အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 10, 2019
ဧကစာရီ ငါတို့ ၏ တစ်ပါးတည်းနေခြင်းက အများအတွက် အလုပ်လုပ်ပေးနေခြင်းသာ ငါတို့ ၏ တစ်ပါးတည်းတရားကျင့်နေခြင်းက တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေခြင်း ပရိသတ်ဝေးလေ အာရုံထမ်း လမ်းတည့်လေ သို့ဖြင့် ငါတို့သည် ရှေးအရှင်မြတ်တို့၏ စရိယဝန်ထမ်း သုံးမျိုးစုံအပြွမ်းကို ထမ်းခွင့်ရလေရာ ဧကာသနော တစ်ပါးထီးတည်း နေထိုင်စားသောက်ခြင်း ဧကာသယျံ တစ်ပါးထီးတည်း အနားယူအိပ်စက်ခြင်း ဧကာ စရမ တန္ဒိတော တစ်ပါးကျင့် မပျင်းမရိ ခန်းဖွင့်ခြင်း ဧကာ ဒမယ မတ္တာနံ တစ်ပါးတည်းစွဲ ကိုယ့်ကိုယ်ကို ဆုံးမမြဲဆုံမနေခြင်း ဝနန္တေ ရမိတော သိယာ တောတွင်း၌ ပျော်မွေ့သင့်ကြသည် ဤဘုရား နှုတ်မြွက်စကား နားဝယ်ထားလျက်က စရိယဝန်ထမ်းနေခြင်းသာ ဘုရားရှင်လက်ထက်တော်ကာလဆီတုန်းက နံနက် နည်းခံပြီး တစ်ပါးတည်း တစ်နေရာသွား အားထုတ်ရာ ညနေဆို ကိစ္စပြီးသတည်း တစ်ဖန် ညနေနည်းခံပြီး တစ်ပါးတည်း တစ်နေရာသွားအားထုတ်ရာ နံနက် ဆို ကိစ္စ ပြီးသတည်း ဤနိပါတ်တော်များသည် လွန်ခဲ့သော ဘဝကမ္ဘာများစွာ တစ်ပါးတည်းအားထုတ်ဆည်းပူးခဲ့ရာ၏ ရလဒ်များပင် တောမှာနေနေ မြို့မှာခိုခို အများလည်းတွေ့၍ အများ၏ရှေ့ ဖြတ်လျောက် ဖြတ်သွား ခရီးတန်း လမ်းသလားနေကြသူတိုင်း --- အကောင်းကြည့် ကြည့်၍ အကောင်းမြင်မြင်ကာ အကောင်းပြောလည်း ခံရရာ၏ အဆိုးကြည့် ကြည့်၍ အဆိုးမြင် မြင်ကာ အဆိုးပြောလည်း ခံရရာ၏ မည်သို့ပင်ခံရစေ အပြောကိုသိ၍ မိမိဘက်လှည့်ကြည့်ပြီး အမှားဖြစ် ပြုပြင် အမှန်ဖြစ် ဆင်ခြင် သမ္ပဇဥ်စိတ်သွင်း သည်းခံခွင့်လွှတ်ခြင်းဖြင့် ပွဲကျင်းပရန်သာ မဟာဗောဓိမြိုင်ဆရာတော်
via အလင်းရောင် ဓမ္မ https://ift.tt/2OyoTDW
Newer Post
Older Post
Home