Tuesday, October 8, 2019

သပိတ်အိုင်ဆိုတဲ့ တောရက ထွက်ပေါ်လာတဲ့ နေနဲ့လ _________________________ ဖားအောက်တောရ ဆရာတော်ဘုရားကြီးနှင့် သီတဂူ ဆရာတော်ဘုရားကြီး နှစ်ပါးကို၊ အတူတကွ ဖူးမျှော်လိုက်ရတာဟာ သာသနာ့ ကောင်းကင်မှာ နေ – လ နှစ်စင်းအပြိုင် ထွက်ပေါ်လာတာကို မြင်တွေ့ လိုက်ရသလိုပါပဲ၊ လွန်ခဲ့သော ၄၅ နှစ်ကျော်က သပိတ်အိုင်ဆိုတဲ့ တောရမှာ ဒီဆရာတော်ကြီးနှစ်ပါး တောရဆောက်တည်ရင်း အတူတကွဆုံဆည်းခဲ့ကြ၏။ သီတဂူဆရာတော်က သက်တော် ၃၄ နှစ်အရွယ် ဖါးအောက်ဆရာတော်ကြီးကတော့ သက်တော် ဝါတော် ပိုမို၏ ဆရာတော်ကြီးနှစ်ပါးတို့ဟာ သပိတ်အိုင်တောရမှာ တစ်နှစ်နီးပါးခန့် အတူတကွ တောရဆောက်တည်ရင်း သီတင်းသုံးခဲ့ကြ၏။ နောက်တော့ ဖားအောက်ဆရာတော်က သပိတ်အိုင်မှ ရေးမြို့နယ် အစင်တောရ သို့ပြောင်းရွေ့သွားခဲ့၏။ သူတော်အချင်းချင်း သတင်းလွေ့လွေ့ဆိုတဲ့အတိုင်း သပိတ်အိုင်တောရနဲ့ အစင်တောရတို့ အပြန်အလှန် အဆက်အသွယ် ပြုလုပ်၍ ဘာ၀နာအလုပ်ကို နှီးနှောဖလှယ်ဆက်သွယ်ခဲ့ကြတာဟာ လေးနှစ်ကျော်၊ ငါးနှစ်ခရီး အရှည်ကြီးပဲပေါ့…။ သပိတ်အိုင်ဟာ ဗောဓိမျိုးစေ့ နှစ်စေ့ကို အပင်ပေါက်စေခဲ့တဲ့ ဘူမိနက်သန်လို့ပင်ဆိုရလေမလား ဗောဓိညောင်စေ့ကလေးဟာ မျိုးစေ့ပေါင်းများစွာထဲမှာ အသေးဆုံးသော မျိုးစေ့တွေထဲမှာပါတယ်။ ဒါပေမယ့် မြေကောင်းရေကောင်းကိုရတဲ့အခါ ငှက်အကောင်ပေါင်းများစွာတို့ရဲ့ အရိပ်ခို နားနေရာ၊ အစာစားလို့ အသက်ရှင်ရာ၊ ကြီးမားစည်ကားတဲ့ အပင်ကြီးတစ်ခုအဖြစ် ပေါက်ရောက်စေနိုင်တဲ့ သတ္တိဓါတ်ကိန်းအောင်းနေတာ အမှန်ပါပဲ။ သပိတ်အိုင်က ဘာ၀နာရေကိုလောင်းခဲ့ကြတဲ့ ဒီ ဗောဓိညောင်စေ့နှစ်စေ့ဟာ မြတ်စွာဘုရားရဲ့ ဝါတော်နဲ့ ညီမျှတဲ့ ၄၅ နှစ်တာကာလအတွင်းမှာ…။ ငှက်အကောင်ပေါင်းများစွာတို့ရဲ့ အရိပ်ခို နားနေရာ၊ ဘ၀ရဲ့ငြိမ်းချမ်းတဲ့ ဓမ္မအရိပ်ကို ပေးဆောင်ရာ ကြီးမားစည်ကားတဲ့ အပင်ကြီးနှစ်ပင် အဖြစ် ပေါက်ရောက်ကြီးထွား ဝေဆာခဲ့ကြလေပြီတကား။ ဘ၀သံသရာများစွာမှာ ဖြည့်ကျင့်ခဲ့ကြတဲ့ ပါရမီသတ္တိဓါတ်တွေ ကိန်းအောင်းနေလေတော့ မျိုးစေ့မှန်ငြား ပင်သန်ထွား၍ ပွင့်ကားသီးမှည့် သြဇာတက်သည် ဆိုတဲ့ ရှေးက ဆိုရိုးစကားလိုပါပဲ။ ယနေ့အချိန်တွင် ဖားအောက်ဆရာတော်ကြီးက ( International Meditation Master ) အဖြစ်နဲ့ ကမ်ဘာကျော်တဲ့ ဆရာတော်ကြီးအဖြစ်ဖူးတွေ့နေရပြီ။ သီတဂူဆရာတော်ကြီးကတော့ သီတဂူကမ်ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး ၃ ခု၊ မြန်မာပြည့်အနှံ့ သီတဂူဆေးရုံပေါင်း ၃၀ နီးပါးခန့်၊ ကမ်ဘာအနှ့ံ အမေရိကန်၊ ရုရှား သီတဂူကျောင်းခွဲများ၊။ စစ်ကိုင်း သီတဂူဝိပဿနာအကယ်ဒမီကြီးတစ်ခု စသည်တိုကိုတည်ထောင်တော်မူ ခဲ့ပါတယ် မြန်မာမှာသာမက ကမ်ဘာအနှံ့မှာပါ ဘုရားစေတီပုထိုးပေါင်းများစွာကို အသစ်တည်ထား၊ ပြန်လည်ပြုပြင်ခြင်း ။ တရားဓမ္မများဟောကြားခြင်း၊ ကမ်ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးများ၊ အစည်းအေဝးပေါင်းများစွာတို့ကိုတက်ရောက်တော်မူခဲ့ခြင်း၊ စသည့်စသည့် သာသနာပြုလုပ်ငန်းပေါင်းများစွာကို တစ်ဘ၀မှာ ဆယ်ဘ၀စာ သာသနာပြုတော်မူခဲ့သည့် ။ ( World Religious Figure ) ကမ်ဘာကျော်တဲ့ သီတဂူဆရာတော်ကြီးအဖြစ် ဖူးတွေ့နေရပြီ ယခုလို ဆရာတော်ကြီးနှစ်ပါး ဘ၀သာသနာ သမိုင်းကို ရေးထိုးခဲ့ကြတာဟာဖြင့် ။ ဘယ်လို့ ဘယ်ပုံလည်း ဆိုတော့ သာသနာ့ကောင်းကင်မှာ နေ – လ နှစ်စင်း အပြိုင်ထွန်းလင်း ထွက်ပေါ်လာတာကို မြင်တွေ့လိုက်ရသလိုပါပဲ ။ https://manawmaya.com/ သပိတ္အိုင္ဆိုတဲ့ ေတာရက ထြက္ေပၚလာတဲ့ ေနနဲ႕လ _________________________ ဖားေအာက္ေတာရ ဆရာေတာ္ဘုရားႀကီးႏွင့္ သီတဂူ ဆရာေတာ္ဘုရားႀကီး ႏွစ္ပါးကို၊ အတူတကြ ဖူးေမွ်ာ္လိုက္ရတာဟာ သာသနာ့ ေကာင္းကင္မွာ ေန – လ ႏွစ္စင္းအၿပိဳင္ ထြက္ေပၚလာတာကို ျမင္ေတြ႕ လိုက္ရသလိုပါပဲ၊ လြန္ခဲ့ေသာ ၄၅ ႏွစ္ေက်ာ္က သပိတ္အိုင္ဆိုတဲ့ ေတာရမွာ ဒီဆရာေတာ္ႀကီးႏွစ္ပါး ေတာရေဆာက္တည္ရင္း အတူတကြဆုံဆည္းခဲ့ၾက၏။ သီတဂူဆရာေတာ္က သက္ေတာ္ ၃၄ ႏွစ္အ႐ြယ္ ဖါးေအာက္ဆရာေတာ္ႀကီးကေတာ့ သက္ေတာ္ ဝါေတာ္ ပိုမို၏ ဆရာေတာ္ႀကီးႏွစ္ပါးတို႔ဟာ သပိတ္အိုင္ေတာရမွာ တစ္ႏွစ္နီးပါးခန႔္ အတူတကြ ေတာရေဆာက္တည္ရင္း သီတင္းသုံးခဲ့ၾက၏။ ေနာက္ေတာ့ ဖားေအာက္ဆရာေတာ္က သပိတ္အိုင္မွ ေရးၿမိဳ႕နယ္ အစင္ေတာရ သို႔ေျပာင္းေ႐ြ႕သြားခဲ့၏။ သူေတာ္အခ်င္းခ်င္း သတင္းေလြ႕ေလြ႕ဆိုတဲ့အတိုင္း သပိတ္အိုင္ေတာရနဲ႕ အစင္ေတာရတို႔ အျပန္အလွန္ အဆက္အသြယ္ ျပဳလုပ္၍ ဘာ၀နာအလုပ္ကို ႏွီးႏွောဖလွယ္ဆက္သြယ္ခဲ့ၾကတာဟာ ေလးႏွစ္ေက်ာ္၊ ငါးႏွစ္ခရီး အရွည္ႀကီးပဲေပါ့…။ သပိတ္အိုင္ဟာ ေဗာဓိမ်ိဳးေစ့ ႏွစ္ေစ့ကို အပင္ေပါက္ေစခဲ့တဲ့ ဘူမိနက္သန္လို႔ပင္ဆိုရေလမလား ေဗာဓိေညာင္ေစ့ကေလးဟာ မ်ိဳးေစ့ေပါင္းမ်ားစြာထဲမွာ အေသးဆုံးေသာ မ်ိဳးေစ့ေတြထဲမွာပါတယ္။ ဒါေပမယ့္ ေျမေကာင္းေရေကာင္းကိုရတဲ့အခါ ငွက္အေကာင္ေပါင္းမ်ားစြာတို႔ရဲ႕ အရိပ္ခို နားေနရာ၊ အစာစားလို႔ အသက္ရွင္ရာ၊ ႀကီးမားစည္ကားတဲ့ အပင္ႀကီးတစ္ခုအျဖစ္ ေပါက္ေရာက္ေစနိုင္တဲ့ သတၱိဓါတ္ကိန္းေအာင္းေနတာ အမွန္ပါပဲ။ သပိတ္အိုင္က ဘာ၀နာေရကိုေလာင္းခဲ့ၾကတဲ့ ဒီ ေဗာဓိေညာင္ေစ့ႏွစ္ေစ့ဟာ ျမတ္စြာဘုရားရဲ႕ ဝါေတာ္နဲ႕ ညီမွ်တဲ့ ၄၅ ႏွစ္တာကာလအတြင္းမွာ…။ ငွက္အေကာင္ေပါင္းမ်ားစြာတို႔ရဲ႕ အရိပ္ခို နားေနရာ၊ ဘ၀ရဲ႕ၿငိမ္းခ်မ္းတဲ့ ဓမၼအရိပ္ကို ေပးေဆာင္ရာ ႀကီးမားစည္ကားတဲ့ အပင္ႀကီးႏွစ္ပင္ အျဖစ္ ေပါက္ေရာက္ႀကီးထြား ေဝဆာခဲ့ၾကေလၿပီတကား။ ဘ၀သံသရာမ်ားစြာမွာ ျဖည့္က်င့္ခဲ့ၾကတဲ့ ပါရမီသတၱိဓါတ္ေတြ ကိန္းေအာင္းေနေလေတာ့ မ်ိဳးေစ့မွန္ျငား ပင္သန္ထြား၍ ပြင့္ကားသီးမွည့္ ၾသဇာတက္သည္ ဆိုတဲ့ ေရွးက ဆိုရိုးစကားလိုပါပဲ။ ယေန႕အခ်ိန္တြင္ ဖားေအာက္ဆရာေတာ္ႀကီးက ( International Meditation Master ) အျဖစ္နဲ႕ ကမ္ဘာေက်ာ္တဲ့ ဆရာေတာ္ႀကီးအျဖစ္ဖူးေတြ႕ေနရၿပီ။ သီတဂူဆရာေတာ္ႀကီးကေတာ့ သီတဂူကမ္ဘာ့ဗုဒၶတကၠသိုလ္ႀကီး ၃ ခု၊ ျမန္မာျပည့္အႏွံ႕ သီတဂူေဆး႐ုံေပါင္း ၃၀ နီးပါးခန႔္၊ ကမ္ဘာအႏွ႕ံ အေမရိကန္၊ ႐ုရွား သီတဂူေက်ာင္းခြဲမ်ား၊။ စစ္ကိုင္း သီတဂူဝိပႆနာအကယ္ဒမီႀကီးတစ္ခု စသည္တိုကိုတည္ေထာင္ေတာ္မူ ခဲ့ပါတယ္ ျမန္မာမွာသာမက ကမ္ဘာအႏွံ႕မွာပါ ဘုရားေစတီပုထိုးေပါင္းမ်ားစြာကို အသစ္တည္ထား၊ ျပန္လည္ျပဳျပင္ျခင္း ။ တရားဓမၼမ်ားေဟာၾကားျခင္း၊ ကမ္ဘာ့ဗုဒၶဘာသာ ညီလာခံႀကီးမ်ား၊ အစည္းေအဝးေပါင္းမ်ားစြာတို႔ကိုတက္ေရာက္ေတာ္မူခဲ့ျခင္း၊ စသည့္စသည့္ သာသနာျပဳလုပ္ငန္းေပါင္းမ်ားစြာကို တစ္ဘ၀မွာ ဆယ္ဘ၀စာ သာသနာျပဳေတာ္မူခဲ့သည့္ ။ ( World Religious Figure ) ကမ္ဘာေက်ာ္တဲ့ သီတဂူဆရာေတာ္ႀကီးအျဖစ္ ဖူးေတြ႕ေနရၿပီ ယခုလို ဆရာေတာ္ႀကီးႏွစ္ပါး ဘ၀သာသနာ သမိုင္းကို ေရးထိုးခဲ့ၾကတာဟာျဖင့္ ။ ဘယ္လို႔ ဘယ္ပုံလည္း ဆိုေတာ့ သာသနာ့ေကာင္းကင္မွာ ေန – လ ႏွစ္စင္း အၿပိဳင္ထြန္းလင္း ထြက္ေပၚလာတာကို ျမင္ေတြ႕လိုက္ရသလိုပါပဲ ။ https://manawmaya.com/


via အလင္းေရာင္ ဓမၼ https://ift.tt/2VkWMcM