ အချို့သောပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံ စည်းစိမ်ဥစ္စာနည်းပါးတဲ့ အမျိုးအနွယ်မှာ လူလာပြီးတော့ဖြစ်ရတယ်... အဲဒီလိုအခါမျိုးမှာ ဒီဥပထမ္ဘကကံက စည်းစိမ်ဥစ္စာတွေ ပြည့်စုံလာအောင် အားပေးထောက်ပံ့တတ်ပါတယ်... """ဥပမာ/ထီပေါက်တဲ့ကံမျိုးပေါ့""" (စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတရားတော်၊ဖားအောက်တောရဆရာတော်၊နှာ-၂၅၅) {မှတ်ချက်/ဥပထမ္ဘကကံဟူသည် ကုသိုလ်အရာ၌သာရှိ၍ အကုသိုလ်အရာ၌မရှိပါ၊ ဇနကကံကား နှစ်မျိုးလုံး၌ ရှိပါသည်။}


via အလင်းရောင် ဓမ္မ https://ift.tt/2LXSWmH